အတိုချုံးပြောရရင်
သင့်ကိုထောက်ခံသူနဲ့မထောက်ခံသူတွေကို ဆန်းစစ်လေ့လာပြီး တစ်ဖက်မှာ သင့်ရဲ့အမာခံအတိုက်အခံတွေရှိပြီး ကျန်တစ်ဖက်မှာတော့ သင့်ရဲ့အမာခံမဟာမိတ်တွေရှိတယ်လို့ မြင်ကြည့်ပါ။ ထို့နောက်သင့်ကိုထောက်ခံသူတွေများလာအောင်၊ မထောက်ခံသောသူတွေထောက်ခံသူအဖြစ်ပြောင်းလဲလာအောင် လုပ်ဆောင်ရန်လိုအပ်ပါသည်။
အဆုံးတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရန်သူများ၏စကားများကို မမှတ်မိဘဲ၊ ကျွန်ုပ်တို့၏မိတ်ဆွေများ၏ တိတ်ဆိတ်ခြင်းကိုသာသတိရနေပါလိမ့်မည်။
— Martin Luther King, Jr.
အစများ
George Lakey, Training for Change.
လှုပ်ရှားမှုတော်တော်များများတွင် အတိုက်အခံကိုအနိုင်ပိုင်းပြီးအောင်ပွဲရခြင်းဆိုတာ ရှားပါသည်။ မိမိ၏လှုပ်ရှားမှုကို ထောက်ခံသူတွေတိုးအောင်လုပ်နိုင်ခြင်းဖြင့်သာအနိုင်ရခြေပိုများပါသည်။ Spectrum-of-Allies ခွဲခြမ်းစိတ်ဖြာခြင်းနည်းစနစ်ကို အသုံးပြု၍ သင်ဖြေရှင်းချင်သည့် ပြဿနာနှင့်ပတ်သက်နေသော အဖွဲ့များ (ဥပမာ ကျောင်းသားများ၊ အလုပ်သမားများ) ကို အရင်ခွဲခြားသိရှိနားလည်ရန် လိုအပ်ပါသည်။ ထို့နောက် သူတို့သည် သင့်ကိုထောက်ခံသူတွေလား မထောက်ခံသူတွေလား၊ အမာခံအတိုက်အခံတွေဘက် အခြမ်းမှာရှိလား၊အမာခံမဟာမိတ်တွေဘက်အခြမ်းမှာရှိလား စသည်တို့ကို နားလည်သဘောပေါက်အောင် အရင်လုပ်ရပါမည်။ သို့မှသာ သူတို့ကို သင်လိုချင်သည့်ဘက်အခြမ်းကိုပြောင်းလာအောင် ကြိုပမ်းလှုံ့ဆော်နိုင်မည်ဖြစ်ပါသည်။ သင်၏လှုပ်ရှားမှုနှင့်သက်ဆိုင်သူများ (ဥပမာ ကျောင်းသားထဲကမှ အစိုးရကောလိပ်များမှ ကျောင်းသားများ၊ အလုပ်သမားများထဲမှ အိမ်အကူများ) ကို ထဲထဲဝင်ဝင် ခွဲခြားနားလည်နိုင်ခြင်းဖြင့် သင်လိုချင်တဲ့ဘက်ကိုပြောင်းအောင်လှုံ့ဆော်ရာတွင် အထိရောက်ဆုံးနည်းလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ကမ်ပိန်းကိုအောင်မြင်အောင် လုပ်ဆောင်နိုင်ပါသည်။
သင်၏ကမ်ပိန်းကို စီစဉ်သောအခါ လူ့အဖွဲ့အစည်းတစ်ခုတွင် မတူညီတဲ့အသိုင်းအဝိုင်းများ အတူယှဉ်တွဲတည်ရှိနေကြသည်ဆိုတာကို နားလည်ရန်အရေးကြီးပါသည်။ ဥပမာ- အများနှင့်ရင်းနှီးပြီးသားဖြစ်သော အဖွဲ့အစည်းများ (သမဂ္ဂများ၊ ဘုရားကျောင်းများ၊ ကျောင်းများ) အပြင် အချို့ လူသိပ်မသိကြသော အဖွဲ့အစည်းများ (လူငယ် life-style နှင့် ပတ်သက်သည့် အဖွဲ့အစည်းများ) သည် သူ့အသိုင်းအဝိုင်းနဲ့သူ လူမှုအဖွဲ့အစည်းတွင် အတူယှဉ်တွဲတည်ရှိနေကြပါသည်။ သင်၏လှုပ်ရှားမှုအတွက်အရေးပါသူများကို အတိအကျ ခွဲခြားနားလည်နိုင်အောင် လုပ်ဆောင်နိုင်ခြင်းဖြင့်သင်လိုချင်တဲ့ဘက်ကိုပြောင်းလာအောင်လှုံ့ဆော်ရာတွင် ထိထိရောက်ရောက်လုပ်နိုင်မည်ဖြစ်ပါသည်။ ထို့နောက် ဘယ်အစုအဖွဲ့အပေါ် ပိုအာရုံစိုက်ပြီးစည်းရုံးသင့်သည်ဆိုသည်ကို အဆိုးအကောင်းချိန်ဆပြီး ဆုံးဖြတ်သင့်ပါသည်။
အတိုက်အခံကိုအနိုင်ပိုင်းပြီး လှုပ်ရှားမှုတစ်ခုကိုအောင်မြင်အောင် မလုပ်နိုင်ပါ။ မိမိ၏ လှုပ်ရှားမှုကို ထောက်ခံသူတွေတိုးအောင်လုပ်နိုင်ခြင်းဖြင့်သာ အောင်မြင်နိုင်ပါသည်။
သင်၏မဟာမိတ်များကိုအကဲဖြတ်ဆန်းစစ်ခြင်းဖြင့် ပုံမှန်ကြုံတွေ့တတ်သောအခက်အခဲအချို့ကို ရှောင်ရှားနိုင်ပါသည်။ အချို့သောတက်ကြွလှုပ်ရှားသူများသည် လှုပ်ရှားမှု၏ အမာခံမဟာမိတ်များကိုသာ အဓိကထားစည်းရုံးရန် စိတ်ဆန္ဒရှိကြသည်။ အမာခံမဟာမိတ်များကိုသာ အဓိကထားစည်းရုံးသောကြောင့် သင်၏လှုပ်ရှားမှုသည် မိမိဘေးနားမှာရှိနေသော လူအနည်းစုသာ နားလည်သဘောပေါက်နိုင်ပြီး အပြင်လူများနားမလည်နိုင်သော လှုပ်ရှားမှုတစ်ခု ဖြစ်သွားနိုင်ပါသည်။ အလေးထားပြီး စည်းရုံးရမည့်သူအချို့ကိုလည်း လျစ်လျူရှုမိသွားတာမျိုးဖြစ်နိုင်ပါသည်။ လူအချို့သည် မိမိနှင့်သဘောထားမတူသောသူအကုန်လုံးကို အမာခံအတိုက်အခံဟု သတ်မှတ်တတ်ကြပါသည်။ အချို့သူများသည် သူတို့သာမှန်ကန်သောဘက်မှာရှိပြီး တစ်ကမ္ဘာလုံးက သူတို့၏ရန်သူတွေလို့တောင် မြင်တတ်ကြပါသည်။ တစ်ချိန်တည်းမှာဘဲ အချို့က မိမိ၏အမာခံအတိုက်အခံကို အချက်အလက်ပြည့်ပြည့်စုံစုံဖြင့် ဆွေးနွေးခြင်းသော်လည်းကောင်း၊ အမှန်တရားကိုလက်ခံအောင်ပန်ကြားသည့်အနေဖြင့် ဆွေးနွေးခြင်းသော်လည်းကောင်း ကိုယ့်ဘက်ပါလာအောင် စည်းရုံးနိုင်မည်ဟု ထင်ကြပါသည်။ ထိုနည်းလမ်းများသည် အစွန်းရောက်သော နည်းလမ်းများသာဖြစ်ပြီး လှုပ်ရှားမှုကိုအောင်မြင်အောင် မလုပ်ဆောင်ပေးနိုင်ပါ။ အတိုက်အခံကိုအနိုင်ပိုင်းပြီး လှုပ်ရှားမှုတစ်ခု သို့မဟုတ် ကမ်ပိန်းတစ်ခုကိုအောင်မြင်အောင် မလုပ်နိုင်ပါ။ ထောက်ခံသူတွေတိုးအောင်လုပ်နိုင်ခြင်းဖြင့်သာ (ဥပမာ- အသင့်အတင့်ထောက်ခံသူတွေကို အမာခံမဟာမိတ်ဖြစ်အောင်စည်းရုံးခြင်း၊ ကြားနေသူတွေကို အသင့်အတင့်ထောက်ခံသူတွေဖြစ်လာအောင်စည်းရုံးခြင်း၊ အနည်းငယ်တောင်မှ မထောက်ခံသူများကိုကြားနေဖြစ်အောင်စည်းရုံးခြင်း) ဖြင့် လှုပ်ရှားမှု သို့မဟုတ် ကမ်ပိန်းကို အောင်မြင်အောင်လုပ်ဆောင်နိုင်ပါသည်။
ဥပမာအားဖြင့် ၁၉၆၄ ခုနှစ် အမေရိကန်နိုင်ငံတောင်ပိုင်းတွင် လူမျိုးရေးခွဲခြားမှုကိုဆန့်ကျင်သော လှုပ်ရှားမှုတွင် ပါဝင်ဦးဆောင်နေသော Student Nonviolent Coordinating Committee (SNCC) ဟုခေါ်သော အဖွဲ့တစ်ဖွဲ့ရှိပါသည်။ အာဖရိကန် - အမေရိကန်များ မဲပေးခွင့်နှင့် တန်းတူခံစားခွင့်ရရန်အတွက် နိုင်ငံမြောက်ပိုင်းတွင်နေထိုင်သော လူဖြူအမေရိကန်များ၏ စာနာမှုနှင့် ထောက်ခံမှုရရန်လိုသည်ဆိုတာကို SNCC ကနားလည်သဘောပေါက်ပါသည်။ သူတို့ကို အမာခံမဟာမိတ်ဖြစ်ဖို့အတွက် စည်းရုံးရန်လိုသည်ဆိုတာကိုလဲ SNCC ကနားလည်သဘောပေါက်ပါသည်။ နိုင်ငံမြောက်ပိုင်းတွင်နေထိုင်သော ကျောင်းသားအများအပြားသည် အာဖရိကန် - အမေရိကန်များအပေါ် စာနာနားလည်မှုရှိကြသော်လည်း လှုပ်ရှားမှုတွင် ဘယ်လိုနေရာကနေစပြီး ပါဝင်လို့ရနိုင်မလဲဆိုသည်ကို မသိကြဘူးဖြစ်နေပါသည်။ သူတို့အနေနှင့် ပညာတတ်ရန် သို့မဟုတ် ယုံကြည်ချက်ပြင်းထန်ရန် မလိုအပ်ပါ။ လှုပ်ရှားမှုတွင်ပါဝင်ရန် ဖိတ်ခေါ်ခံရဖို့ဘဲလိုအပ်ပါသည်။ (Spectrum-of-allies အသုံးအနှုန်းများအရ အသင့်အတင့်ထောက်ခံသူများကို အမာခံမဟာမိတ်များဖြစ်ရန်စည်းရုံးနိုင်ဖို့ပဲလိုအပ်ပါသည်။) ထို့အပြင် လူဖြူအမေရိကန်ကျောင်းသားများတွင် တောင်ပိုင်းမှအာဖရိကန် - အမေရိကန်များ၏ လှုပ်ရှားမှုနှင့်အလှမ်းဝေးနေသော အခြားလူဖြူမိသားစုဝင်များ၊ သူငယ်ချင်းများရှိကြပါသည်။ လှုပ်ရှားမှုအရှိန်မြင့်လာသည်နှင့်အမျှ ကြားနေသူများကိုအသင့်အတင့်ထောက်ခံသူများဖြစ်အောင် သို့မဟုတ် အသင့်အတင့်ထောက်ခံသူများကို အမာခံမဟာမိတ်များသို့ ကူးပြောင်းသွားအောင်စည်းရုံးနိုင်ရန် လိုအပ်ပါသည်။
ဤခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံ၍ SNCC သည် ၎င်းတို့၏ Freedom Summer အစီအစဉ်တွင် သနားစာနာတတ်သောလူဖြူအမေရိကန်ကျောင်းသားများကို အဓိကထားပြီး လှုပ်ရှားမှုထဲပါလာအောင်စည်းရုံးရန် ဗျူဟာမြောက် ဆုံးဖြတ်ချက်ချခဲ့သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မြောက်ပိုင်းရှိ ကြားနေလူဖြူအမေရိကန်အသိုင်းအဝိုင်းကို လှုပ်ရှားမှုတွင်ပါလာအောင်တစ်ဆင့်ထပ်မံစည်းရုံးရန်အတွက်ဖြစ်ပါသည်။ ထို့နောက်လူဖြူအမေရိကန်ကျောင်းသားကျောင်းသူအများအပြား မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အကူအညီပေးရန် တောင်ပိုင်းသို့ရောက်လာကြပြီး လှုပ်ရှားမှုတွင်ပါဝင်ရန် စိတ်ဆန္ဒ ပိုမိုပြင်းထန်လာကြပါသည်။ ရက်စက်ကြမ်းကြုတ်သော ရဲများနှင့် ဒေါသထွက်နေသော လူဖြူလူအုပ်များက အာဖရိကန် - အမေရိကန်များမဲဆန္ဒပေးပိုင်ခွင့်ရရန်အတွက် ရိုးသားစွာ ကြိုးစားနေသည်များကို အနိုင်ကျင့်မှုများ၊ အကြမ်းဖက်မှုများဖြင့်တုံ့ပြန်ခြင်းကို မြင်တွေ့ရပါသည်။
ကျောင်းသားအများအပြားသည် သူတို့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို မိဘများထံ စာရေးပြီးပြောပြကြပါသည်။ လှုပ်ရှားမှုအတွက် နောက်ထပ် လိုအပ်သော အပြောင်းအလဲများကိုလည်း ဖြစ်ပေါ်စေပါသည်။ ဤနည်းဖြင့် ကျောင်းသားများရဲ့မိသားစုဝင်များသည် လှုပ်ရှားမှုကို အသင့်အတင့်ထောက်ခံသူများ ဖြစ်လာကြပါသည်။ သူတို့ လူမှုကွန်ရက်ထဲမှမိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဘက်များလည်း သူတို့ကြောင့် လှုပ်ရှားမှုနှင့် အကျွမ်းတဝင်ဖြစ်လာကြပါသည်။ ကျောင်းသားများ ဆောင်းဦးရာသီတွင် ကျောင်းပြန်တက်ကြသည့်အခါ အမာခံမဟာမိတ်များအဖြစ် လှုပ်ရှားမှုတွင်ဆက်လက်ပါဝင်ကြပြီး သူတို့ကျောင်းဝင်းအတွင်း ကမ်ပိန်းများဆက်လက်ပြုလုပ်ကြပါသည် — လှုပ်ရှားမှုလည်း အရှိန်အားကောင်းပြီး နိုင်ငံသားအခွင့်အရေးတန်းတူညီမျှမှုရရှိရေးလှုပ်ရှားမှုတစ်ခုအနေနှင့် အသွင်ပြောင်းသွားပါသည်။ လှုပ်ရှားမှုကြောင့် ကြီးမားသည့် နိုင်ငံရေးအခင်းအကျင်းတစ်ခုလည်း ပေါ်ပေါက်လာပါသည်။
ဤသို့သောအပြောင်းအလဲသည် သူ့အလိုလို ဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ပါ။ လှုပ်ရှားမှုအတွက်နည်းဗျူဟာကို အသေအချာ မှန်မှန်ကန်ကန်ချနိုင်သောကြောင့်သာ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ဤလှုပ်ရှားမှုသည် ယနေ့တိုင်အောင် အခြားသောလှုပ်ရှားမှုတွေအတွက် လေးနက်သောသင်ခန်းစာများကို ဆက်လက်ပေးနေပါသည်။
ဘယ်လိုသုံးမလဲ။
အောက်ပါပုံကိုကိုးကားအသုံးပြုပြီး သင်၏လှုပ်ရှားမှုနှင့် ပတ်သက်သောသူများကို သင်လိုချင်သည့်ဘက်ကို တစ်ဆင့်ချင်းစီပြောင်းလာအောင် စည်းရုံးလုပ်ဆောင်နိုင်ပါသည်။ သင်၏လှုပ်ရှားမှုကိုပါဝင်ချင်အောင်စည်းရုံးရေးလုပ်သည့်အခါ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်မိရန်၊ အသိပညာမျှဝေရန်နှင့် လူစုရန်အတွက် အထွေထွေကုန်ကျစရိတ်များရှိပါသည်။ ဤကုန်ကျစရိတ်များကို သုံးသင့်မသုံးသင့်ဆိုသည်ကို ဆန်းစစ်ဆုံးဖြတ်သည့်အခါတွင်လည်း အောက်ပါပုံကို ကိုးကားအသုံးပြုနိုင်ပါသည်။ ဤပုံကိုကြည့်ပြီး လှုပ်ရှားမှု၏ ဘုံရန်သူဟာ ဘယ်သူလဲဆိုသည်ကို ခွဲခြားသတ်မှတ်ပြီး ခြေမှုန်းရန်အတွက် မလုပ်မိစေပါနှင့်။ ကြားနေနေသူတွေကို သင့်ဘက်ပါလာအောင် စည်းရုံးခြင်းက ပိုထိရောက်မှုရှိပါသည်။ သင်အဓိကထားပြီး စည်းရုံးချင်သော လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများကို တိတိကျကျခွဲခြားသတ်မှတ်ထားရန်လည်းလိုအပ်ပါသည်။ ဥပမာအားဖြင့် သမဂ္ဂများကိုစည်းရုံးမည်ဆိုပါက ဘယ်လိုသမဂ္ဂတွေပါဝင်မလဲဆိုသည်ကို တိတိကျကျ ခွဲခြားသတ်မှတ်ထားရန်လိုပါသည်။ သင်ပိုမိုတိတိကျကျလုပ်နိုင်လေလေ ဒီနည်းလမ်းသည် သင့်အတွက်ပိုအကျိုးရှိလေလေ ဖြစ်ပါသည်။
Spectrum-of-allies ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်နည်း

The spectrum of allies. Art: Josh Kahn
- ပီဇာမုန့်အဝိုင်းလေးကို တစ်ဝက်ပိုင်းထားတဲ့ပုံလေးအရင်ဆွဲကြည့်ပါ။
(ပုံအကြမ်းကိုကိုးကားရန်အတွက် ထည့်ထားပေးပါသည်။)
သင့်လှုပ်ရှားမှု သို့မဟုတ် ကမ်ပိန်းအမည်၏ ခေါင်းစဉ်ကိုရေးပါ။ ပုံ၏လက်ဝဲဘက်တွင် သင့်အတွက်အမည်တစ်ခုရေးလိုက်ပါ။ ပုံ၏ညာဘက်ခြမ်းတွင် အတိုက်အခံလို့ရေးလိုက်ပါ။
ဆွဲထားတဲ့ပီဇာမုန့်တစ်ခြမ်းပုံလေးကို (၅) စိပ် စိပ်လိုက်ပါ။
အမာခံမဟာမိတ်များ သို့မဟုတ် သင်နှင့်သဘောထားချင်းတူပြီး သင်နှင့်အတူ တိုက်ပွဲဝင်နေသူများ၊
အသင့်အတင့်ထောက်ခံကြသူများ သို့မဟုတ် သင်နှင့်သဘောထားချင်းတူသော်လည်း လှုပ်ရှားမှုတွင်မပါဝင်လာကြသေးသူများ
ကြားနေများ သို့မဟုတ် သင်ရဲ့လှုပ်ရှားမှုအကြောင်းကို မသိကြသူများ၊ စိတ်မဝင်စားကြသူများ
အနည်းငယ် မထောက်ခံကြသူများ သို့မဟုတ် သင်နှင့် သဘောထားမတူသော်လည်း သင့်ရဲ့လှုပ်ရှားမှုကို ရပ်တန့်အောင် တက်ကြွစွာမကြိုးစားသူများ နှင့်
အမာခံအတိုက်အခံများ သို့မဟုတ် သင်နဲ့သဘောထားချင်းမတူရုံသာမက သင့်ရဲ့လှုပ်ရှားမှုကိုပါ မအောင်မြင်အောင် တက်ကြွစွာ စည်းရုံးရေးလုပ်နေသူများ။
ပုံထဲကသင့်လျော်သောအကွက်ထဲတွင် သင်၏လှုပ်ရှားမှုနှင့်ပတ်သက်နေသော အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များကို ထည့်ကြည့်ပါ။ ဘယ်အကွက်က ဘယ်သူနဲ့ သို့မဟုတ် ဘယ်အဖွဲ့အစည်းနဲ့ သင့်တော်တယ်ဆိုသည်ကို အချိန်ယူပြီး စဉ်းစားပါ။ တိတိကျကျဖြည့်နိုင်သလောက်ဖြည့်ပါ၊ အကွက်တိုင်းကိုဖြည့်ပါ။ မဖြည့်ဘဲထားလိုက်တဲ့အကွက်တွေရှိတယ်ဆိုရင် မဟာဗျူဟာရေးဆွဲတဲ့အခါ ထိရောက်မှု နည်းသွားပါလိမ့်မယ်။
အချက်အလက်တွေဖြည့်ပြီးတဲ့အခါ တိကျသေချာမှုရှိမရှိ ပြန်ဆန်းစစ်ကြည့်ပါ။ အကွက်ထဲမှာပါရှိတဲ့ အစုအဖွဲ့တိုင်းကို ပိုမိုတိကျမှုရှိအောင် ထပ်ပြီးခွဲခြားသက်မှတ်လို့ရနိုင်မလားဆိုတာ စဉ်းစားသင့်ပါတယ်။ ဥပမာ - “မိခင်များ” လို့ခြုံငုံပြီးပြောလိုက်သော်လည်း လက်တွေ့တွင် “ကိုယ်ပိုင်ခြံနဲ့ဝန်းနဲ့နေထိုင်သော ချမ်းသာသောမိခင်များ” သည် သပ်သပ်အကွက်တစ်ခုတွင်ပါဝင်နိုင်ပြီး “ဈေးရောင်းသူအဖြစ်အလုပ်လုပ်သောမိခင်များ” သည် နောက်ထပ်အကွက်တစ်ခုတွင်ပါဝင်နိုင်ပါသည်။ သင်ပိုမိုတိကျနိုင်လေ၊ ဤနည်းလမ်းသည် ပိုမိုထိရောက်လေဖြစ်ပါသည်။
သင်နားမလည်တာ မရှင်းတာတွေရှိသည့်အခါ မေးချင်တဲ့မေးခွန်းတွေကို ချရေးထားပါ။ ပြီးရင်အဖြေများရရှိရန် သုတေသန ပြုလုပ်ပါ။
Spectrum of Allies ကို အခြားနည်းစနစ်များနှင့် တွဲသုံးလို့လဲရပါတယ်။
ပထမဦးစွာ Pillars of Power ကိုအသုံးပြုပြီး အင်အားကြီးမားသူများကို ခွဲခြားသတ်မှတ်ပါ။
လှုပ်ရှားမှုအတွက်အရေးပါပြီးအဓိကကျသူများကို SWOT matrix အသုံးပြုပြီး ခွဲခြားသတ်မှတ်ပါ။
နောက်ဆုံးတွင် Point of Intervention နည်းကိုအသုံးပြုပြီး ဘယ်နည်းဗျူဟာတွေကိုသုံးပြီး လှုပ်ရှားမှုအတွက်အရေးပါပြီးအဓိကကျတဲ့သူတွေကိုစည်းရုံးသင့်လဲဆိုတာကို ဆုံးဖြတ်သင့်ပါတယ်။
အပြင်လောက ဥပမာများ

“What we're hoping to get is not just the active allies and passive allies, but hopefully the more neutral bystanders.”

An analysis of how the anti-National Rifle Association movement in the US utilizes the spectrum of allies method in their organizing.