အတိုချုံးပြောရရင်
၂၀၁၃ ခုနစ် ဇွန်လတွင်၊ လက်ဘနွန်နိုင်ငံရဲ့ လွှတ်တော်အပြင်ဘက်မှာ၊ တိုင်းသူပြည်သားတွေဟာ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ရုံးမှာ သူတို့ရဲ့ သက်တမ်းကုန်ပြီဆိုတာပြောဖို့၊သူတို့ရဲ့ ဟွန်းတွေ တီးခြင်းကို စတင်ခဲ့တယ်။ သူတို့ သွားတဲ့နေရာတိုင်း ဟွန်းတီးခံကြရတဲ့အထိ ဆန္ဒပြပွဲဟာ ပျံ့နှံ့သွားခဲ့တယ်။
လက်ဘနွန်ရွေးကောက်ပွဲ ဥပဒေ အမှတ် ၂၅/ ၂၀၀၈ အရ၊ အရွေးကောက်ခံလွှတ်တော်ရဲ့ တရားဝင်သက်တမ်းဟာ လေးနှစ်ဖြစ်တယ်။ သက်တမ်းတစ်ခုကုန်ဆုံးတဲ့အခါ၊ ပြည်သူလူထုအတွက် အာမခံချက်ရှိသော ပြည်သူများရပိုင်ခွင့်နှင့် ဖွဲ့စည်းပုံအခြေခံနှင့်အညီရ ပိုင်ခွင့်များနှင့် တစ်သားတည်း၊ ရွေးကောက်ပွဲအသစ် ကျင်းပရမယ်။ သို့သော်လည်း၊ မေလ ၂၀၁၃ခုနစ်တွင်သက်တမ်းကုန်ဆုံးတဲ့ ၂၀၀၉ခုနစ် လွှတ်တော်ဟာ၊ သူ့ရဲ့ သက်တမ်းကို ၁၇လ ထပ်မံတိုးဖို့ မဲထည့်ခဲ့ကြတယ်။
၂၀၁၃ခုနစ်၊ ဇွန်လ ၆ ရက်တွင်၊ ကျွန်တော်နဲ့ အခြား လူငယ်ငါးယောက်ဟာ၊ ယောက်ယတ်ခတ်လှုပ်ရှားသွားလာနေကြတဲ့ လက်ဘနွန်မြို့တော်ရဲ့ အချက်အချာနေရာရှိ လူစည်ကားတဲ့ အာဘိုအာဆက်ဖ်ကဖီးတွင် လူစုခဲ့ကြတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး ကျွန်တော်တို့ဟာ အံ့အားသင့် ထိတ်လန့်နေခဲ့ကြပြီး တစ်ခုခုလုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့ တစ်ခြားသူတွေကိုပါ ဖိတ်ခေါ်ခဲ့ပြီး၊ ၁၅ယောက်ရှိတဲ့ အုပ်စုတစ်စုအဖြစ်ကြီးထွားလာခဲ့တယ်၊ ရွေးကောက်ပွဲအသစ်ခေါ်ရန် လွှတ်တော်ကို ဖိအားပေးဖို့အတွက်၊ ဒီအုပ်စုဟာ အကြံဉာဏ်တွေ စတင် စိတ်ကူးရှာဖွေခဲ့ကြတယ်။ ဆန္ဒပြပွဲတွေလည်း စတင်နေခဲ့ကြပြီ၊ ဒါပေမယ့် အားလုံးဟာ ထပ်နေပြီး၊ သမားရိုးကျဆန်ကာ နောက်ဆုံးတွင် ထိရောက်မှုမရှိဘူး။
ကျွန်တော်တို့ဟာ အကျိုးရလဒ်တွေကို လိုချင်တယ်။ ဆွဲဆောင်မှုရှိသလို အကြမ်းမဖက်၊ ကုန်ကျစရိတ် သုညနဲ့ လွယ်လွယ်ကူကူ ပူးပေါင်းပါဝင်နိုင်မယ့် အရာကို ကျွန်တော်တို့ လိုချင်ခဲ့ကြတယ်။ အကြံဉာဏ်ပေါင်းများစွာ ပေးပြီးတဲ့နောက်၊ တစ်ယောက်က ထပြောတယ်၊
“ သူတို့ကို လွှတ်တော်ထဲ တိတ်တိတ်ဆိတ်ဆိတ်ပတ်ဝန်းကျင်နဲ့ နေခွင့် ငါတို့ ပေးလို့မဖြစ်ဘူး “
ခွန်အားရှိပြီး ထိရောက်တဲ့ ကမ်ပိန်းတစ်ခု အစပြုဖို့ ခင်ဗျား ငွေကြေးအများကြီး မလိုဘူးဆိုတာကိုလည်း ကျွန်တော်တို့ သင်ယူခဲ့ကြရ။ တီထွင်ဖန်တီးမှုအနည်းငယ်နဲ့ လုံ့လဝီရိယအများကြီးပဲ ရှိရမှာ။
ဒါဟာ ဆူညံသံနဲ့ နှောက်ယှက်ခြင်းတွေပေးမယ့် အကြံဉာဏ်တွေ လက်ခနဲဖြစ်သွားတယ်၊ ဂီတကနေ ဝီစီမှုတ်တာတွေပါမယ်၊ နောက်ဆုံး တစ်ယောက်က ဟွန်းတီးတဲ့ အိုင်ဒီယာကို အကြံမပေးခင်အထိပေါ့၊ ဒီအကြံကို နောက်ဆုံးမှာတော့ ကန့်ကွက်သူမရှိ အဖွဲ့က အတည်ပြုလိုက်တယ်။
ပထမဦးဆုံး၊ ကျွန်တော်တို့ လေဟွန်းတီးတဲ့ တူရိယာတွေ အသုံးပြုခဲ့တယ်။ အုပ်စုငယ်လေးတွေဖွဲ့ပြီး၊ လွှတ်တော်နားက ဇုန်ထဲ ကျွန်တော်တို့ ဝင်ခဲ့ကြတယ်။ အဖွဲ့တွေကို အတူတကွ ဝင်ခွင့်မပြုတာကြောင့်၊ ကျွန်တော်တို့ တစ်ချို့ဟာ လွှတ်တော်နားက ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေနားမှာ စောင့်ခဲ့ကြတယ်။ ပထမဆုံးဟွန်းသံဟာ ရဲတွေကို အံဩမှင်သက်သွားစေတယ်၊ နောက်တော့ အဖွဲ့ဝင် ၃၅ ယောက်ရဲ့ ဟွန်းသံတွေ လေထဲ ပြည့်နှက်သွားတော့တယ်။
“ဟွန်းသံတွေက အနှောက်အယှက်ပဲ” လွှတ်တော်အစည်းအဝေးကနေထွက်လာတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က ရုပ်သံသတင်းထောက်ကို ပြောပါတယ်၊ “ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် မကြားရဘူး ”။ ကျွန်တော်တို့ ရှိနေမှုဟာ လျစ်လျူရှုဖို့ မဖြစ်နိုင်ဘူး၊ ပုံမှန်အတိုင်းလည်ပတ်နေတဲ့အလုပ်ကို ကျွန်တော်တို့ နှောက်ယှက်နေကြတာ။ ကျွန်တော်တို့ရဲ့ မကျေနပ်ချက်တွေနဲ့ တောင်းဆိုချက်တွေကို ကျယ်ကျယ်လောင်လောင်နဲ့ ရှင်းရှင်းလင်းလင်း ကြားသွားကြပြီ။
လွှတ်တော်အစည်းအဝေးရှိနေစဉ်၊ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို အပတ်စဉ် ဆက်လက် လုပ်ဆောင်သွားတယ်။ လွှတ်တော်ရဲ့ ဇုန်ကနေ အများပြည်သူနေရာကို ရဲတွေ ကန့်သတ်တားမြစ်တာမျိုး မလုပ်ခင်၊ အဖွဲ့ဝင် အရေအတွက်ဟာ ကြီးမားစွာ တိုးပွားလာခဲ့တယ်။ ရလဒ်အရ၊ လွှတ်တော်အမှတ်တံဆိပ်ပါတဲ့ ကားတစ်စီးတွေ့တိုင်း၊ လူတွေဟာ သူတို့ရဲ့ အပေါ်ထပ် လေသာခန်းတွေ၊ လမ်းတွေနဲ့ ကားတွေပေါ်ကနေ ဟွန်းတွေတီးကြတယ်။
ကျွန်တော်တို့ ဆန္ဒပြတာကို လက်ထဲ လေမှုတ်ဟွန်းပစ္စည်းတွေကိုင်ပြီး လူအယောက် ၂၀ နဲ့ စတင်ခဲ့တယ်။ သုံးပတ်အတွင်း၊ လူပေါင်းထောင်နဲ့ချီအထိ တိုးပွားလာပြီး၊ စိတ်ကူးလို့ရသမျှ ဟွန်းတီးပစ္စည်းတွေအကုန် အသုံးပြုကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်သွားသွား လူတွေက ဟွန်းလိုက်တီးတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဟာ သိသိသာသာ စိတ်အနှောက်အယှက်ဖြစ်ကြတယ်။ တစ်ချို့ဆိုရင်၊ ဟွန်းတီးခံရတာကနေ လွတ်ဖို့၊ ဘယ်သူမှန်းမသိအောင် ကားလိုင်စင်ပြားတွေပါ လဲပစ်ကြတယ်။
ကန့်ကွက်ဆန္ဒပြတဲ့ လှိုင်းလုံး နဲ့ သတင်းတွေဟာ ကျယ်ပြန့်သွားခဲ့သလို လွှတ်တော်ကိုယ်စားလှယ်တွေ စိတ်အနှောက်အယှက်ဖြစ်ကြရပေမယ့်၊ ရွေးကောက်ပွဲအသစ်ကို မကျင်းပသေးပါဘူး။ အစောပိုင်း ၁၇လ သက်တမ်းတိုးထားတာ ကုန်လွန်သွားပြီးနောက်၊ လွှတ်တော်က ၂၀၁၇ခုနစ်၊ ဇွန်လအထိ၊ နောက်ထပ် ၃၁လ သက်တမ်းတိုးတာကို ဥပဒေထုတ်ပြန်ခဲ့ပါတယ်။
သို့သော်လည်း၊ ကျွန်တော်တို့ဟာ လက်ဘနွန်မှာ ဆန္ဒပြတဲ့ ယဉ်ကျေးမှုပုံစံအသစ်ကို တီထွင်ခဲ့ပါတယ်။ အခုဆိုရင်၊ တရားမဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တွေ့တဲ့နေရာမှာ ဟွန်းတီးတာဟာ ထုံးစံဖြစ်လာပြီ။ ဟွန်းသံတိုင်းဟာ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို၊ သူတို့ အရိုးထဲထိစွဲနေအောင် သိနေတဲ့အရာအား၊ သတိပေးတယ်။ သူတို့တွေဟာ ဥပဒေနဲ့ မညီတဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်ကို ထိရောက်စွာ သိမ်းပိုက်ထားတယ်။
ဒီတိုက်ပွဲမပြီးဆုံးသေး။ သူတို့ထွက်သွားတဲ့အထိ ကျွန်တော်တို့ သူတို့ကို ဟွန်းတွေတီးနေကြမှာ။
အဓိကသီအိုရီ
ဟွန်းသံဆန္ဒပြတာမစခင်က၊ ကိုယ်စားလှယ်တွေဟာ သူတို့မှာ သက်တမ်းရှိသလို ဟန်ဆောင်နေကြတယ်၊ လူထုပရိသတ်က မလှုပ်မယှက် ပါဝင်နေတဲ့ ဒီမိုကရေစီ ဟာသပြဇာတ်မှာ၊ ကိုယ်စားလှယ်တွေက ဝင်ကနေကြတယ်။ လမ်းထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ခင်ဗျား ဖြတ်သွားရင်၊ ဒါမှမဟုတ် လွှတ်တော် အဆောက်အဦးနား ခင်ဗျား လမ်းလျှောက်သွားရင်၊ သူတို့မှာ မှားယွင်းတဲ့ သက်တမ်းတစ်ရပ် ရှိနေတဲ့အချက်ကို ခင်ဗျား မကျေမနပ်ဖြစ်တာပဲ ရှိနိုင်တယ်။
အဓိကနည်းဗျူဟာ
လက်ဘနွန်နိုင်ငံသားများဟာ တေးဂီတ၊ ဝီစီမှုတ်ခြင်း၊ ဟွန်းတီးခြင်းနဲ့ လက်ခုပ်တီးခြင်းတို့ ချစ်မြတ်နိုးကြတယ်။ ဟွန်းသံတွေဟာ အန္တရာယ်သတိပေးတဲ့နေရာမှာ များသေားအားဖြင့် အသုံးပြုတယ်၊ ဒါဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရားမဝင်မှုအကြောင်း ပြင်းထန်တဲ့ ကြေညာချက်တစ်ရပ်ဖြစ်ခဲ့တယ်။ ဟွန်းလိုမျိုး ဆူညံဖြစ်စေတဲ့ အရာ၀တ္ထုများဟာ သေးငယ်ပေမယ့် တွင်ကျယ်စွာ ရရှိနိုင်ပြီး၊ ရဲစစ်ဆေးရေးဂိတ်တွေကို ခိုးကြောင်ခိုးဝှက်သယ်ရတာ လွယ်ကူတယ်။ ဒါတွေဟာ အကြမ်းဖက်ပေမယ့် အနှောက်အယှက်ပေးနိုင်တယ်၊ လွှတ်တော်အဆောက်အဦးရဲ့ နံရံနဲ့ ပြတင်းပေါက်တွေကို အသာလေး ဖောက်ဝင်သွားနိုင်ပြီး၊ လုပ်နေကျ အေးအေးဆေးဆေးပတ်ဝန်းကျင်ကို စိန်ခေါ်နိုင်ဖို့ လုံလုံလောက်လောက် ကျယ်လောင်ပါတယ်။
အဓိကအခြေခံမူ
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ရှာတွေ့သလား။ ဟွန်းတီး! ဒါဟာ ဒီကန့်ကွက်ဆန္ဒပြမှုကို လျင်မြန်စွာ အကျယ်တဝင့် ပျံ့နှံ့သွားဖို့ ရိုးရှင်းတဲ့ ဖော်မြူလာပါပဲ။ လိုအပ်တာက ဟွန်းတစ်လုံးနဲ့ ဟွန်းတီးဖို့ ဘာတွေကို သိရမလဲ ဆိုတာပါပဲ၊ လွှတ်တော်လိုင်စင်ပလိတ်ပြား၊ လွှတ်တော်အဆောက်အဦး ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် တို့ကိုပါ။ ဒီလွယ်ကူရိုးရှင်းတဲ့ အယူအဆဟာ၊ မတူကွဲပြားတဲ့ နေရာတွေနဲ့ အချိန်တွေကို ဖြတ်လို့၊ ပိုပြီးကြီးမားတဲ့ လူထုပါဝင်မှုကြီးကို ဖြစ်စေခဲ့တာပါ။