အခြေခံမူ

အဖွဲ့ဝင်အသစ်များကို ကြိုဆိုပါ

အတိုချုံးပြောရရင်

လူဆုံလေ ပိုပျော်စရာကောင်းလေ ဖြစ်ပါတယ်။ ဒါပေမယ့် လူသစ်တွေ သင့်ရဲ့လှုပ်ရှားမှုမှာ အဆင်မပျက် ပါဝင်စေချင်တယ်ဆိုရင်သူတို့ ကိုအမြဲကြိုဆိုနေတယ်ဆိုတဲ့ ခံစားချက်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

မည်သူ့ကိုမဆို ဘာအတွက်ပဲဖြစ်ဖြစ် အမြဲကြိုဆိုပါတယ်။ အချိန်တိုင်း ဖိတ်ခေါ်နေပါတယ်။ သင်သည် လူတိုင်းအတွက် အရေးပါတဲ့သူတစ်ဦးဖြစ်ပါတယ်။ အချိန်တိုင်း ဖိတ်ခေါ်နေပါတယ်။

— The Dismemberment Plan, “You Are Invited”

လူအသစ်များ စည်းရုံးခြင်းသည် တက်ကြွလှုပ်ရှားသူ အုပ်စုတစ်ခုအတွက် စွမ်းဆောင်ရည်ကို မြှင့်တင်ရန် မဖြစ်မနေ လုပ်သင့်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။ သို့သော် လူသစ်စည်းရုံးရေးသည် ပထမအဆင့်သာ ဖြစ်ပါတယ်။ ရှိပြီးသားအဖွဲ့ဝင်များနဲ့ လူသစ်များကို ပေါင်းစည်းနိုင်အောင်ပြုလုပ်တဲ့အခါ ကြီးမားသောစိန်ခေါ်မှုတွေကိုတွေ့နိုင်ပါတယ်။ လူသစ်များကိုလှုပ်ရှားမှုထဲသို့ ပါဝင်လာအောင်တွဲခေါ်နိုင်ဖို့အတွက် အချိန်အများကြီးပေးဖို့လိုအပ်ပြီး လူသစ်များ သူတို့ကိုအခြားအဖွဲ့သားများကကြိုဆိုနေတယ်လို့ ခံစားအောင် ပြုလုပ်ဖို့အတွက် အခြေခံ လုပ်ထုံးလုပ်နည်းတွေ ရှိဖို့လိုအပ်ပါတယ်။

တစ်စုံတစ်ဦးက သင့်အဖွဲ့တွင်ပါဝင်ရန် စိတ်ဝင်စားကြောင်းပြောသောအခါ နောက်လုပ်မယ့် အစည်းအဝေးကို လာဖို့ ဖိတ်ခေါ်ယုံနဲ့တင် မရပ်လိုက်ပါနဲ့။ တစ်ခါတစ်လေ လူသစ်များကို နွေးနွေးထွေးထွေးကြိုဆိုတက်တဲ့ အဖွဲ့များပင် လူသစ်များကို မရည်ရွယ်ဘဲအပြင်လူများကဲ့သို့ ခံစားအောင် လုပ်မိနိုင်ပါတယ်။ အဖွဲ့ဝင်အသစ်များကို အဖွဲ့တွင်ဆက်လက်ပါဝင်အောင်ထိန်းထားနိုင်ရန် အဖွဲ့အစည်းအဝေးအစခင် လူသစ်များနှင့် တစ်ဦးချင်း အင်တာဗျူးလုပ်သင့်ပါတယ်။ သူတို့အကြောင်းကို သိအောင်လုပ်ပါ။ သူတို့ဘာကြောင့် အဖွဲ့ကိုဝင်ချင်တာလဲ၊ ဘယ်လိုအလုပ်တွေကို နှစ်သက်သလဲ ဒါမှမဟုတ် အချိန်ဘယ်လောက်ပေးနိုင်လဲ စတာတွေကို သိအောင်လုပ်ပါ။ ထို့နောက် အဖွဲ့အကြောင်း ကိုအသေအချာရှင်းပြပြီး သူတို့ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်ပတ်သက်ချင်တာလဲဆိုတာကို ဆွေးနွေးပါ။ ဒီအလုပ်တွေသည် အချိန်ပေးပြီးလုပ်ရတယ့်အလုပ်တွေဖြစ်တာမှန်ပေမယ့် ရေရှည်တွင် အချိန်ကုန်သက်သာစေနိုင်ပါတယ်။ အဖွဲ့တွင်လူမြဲအောင်လဲလုပ်ဆောင်ပေးနိုင်ပါတယ်။ သင့်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦး သို့မဟုတ် နှစ်ဦးကို လူသစ်များ interview တဲ့အလုပ်ကို

လူတွေက သင့်အဖွဲ့ကို aikido အတန်းတွေ၊ အကသင်တန်းတွေ၊ oragami သင်တန်းတွေထက် ဦးစားပေးမယ်လို့ သင်မျှော်လင့်ထားတယ်ဆိုရင် သူတို့ကို မှန်မှန်ကန်ကန် ဆက်ဆံနိုင်ဖို့ လိုအပ်ပါတယ်။

ပေးထားနိုင်ပါတယ်။

ဒုတိယအနေနဲ့ သင့်လှုပ်ရှားမှုမှာ အဖွဲ့ဝင်တွေကို တက်တက်ကြွကြွနဲ့ ဆက်လက်ပါဝင်စေချင်တယ်ဆိုရင်တော့ သူတို့ကိုယ်သူတို့ တန်ဖိုးထားအသိမှတ်ပြုခံရတယ်လို့မြင်အောင် လုပ်နိုင်ဖို့အတွက်လိုပါတယ်။ လူတွေက သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်တဲ့သူတွေရဲ့ အနားမှာပဲ ရှိချင်ကြပါတယ်။ကျွန်ုပ်တို့အားလုံးသည် အားလပ်နေတဲ့သူတွေ မဟုတ်ကြပါ။ လူတွေက သင့်အဖွဲ့ကို aikido အတန်းတွေ၊ အကသင်တန်းတွေ၊ oragami သင်တန်းတွေထက် ဦးစားပေးမယ်လို့ သင်မျှော်လင့်ထားတယ်ဆိုရင် သူတို့ကို မှန်မှန်ကန်ကန် ဆက်ဆံနိုင်ဖို့ လိုအပ်ပါတယ်။

လူသစ်များ၏ ပံ့ပိုးမှုများကို ဘယ်လောက်ပဲ သေးငယ်ပါစေ သတိပြုပြီး အသိအမှတ်ပြုပေးပါ။ အစည်းအဝေးပြင်ပအချိန်တွင် သူတို့ရဲ့ ထင်မြင်ယူစချက်များကို မေးမြန်းပါ။ အစည်းအဝေးနဲ့ပတ်သက်ပြီး သူတို့ဘယ်လိုထင်လဲ စတဲ့မေးခွန်းတွေမေးပြီး သူတို့ရဲ့ အကြံပြုချက်တောင်းခံပါ။

မူရင်းထုတ်ဝေသူ Beautiful Trouble

ပိုမိုလေ့လာရန်

3 Tips for Plugging People In — An Organizing Tool
Jonathan Matthew Smucker, Beyond the Choir, 2016