ဇာတ်လမ်း

ဆား ချီတက်ဆန္ဒပြပွဲ

Gandhi during the salt march, March 1930.

အတိုချုံးပြောရရင်

၁၉၃၀ ခုနစ်တွင်၊ ဂန္ဒီဟာ ဆားစုဆောင်းရန်( ဆားထုတ်လုပ်မှုကို အိန္ဒိယလူမျိုးများအား ပိတ်ပင်ထားသည်)၊ ပင်လယ်သို့ ချီတက်ဆန္ဒပြပွဲတစ်ပွဲကို ကျော်ကြားစွာ ဦးဆောင်ခဲ့တယ်၊ ဗြိတိသျှ အုပ်စိုးမှုကို အကောင်းဆုံး ဘေးကျပ်နံကျပ်ဖြစ်အောင် တွန်းပို့ခဲ့ပြီး၊ အိန္ဒိယလွတ်လပ်ရေးအတွက် လမ်းဖောက်ခဲ့ပါတယ်။

လူတိုင်းလုပ်နိုင်ပေမယ့် မလုပ်တဲ့ အရာပေါ်မှာ ဂန္ဒီရဲ့ ကြီးမြတ်မှုဟာ တည်ရှိပါတယ်။

— Louis Fischer, Gandhi's biographer

ဘယ်လိုဆန်းသစ်သောလှုပ်ရှားမှုတွေမဆို သူ့ရဲ့ ဆားကို ထိုက်တန်တယ်ဆိုတာ ဂန္ဒီရဲ့ ကျော်ကြားတဲ့ ချီတက်မှုကို ကိုးကားထားမှုတွေ ပါရှိပါတယ်။ —ဒီစကားဟာ ယနေ့ထက်တိုင် ပဲ့ထင်ဟပ်နေတဲ့ မဟာဗျူဟာကျလက်တွေ့ဆန်သော သင်ခန်းစာတွေ ပါရှိပါတယ်။

၁၉၃၀ခုနစ်တွင်၊ အိန္ဒိယအမျိုးသားညီလာခံဟာ ဆက်ချဂရဟာ ( အကြမ်းမဖက်သော ဆန္ဒပြကန့်ကွက်မှု)ကို လွတ်လပ်ရေးအတွက် အဓိက နည်းဗျူဟာအဖြစ် သဘောတူလက်ခံခဲ့ပါတယ်။ မဟတ္တမ ဂန္ဒီကို ထိုလှုပ်ရှားမှုအတွက် တာဝန်ပေးခဲ့ကြပြီး၊ ၁၈၈၂ခုနစ် ဆားအက်ဥပဒေကို ဖီဆန်တဲ့အနေနဲ့ ဆားချက်ဖို့ ပင်လယ်ကို ချီတက်ကြဖို့ သူက အဆိုပြုခဲ့ပါတယ်။ လုပ်ပိုင်ခွင့်ရထားတဲ့ ဗြိတိသျှနိုင်ငံသားများမှလွဲပြီး ဆားချက်တာ ထုတ်တာတွေကို တရားမဝင်မှု အဖြစ် သတ်မှတ်ထားသော ဆားအက်ဥပဒေကို ချိုးဖောက်ခြင်းဟာ တာဝန်ရှိသူတွေရဲ့ စိတ်ကို ချက်ချင်းကြီး မဖမ်းဆုပ်မိဘူး၊ ညီလာခံမှာ လှောင်ရယ်တဲ့သူတစ်ချို့ရှိတယ်လို့ပါ ကြားသိရတယ်။ ဗြိတိသျှအင်ပါယာ အာဏာပိုင်တွေကလည်း ဒီအကြံကို အန္တရာယ်ရှိမယ်လို့ မယူဆခဲ့ကြဘူး။ ပီတာအက်ကာမန်နဲ့ ဂျက်ဒူဗယ်တို့ရဲ့ စာအုပ်ဖြစ်တဲ့ * ပိုပြီး ခွန်အားရှိသော အင်အား * ထဲဖော်ပြချက်အရ၊

ဆားချက်တာ ပြန့်နှံလာပြီး ဗြိတိသျှတွေဟာ ရက်စက်ကြမ်းတမ်းစွာ တုံ့ပြန်လာတဲ့အခါမှာတော့၊ အင်ပါယာရဲ့ ယဉ်ကျေးတဲ့ မင်းသားမျက်နှာဖုံးကွာကျပြီး လုံး၀ ပြိုလဲသွားပါတော့တယ်။

ဗစ်စာရီလော့ဒ်အာဝင်က “ယခုလောလောဆယ်အထိတော့ ဆားကမ်းပိန်းရဲ့ အလားအလာက ကျွန်တော့်ကို ညဘက် အိပ်ရေးမပျက်စေပါဘူး ” လို့ လန်ဒန်ကို ပြန်ပို့သော အစီရင်ခံစာတွင် အမှန်တကယ် ရေးသားပေးပို့ခဲ့ပါတယ်။

သို့ပေမယ့် သိပ်မကြာခင်မှာ ဒါဟာ ပြောင်းလဲသွားမှာပါ၊ ဘာကြောင့်လဲဆိုတော့ အဖွဲ့ဝင် အယောက်ရှစ်ဆယ်ခန့်နဲ့ အစပြုခဲ့တဲ့ ဆားချီတက်မှုဟာ အိန္ဒိယသမုဒ္ဒရာသို့သွားတဲ့လမ်းမှာ ထောက်ခံသူတွေကို လျင်မြန်စွာ စုစည်းခဲ့ပါတယ်။ ဂန္ဒီဟာပတ်ရာထရာလို့ခေါ်တဲ့ ရိုးရာဓလေ့ပွဲအတွင်း သူ့ရဲ့ ဟိန္ဒူဘာသာဆုတောင်းရာနေရာကနေ ပင်လယ်ဆီသို့ မိုင် ၂၄၀ ချီတက်မှုကြီးကို ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အိန္ဒိယလူထုတစ်ရပ်လုံး ဒီ အစီအစဉ်တစ်ခုလုံးကို ပိုမိုနားလည်လာအောင် ကူညီခဲ့ရုံသာမကပဲ၊ ပိုမိုကျယ်ပြန့်လာဖို့၊ ထောက်ခံသူတွေ ပိုစုစည်းမိဖို့၊ လေ့ကျင့်ရေးတွေ ပညာပေး ပို့ချဖို့၊ နဲ့ ပြည်တွင်းပြည်ပ သတင်းဌာနတွေနဲ့ အလုပ်လုပ်ဖို့ ဖြစ်နိုင်ချေလမ်းပွင့်သွားခဲ့တယ်။ ချီတက်အသင်းက လမ်းကြောင်းကို ရေးဆွဲပြီး လိုက်ပါသူတွေက ပိုမိုပွင့်လင်းမြင်သာမှုရရှိရန်​ မြို့တစ်မြို့စီတိုင်း လဟာပြင်မှာ ထွက်အိပ်ခဲ့ကြတယ်။

သူနှင့် ထောက်ခံသူ အယောက် ၁၂၀၀၀တို့ ပင်လယ်သို့ နောက်ဆုံးရောက်ရှိကြတဲ့အခါ၊ အမျိုးသားတော်လှန်ရေးလှုပ်ရှားမှု ဆယ်နှစ်ပြည့်နေ့ကို ဆားချက်မယ့်ရက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

ဗြိတိသျှတွေဟာ အစတုန်းက ပြန်လည့်တုံ့ပြန်ဖို့ တုံ့ဆိုင်းနေခဲ့တာကြောင့်၊ အိန္ဒိယလူမျိုးအမြောက်အမြားကို ဒီဆန္ဒပြပွဲမှာ ဝင်ရောက်ပူးပေါင်းနိုင်ဖို့ ခွင့်ပြုသလိုဖြစ်ခဲ့ပါတယ်။ ဆားချက်တာ ပြန့်နှံလာပြီး ဗြိတိသျှတွေဟာ ရက်စက်ကြမ်းတမ်းစွာ တုံ့ပြန်လာတဲ့အခါမှာတော့၊ အင်ပါယာရဲ့ ယဉ်ကျေးတဲ့ မင်းသားမျက်နှာဖုံးကွာကျပြီး လုံး၀ ပြိုလဲသွားပါတော့တယ်။

အဓိကသီအိုရီ

ကြိုတင်ပုံဖော်စီမံထားခြင်း

ဆားချက်ခြင်းဟာ လူနေမှုဘ၀အဆင့်အတန်း တိုးတက်မှုနဲ့ လွတ်လပ်ရေးအတွက် နိုင်ငံရေးလိုအပ်ချက်ကို ပေါင်းစပ်ပေးခဲ့ပြီး၊ ဒါဟာ အဝတ်အစားထောက်ပံ့တာတွေ၊ ကျောင်းတွေနဲ့ ပန်းခြံတွေပါဝင်တဲ့ အိန္ဒိယတော်လှန်ရေး ကြိုးပမ်းမှုများရဲ့ ပင်မကျောရိုးဖြစ်တဲ့ “ အထောက်အကူဖြစ်စေတဲ့ အလုပ် ”အတွက် ပုံစံတစ်ရပ်ကို ထောက်ပံ့ပေးခဲ့တယ်။ စံပြ အိန္ဒိယလူမှုအဖွဲ့အစည်းကို ပုံစံယူထားတဲ့ သီးခြားနေထိုင်မှု ဘ၀နဲ့ လူမှုအဆောက်အအုံတစ်ရပ်ကို ပုံဖော်စေဖို့နဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို အိန္ဒိယလူမျိုးများ စတင်ဦးဆောင်လာနိုင်အောင် ပြင်ဆင်ပေးဖို့၊ ဒီချီတက်မှုတစ်ရပ်လုံးဟာ ဖန်တီးပေးခဲ့ပါတယ်။

အဓိကနည်းဗျူဟာ

ရှည်လျားပင်ပန်းသည့် ခရီးလမ်းရှည်

ချီတက်ခြင်းနဲ့ ပင်လယ်ကမ်းနား ဆားချက်ခြင်းတို့ဟာ ရိုးရှင်းသယောင်ထင်ရပေမယ့်၊ စည်းလုံးခြင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရဲရင့်စွာ လုပ်ဆောင်ဖို့ အခွင့်အရေးတွေ အများကြီး ပေးခဲ့ပါတယ်။ ချီတက်ခြင်းဟာ ထောက်ခံသူတွေကို ပိုမိုဆွဲဆောင်လာနိုင်ပြီး လှုပ်ရှားမှု ကြီးမားလာတာနဲ့အညီ၊ အင်ပါယာရဲ့ အာဏာထောက်တိုင်တွေ(see: METHODOLOGY: အာဏာထောက်တိုင်များ ပြင်းထန်စွာ ထိခိုက်ခဲ့ပါတယ်။ အုပ်ချုပ်ဖို့ ခွင့်ပြုခြင်း မရှိရင် ဥပဒေဟာ လက်တွေ့မှာ အသုံးမဝင်တဲ့အချက်ကို အိန္ဒိယတွေနဲ့ ဗြိတန်တွေ နားလည်သဘောက်ပေါက်သွားပြီး၊ ဆားချီတက်ဆန္ဒပြခြင်းဟာ အိန္ဒိယလွတ်လပ်ရေးကို ဖြစ်လာစေခဲ့တာပါ။ ခွင့်ပြုခြင်းတွေဟာ ပင်လယ်ထဲ အရည်ပျော်သွားခဲ့ပြီ။

အဓိကအခြေခံမူများ

ပစ်မှတ်ကို ဆုံးဖြတ်ရခက် ဘေးကျပ်နံကျပ်ထဲ ရောက်အောင်လုပ်ပါ

ဆားချီတက်ခြင်းရဲ့ လူထုအာဏာဖီဆန်ခြင်းဟာ အင်ပါယာတစ်ခုလုံးကို ဆုပ်လည်းစူး၊ စားလည်းရူး ဖြစ်စေခဲ့တာပဲ။ အဖမ်းခံရတဲ့ ဆားချက်သမားတစ်ဦးစီတိုင်းဟာ လှုပ်ရှားမှုရဲ့ အာဇာနည်ဖြစ်လာပြီး၊ အုပ်စိုးမှုရဲ့ ရက်စက်ကြမ်းကြမ်းမှုတွေကို ဖော်ပြတယ်။ ဘာမှမလုပ်ပြန်ရင်လည်း၊ လှုပ်ရှားမှု ပိုကြီးမားလာဖို့ နေရာပေးသလိုဖြစ်တယ်၊ ပိုဆိုးတာက၊ အင်္ဂလိပ်တွေဟာ အခြေအနေကို ထိန်းသိမ်းဖို့ ဆန္ဒ သို့မဟုတ် အရည်အချင်း မရှိတော့ဘူးလို့ ဘေးမှကြည့်နေသူတွေကို ထင်စေပါတယ်။

ကိုယ့် ပစ်မှတ်ကို လိမ္မာပါးနပ်စွာ ရွေးချယ်ပါ

ဗြိတိသျှဆားအခွန်ဟာ ဗြိတိသျှဥပဒေရဲ့ တရားမမျှတမှုကို ကောင်းကောင်းကြီး ရုပ်လုံးဖော်ခဲ့တယ်။ ကြီးလေးတဲ့အခွန်တွေရဲ့ ဝန်ထုပ်ဝန်ပိုးဟာ မတတ်နိုင်တဲ့သူတွေရဲ့ အပေါ် မချိမဆံ့ ပိကျလာခဲ့တယ်။ ဒါကို စိမ်ခေါ်ခြင်းဟာမည်သူမဆို ပင်လယ်ကို သုံးစွဲခွင့်ရဖို့ နည်လမ်းကို ထောက်ပံ့ခဲ့ပါတယ်၊ ဇာတ်မြင့် သို့မဟုတ် ပင်လယ်နဲ့ထိတွေ့ခွင့်မရှိတဲ့သူတွေ၊ ဟိန္ဒူ ဒါမှမဟုတ် မူစလင်တို့ အပါအဝင်ပါ။ လှုပ်ရှားမှုကို ကျယ်ပြန့်စေဖို့အတွက် ချီတက်တဲ့လမ်းတစ်လျောက် အထောက်အကူနဲ့ ပညာပေးတာတွေကိုလည်း အသုံးပြုခဲ့ပါတယ်။

ပိုမိုလေ့လာရန်

The Indian Independence Struggle (1930-31)
Lester Kurtz, International Center on Nonviolent Conflict, 2009