ဇာတ်လမ်း

မြန်မာကျောင်းသားတို့ရဲ့ ခြေလျင်ခရီးရှည်

Dramatic confrontations between students and security forces, like the one captured in this Soe Zeya Tun image, helped the student movement to build support and attention, while putting pressure on the government to negotiate.

အတိုချုံးပြောရရင်

၂၀၁၄ခုနှစ်တွင် စစ်တပ်ထိန်းချုပ်ခံ လွတ်တော်မှ ကျောင်းသားသမဂ္ဂအား တားမြစ်ဖျက်စီးရန် ကြိုးစားသည်ကို မကျေနပ်သဖြင့် ကျောင်းသားရာပေါင်းများစွာတို့သည် ၅၈၀ ကီလိုမီတာကျော် လမ်းလျှောက် ချီတက်ပွဲ ပြုလုပ်ပြီး ဆန္ဒပြခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ဘားမား သို့မဟုတ် မြန်မာနိုင်ငံသည် နှစ် ၅၀ ကျော် စစ်အာဏာရှင် စနစ်ကို အဆုံးသတ်ခဲ့ပြီး အရပ်သား အစိုးရတရပ်အမည်ဖြင့် ကမ္ဘာကြီးကိုတံခါးဖွင့်ပေးခဲ့သည်။ သို့သော်လည်း သိသာ ထင်ရှားသောစိန်ခေါ်မှုများ ဆက်လက် ကျန်ရှိခဲ့သည်။ စစ်တပ်မှ ကျောထောက်နောက်ခံပေးထားသောအစိုးရမှ ဦးစီး ဦးဆောင်သော အမျိုးသား ပညာရေး ဥပဒေ ပြောင်းလဲမှုသည် ထို စိန်ခေါ်မှု များ အနက် တစ်ခု ဖြစ် ခဲ့သည်။​ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဟု ခေါ်ဆောင်ခဲ့သောလည်း ထိုဥပဒေ ၏ သရုပ်မှန်မှာ ပညာရေးအား ဆက်လက် ချုပ်ချယ်ဖိနှိမ်ရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် မြန်မာနိုင်ငံတွင် နှစ် ငါးဆယ်ကျော် အုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင် စနစ် တရားဝင် အဆုံးသတ်သွားပြီး အရပ်သား အစိုးရ ပေါ်ပေါက်လာသည်။ ထိုသို့ဖြင့် ကမ္ဘာနှင့် အဆက်အသွယ်လုပ် တံခါးဖွင့်ခဲ့သည်။ သိုသော်လည်း ပြောင်းလဲမှုအတွက် သိသာသော စိန်ခေါ်မှု များစွာ ရှိနေသေးပေသည်။ ၂၀၁၄တွင်မူ ထိုစိန်ခေါ်မှုများထဲမှာ တခုထွက်ပေါ်လာခဲ့သည်။ ယင်းမှာ စစ်တပ်ထိန်းချုပ်ထားသည့် အစိုးရမှ အမျိုးသား ပညာရေးဥပဒေကို ပြဌာန်းရန် ကြိုးစားခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲမှု အဆင့်ဆင့်ဟု ခေါ်ဆိုခဲ့သော်လည်း ဉပဒေ၏ သရုပ်မှန်မှာ ပညာရေးကို ဆက်လက်ဖိနှိမ်ထားရန်သာ ဖြစ်သည်။ ထိုဥပဒေတွင် တည်ရှိနေသော် ကျောင်းသားသမဂ္ဂများအား တရားမဝင်ဟု ဆိုပြီး အစိုးရ အထောက်အပံ့ဖြင့် ဖွဲ့စည်းမည့် ကျောင်းသားနှင့် ဆရာ ပူးပေါင်းအဖွဲ့အစည်းဖြင့် အစားထိုးရန် အဆိုပြုခဲ့သည်။

မြန်မာ့သမိုင်းတလျှောက် ဒီမိုကရေစီ လှုပ်ရှားမှုများ၏ အဓိကနေရာတွင် ကျောင်းသားများ ပါဝင်ခဲ့သည်။

ကျောင်းသားသမဂ္ဂက ဥပဒေကို ပြင်ဆင်ရန် အဆိုပြုခဲ့သော်လည်း ထိုအဆိုကို လှစ်လျှုရှုခဲ့ကြသည်။ ကျောင်းသားသမဂ္ဂကို ထောက်ခံသူ နည်းပါးသော်လည်း အလျှော့မပေး ခေါင်းမာရန် ဆုံးဖြတ်ခဲ့ကြသည်။ စစ်တပ်နောက်ခံ အစိုးရသည် ကျောင်းသားသမဂ္ဂ ဉီးဆောင်မှုကို အစိုးရိမ်လွန်ခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုမှ အစပြုပြီး သမိုင်းတလျှောက် ဒီမိုကရေစီ လှုပ်ရှားမှုများစွာတွင် ကျောင်းသားများသည် အဓီက နေရာမှ ပါဝင်ခဲ့ကြသည့် အစဉ်အလာရှိသည်။ စစ်အစိုးရကို ဆန့်ကျင်သည့် ထိုလှုပ်ရှားမှုများတွင် ၈၈ အရေးအခင်းနှင့် ရွှေဝါရောင် တော်လှန်ရေးတို့လည်း ပါဝင်သည်။

ကျောင်းသားများ၏ ဗျူဟာမှာ ထောက်ခံသူများလာရန် စည်းရုံးရန်၊ ဥပဒေကို ပြန်လည် ပြင်ဆင်ရေး အဆိုပြုရန်နှင့် ပညာရေး ရန်ပုံငွေပိုရေး တောင်းဆိုရန်တို့ကို တပြိုင်နက် လှုပ်ရှားရေးဖြစ်သည်။ ဥပဒေကို အတည်ပြုပြီး နှစ်လအကြာတွင် ရန်ကုန်တွေ လေးရက်တာ ဆန္ဒပြခဲ့ကြသည်။ လွတ်တော်နှင့် အစိုးရအား ရက်၆၀ အတွင်း ဥပဒေကို ပြုပြင်ပြောင်းလဲရေးအတွက် ကျောင်းသား သမဂ္ဂနှင့် ဆွေးနွေးရမည်ဟု တောင်းဆိုခဲ့သည်။

အစိုးရက ဆွေးနွေးပွဲခေါ်ယူသည်ကို လျစ်လျူရှုသည့်အတွက် ဇန်နဝါရီ ၂၀၁၅ တွင် မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက် ချီတက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှ အောက်ပိုင်းအထိ ၅၈၀ ကီလိုမီတာ ရှည်သည့် ခရီးဖြစ်သည်။ ထို ချီတက်ပွဲသည် ကျောင်းသားများ၏ ဗျူဟာကျသည့် လှုပ်ရှားမှု ဖြစ်သည်။ အစိုးရ အထောက်အပံ့ဖြင့် ရပ်တည်မည့် ကျောင်းသားနှင့် ဆရာ အသင်းဖွဲ့စည်းခြင်းနှင့် အငြင်းပွားဖွယ်ရာ ဥပဒေကိုပါ မကျေနပ်မှုကို ကျယ်ပြန့်စွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဒါဇင်ပေါင်းများစွာသော မြို့ကြီးများတွင်လည်း သီးသန့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သလို ချီတက်ပွဲအထိ ပူးပေါင်းလာသူများလည်း ရှိခဲ့သည်။

ရဲရင့်သည့် လူငယ်ကျောင်းသားများ လမ်းပေါ်ထွက်လာသည့်အတွက် ပြည်သူလူထုနှင့် လူထုအခြေပြု အဖွဲ့အစည်းများမှ ထောက်ခံအားပေးမှုကို ပိုမိုရရှိခဲ့သည့် အပြင်၊ ဒီမိုကရေစီ မကျသည့် ဥပဒေအကြောင်းနှင့် ထိုဥပဒေကို သေချာစီစစ်ခြင်းမရှိပဲ အတည်ပြုခဲ့သည်ကို လူများ ပိုမိုသတိပြုမိသွားတော့သည်။ ချီတက်မှုကြောင့် လူထုနှင့် မီဒီယာတို့သည် ဥပဒေအားနည်းချက်များသာမကပဲ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်၏ အားနားချက်များကိုပါ ခြုံငုံနားလည်အောင် ကြိုးပမ်း လာခဲ့ကြသည်။ လပေါင်းများစွာ ကြာအောင် ကမ်ပိန်း အားကောင်းခဲ့ပြီး သတင်းစာ ခေါင်းကြီးပိုင်းများတွင် ပါဝင်ခဲ့သည်။ ဘုန်းတော်ကြီးများ၊ လူငယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ကျော်ကြားသူများနှင့် ပြည်သူလုထု အားလုံးက ဆန္ဒပြ ကျောင်းသား လူငယ်များ ဘက်က ရပ်တည်ခဲ့ကြသည်။ လူထုထောက်ခံမှု ပိုမိုရရှိလာသည်နှင့် အမျှ အစိုးရအထောက်အပံ့နှင့်ရပ်တည်နေပြီး အသစ်ဖွဲ့စည်းထားသည့် လူကြိုက်နည်းသော ကျောင်းသားနှင့် ဆရာ အဖွဲ့အစည်း၏ တရားဝင်ဖြစ်မှုမှာ ပိုမိုလျှော့နည်းသွားခဲ့သည်။ ၎င်းတို့သည် လွတ်လပ်စွာ ရပ်တည်သည့် ကျောင်းသားသမဂ္ဂများကို ဖိနှိပ်ရန် သက်သက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်းလည်း လူများသိရှိသွားတော့သည်။

အဓိကသီအိုရီ

Direct action

ဥပဒေသစ်ဖြင့် ကျောင်းသား သမဂ္ဂကို တရားမဝင်ဟု သတ်မှတ်လိုက်သည့်အခါ ကျောင်းသားများသည် ဥပဒေသစ်တွင် ပါတွင်သည့် စည်းကမ်းများကို လွယ်လင့်တကူ လက်ခံရန် အခွင့်အရေး ရှိခဲ့သည်။ သို့သော်လည်း ထိုကိစ္စကို ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ သမဂ္ဂသည် ဥပဒေကို မလိုက်နိုင်ဟု ငြင်းဆန်သည်သာ မကပဲ အဖွဲ့ဝင်အသစ်များပါ စုဆောင်းနိုင်ခဲ့ခြင်း၊ ပြည်သူလူထု စာနာထောက်ထားမှုကို ရရှိခြင်း စသည်တို့ဖြင့် သမဂ္ဂ တရားဝင် တည်ရှိမှုမှာ ပိုမို ခိုင်မာလာခဲ့သည်။

အဓိကနည်းဗျူဟာ

Trek

ခြေလျှင် ခရီးရှည်လျှောက်ရန် ရွေးချယ် စီစဉ်ခဲ့ခြင်းသည် အလွန်ပါးနပ်သည့် ရွေးချယ်မှု ဖြစ်ခဲ့သည်။ ကျောင်းသားအရေးကို လူထု စိတ်ဝင်စားမှု ရရှိစေရန် အကောင်းဆုံးနှင့် အထင်ရှားဆုံးနည်း ဖြစ်သည်။​ ရန်ကုန်ကဲ့သို့သော မြို့ကြီးများသာမက မြို့ရွာပေါင်း များစွာကို ဖြတ်​လျှောက်ကြခြင်းဖြင့် လူထု၏ ထောက်ခံမှုကို ပိုမိုရရှိခဲ့သည်။ ခြေလျှင် ခရီးတလျှောက် ကမ်ပိန်းကို လူစိတ်ဝင်စားစရာ ဇာတ်လမ်းပမာ ဖန်တီးနိုင်ခဲ့ပြီး လူထုထောက်ခံမှုနှင့် စိတ်ဝင်စားမှုကို ပိုပိုပြီးရခဲ့သည်။ ထို့အတူ အစိုးရအပေါ်လည်း ဖိအားပေးနိုင်ခဲ့သည်။ နောက်ဆုံးအချက်မှာမူ ကျောင်းသားများ ခရီးရှည်လျှောက်နေသည့် ကာလအတွင်း တောင်းဆိုချက်များနှင့် ပတ်သက်ပြီး အစိုးရအတွက် စဉ်းစားရန် အချိန်ကောင်းစွာရရှိခဲ့သည်.

အဓိကအခြေခံမူ

ပိုမိုလေ့လာရန်

History Lessons
Bertil Lintner, The Irrawaddy, 2015