သီအိုရီ

ဘောင်ခတ်ခြင်း

အတိုချုံးပြောရရင်

ဓာတ်ပုံတစ်ပုံကို ဘောင်ခတ်ထားသလို လှုပ်ရှားမှုတစ်ခုတွင် သင်မီးမောင်းထိုးပြချင်တဲ့ အကြောင်းအရာတစ်ချို့ကိုပဲ ရွေးပြီးပြသည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဒီနည်းလမ်းကို ထိထိရောက်ရောက် အသုံးပြုခြင်းဖြင့် မိမိလှုပ်ရှားမှုရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်ပါသည်။

Our revolution is fought with concepts, not with guns.

— Gloria Anzaldúa

အစများ

Sociologist Erving Goffman’s 1974 book Frame Analysis: An Essay on the Organization of Experience, popularized among progressive movements by Charlotte Ryan, George Lakoff, Makani Themba, Center for Story-based Strategy, and others.

ကျွန်ုပ်တို့လူသားတွေဟာ ဇာတ်ကြောင်းပြောတဲ့ သတ္တဝါတွေဖြစ်တယ်။ ကိုယ်အကြောင်းကိုယ် ပြောပြတဲ့အခါ ယုတ္တိတန်အောင် အများလက်ခံထားတဲ့ အယူအဆတွေနဲ့ ဘောင်ဝင်အောင် ဇာတ်ကြောင်းပြောတာဟာ အဓိက သော့ချက်ဖြစ်ပါသည်။ George Lakoff ပြောခဲ့သလို ဘောင်ခတ်တယ်ဆိုတယ်ဆိုတာ "အမှန်တရားကို လူတွေ နားလည်လာအောင် စိတ်ပိုင်းဆိုင်ရာ တည်ဆောက်ပေးခြင်းနဲဲ့ တခါတလေမှာ မြင်စေချင်တဲ့ အမှန်တရားကို မြင်အောင် ပုံဖော်တည်ဆောက်ပေးခြင်း" ဖြစ်ပါသည်။

သိလို့ဖြစ်စေ မသိလိုက်လို့ဖြစ်စေ ကျွန်ုပ်တို့ နားလည်ထားတဲ့ အရာတွေကို ဘောင်ခတ်မိပြီးသား ဖြစ်ပါသည်။ အဲဒီဘောင်ခတ်လိုက်ခြင်း အားဖြင့် သူ့အဓိပ္ပာယ်ကို ပိုမိုသက်ရောက်မှုရှိစေပါသည်။ ဥပမာ - စီးပွားရေး ပညာရှင်တွေ ပြောနေကြတဲ့ "စီးပွားရေး ခန့်မှန်းချက်"တွေ ဖြစ်ပါသည်။ သူတို့ပြောပုံမှာ ရာသီဥတုခန့်မှန်းချက်လိုပဲ လူတွေရဲ့ စနက်မပါပဲ အရှင်းရှင် စီးပွားရေ (see: THEORY: Capitalismးစနစ်ဟာ သူ့အလိုလို ဖြစ်လာတဲ့ပုံစံပြောခြင်းဖြစ်သည်။ ဒီလို ဘောင်တခု သတ်မှတ်လိုက်ပြီး ဘဏ်တွေနဲ့ ကော်ပရေးရှင်းတွေဟာ သူတို့အကျိုးအမြတ်အတွက် လိုသလို ချယ်လှယ်ထိန်းချုပ်နေကြတာ ဖြစ်ပါသည်။

ဒီလို ဘောင်ခတ်ပြီး ပြောပြလိုက်တာက ရှိနေတဲ့ အင်အားကို ပိုကြီးမားအောင် အထောက်အပံ့ပေးရုံမကဘဲ လွမ်းမိုးမှုများနေတဲ့ တခြားဘောင်တခုကို ဆန့်ကျင်တိုက်ခိုက်တဲ့၊ အနှောင့်အယှက်ပေးတဲ့ နည်းလမ်းတစ်ခုအနေနဲ့လည်း သုံးလို့ရပါသည်။

လှုပ်ရှားမှု သို့မဟုတ် ကမ်ပိန်းကို ဘောင်ခတ်ပေးတော့မယ်ဆိုရင် ဘယ်ပြဿနာ၊ ဘယ်အငြင်းပွားစရာကို ဉီးစားပေးပြီး စဉ်းစားဖော်ပြရမလဲဆိုတာကို သေချာတွေးတောစဉ်းစားဖို့လိုပါသည်။

လှုပ်ရှားမှုကို ဖြစ်ဖြစ်၊ ကမ်ပိန်းတခုကို ဖြစ်ဖြစ် ဘောင်ခတ်လိုက်တဲ့အခါမှာ လူသိများပြီး အသုံးများတဲ့ တခြား ဘောင်တခုကို အနှောင့်အယှက် ပေးလိုက်တာဖြစ်ဖြစ်၊ အခုဘောင်နဲ့ အစားထိုးလိုက်တာ ဖြစ်ဖြစ် လုပ်လိုက်တဲ့ သဘောမျိုးဖြစ်ပြီး လှုပ်ရှားမှု ရည်မှန်းချက်ကို အကျိုးများစေပါသည်။

ဒီနေရာမှာ မေးရမယ့်မေးခွန်းအချို့က ဘယ်သူက လူကောင်းလဲ။ ဘယ်သူက လူဆိုးလဲ။ ပြဿနာက ဘာလဲ။ ဘာကို စိုးရိမ်ရမှာလဲ။ ဘယ်လိုနည်းလမ်းအသစ်တွေကိုသုံးမလဲ။ မိမိတို့လုပ်နေတဲ့ လှုပ်ရှားမှုအတွက် မူဘောင်တစ်ခုတည်ဆောက်နိုင်မလား။

ဥပမာ - အလုပ်သမားအကျိုးခံစားခွင့် ပိုတောင်းတဲ့အခါ နာမကျန်းဖြစ်ချိန်မှာ လုပ်ခပေးဖို့ ပြောရင် လူတွေအမြင်မှာ အလုပ်ရှင်က သဘောကောင်းပြီး အိမ်မှာ နေမကောင်းနေတာတောင် လခ ပေးထားတယ်လို့ မြင်ကြလိမ့်မယ်။ "နာမကျန်းဖြစ်ချိန် လစာပေးခြင်း"လို့ ဆိုတာထက် "ကျန်းမာရေး ခံစားခွင့်" လို့ ပြောင်းသုံးရင် ဒါဟာ အလုပ်သမား ခံစားခွင့်အနေနဲ့ မြင်ကြမှာဖြစ်သည်။ "လုပ်ခ လစာ"ဆိုတဲ့နေရာမှာ "ခံစားခွင့်" လို့ သုံးလိုက်တာဟာ ပြဿနာအတွက် နားလည်မှု၊ ဆွေးနွေးမှုတွေအတွက် လုံးဝ ခြားနားတဲ့ ဘောင်တခု သတ်မှတ်လိုက်နိုင်တဲ့ သဘောဖြစ်သည်။

နယူးယောက်မြို့တွင် ရဲများသည် လမ်းပေါ်သွားလာနေသည့် သူများအား "ရပ်တန့်စစ်ဆေးခြင်း" အစီအစဉ်ကို ပြုလုပ်ကြရာ “ရဲများ ရပ်တန့်ခိုင်းခြင်း" သည် "အများပြည်သူ လုံခြုံရေး"နှင့် "အသက်ကယ်ခြင်း" အစီအစဉ်ဖြစ်သည်ဟု ရဲဘက်က ပြောဆိုနေစဉ် ဆန့်ကျင်ဘက် အုပ်စုတို့က "လူမျိုးရေးခွဲခြားခြင်း"ဟု ဘောင်ခတ်ကာ စွပ်စွဲလိုက်သည်။ "လူမျိုးအုပ်စု တစုလုံးအား ရာဇဝတ်သားအဖြစ် သတ်မှတ်ခြင်း" ပေါ်လစီဟု ပြောဆိုကြသည်။ တစ်ချိန်တည်းမှာဘဲ လူမျိုးရေးခွဲခြားခြင်းနှင့် အသားအရောင်ခွဲခြားချင်းများကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကြပြီး ပြောဆိုလိုသည့် ဘောင်အတွင်း ထည့်သွင်းလိုက်ကြသည်။

နောက်ဥပမာတစ်ခုမှာ လောင်စာဆီ ကုမ္ပဏီမှ အထောက်အပံ့ကို လက်ခံထားသည့် သိပ္ပံပညာရှင်အုပ်စုသည် သူတို့ကိုယ်သူတို့ "ရာသီဥတု ဖောက်ပြန်မှုကို မယုံကြည်သူများ"ဟု ခေါ်ဆိုကြသည်။ ဘယ်သိပ္ပံပညာရှင်က သူတို့အလုပ်ကိုသူတို့ မယုံသင်္ကာဖြစ်လို့လဲ။ ရာသီဥတုဖောက်ပြန်မှုဆိုသည်မှာ သိပ္ပံပညာ၏ အစိတ်အပိုင်း တစ်ခု မဟုတ်ဘူးလား။ သူတို့လိမ်နေတယ်လို့ အဆုံးအထိ မပြောပဲ ရာသီဥတု အတွက် တက်ကြွလှုပ်ရှားသူများက "ဆေးရွက်ကြီး သိပ္ပံပညာရှင်"ဟု အစားထိုးခေါ်ကြပြီး "ရာသီဥတုကို ငြင်းပယ်သူများ"ဟု တံဆိပ်ပြန်ကပ်ပေးလိုက်ကြသည်။ ငြင်းပယ်သူ (Denier) ဆိုသည်မှာ လူလိမ် (Liar) ၏ ဆန့်ကျင်ဘက် အဓိပ္ပါယ်ဖြစ်သည်ကို အမှန်တရားအဖြစ် လက်ခံထားပြီးသား လူ့အဖွဲ့အစည်း အတွင်းတွင် ထိုနာမည်ကို ငြင်းပယ်ရ ခက်သွားတော့သည်။ (see: PRINCIPLE: Turn the tables

ဘောင်ခတ်တဲ့ နည်းစနစ်ကို သုံးတော့မယ်ဆိုရင် ဒီလိုလုပ်တာ တစ်ခုတည်းနဲ့ အောင်မြင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ လက်ခံထားဖို့လိုပါသည်။ (see: THEORY: Ethical spectacle ဘောင်ခတ်တာက အဓိပ္ပါယ် သက်ရောက်မှုကို ကစားတာဖြစ်ပါသည်။ ဘောင်ခတ်ခြင်းကို ကျွမ်းကျင်တဲ့ ဂုရုကြီး George Lakoff က "အမှန်တရားကို လူတိုင်း သေချာမြင်နိုင်အောင် ဘောင်ခတ်ပေးရမယ်။ အဲဒါဟာ ဘောင်ခတ်ခြင်း အနုပညာပဲ"လို့ ဆိုပါသည်။

Originally published in Beautiful Trouble.

အပြင်လောက ဥပမာများ

Which Is Acceptable: 'Undocumented' vs. 'Illegal' Immigrant?

Several commentators discuss use of the terms “undocumented” and “illegal” to discuss people in the US as immigrants without proper authorization.