အတိုချုံးပြောရရင်
အကျဉ်းချုပ်-တိုက်ရိုက်လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်း စသည့်မူဘောင်များကို အခြေခံထားပါသည်။ မတူကွဲပြားသူများအတူတကွပူးပေါင်းပါဝင်နိုင်သော လှုပ်ရှားမှုကြီးကြီးမားမား တစ်ခုဖော်ဆောင်ရာတွင်အသုံးပြုနိုင်သော မူဘောင်တစ်ခုဖြစ်ပါသည်။
အပြည့်အစုံရေးသားချက် - ဆယ်စုနှစ်တစ်ခုကျော်ကြာသည်အထိ အကြမ်းဖက်နည်းလမ်းများဖြစ်သော ပစ္စည်းဥစ္စာဖျက်ဆီးမှုများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများရဲ့ ထိရောက်မှုကို diversity of tactics မူဘောင်အောက်တွင် ဆွေးနွေးသုံးသပ်ပြီးသည့်အခါ အခြားမူဘောင်အသစ်တစ်ခု လိုအပ်နေပြီဟု မြင်မိပါသည်။ Diversity of Tactics မူဘောင်တွင် နည်းဗျူဟာမျိုးစုံပါဝင်သည့်အတွက်
ထိုနည်းဗျူဟာများက ဘယ်လောက်ထိရောက်မှုရှိလဲဆိုတာကို သုံးသပ်သည့်နေရာတွင် လစ်ဟင်းမှုများရှိနိုင်ပါသည်။ အဖွဲ့သားများ ဘယ်လိုနည်းဗျူဟာသုံးမလဲ၊ ဘယ်လိုပူးပေါင်းပြီးအောင်မြင်အောင်လုပ်မလဲဆိုသည်ကို စဉ်းစားဆုံးဖြတ်ကြသည့်နေရာတွင်လည်း လစ်ဟင်းမှုများရှိနိုင်ပါသည်။ နောက်ဆုံးတွင် ဘာဘဲလုပ်လုပ် အဆင်ပြေပါတယ် ဆိုသည့် အနေအထားမျိုးဖြစ်သွားပြီး မည်သူမှ ဦးဆောင်ပြီးတာဝန်ယူခြင်းမျိုး မရှိတော့တဲ့အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်။
ကျွန်ုပ်တို့၏ရည်ရွယ်ချက်များနှင့်ကိုက်ညီမှုရှိတဲ့ မူဘောင်သည် မဟာဗျူဟာမြောက် အကြမ်းမဖက်သော တိုက်ရိုက်လုပ်ဆောင်မှုဖြစ်သည်။ မဟာဗျူဟာမြောက် အကြမ်းမဖက် မူဘောင်တစ်ခုအတွင်းတွင် လှုပ်ရှားမှုအတွက် ဘယ်နည်းဗျူဟာကို အသုံးပြုသင့်သလဲဆိုတာကို အဖွဲ့ဝင်များ အတူတူဆုံးဖြတ်ချက် ချမှတ်ကြပါသည်။ ဤမူဘောင်သည် မဟာဗျူဟာတစ်ခုဖြစ်ပါသည်။ ဤမူဘောင်သည် အကြမ်းဖက်မှုက သင့်တော်သလား မသင့်တော်ဘူးလားဆိုသည်ကို ဆုံးဖြတ်ရန်အတွက် အသုံးပြုရခြင်းမဟုတ်ပါ။ ထို့အပြင် ဂန္ဒီ၏ငြိမ်းချမ်းရေးဆောင်ပုဒ်ကဲ့သို့ တစ်သက်လုံး အကြမ်းမဖက်ဘဲနေရန် ပြောနေခြင်းလည်းမဟုတ်ပါ။ ၎င်းအစား ကျွန်ုပ်တို့အနေနှင့် ဒီအချိန်မှာ ဒီလိုနည်းလမ်းနဲ့ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုသည့် သဘောသာဖြစ်ပါသည်။ ယင်းသည် ကိုကိုယ်တိုင်ကပြုလုပ်ရသည့် အရာဖြစ်သည်။ ၎င်းကိုအသုံးပြုခြင်းဖြင့် အတိုက်အခံအဖွဲ့အစည်းအတွက် အကျပ်အတည်းများဖန်တီးပေးပြီး (see: PRINCIPLE: Put your target in a decision dilemma မိမိတို့၏ ခံယူချက်တန်ဖိုးနှင့် သူတို့၏ခံယူချက်တန်ဖိုးများကြား ခြားနားချက်ကို သရုပ်ဖော်ပေးပါသည်။
မဟာဗျူဟာမြောက် အကြမ်းမဖက်သော တိုက်ရိုက်လုပ်ဆောင်မှုတွင် အားသာချက်များရှိပါသည် -
မဟာဗျူဟာမြောက် အကြမ်းမဖက်မူဘောင်တစ်ခု ရှိခြင်းဖြင့် လှုပ်ရှားမှုတွင် အကြမ်းဖက်နည်းလမ်းကို အသုံးပြုချင်သောသူများ ပါဝင်လာပါက သူတို့ကို လှုပ်ရှားမှုမှ အလွယ်တကူဖယ်ရှားနိုင်ပါသည်။
ကျွန်ုပ်တို့အနေနှင့် ဘယ်လိုနည်းဗျူဟာများ အသုံးပြုမလဲဆိုသည်ကို အတူတူစဉ်းစားဆုံးဖြတ်ပြီး ပြောသည့်အတိုင်း လုပ်ဖို့ အချင်းချင်းသတိပေးပြီး တာဝန်ယူဖို့ပြောရန် လိုအပ်ပါသည်။ သဘောတူညီမှုများအတူချမှတ်ခြင်းသည် လှုပ်ရှားမှုများအတွက် အားအင်ဖြစ်စေပါသည်။ မိမိအနေနှင့် တစ်ခုခုလုပ်ဆောင်ရာတွင် ဘာဖြစ်နိုင်မလဲဆိုသည်ကို ကြိုတင်သိထားပါက ဤလှုပ်ရှားမှုတွင် ပါဝင်သင့် မဝင်သင့်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့အနေနှင့် တာဝန်ယူမှု တာဝန်ခံမှု မရှိသူများကို အတင်းအကြပ်တာဝန်မပေးတာ ကောင်းပါသည်။
သဘောတူညီချက်များရရှိအောင် လုပ်ဆောင်သည့်လုပ်ငန်းစဉ်များတွင် ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး မတူညီသောအမြင်များကို နားထောင်ဖလှယ်ကြသည်။ အဖွဲ့အစည်းအတွင်းတွင် သဘောထားကွဲလွဲမှုများရှိပါက ရှောင်လွှဲခြင်းမပြုဘဲ အတူတူဖြေရှင်းကြပြီး လွတ်လပ်စွာ၊ စိတ်အားထက်သန်စွာ၊ အပြန်အလှန် လေးစားမှုထားရှိပြီး ငြင်းခုံဆွေးနွေးပြီး သင်ယူကြပါသည်။
ကျွန်ုပ်တို့အနေနှင့် လှုပ်ရှားမှုများကိုလုပ်ဆောင်ရာတွင် အကြောက်အရွံ့မရှိဘဲ ပွင့်ပွင့်လင်းလင်းလုပ်ဆောင်ကြပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့လုပ်ရပ်များတွင် ယုံကြည်မှုရှိခြင်းကြောင့်ဖြစ်သည်။ ကိုယ်ယုံကြည်ရာကို လုပ်နေသည့်အတွက် ဥပဒေကို ချိုးဖောက်ကောင်းချိုးဖောက်မိနိုင်သည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တာမျိုးမဟုတ်ပါ၊ စနစ်ဆိုးရဲ့ ဒဏ်ပေးတာကိုလဲ ကျွန်ုပ်တို့သည် လက်သင့်မခံပါ။ ကျွန်ုပ်တို့၏လုပ်ရပ်ကြောင့် ဖြစ်လာသော အကျိုးဆက်များကို သတ္တိရှိရှိရင်ဆိုင်ရန်လည်း အဆင်သင့်ဖြစ်နေပါသည်။
ကျွန်ုပ်တို့၏အဖွဲ့အစည်း လှုပ်ရှားမှုများကို ပွင့်လင်းမြင်သာစွာ စီစဉ်ပေါင်းစည်းထားသည့်အတွက် အဖွဲ့အစည်းအတွင်းကို လူသစ်များထပ်မံခေါ်ယူနိုင်ပြီး လှုပ်ရှားမှုများကို ပိုမိုကြီးထွားလာအောင် ပြုလုပ်နိုင်ပါသည်။ လှုပ်ရှားမှုအတွင်းဝင်ရောက်နိုင်ရန် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကြပ်ကြပ် သတ်မှတ်ထားလိုက်ခြင်းဖြင့် လှုပ်ရှားမှုကို အသစ်ဝင်လိုသူတိုင်း မဝင်နိုင်တော့ဘဲ အဖွဲ့ဝင်အရေအတွက် လျော့သွားနိုင်ပါသည်။
အကြမ်းမဖက်သော တိုက်ရိုက်လှုပ်ရှားမှု၏ မူဘောင်တစ်ခုသည် ကျွန်ုပ်တို့အား လုံခြုံမှုအပြည့်အဝမပေးနိုင်သော်လည်း ကျွန်ုပ်တို့လုပ်ရပ်များကြောင့် မည်သို့သောအန္တရာယ်များရှိနိုင်ကြောင်းကို မြင်အောင် ရှင်းလင်းပြတ်သားစွာ ပြသပါသည်။ ဥပမာ- ကျွန်ုပ်တို့လှုပ်ရှားမှုပြုလုပ်ရာတွင် ရဲတွေက ဆန္ဒပြသူများကို ဘယ်လိုဆက်ဆံမလဲဆိုသည်ကို မသိနိုင်သော်လည်း ဆန္ဒပြသူများဘက်က ဘယ်လို အပြုအမူများကိုစလုပ်ရင် ရဲတွေက စတင်တိုက်ခိုက်မလဲဆိုသည်ကို ကြိုတင်တွေးထားနိုင်ပါသည်။ (see: PRINCIPLE: Take risks, but take care.
မဟာဗျူဟာမြောက် တိုက်ရိုက်လုပ်ဆောင်မှု မူဘောင်တစ်ခုရှိခြင်းဖြင့် လှုပ်ရှားမှုတွင် အကြမ်းဖက်နည်းလမ်းကို အသုံးပြုချင်သောသူများ ပါဝင်လာပါက သူတို့ကို လှုပ်ရှားမှုမှ အလွယ်တကူ ထုတ်ပစ်နိုင်ပါသည်။ အကြောင်းမှာ အကြမ်းမဖက်သောနည်းကိုဘဲ အသုံးပြုမည်ဟု အဖွဲ့ဝင်အားလုံးက ကတိပေးထားသည့်အတွက် အကြမ်းဖက်နည်းလမ်းကို သုံးချင်တဲ့သူရှိလာခဲ့ပါက အဖွဲ့ဝင်များ၏ဘုံသဘောတူညီချက်မှ သွေဖယ်ပြီးမလုပ်ရန် သတိပေးနိုင်ပါသည်။
လှုပ်ရှားမှုများတွင် မတူကွဲပြားတဲ့ နည်းဗျူဟာများ၊ လုပ်ဆောင်ချက်များစွာ ပါဝင်နိုင်ပါသည်။ ကွဲပြားသောလုပ်ဆောင်ချက်များအတွက် နေရာများစွာရှိပါသည်။ အချို့က ဂန္ဒီလို အကြမ်းမဖက်သောနည်းလမ်းကိုရွေးချယ်ပြီး အချို့က ခံစားချက်များကို ရှေ့တန်းမထားပဲ လုပ်သင့်လုပ်ထားတာကိုပဲ ယုတ္တိကျကျစဉ်းစားလုပ်ဆောင်တဲ့ နည်းလမ်းများကို အသုံးပြုကြပါသည်။ မဟာဗျူဟာမြောက် အကြမ်းမဖက်သော တိုက်ရိုက်လုပ်ဆောင်မှု မူဘောင်သည် လှုပ်ရှားမှုမျိုးစုံကို ကြီးထွားအောင်နှင့် မတူကွဲပြားတဲ့အသံများပါဝင်လာနိုင်အောင် အထောက်အကူပေးနိုင်ပါသည်။
မူရင်းထုတ်ဝေသူ Beautiful Trouble။
အဓိကအခြေခံမူ
၏အနက်အဓိပ္ပာယ်ကို တိတိကျကျ ခွဲခြားသတ်မှတ်ပါ။ တက်ကြွလှုပ်ရှားသူများသည် ဖိနှိပ်မှုနှင့် မတရားမှုများကို ပိုမိုထိတွေ့ခံစားရာမှတစ်ဆင့် အစွန်းရောက်မှုများ ဖြစ်လာတတ်ပါသည်။ အထူးသဖြင့် လူငယ်တက်ကြွလှုပ်ရှားသူများသည် သူတို့မကြိုက်တဲ့သူများကိုဆန္ဒပြသည့်အခါ ပို၍အစွန်းရောက်သော နည်းလမ်းများကို သုံးလာကြမည်။ ထိုကဲ့သို့သော ကိစ္စရပ်များသည် အဖိုးတန်ပြီး ဂုဏ်ပြုထိုက်သော်လည်း အစွန်းရောက်ပြင်းထန်သော လုပ်ဆောင်မှုတိုင်းသည် ထိရောက်မှုမရှိပေ။ မဟာဗျူဟာချမှတ်ပြီး အဖွဲ့အတွင်းမှ အစွန်းရောက်နေသူများကို သူတို့ပြုပြင်ပြောင်းလဲနိုင်ရန် နေရာတစ်နေရာပေးပြီး တွဲခေါ်ရန်လိုအပ်ပါသည်။
အပြင်လောက ဥပမာများ

Three example action agreements used by various groups in the past.