အတိုချုံးပြောရရင်
သင့်ရဲ့လှုပ်ရှားမှုက ထောက်ခံသူများ အနည်းငယ်ဘဲပါဝင်နေမှုမှ အမာခံထောက်ခံသူများအဖြစ် ထဲထဲဝင်ဝင်ပါဝင်နိုင်အောင် စည်းရုံးသည့်အခါ အသုံးပြုနိုင်သည့် လမ်းညွှန်မူဘောင်။
အစများ
Ladder of Engagement ကို Sherry R. Arnstein က သူ့ရဲ့စာအုပ် ”A Ladder of Citizen Participation” (1969) ထဲတွင် စမိတ်ဆက်ခဲ့ပြီး သမ္မတအိုဘားမားက သူ့ရဲ့မဲဆွယ်ရေး ကမ်ပိန်းတွင် အသုံးပြုပြီး လူသိများလာခြင်းဖြစ်သည်။
လှုပ်ရှားမှုများတွင် ကိုယ်တိုင်မုန့်ဖုတ်တာမျိုးကနေ အရေးကြီးတဲ့သူများနှင့် တွေ့ဆုံဆွေးနွေးရသည်အထိ ကျွန်ုပ်တို့လို လှုပ်ရှားမှုဦးဆောင်နေသူတွေ အကုန်လုပ်ရသည့်အတွက်ကြောင့် စိတ်ညစ်ခဲ့ရတဲ့အချိန်တွေ တွေ့ကြုံခဲ့ဖူးပါလိမ့်မည်။ ကျွန်ုပ်တို့၏ social media ပေါ်တွင် တင်ထားသည့် post များကိုဘယ်လောက်လူတွေ like reaction တွေပေးပါစေ၊ လှုပ်ရှားမှုတွင်ပါဝင်ရန် လက်မှတ်လိုက်တောင်းခံသည့်အချိန်တွင် လက်မှတ်ဘယ်လောက်များများရပါစေ လှုပ်ရှားမှုသည် အစပိုင်းတွင်သာ လူစိတ်ဝင်စားမှုရပြီး နောက်ပိုင်းတွင် ပုံမှန်အခြေအနေမျိုးပြန်ဖြစ်သွားတတ်ပါသည်။
ခါးသီးသောအမှန်တရားတစ်ခုမှာ လှုပ်ရှားမှုတွင် လူသစ်များပါဝင်ဖို့ နည်းလမ်းကောင်းများ မဖန်တီးပေးနိုင်ပါက ကျွန်ုပ်တို့လို လှုပ်ရှားမှုဦးဆောင်နေသူများ၏လိုအပ်ချက်သာဖြစ်သည်။
အောင်မြင်သောလှုပ်ရှားမှုများနှင့် လှုပ်ရှားမှုများတွင် အမာခံထောက်ခံသူများနှင့် စေတနာ့ဝန်ထမ်းလုပ်အားပေးများရဲ့ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှု ရှိကြသည်။ လှုပ်ရှားမှုတွင် လူအများကြီးပါဝင်လာအောင် စည်းရုံးရုံလောက်နဲ့မပြီးသေးပါ။ အဖွဲ့အစည်းကို စနစ်တကျဖွဲ့စည်းပြီး အဖွဲ့ဝင်များ၏ ပါဝင်ပတ်သက်မှုကို အရှိန်မလျော့သွားအောင်ထိန်းထားရန်လဲ လိုအပ်ပါသည်။ Engagement strategy ဆိုသည်မှာ အဖွဲ့ဝင်များလှုပ်ရှားမှုတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာအောင် စည်းရုံးသော နည်းဗျူဟာတစ်ခုဖြစ်ပြီး ဒီလိုလုပ်နိုင်ရန်အတွက် အဖွဲ့ဝင်အချင်းချင်း ဆက်ဆံရေးအဆင်ပြေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါသည်။ ဒါ့အပြင် ဦးဆောင်သူများအနေနဲ့ လှုပ်ရှားမှုတွင်ပါဝင်သူများကို ကျန်ရှိနေတဲ့အဖွဲ့ဝင်တွေက ရင်းရင်းနှီးနှီးကြိုဆိုနေတယ်လို့ ခံစားရအောင် ပြုလုပ်ပေးဖို့လဲ လိုအပ်ပါသည်။
Ladder of Engagement တစ်ခုတည်ဆောက်ရန် မိမိလှုပ်ရှားမှုထဲတွင် ထောက်ခံသူများ ဘယ်လိုပါဝင်ပတ်သက်နိုင်မလဲဆိုတာကို နည်းဗျူဟာကျကျ စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်ပါသည်။ လှုပ်ရှားမှုတွင် ပါဝင်သည့်တာဝန်များကို လှေကားထစ်များကဲ့သို့ မြင်ကြည့်ပြီး တာဝန်အနည်းဆုံးမှ အများဆုံးအထိ ကြီးစဉ်ငယ်လိုက် ခွဲခြားသတ်မှတ်ရန် လိုအပ်ပါသည်။ ဒါ့အပြင် အစီအစဉ်တစ်ခုရေးဆွဲပြီး လှုပ်ရှားမှုတွင် အများဆုံးပါဝင်ပတ်သက်ချင်သည့် အဖွဲ့သားများကို ဘယ်လိုတာဝန်တွေပေးမယ်ဆိုတာကို ဆုံးဖြတ်ရမည်ဖြစ်သည်။ လှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးအနေနှင့် သင့်တာဝန်သည် အဖွဲ့ဝင်များ နည်းနည်းသာပါဝင်ပတ်သက်နေရာမှ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နိုင်အောင် စည်းရုံးရမည်ဖြစ်သည်။ သင့်အဖွဲ့အစည်းအတွင်း အချင်းချင်းဆက်ဆံရေးကောင်းမွန်လာအောင် ပြူလုပ်ခြင်းဖြင့် အဖွဲ့သားများ၏ ပါဝင်ပတ်သက်မှုကို တိုးအောင်ပြုလုပ်နိုင်ပါသည်။
လှုပ်ရှားမှုတစ်ခုတွင် အဖွဲ့သားများ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ဖို့ဆိုတာ အလိုအလျောက်ဖြစ်မလာနိုင်ပါ။ ဒါကို လက်တွေ့ အကောင်အထည်ဖော်ရန်မှာ ဦးဆောင်သူ၏တာဝန်သာဖြစ်သည်။
ဥပမာအားဖြင့် ယူဂန်ဒါနိုင်ငံရှိ the Integrity Campaign သည် COVID-19 ကာလအတွင်း လူငယ်များအတွက် အထောက်အကူဖြစ်စေရန် ယာထားတဲ့ရန်ပုံငွေကို ပြောတဲ့အတိုင်း လက်တွေ့အသုံးချရန် အစိုးရကို ဆန္ဒထုတ်ဖော်သည့် ကမ်ပိန်းတစ်ခုဖြစ်သည်။ ကမ်ပိန်းအောင်မြင်ရန်အတွက် ပြည်သူလူထုက အဂတိလိုက်စားမှုကို အလိုမရှိကြောင်း ကမ်ပိန်းမှာပါဝင်နေသူများနှင့်အတူ ဆန္ဒထုတ်ဖော်ဖို့ လိုတယ်ဆိုတာကို လှုပ်ရှားမှုကို ဦးဆောင်သူများက နားလည်ကြပါသည်။ တစ်ချိန်တည်းမှာဘဲ ဆန္ဒထုတ်ဖော်သည့်အခါ အန္တရာယ်များရှိနိုင်တယ်ဆိုတာရော၊ ပြည်သူတွေပါဝင်ဖို့ တွန့်ဆုတ်နေကြမယ်ဆိုတာရော လှုပ်ရှားမှုကို ဦးဆောင်သူများက နားလည်ကြပါသည်။
သူတို့သည် အကြမ်းမဖက်တဲ့နည်းလမ်းကို မိတ်ဆက်သည့် အွန်လိုင်းသင်တန်းကိုတက်ရောက်ရန် ပြည်သူများကို ဖိတ်ခေါ်ခြင်းဖြင့် စတင်ခဲ့သည်။ ထို့နောက် သင်တန်းသားများအား သမာသမတ်ကျကျ ပြုမူနေထိုင်တတ်အောင်သင်ပေးသည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်ရန် ဖိတ်ကြားခဲ့ပါသည်။ အဖွဲ့ဝင်များကို တာဝန်များစပြီးပိုပေးကြည့်သည့်အခါတွင် သင်တန်းတက်ရောက်သူဦးရေ ၇၀ မှ ၄၅ ဦးသို့ ကျဆင်းသွားခဲ့သည်။ ကျန်ခဲ့သည့် ၄၅ ဦးသည် လှုပ်ရှားမှုတွင် ထဲထဲဝင်ဝင်ပါချင်သူများဖြစ်ပြီး သူတို့အတွက် WhatsApp အဖွဲ့တစ်ခု သက်သက်ဖွဲ့ပေးပြီး သူတို့လုပ်ရမည့်တာဝန်များကို group ထဲတွင်ညွှန်ကြားပါသည်။
အွန်လိုင်းမှာ ရံဖန်ရံခါမှ post တင်ရာကနေ သောကြာနေ့တိုင်း post ပုံမှန်တင်တဲ့ အလေ့အထရှိသွားပြီး “Twitter Rallies” လို့ အမည်တွင်သွားပါသည်။ အဖွဲ့ဝင်များသည် အဂတိလိုက်စားခြင်းကို အလိုမရှိကြောင်းကို ဗွီဒီယိုနဲ့ပုံတွေတင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ ဒီလိုလုပ်ခြင်းဖြင့် လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်ချင်သူများ တိုးလာပါသည်။
နောက်ဆုံးတွင် လှုပ်ရှားမှုအရှိန်အဟုန် မြင့်လာသည့်အတွက် အစိုးရမှ လူငယ်တွေအတွက် ယာထားသည့်ရန်ပုံငွေများကို ကတိပေးထားသည့်အတိုင်း ထုတ်ပေးခဲ့ပါသည်။
အစပိုင်းတွင် အနည်းငယ်သာပါဝင်ပတ်သက်ချင်သည့် ထောက်ခံသူများကို ထဲထဲဝင်ဝင်ပါဝင်ပတ်သက်သူများဖြစ်အောင် စည်းရုံးပေးနိုင်ခဲ့ပါသည်။ သူတို့သည် အန္တရာယ်ရှိသော်လည်း အဂတိလိုက်စားမှုရဲ့မကောင်းကြောင်းကို လူသိရှင်ကြားဆန္ဒထုတ်ဖော်ပြောဆိုသောကြောင့် နောက်ဆုံးတွင် ကမ်ပိန်းအောင်မြင်သွားပါသည်။
ကျွန်ုပ်တို့သည် တစ်ခါတစ်ရံတွင် အချို့အချို့သောအကြောင်းအရာများကြောင့် ကျွန်ုပ်တို့၏လှုံ့ဆော်မှုများကို ကြိုဆိုထောက်ခံမှုများရရှိနိုင်သော်လည်း ခိုင်မာပြီး ထိရောက်သော engagement သည် အလိုအလျောက် ဖြစ်ပေါ်မလာပါ။ (see: THEORY: Al faza’a [a surge of solidarity] အကြောင်းမှာ အပြောင်းအလဲတစ်ခုဖြစ်ရေးအတွက် ဆန္ဒပြပွဲများ၊ ကမ်ပိန်းများပြုလုပ်ရာတွင် မဟာဗျူဟာကျကျ စဉ်းစားပုံဖော်ခြင်း၊ ဒီဇိုင်းဆွဲခြင်းများ ပြုလုပ်ရမည်မှာ လှုပ်ရှားမှုဦးဆောင်သူများ၏ တာဝန်သာဖြစ်ပါသည်။
ဆန္ဒအတူပြခြင်းဖြင့် လူတွေကို လှုပ်ရှားမှုတွင်ပါဝင်အောင် စည်းရုံးနိုင်သော်လည်း အဖွဲ့ဝင်အချင်းချင်း ဆက်ဆံရေးကောင်းနေမှသာ ဦးဆောင်သူများအနေနှင့် ထောက်ခံသူများကို လှုပ်ရှားမှုတွင် ထဲဲထဲဝင်ဝင်ပါဝင်အောင် စည်းရုံးနိုင်မည်ဖြစ်သည်။
ဆက်ဆံရေးအစတွင် အမည်၊ ဆက်သွယ်ရန်အချက်အလက်၊ လိပ်စာနှင့် လှုပ်ရှားမှုတွင် ပါဝင်ရသည့် ရည်ရွယ်ချက်များကို အဖွဲ့ဝင်များဆီမှ တောင်းရမည်ဖြစ်သည်။ အဖွဲ့ဝင်များ လှုပ်ရှားမှုမှာ ပိုမိုပါဝင်လာပြီဆိုပါက သူတို့အကြောင်းကို ပိုသိဖို့လိုပါသည်။ အစပိုင်းတွင် တစ်ဖက်တည်းကဘဲ စဆက်သွယ်တာမျိုး (အီးမေးလ်ဖြင့်အဆက်အသွယ်ပြုလုပ်ခြင်း) လုပ်နိုင်သော်လည်း နောက်ပိုင်းတွင် အပြန်အလှန်ဆက်သွယ်မှု (လေ့ကျင့်ရေးတစ်ခုတွင် အချက်အလက်မျှဝေခြင်း၊ သေချာစီစဉ်ထားသော relationship-building အစည်းအဝေးများ သို့မဟုတ် informal conversation များတွင်ပါဝင်ခြင်း) တို့ပြုလုပ်ရမည်ဖြစ်သည်။ အဖွဲ့အစည်းအတွင်း ဆက်ဆံရေးကောင်းမွန်အောင်လုပ်ခြင်းဖြင့် ကျွန်ုပ်တို့အနေနှင့် ပိုမိုထက်မြက်သော ဦးဆောင်သူများဖြစ်လာနိုင်ပြီး အဖွဲ့ဝင်များကို ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်နိုင်အောင် စည်းရုံးနိုင်မည်ဖြစ်သည်။
ဘယ်လိုသုံးမလဲ။
Ladder of Engagement ကို သင့်အဖွဲ့အစည်းနဲ့အတူ မတည်ဆောက်ခင်မှာ ကမ်ပိန်းအတွက် နည်းဗျူဟာတစ်ခု အရင်ရှိထားဖို့လိုပါသည်။ ဥပမာအနေနဲ့ သင့်ရဲ့ကမ်ပိန်းတွင် တိကျမှုရှိသည့် ရည်မှန်းချက် ရှိရပါမည်။ နောက်ပြီး ဒီရည်မှန်းချက်ကို အောင်မြင်အောင်လုပ်ဆောင်နိုင်ရန် မျှော်မှန်းချက် ရှိရပါမည်။ နောက်ဆုံးတွင် ဘယ်သူတွေက အာဏာကိုစွဲကိုင်ထားပြီး သင့်လှုပ်ရှားမှုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လဲဆိုတာကို သိရှိသဘောပေါက်ဖို့လိုပါသည်။
သင့်ကမ်ပိန်းရဲ့နည်းဗျူဟာအကြောင်းကို အတိုချုံးအနေနှင့် စာကြောင်းတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းသုံးပြီး စာရွက်ပေါ်တွင်ချရေးပါ။ ဒီလေ့ကျင့်ခန်းကို အဖွဲ့နဲ့လုပ်သည့်အခါ စာရွက်ကြီးကြီးပေါ်တွင် ချရေးသင့်ပါသည်။
လှေကားပုံတစ်ပုံကိုဆွဲပြီး ပုံတွင် လှေကားထစ် ၅ ဆင့်ကိုထည့်ပါ။ (သင့်ကမ်ပိန်းရဲ့လိုအပ်ချက်ပေါ်မူတည်၍ လှေကားထစ်အရေအတွက်ကို အတိုးအလျှော့လုပ်နိုင်ပါသည်။ လှေကားရဲ့အောက်ဆုံးအဆင့်ကို "အနည်းငယ်ပါဝင်ပတ်သတ်မှု" ဟု စာတမ်းထိုးပါ။ လှေကားရဲ့အပေါ်ဆုံးအထစ်ကို "ထဲထဲဝင်ဝင်ပါဝင်မှု" ဆိုပြီး စာတမ်းထိုးပါ။
အပေါ်ဆုံးလှေကားထစ်နဲ့သက်ဆိုင်တဲ့ ရည်မှန်းချက်ကိုလည်း ချရေးပါ။ ဒီရည်မှန်းချက်သည် သင့်လှုပ်ရှားမှုမှ လိုချင်သည့်ရလဒ်ဖြစ်သည်။ ဒီရည်မှန်းချက်ကို ပြည့်မှီဖို့အတွက် အဖွဲ့သားများရဲ့ ထဲထဲဝင်ဝင်ပါဝင်မှုကို လိုအပ်ပါသည်။ ဥပမာအနေဖြင့် မဲဆွယ်လှုပ်ရှားရေးကမ်ပိန်းတစ်ခုတွင် အဖွဲ့သားများကို ရပ်ကွက်ထဲတွင် မဲဆွယ်စည်းရုံးသူများအဖြစ် တာဝန်ပေးတာမျိုးဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်ကမ်ပိန်းတစ်ခုလိုမျိုးတွင် အဖွဲ့သားများကို သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းအောင်လုပ်တဲ့ မိုင်းတွင်းတစ်ခုကိုလွှတ်ပြီး အလုပ်မလုပ်နိုင်အောင် ပိတ်ဆို့ခိုင်းတာမျိုး၊ တာဝန်ပေးတာမျိုးလည်း ဖြစ်နိုင်ပါသည်။
လှေကားထစ်တစ်ဆင့်ချင်းဆီမှာ ပါဝင်သင့်သည့် လုပ်ဆောင်မှုများကို အဖွဲ့နဲ့အတူ စဉ်းစားတွေးတောဖို့အတွက် တာဝန်ပေးပါ။ အောက်ဆုံးလှေကားထစ်မှာပါဝင်မည့် လုပ်ဆောင်ချက်များသည် တာဝန်အနည်းဆုံးအလုပ်များဖြစ်ပါသည်။ အကြုံပြုချက် - လေ့ကျင့်ခန်းတွင် ပါဝင်ပတ်သက်သူအရေအတွက်များရင် အဖွဲ့ငယ်လေးတွေဖွဲ့ခိုင်းနိုင်ပါသည်။
လုပ်ဆောင်ချက်များကို sticky notes အပေါ်တွင်ရေးပြီး စာရွက်အကြီးပေါ်တွင်ဆွဲထားသည့် သူနဲ့သက်ဆိုင်သည့် လှေကားထစ်နေရာများတွင်ကပ်ပါ။ ပြီးတဲ့အခါ အဖွဲ့သားများကို လမ်းပတ်လျှောက်ခိုင်းပြီး ရေးသားထားတာတွေကို တစ်ခုချင်းလိုက်ဖတ်ဖို့ တာဝန်ပေးပါ။ Sticky notes တွေရဲ့တည်နေရာကို သူတို့သဘောမတူဘူးဆိုရင် သူတို့သင့်တော်မယ်ထင်တဲ့နေရာကို ပြောင်းပြီးကပ်နိုင်ပါသည်။
လှေကားထစ်တစ်ဆင့်ချင်းဆီမှာပါဝင်သည့် လုပ်ရမယ့်အချက်တွေကို စီစစ်ပါ။ နောက်တော့ ဘာတွေက အရေးအကြီးဆုံးလဲဆိုတာကို သတ်မှတ်ပါ။
လေ့ကျင့်ခန်းအနေနဲ့ဖြစ်စေ အိမ်စာအနေနဲ့ နောက်မှကိုယ့်ဘာသာစဉ်းစားပြီး ရေးဖို့ဖြစ်စေ အစီအစဉ်တစ်ခုရေးဆွဲဖို့တာဝန်ပေးပါ။ အစီအစဉ်ရေးဆွဲတဲ့အခါ ထည့်သွင်းစဉ်းစားသင့်သည့်အချက်များမှာ ဘယ်သူကဘယ်အလုပ်ကို တာဝန်ယူပြီးလုပ်မလဲ။ လှုပ်ရှားမှုအတွက် လိုအပ်သည့် အရင်းအမြစ်များ လုံလုံလောက်လောက်ရှိလား။ မရှိဘူးဆိုရင် ဘယ်လိုအရင်းအမြစ်တွေလိုအပ်သလဲ။ ရည်မှန်းချက်ကို ပြည့်မှီ၊ မပြည့်မှီဆိုတာကို ဘယ်လိုတိုင်းတာကြမလဲ။ နောက်ပြီး အဖွဲ့သားများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် ဘယ်လိုအစီအစဉ်ချမှတ်မလဲ စသည်တို့ဖြစ်သည်။

အပြင်လောက ဥပမာများ

Jack Milroy summarizes how the Obama campaign employed the ladder of engagement to turn supporters into donors and voters