နည်းစနစ်

SMART ရည်ရွယ်ချက်များ

Direct action with 350 crosses by the Basta de Mortes no Trânsito (Enough Traffic Killings) campaign in Recife, Brazil, 2016. Photo: Ju Brainer

အတိုချုံးပြောရရင်

အရှိန်အားကောင်းတဲ့ ကမ်ပိန်းများသည် ရေရှည်ရည်မှန်းချက်များ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ကာလတို၊ ကာလလတ် SMART ရည်မှန်းချက်များကိုလဲ ထိထိရောက်ရောက် ချမှတ်နိုင်ကြပါသည်။ ကာလတို၊ ကာလလတ် ရည်မှန်းချက်များသည် ကမ်ပိန်းရဲ့ ရေရှည် ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် လှေကားထစ်များအဖြစ် ပံ့ပိုးပေးကြပါသည်။

ကျွန်တော်တို့ ဒီနေ့ ဘာလုပ်နိုင်သလဲဆိုတာကို စဉ်းစားပြီး လုပ်နိုင်တာတွေကိုလုပ်ပါ။ ဒါမှသာ ဒီနေ့ မလုပ်နိုင်ခဲ့တဲ့အရာတွေကို မနက်ဖြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။

— Paulo Freire

အစများ

This methodology originated in the world of marketing and business management, and was appropriated by activists to help them plan campaigns.

SMART နည်းလမ်းဆိုသည်မှာ Specific (တိကျသော)၊ Measurable (တိုင်း၍ရသော)၊ Achievable (ဖြစ်နိုင်ချေရှိသော)၊ Relevant (ဆီလျော်သော)နှင့် Time-Bound (သတ်မှတ်ထားတဲ့အချိန်အတွင်းလုပ်ဆောင်နိုင်သော)ဖြစ်ပြီး ကမ်ပိန်းအတွက် ကာလတို၊ ကာလလတ် ရည်မှန်းချက်များကို အစီအစဉ်ချမှတ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ SMART နည်းလမ်းကိုအသုံးပြုခြင်းဖြင့် ကမ်ပိန်းအောင်မြင်ဖို့ အလားအလာများစွာ ပိုကောင်းနိုင်ပါသည်။ လှုပ်ရှားမှုတွင် ပါဝင်သောသူများ ကမ်ပိန်းရဲ့ရည်မှန်းချက်များကို ပြည့်မှီအောင် ရေရှည်တစ်လျှောက် တစ်စိုက်မတ်မတ် အင်တိုက်အားတိုက်နဲ့ လုပ်ဆောင်နိုင်အောင်လဲ SMART နည်းလမ်းက အထောက်အကူပေးပါသည်။

ပိုမို ရည်မှန်းချက်ကြီးမားသော ပန်းတိုင်တစ်ရပ် ရှိရာဆီ ကြားခံ လှေကားထစ်များအဖြစ် ဆောင်ရွက်ပေးတဲ့ ကာလတိုနှင့်ကာလလတ် ရည်ရွယ်ချက်များရဲ့ မဟာဗျူဟာကို ကမ်ပိန်းဆောင်ရွက်သူများဟာ ကြိုတင်စီစဉ်ထားသင့်ပါတယ်။

SMART ရည်မှန်းချက်များကို စတင်ပြီး ရေးဆွဲတော့မယ်ဆိုရင် ပြဿနာတစ်ရပ်ကို အရင် ခွဲခြားသတ်မှတ်ဖို့လိုပါသည်။ ပြီးရင် ဒီပြဿနာဖြေရှင်းပြီးသည့်အခါ သင်မြင်တွေ့လိုသည့် အပြောင်းအလဲတစ်ခုကို စိတ်ကူးဖြင့် ပုံဖော်ကြည့်ဖို့ လိုအပ်ပါသည်။ နောက်ဆုံးတွင် အနာဂတ်တွင် ကိုယ်မြင်တွေ့လိုသည့်အရာများကို စိတ်ကူးဖြင့် ထပ်မံ ပုံဖော်ကြည့်ရပါမည်။ ဒီအချက်အလက်တွေကို ကိုးကားပြီး သင့်ရဲ့လှုပ်ရှားမှုနှင့်ပတ်သက်တဲ့ အားသာချက်များ၊ အားနည်းချက်များ၊ အခွင့်အလမ်းများနှင့် ခြိမ်းခြောက်မှုများကို ဆန်းစစ်တဲ့ SWOT analysis နည်းလမ်း(see: METHODOLOGY: SWOT ကိုအသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုပြီး သင့်လှုပ်ရှားမှုရဲ့ ရည်မှန်းချက်ကို ကူညီထောက်ပံ့ပေးမယ့်သူများကဘယ်သူတွေလဲ သို့မဟုတ် ရည်မှန်းချက်ကိုအနှောင့်အယှက်မယ့်သူများကဘယ်သူတွေလဲဆိုတာကို ခွဲခြားမှတ်သားနိုင်ပါသည်။ (see: METHODOLOGY: ပါဝါပြမြေပုံ

ထို လေ့လာဆန်းစစ်ချက်များအားလုံးရဲ့ ရလဒ်တွေကိုကိုးကားပြီး SMART ရည်မှန်းချက်များကို စတင်ပြီး ရေးဆွဲသတ်မှတ်နိုင်ပါသည်။

ဘယ်လိုသုံးမလဲ။

(Specific) တိကျသော- ရည်မှန်းချက်ဟာ ရိုးရှင်းပြီး တိကျတဲ့ အဓိပ္ပာယ်ရှိရပါမယ်။ သင့်စိတ်ကူးထဲတွင် မြင်တွေ့လိုသည့်အရာများကို ရှင်းရှင်းလင်းလင်းဖော်ပြပြီး နားလည်ရခက်တဲ့ အသုံးအနှုန်းများကို အသုံးပြုခြင်းမှ ရှောင်ရှားရပါမယ်။ ဒီနေရာတွင် လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုကို ဖော်ပြသည့် အသုံးအနှုန်းတွေကို အသုံးပြုသင့်ပါသည်။ ဥပမာအားဖြင့် မြင်သာအောင်ဖော်ထုတ်တယ်၊ တည်ဆောက်တယ်၊ အစီအစဉ်ဆွဲတယ်၊ အကောင်အထည်ဖော်တယ်၊ ဆောင်ရွက်တယ် စသည့် အသုံးအနှုန်းများကို အသုံးပြုသင့်ပါသည်။

သင့်ရဲ့ ရည်မှန်းချက်ကို ပိုမိုတိကျအောင် ခွဲခြားသတ်မှတ်နိုင်ရန် မေးနိုင်သော မေးခွန်းများမှာ -

  • သင်ဘာကို ရရှိဖို့ အတိအကျ မျှော်လင့်နေကြတာလဲ။

  • ဒါဟာ ဘာကြောင့် အရေးကြီးတာလဲ။

  • ဒီရည်မှန်းချက်ကို ပြည့်မီတဲ့အခါ ဘယ်လိုအကျိုးအမြတ်တွေ ရနိုင်မလဲ။

  • ရလဒ်က ဘယ်လောက် ထင်ရှားမြင်သာ သလဲ။

(Measurable) တိုင်း၍ရသော - ရည်မှန်းချက်ကို ပြည့်မှီအောင် လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုတာကို လက်တွေ့ကျကျ တိုင်းတာနိုင်ရပါမည်။ ထိုမှသာ သင့်ရဲ့ လုပ်ဆောင်ချက်များသည် ထိရောက်မှုရှိမရှိဆိုတာကို နားလည်သဘောပေါက်နိုင်မည် ဖြစ်ပါသည်။ တိုင်းတာလို့ရနိုင်မှာသာ နှိုင်းယှဉ်မှုတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တိုင်းတာလို့ မရနိုင်ဘူးဆိုရင် သင့်ရဲ့ လုပ်ဆောင်မှုတွေကိုလဲ စီမံနိုင်မှာမဟုတ်သလို ရလဒ်တွေကိုလည်း စီစစ်သုံးသပ်နိုင်မှာ မဟုတ်ပါဘူး။

ဒါနှင့် ပတ်သတ်ပြီး သင့်ကိုယ်သင်မေးသင့်သည့် မေးခွန်းအချို့မှာ -

  • အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာတာကို သင်ဘယ်လို သိရှိနိုင်သလဲ။

  • အောင်မြင်မှုကို သက်သေပြသတဲ့အရာတွေက ဘယ်အရာတွေဖြစ်မလဲ။

  • ဘယ်လိုအကျိုးအမြတ်တွေ ဖန်တီးနိုင်ခဲ့သလဲ၊ ဘယ်ပစ်မှတ်တွေကို ထိသလဲ၊ ဘယ်တန်ဖိုးတွေ တက်လာသလဲ သို့မဟုတ် ကျသွားသလဲ၊ ဘယ် နေရာများ / လူများ / အရာ၀တ္ထုများ/ ဒေသရင်းတိရစ္ဆာန်များ/ ဒေသရင်းအပင်များကို ကာကွယ်ပေးသလဲ၊ ဘယ် ပိုင်နက်မြေ/အခွင့်အရေးတွေကို တာဝန်ယူအာမခံပေးသလဲ စတာတို့ဖြစ်ပါတယ်

  • ထိုတိုင်းတာမှုတွေကို ရေရှည်မှာ သင်ထိန်းထားနိုင်သလား။

(Achievable) ဖြစ်နိုင်ချေရှိသော - လူမှုရေးပြောင်းလဲမှုတစ်ခုကို ဖော်ဆောင်နေသည့် လှုပ်ရှားမှုတစ်ခုအနေနဲ့ ထားရှိသည့် ရည်မှန်းချက်သည် ပြည့်မှီနိုင်ဖို့အတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပါသည်။ ဒါပေမယ့် မဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုးတော့ မထားသင့်ပါဘူး။ SMART နည်းလမ်းကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင်လဲ ရည်မှန်းချက်ကို ပြည့်မှီအောင် မလုပ်ဆောင်နိုင်တာမျိုး မရှိနိုင်ပါဘူး။ သင့်အဖွဲ့အစည်းတွင် လိုအပ်တဲ့ အရင်းအမြစ်တွေကို မရရှိနိုင်ဘူးဆိုရင် အားလုံးအတွက် အဆင်မပြေဖြစ်သွားပါလိမ့်မယ်။ အောက်ပါမေးခွန်းများကို ထည့်သွင်းစဉ်းစားပါ -

  • ဒီရည်မှန်းချက်ကို တစ်ယောက်ယောက်က အောင်မြင်စွာ ပြည့်မှီအောင် လုပ်ဆောင်ဖူးသလား။

  • သင် သတ်မှတ်ထားတဲ့ အချိန်အတွင်း ရည်မှန်းချက်ကို ပြည့်မှီဖို့အတွက် ဖြစ်နိုင်သလား။

  • အခက်အခဲ၊ ကန့်သတ်ချက်တွေက ထင်ရှားမြင်သာမှုရှိရဲ့လား ( ဥပမာ၊ ထောက်ပံ့ပို့ဆောင်ရေး၊ တရားဝင်မှု၊ ယဉ်ကျေးမှုဆိုင်ရာ စသည်ဖြင့်)

    (Realistic) လက်တွေ့ကျသော - Achievable ( ဖြစ်နိုင်ချေရှိသော) နဲ့ မကြာခဏ မှားယွင်းတတ်ပါတယ်။ အခြေခံ ကွာခြားချက်ကတော့ ကိစ္စရပ်အများအပြားတွင် ရည်မှန်းချက်ကို ပြည့်မှီအောင် လုပ်ဆောင်နိုင်သော်လဲ အချို့အခြေအနေမျိုးတွင် ပဋိပက္ခပုံစံတစ်ချို့ကြောင့် ပါဝင်သောလူများသည် ရည်မှန်းချက်ကို ပြည့်မှီအောင် လုပ်ဆောင်ဖို့အတွက် လက်တွေ့မကျနိုင်တာမျိုး ဖြစ်နိုင်ပါသည်။ အချို့သော ကိစ္စများတွင် ရည်ရွယ်ချက်ကို လက်တွေ့ကျအောင် ပြောင်းလဲပစ်ဖို့အတွက်၊ စုပေါင်းအဖွဲ့အစည်းရဲ့ ပုံစံတွင် အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှုတစ်ရပ် လိုအပ်ပါလိမ့်မယ်။ ဒီအချက်များကို သင် ထည့်သွင်းစဉ်းစားသင့်ပါတယ် -

  • သင့်ရဲ့အဖွဲ့ဟာ ဒီရည်မှန်းချက်အတွက် တိုက်ပွဲဝင်လိုစိတ် ရှိရဲ့လား။

  • သင့်အဖွဲ့ရဲ့ တာဝန်နှင့် စိတ်ကူးတွေနဲ့ ဒီရည်မှန်းချက်ကို ချိန်ညှိထားသလား။

  • ဒီရည်မှန်းချက်ကြောင့် လူ့ကျင့်ဝတ်နှင့်သက်ဆိုင်သော ကိုယ်ကျင့်တရားများ ထိခိုက်စေသလား။

  • လိုအပ်သည့် အရင်းအမြစ် လုံလုံလောက်လောက် ရှိရဲ့လား။

(Time-bound) သက်မှတ်ထားတဲ့အချိန်အတွင်းလုပ်ဆောင်နိုင်သော - အချိန်ကန့်သတ်မှုတစ်ခုဆိုတာဟာ သတ်မှတ်ထားတဲ့အချိန်အတွင်း ရည်မှန်းချက်ကို ပြည့်မှီအောင် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဒီမူဟာ Specific (တိကျသော)နဲ့ အနည်းငယ် ထပ်တူဖြစ်နေနိုင်တယ်။ အချိန်ကိုကန့်သတ်လိုက်ခြင်းဖြင့် အဖွဲ့သားများ ပေးထားသည့်အချိန်အတွင်း ရည်မှန်းချက်ကို ပြည့်မှီအောင် အင်တိုက်အားတိုက် ဆောင်ရွက်အောင် တွန်းအားပေးနိုင်ပါသည်။ အလုပ်အစနဲ့ အဆုံးကာလအပိုင်းအခြားများကို သက်မှတ်သည့်အခါ ဖြစ်နိုင်ချေရှိရမည်ဖြစ်ပြီး လက်တွေ့ကျရပါမယ်။ အချိန်ကိုသတ်မှတ်တဲ့အခါ အရမ်းတိုတောင်းနေလွန်းရင်လဲ ရည်မှန်းချက်ကို ပြည့်မှီအောင်လုပ်ဆောင်ဖို့ အချိန်မလောက်တာမျိုး ဖြစ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်ဟာ ရှည်ကြာလွန်းနေရင် အဖွဲ့ဟာ စိတ်အားထက်သန်မှုနည်းလာပြီး ရည်မှန်းချက်ကို ပြည့်မှီအောင်မလုပ်ဆောင်နိုင်တာမျိုး ဖြစ်နိင်ပါတယ်။ အောက်ပါ မေးခွန်းများကို စမ်းသပ်မေးကြည့်ပါ :

  • သင်ဒီရည်မှန်းချက်ကို ပြည့်မှီအောင် လုပ်ဆောင်ဖို့အတွက် အချိန်အကန့်အသက်ရှိလား ( ဥပမာ၊ နောက်ထပ်ရွေးကောက်ပွဲ မတိုင်ခင်၊ အစည်းအဝေး မတိုင်ခင်၊ စသည်ဖြင့်)

  • ဒီရည်မှန်းချက်ကို ဘယ်တော့ ပြည့်မှီအောင် လုပ်ဆောင်ရမလဲ။

ပိုမိုလေ့လာရန်

Objectives
The Change Agency, Australia
Why Campaigns, Not Protests, Get the Goods
George Lakey, Waging Nonviolence, 2016