နည်းစနစ်

အပြောင်းအလဲရဲ့ သီအိုရီ

Women in Bihar, India, participate in a training of trainers exercise that utilizes a card game to facilitate planning. Photo: Climate Centre | CC BY-NC 2.0

အတိုချုံးပြောရရင်

ရည်မှန်းချက်များ ရရှိရန်အလို့ငှာ၊ နေရာတကျဖြစ်ရမယ့် အခြေအနေများကို ခွဲခြားသတ်မှတ်ရန်၊ ရေရှည်ရည်မှန်းချက်များမှ နောက်ပြန် အစကပြန်လုပ်ခြင်းအားဖြင့်၊ ကမ်ပိန်းတစ်ခုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို ချပါ။ ပြီးတော့ ဘာအတွက်ကြောင့်လဲ ပြောပါ။

အစများ

လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲ စီမံချက်များရဲ့ နောက်ကွယ်တွင် တည်ရှိနေသော နည်းဗျူဟာမြောက် ယူဆချက်များကို ရှင်းလင်းပီသစွာ ထုတ်ဖော်ပြောဆိုနိုင်သော နည်းလမ်းသစ်တစ်ရပ်အဖြစ်၊ ၁၉၉၀ခုနစ်များတွင် ဒီအသုံးအနှုန်းဟာ ပေါ်ပေါက်လာခဲ့တယ်။ အဓိက ကမ်ပိန်း နည်းဗျူဟာအဖြစ်နဲ့ ကျယ်ပြန့်စွာအသုံးပြုခဲ့ကြပြီး၊ တက်ကြွလှုပ်ရှားသူများနှင့် စည်းရုံးရေးမှူးများအပြင် အန်ဂျီအိုများ၊ ပရဟိတအဖွဲ့အစည်းများနဲ့ စီးပွားရေးနှင့် အသက်မွေးဝမ်းကြောင်းများအလုပ်များတောင်မှ စီမံကိန်းချသော ကိရိယာအဖြစ် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြတယ်။

အပြောင်းအလဲရဲ့ သီအိုရီကို တိုးတက်လာအောင်ပြုလုပ်ခြင်းဟာ အခြေခံ ကမ်ပိန်းစီမံကိန်းရဲ့ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပြီး၊ ကမ်ပိန်းစီမံကိန်း အစောပိုင်းအဆင့်များကာလအတွင်း အထူး ပြုလုပ်ကြပါတယ်။ အဲ့တာက ခင်ဗျားရဲ့ ကမ်ပိန်း အောင်မြင်ဖို့ လိုအပ်တဲ့ ရလဒ်များကို ခွဲခြားသတ်မှတ်ပေးရာတွင် ကူညီပေးပြီး၊ ထိုရလဒ်များ အထိရောက်ဆုံး ရရှိစေရန်၊ မှန်ကန်တဲ့ နည်းဗျူဟာကို ခင်ဗျား ရွေးချယ်နိုင်ဖို့ လမ်းညွှန်ပြသပေးတယ်။

အစီအစဉ် သို့မဟုတ် အပြောင်းအလဲ ပဏာမခြေလှမ်းက (၎င်းရဲ့ လှုပ်ရှားမှုများ သို့မဟုတ် နှောက်ယှက်မှုများကို) ပြုလုပ်တာနဲ့၊ ထိုအရာတွေက အလိုရှိတဲ့ ရည်မှန်းချက်တွေကို ရရှိအောင် ဘယ်လို ဦးဆောင်သွားမလဲ ဆိုတာတို့ရဲ့ ကြားတွင်၊ ‘ ပျောက်ဆုံးနေတဲ့ ခလယ်ကြား” မျိုး …ကို အသေးစိတ်စီစဉ်ရာတွင် အပြောင်းအလဲသီအိုရီစင်တာ ဖော်ပြတဲ့ ကိရိယာက အထူး အာရုံစိုက်ထားတယ်။ ပထမဦးဆုံး ရေရှည်ကာလရည်မှန်းချက်များကို ခွဲခြားသတ်မှတ်ခြင်းဖြင့်ပြုလုပ်ပါတယ်၊ နောက်တော့ ရည်မှန်းချက်တွေ ဖြစ်မြောက်ဖို့ နေရာတကျဖြစ်ရမယ့် (တစ်ခုနဲ့တစ်ခု ကြောင်းကျိုးဆက်စပ် ဘယ်လိုချိတ်ဆက်နေသလဲရဲ့) အခြေအနေများ( ရလဒ်များ)အားလုံးကို သတ်မှတ်ဖို့ ပြန်လုပ်ပါတယ်။

ထိုအခြေအနေများကို များသောအားဖြင့် “ အကယ်လို့များ/ အဲ့တာဆိုရင်” ယူဆချက်တွေ စီးရီးလိုက်နဲ့ ဖော်ပြပါတယ်။ ဥပမာအားဖြင့်၊ ခင်ဗျားရဲ့ ရည်ရွယ်ချက်က လွှတ်တော်ကို ဥပဒေအသစ် ပြဌာန်းခိုင်းချင်တာဆိုရင်၊ ဖြစ်နိင်တဲ့ အပြောင်းအလဲရဲ့ သီအိုရီတွေက:

၁. အကယ်လို့သာ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် လူထုဖိအား သိသိသာသာ ပေးထားရင်၊

၂. အကယ်လို့သာ လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိ ဥပဒေရဲ့ ချို့ယွင်းချက်တွေကို သတိပြုမိရင်၊

၃. အကယ်လို့သာ လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် နိုင်ငံတကာဖိအား သိသိသာသာ ရှိနေရင်၊

*လွှတ်တော်ဟာ ဥပဒေကို ပြဌာန်းလိမ့်မယ်။

ဒါတွေအကုန်လုံးဟာ အလားအလာရှိတဲ့ အပြောင်းအလဲရဲ့ သီအိုရီတွေ ဖြစ်ပါတယ်။ သူတို့ထဲကဘယ်တစ်ခုမဆို ပွဲကို နိုင်နိုင်ဖို့ ဖြစ်နိုင်ချေရှိတယ်။ အရင်းအမြစ်တွေ ခွင့်ပြုမယ်ဆိုရင်၊ တစ်လမ်းတည်း သွားနေတာထက် အောင်ပွဲရဖို့ ပိုမိုအလေးသာလာပါလိမ့်မယ်။ သို့သော်လည်း၊ အရင်းအမြစ်တွေနဲ့ စုစည်းနိုင်တဲ့ ပမာဏ အကန့်အသတ်သာ ပေးထားရုံသာမက၊ ခင်ဗျားဆီမှာ သီးခြား အခြေအနေမျိုးတွေသာ ရှိနေမယ်ဆိုရင်၊ ခင်ဗျားရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ သီအိုရီ (သို့မဟုတ် သီအိုရီများ)ကို ပိုပြီး အသုံးပြုဖို့ လိုအပ်လာပါလိမ့်မယ်။

ခင်ဗျား ရွေးပြီးတာနဲ့ တစ်ပြိုင်တည်း၊ အဲ့ဒီ အထူးသီးသန့် အပြောင်းအလဲရဲ့ သီအိုရီကို ဆောင်ရွက်ဖို့ နည်းဗျူဟာ အစုံလိုက်ကို ခင်ဗျားအားထုတ်ကြံစည်ပါလိမ့်မယ်။

ဘယ်လိုသုံးမလဲ။

၁. အဖွဲ့ဝင်များကို အုပ်စုသုံးအုပ်စု ခွဲလိုက်ပါ၊ တစ်ဖွဲ့က ‘အကယ်လို့’ (ကမ်ပိန်း လှုပ်ရှားမှု)၊ တစ်ဖွဲ့က ‘ အဲ့တာဆိုရင်’ ( ကမ်ပိန်း ရည်ရွယ်ချက်) နဲ့ နောက်တစ်ဖွဲ့က ‘အဘယ်ကြောင့်ဆိုသော်’ (ရည်ရွယ်ချက်ကို ရောက်ရှိဖို့ အကြောင်းပြချက်များ) လို့ အသီးသီး ဆောင်ရွက်ပါ။ ( ၂မိနစ်)

၂. (‘ အကယ်လို့’ အဖွဲ့အတွက်) ကမ်ပိန်း လှုပ်ရှားများ၊ ( ‘ အဲ့တာဆိုရင်’ အဖွဲ့အတွက်) ကမ်ပိန်း ရည်ရွယ်ချက်များ၊ ( ‘ အဘယ်ကြောင့်ဆိုသော်’ အဖွဲ့အတွက်) အလားအလာရှိသော အကြောင်းပြချက်ကို စဉ်းစား အကြံထုတ်ကြဖို့ အဖွဲ့ဝင်များကို ညွှန်ကြားပါ။ ကားချပ်ကြီးပေါ်မှာ အချက်တွေ ချရေးထားဖို့ ပြောပါ ( ၅- ၇ မိနစ်)

၃. မိနစ်အနည်းငယ်ကြာပြီးနောက်၊ လူတွေကို တစ်ခြား ကားချပ်ဆီ ရွေ့လျားခိုင်းပြီး သူတို့အုပ်စုရဲ့ အရင်အချက်တွေကို စဉ်းစားရင်း၊ စာရွက်မှာ ရေးထားတာတွေကို ထပ်ဖြည့်ပါ။ ( ၅- ၇ မိနစ်)

၄. နောက်ထပ် ကားချပ်တစ်ချပ်ဆီ ထပ်ရွေ့သွားဖို့ပြောပြီး အချက်အလက်တွေ စဉ်းစားအကြံ ဆက်ထုတ်ဖို့ ပြောပါ။ ( ၃ မိနစ်)

၅. အခု၊ ‘အကယ်လို့’ ကားချပ်ကို (ပထမထား)၊ ‘အဲ့တာဆိုရင်’ ကားချပ်ကို (ဒုတိယထား)၊ ပြီးတော့ ‘အဘယ့်ကြောင့်ဆိုသော်’ ကားချပ်ကို (တတိယနေရာထား၊ ကားချပ်တွေ​ ဘေးချင်းကပ် နေရာချထားဖို့ အဖွဲ့ဝင်များကို ညွှန်ကြားပါ။ တစ်နည်းအားဖြင့်လည်၊ ထိုကားချပ်တွေကို နံရံမှာ ချိတ်လိုက်လို့ ရပါတယ်။ ( ၁-၂ မိနစ်)

၆. ပြခန်း လှည့်ပတ်ကြည့်တာမျိုးလုပ်ပြီး အောက်ပါ စာကြောင်းအတိုင်း အဖွဲ့တွေကို လိုက်လုပ်ခိုင်းပါ၊ အကယ်လို့… ဒီ လှုပ်ရှားမှုကို ငါတို့ လုပ်ရင် ( ‘ အကယ်လို့’ ကားချပ်ကနေ ရွေးပါ)၊ အဲ့တာဆိုရင်… ငါတို့ ဒီရည်ရွယ်ချက်ကို ရရှိမယ် (‘ အဲ့တာဆိုရင်’ ကားချပ်မှ စဉ်းစားပါ)၊ အဘယ်ကြောင့်ဆိုသော်… ဒီ အကြောင်းပြချက်တွေကြောင့်ပါ ( ‘ အဘယ်ကြောင့်ဆိုသော်’ ကားချပ်မှ ယူပါ) ( ၄-၆ မိနစ်)

၇. အဖွဲ့ကြီးတစ်ဖွဲ့အဖြစ် ပြန်သွားပြီး၊ အမျိုးမျိုးသော စီမံချက်များကို မေးခွန်းထုတ် ဆွေးနွေးပါ။

၈. အဖွဲ့ဝင်များအတွက် သိသာထင်ရှားတဲ့အရာတွေ၊ ကမ်ပိန်းတွေအတွက် ဘယ် အပြောင်းအလဲသီအိုရီကို စဉ်းစားထားသလဲနဲ့ အခြား အရေးကြီးသောဆုံးဖြတ်ချက်များကို ဝေမျှခိုင်းပါ။ (၄ -၆ မိနစ်)

၉. နိဂုံးချုပ်အနေနဲ့၊ နည်းလမ်းနဲ့ ပတ်သတ်တဲ့ သင်ခန်းစာတွေ သို့မဟုတ် အဓိက အချက်တွေကို အကျဉ်းချုပ်စုစည်းတင်ပြပါ။ ခင်ဗျား အချိန်ရတယ်ဆိုရင်၊ အဖွဲ့ဝင်တွေကို ဒီလေ့ကျင့်မှုကနေ ရှေ့ဆက်သွားချင်တဲ့ အဓိက သင်ခန်းစာ သုံးချက်လောက်ကို ချရေးခိုင်းပါ ( ၃- ၅ မိနစ်)

ပိုမိုလေ့လာရန်

What is theory of change?
Theory of change website