အတိုချုံးပြောရရင်
အများအပြားရှိတတ်တဲ့ နိုင်ငံရေး ဖွဲ့စည်းမှုတစ်ရပ်ဟာ အာရပ်ကမ္ဘာတစ်လွှား ပေါ်ပေါက်လာတယ်။ အပြောင်းအလဲကိုရှာဖွေနေတဲ့ လှုပ်ရှားမှုများကို ယာယီ နှောက်ယှက်ဖို့ အစိုးရက ခဏခဏ ခေါ်ဆိုအသုံးပြုတဲ့ အဖွဲ့၊
အခုချိန်ကစပြီး … ပြဇာတ်အဖွဲ့ထဲ တိရစ္ဆာန်အဖြစ်ကပြတဲ့ စနက်( Snug the joiner)က ခြင်္သေ့ယောင်ဆောင်သကဲ့သို့၊ လူထုအယောင်ဆောင်မယ့် အလုပ်လုပ်ချင်စိတ်မရှိဘဲ ပျင်းပျင်းရိရိအချိန်ဖြုန်းတတ်တဲ့ ကလေကလွင့်လူတစ်သောင်းကို၊ [ မတရားသဖြင့်အုပ်ချုပ်တဲ့ဘုရင်ဟာ] စုဆောင်းလိုက်တယ်။
— Karl Marx
အစများ
ဒီစကားလုံးဟာ တူရကီဘာသာစကားမှ ဆင်းသက်လာတာဖြစ်ပြီး ဗယ်တဂျီတစ်ယောက်ဆိုသည်မှာ စစ်တပ်နှင့်လမ်းလျှောက်လိုက်ပါလာသူ တစ်ယောက်ဖြစ်ပြီး တောတွင်းတလျောက် လမ်းရှင်းပေးရန်နှင့် ပုဆိန် (ဗယ်တာ)ကို အသုံးပြုကာ ခံတပ်တည်ဆောက်ပေးရသူတစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်သုံးရာခန့်က အော်တိုမန်အင်ပါယာတွင် ( ယခုလက်ရှိတူရကီ)၊ ထိုအသုံးအနှုန်းကို အဓိပ္ပာယ်အမျိးမျိးဖြင့် သုံးစွဲခဲ့ကြပါတယ်။ အာဏာပိုင်တာဝန်ရှိသူများကိုယ်စား၊ ဆာလောင်မွတ်သိပ်နေသော ဆန္ဒပြသူများကို ဆန္ဒပြခြင်းမှ အင်အားသုံးဖြိုခွင်းပေးတဲ့၊ အာဏာပိုင်ဘက်တော်သား အကြမ်းဖက်လူရမ်းကားများဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိကတကြော၊ လူမျိုးစုများဟာ သစ္စာစောင့်သိမှုကို ထိန်းသိမ်းထားတတ်ကြပြီး ဖိနှပ်ချုပ်ချယ်များမှ သူတို့ကိုသူတို့ ကာကွယ်ဖို့ အချင်းချင်း ချိတ်ဆက်မှုတွေ ရှိကြတယ်။ အဲ့ဒီ ကာကွယ်မှုယန္တရားစနစ်ကို အစိုးရဟာ ကောက်ကျစ်စဉ်းလဲစွာ အခွင့်ကောင်းယူပြီး မျက်ကန်းသစ္စာစောင့်သိမှုကနေ သူတို့ကိုယ်ကျိုးအတွက်အသုံးချနိုင်မယ့် ဖိနှိပ်ညှင်းဆဲဖို့ ကိရိယာအဖြစ် ပုံပြောင်းပစ်ကြတယ်။
အပြင်လောက ဥပမာများ

Defending the encampment from security forces dressed in civilian clothes became a major challenge for demonstrators in Tahrir Square, Egypt.