နည်းစနစ်

ပါဝါပြမြေပုံ

Protesters occupy the roof of the National Congress of Brazil in Brasília on June 17, 2013. Photo: Marcello Casal Jr./ABr | CC BY 3.0

အတိုချုံးပြောရရင်

လှုပ်ရှားမှုရဲ့ အဓိကပစ်မှတ်ကို သိရှိသတ်မှတ်နိုင်ဖို့အတွက် ပါဝါပြမြေပုံကိုဆွဲပြီး အနိုင်ရမယ့် ကမ်ပိန်းဗျူဟာတစ်ခုကို ရေးဆွဲရန်လိုအပ်ပါသည်။

လူတွေဟာ သူတို့ အာဏာကို လက်လွှတ်မိလိုက်တဲ့ အဓိက အကြောင်းအရင်းကတော့ သူတို့ဆီမှာ အာဏာရှိလို့ရှိမှန်း မသိသောကြောင့်ပဲ ဖြစ်ပါသည်။

— Alice Walker

အစများ

It is difficult to pinpoint the exact origins of power mapping, but the tool has been used widely in advocacy and campaigning since the 1980s.

ကမ်ပိန်းတခု အောင်မြင်ဖို့အတွက် ကိုယ်ပြောင်းလဲစေချင်တဲ့ အရာကို ပြောင်းလဲပေးနိုင်မယ့် အဓိကကျတဲ့သူ၊ အာဏာရှိတဲ့သူဟာ ဘယ်သူဖြစ်မလဲဆိုတာကို အရင်သိအောင်လုပ်ဖို့လိုပါသည်။ ပြီးတဲ့အခါ သူ့ကို ဆုံးဖြတ်ချက်မှန်မှန်ချဖို့ တိုက်တွန်းဖို့လဲလိုပါသည်။​ ပါဝါပြမြေပုံဆိုသည်မှာ ဘယ်သူ့လက်ထဲမှာ အာဏာရှိပြီး

သေသေချာချာဆွဲထားတဲ့ ပါဝါပြ မြေပုံက သင့်ကမ်ပိန်းကို အောင်မြင်အောင် ဗျူဟာတွေချနိုင်ဖို့ အထောက်အကူအများကြီးဖြစ်စေပါတယ်။

အာဏာရှိတဲ့သူကို ဘယ်သူတွေက လွမ်းမိုးထားလဲဆိုတာပါ သိမြင်အောင်လုပ်တဲ့ နည်းတစ်မျိုးပဲ ဖြစ်ပါသည်။ ဒီလိုလုပ်ခြင်းဖြင့် သင့်ကမ်ပိန်းတွင် ဘယ်သူတွေကို ပစ်မှတ်ထားရမလဲ၊ ဘယ်လိုလုပ်ဆောင်မှုများကို ထည့်သွင်းအသုံးပြုရမလဲ ဆိုတာကို စဉ်းစားဆုံးဖြတ်နိုင်ပါသည်။ (ကိုးကားရန် - (see: PRINCIPLE: Choose your target wisely ပါဝါပြ မြေပုံကို အသေအချာပြင်ဆင်ထားမည်ဆိုရင် လှုပ်ရှားမှုမှာ ပါဝင်ပက်သက်သူတွေ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုဆက်အစပ်မှုတွေရှိလဲ၊ အာဏာဟာဘယ်သူ့လက်ထဲမှာရှိလဲ စတာတို့ကို သိရှိနားလည်ပြီး ကမ်ပိန်းအတွက် အောင်မြင်တဲ့ ဗျူဟာတခုကို ရွေးဆွဲနိုင်မည် ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ကနေဒီယမ် မိုင်းလုပ်ငန်း တစ်ခုက မာလီနိုင်ငံက သင့်ရဲ့ အိမ်နား ပတ်ဝန်းကျင်မှာ သတ္တုတူးဖို့ လုပ်နေတယ်။ ဒါကြောင့် ပတ်ဝင်းကျင်မှာ မြေတွေ ညစ်ညမ်းကုန်မယ်။ သင်နှင့်သင့်မိသားစုဝင်တွေနဲ့ အိမ်နီးနားချင်းတွေ အားလုံးရဲ့ ကျန်းမာရေးတွေ ထိခိုက်လာမယ်။ ဒီအခြေအနေမှာ ဘယ်သူ့ကို ပစ်မှတ်ထားမလဲ။ ကုမ္ပဏီကိုလား။ ဒီလိုဆိုရင် ပစ်မှတ်က မာလီမှာရှိတဲ့ ဒါရိုက်တာကိုလား။ ကနေဒါက နိုင်ငံတကာ စီအီးအိုကိုလား။ ဒီမိုင်းတွင်းကို ပိတ်လိုက်နိုင်တဲ့ အဓိကကျသည့် အာဏာက ဘယ်သူလက်ထဲမှာလဲ။​ ဘယ်လိုတွန်းအားမျိုး ပေးလိုက်ရင် အာဏာရှိတဲ့လူတွေဟာ သင်လိုချင်တဲ့ ဆုံးဖြတ်ချက်မျိုး ချကြမလဲ။ ပါဝါပြ မြေပုံဆွဲလိုက်ရင် ဒီမေးခွန်းတွေကို ဖြေပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီမြေပုံကို ဆွဲလိုက်တာနဲ့ သင့်ရဲ့ ပစ်မှတ်ဟာ ကုမ္ပဏီမဟုတ်ဘူး ဆိုတာကိုလဲ သိရှိနားလည်ပါလိမ့်မယ်။ ကုမ္ပဏီကဆုံးဖြတ်ချက်ကို ပြောင်းလဲအောင် လုပ်ဖို့ လွှမ်းမိုးနိုင်တဲ့ အနေအထားမျိုးမရှိဘူးဆိုတာကိုလဲ တွေ့လာပါလိမ့်မယ်။ နောက်ဆုံးတွင် ပစ်မှတ်က မာလီအစိုးရဆိုတဲ့ အဖြေကိုရလာပါလိမ့်မယ်။ အစိုးရကို ဥပဒေအသစ်တစ်ခုထုတ်ဖို့တောင်းဆိုပြီး စီမံကိန်းကို ဖျက်သိမ်းခိုင်းတာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ပြုလုပ်ခိုင်းတာပဲဖြစ်ဖြစ် စတာတို့ကို ဆောင်ရွက်နိုင်ပါသည်။ ဒါပေမဲ့ အစိုးရထဲက ဘယ်သူ့ကို ပစ်မှတ်ထားပြီး တွန်းအားပေးမှာလဲ။ ဒီအခြေအနေမှာ သမ္မတကြီးကနေ မြို့တော်ဝန်အထိ သူ့လုပ်ပိုင်ခွင့်နဲ့သူ၊ သူ့အာဏာနဲ့သူ ရှိကြပါသည်။ ပါဝါပြမြေပုံကို အသေအချာရေးဆွဲခြင်းဖြင့် ကမ်ပိန်းအတွက် ဘယ်သူ့ကို အဓိကထားပြီး တွန်းအားပေးရမလဲဆိုတာကို သိရှိနားလည်နိုင်ပါသည်။

ဘာကမ်ပိန်းမှ မစခင်မှာ ပါဝါပြမြေပုံကို ဆွဲရမယ်။ ပစ်မှတ်သာ လွဲသွားရင် အလကား အချိန်ကုန် လူပင်ပန်း ငွေကုန်တာပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကမ်ပိန်းမစခင်ထဲက ပါဝါပြမြေပုံကို အသေအချာရေးဆွဲပြီး ပြင်ဆင်သင့်ပါသည်။

Taco Bell Boycott အကြောင်းကို နမူနာအနေနဲ့ ကြည့်ကြပါမယ်။ Boycott ကိုဦးဆောင်တဲ့ ခြံလုပ်သားများသည် ပထမတော့ ပစ်မှတ်ကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီပစ်မှတ်လှုပ်လာအောင် ဝိုင်းပြီးဖိအားလုံလုံလောက်လောက် မပေးနိုင်ကြပါဘူး။ ဒီတော့ ဒုတိယပစ်မှတ်ကို ပြောင်းပြီး ဖိအားဝိုင်းပေးဖို့အတွက် အစီအစဉ်လုပ်ကြပါတယ်။ ဒုတိယပစ်မှတ်သည် ပထမပစ်မှတ်ကို လွှမ်းမိုးနိုင်ပြီး ဖိအားပေးနိုင်တဲ့ သူဖြစ်ပါတယ်။ ဒုတိယ ပစ်မှတ်ကို ထိထိရောက်ရောက် ဖိအားပေးနိုင်မည်ဆိုပါက သူလည်း နေနိုင်မှာမဟုတ်ဘူး။ ပထမပစ်မှတ် ကို သွားပြီးဖိအားပေးမှာပဲ ဖြစ်ပါသည်။ ပါဝါပြမြေပုံကို အသေအချာရေးဆွဲခြင်းဖြင့် ပစ်မှတ်ရယ်၊ အဲဒီပစ်မှတ်အပေါ် ဩဇာရှိတဲ့ သူတွေရယ်၊ လှုပ်ရှားမှုတွင် အဓိကကျသူတွေရဲ့ ဆက်စပ်မှုတွေကို ကွင်းကွင်းကွက်ကွက် မြင်လာမည် ဖြစ်ပါတယ်။

ဘယ်လိုသုံးမလဲ။

အဆင့် ၁။ ဖြေရှင်းချင်တဲ့ ပြဿနာဟာ ဘာလဲ သိဖို့ အရင်လုပ်ပါ။ ဖြေရှင်းချင်တဲ့ ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် နားလည်အောင် လေ့လာပါ။ ဘယ်သူတွေ ပါနေလဲဆိုတာကိုလဲ သိအောင်လုပ်ပါ။

အဆင့် ၂။ လှုပ်ရှားမှုအတွက် အဓိကကျတဲ့သူကို ခွဲခြားသက်မှတ်ပါ။ ဖြစ်တတ်တဲ့လူတွေကတော့

  • ပြဿနာကို ဖန်တီးတဲ့သူ၊ တာဝန်ရှိတဲ့သူ။

  • ပြဿနာကိုဖြေရှင်းပေးနိုင်ပေမယ့် မဖြေရှင်းပေးတဲ့သူ

  • ပြဿနာသက်ရောက်တဲ့ ဒေသတွင် နေထိုင်သူများ

  • ပြဿနာကို ဖြေရှင်းဖို့အတွက် ကြိုးစားနေသူများ

  • ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ရဲ့အဖွဲ့သားများကိုလဲ ထည့်စဉ်းစားဖို့ မမေးပါနဲ့။

နောက်ဆုံးတွင် လှုပ်ရှားမှုနှင့်ပတ်သက်သူ စာရင်းအရှည်ကြီးကိုပြင်ဆင်ပြီးပြီ ဖြစ်ပါတယ်။ ဒီစာရင်းထဲတွင် လှုပ်ရှားမှုနှင့်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ (တရားဝင်ရော တရားမဝင်ရော)၊ influencer တွေ၊ မီဒီယာတွေ၊ လူပေါင်းစုံ ပါဝင်နိုင်ပါတယ်။

အဆင့် ၃။ လှုပ်ရှားမှုအတွက် အဓိကကျတဲ့သူတွေရဲ့ အကြောင်းကို လိုက်စုံစမ်းရပါမည်။ လှုပ်ရှားမှုအတွက် အဓိကကျတဲ့သူတွေစရင်းထဲမှာ အဖွဲ့အစည်းတွေလည်း ပါပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချတဲ့အခါမှာတော့ အဖွဲအစည်းက ဆုံးဖြတ်တာလို့ မဆိုလိုနိုင်ပါဘူး။ အဖွဲ့ထဲက လူတွေကသာ ဆုံးဖြတ်ချက်ချတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလူတွေနဲ့ ပတ်သက်ပြီး တချို့အချက်တွေကို သိအောင်လုပ်ဖို့လိုပါမယ်။ သင့်ရဲ့ လှုပ်ရှားမှုကို သူတို့ ထောက်ခံလား၊ မထောက်ခံဘူးလား၊ ဒီပြဿနာနှင့်ပတ်သက်ပြီး သူတို့ဆီမှာ အာဏာဘယ်လောက်ရှိလဲ စတာတို့ကို သိအောင်လုပ်ဖို့ လိုပါသည်။

ပါဝါပြ မြေပုံ (ဝင်ရိုး) စာရင်းထဲက လူတယောက်ချင်းစီ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လောက် အာဏာရှိလဲ။ သင့်ရဲ့ ရပ်တည်ချက်ကို ဒီလူတွေ ဘယ်လောက် လက်ခံကြလဲ။

အဆင့် ၄။ လှုပ်ရှားမှုအတွက် အဓိကကျတဲ့သူတွေကို ပါဝါပြမြေပုံတွင် နေရာချပါ။ စာရွက် အကြီးပေါ်မှာဖြစ်ဖြစ်၊ သင်ပုန်းပေါ်မှာဖြစ်ဖြစ် "ပါဝါပြ မြေပုံ (ဝင်ရိုး)ကို အရင်ဆွဲပါ။ လှုပ်ရှားမှုအတွက် အဓိကကျတဲ့သူစာရင်းထဲက နာမည်တွေကို Post-it စာရွက်လေးတွေ ပေါ်ချရေးပါ။ နောက်ပြီး ဒီလူတွေ လှုပ်ရှားမှုအတွက်ဘယ်လောက် အထောက်အကူဖြစ်နိုင်မလဲ။ ဘယ်လောက် အာဏာရှိလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး သင်ပုန်းရဲ့သင့်တော်သည့် နေရာတွင်ကပ်ပါ။

အဆင့် ၅။ အဓိက ပစ်မှတ်ကို ခွဲခြားသတ်မှတ်ပါ။ ဒီနေရာမှာ ပြဿနာကိုဖြေရှင်းဖို့အတွက် ဘယ်သူက အရေးပါ အရာရောက်ဆုံးလဲဆိုတာကို သိရှိနားလည်အောင်လုပ်ပြီး လှုပ်ရှားမှုအတွက် သင်ဖြစ်ချင်တဲ့အရာတွေကို ဘယ်သူကလုပ်ပေးနိုင်မလဲဆိုတာကို သိအောင်လုပ်ရပါမည်။ ပြီးပြည့်စုံတဲ့ ပစ်မှတ် (တကယ့်ဘဝမှာ ပြီးပြည့်စုံတယ်ဆိုတာတော့ ဘယ်ရှိမှာလဲ) ဆိုသည်မှာ လှုပ်ရှားမှုကို ထောက်ခံသူလဲဖြစ်ရပါမယ်၊ အာဏာနှင့် လုပ်ပိုင်ခွင့် အများဆုံးရှိတဲ့သူလဲ ဖြစ်ရမယ်။ ဒါမှမဟုတ်လည်း လှုပ်ရှားမှုကို ထောက်ခံဖို့ အနည်းဆုံး စိတ်ဝင်စားသူတော့ ဖြစ်ရပါမည်။ အခက်ခဲဆုံး ပစ်မှတ်ဆိုသည်မှာ အလွန်အမင်းအာဏာကြီးသူတစ်ဦးဖြစ်ပြီး သင့်ရဲ့ လှုပ်ရှားမှုကို ကန့်ကွက်သူတစ်ဦးလဲ ဖြစ်ပါတယ်။ ဒီလိုမျိုးလူတွေကို မကြာမကြာ တွေ့ရတတ်ပါသည်။ အဓိက ပစ်မှတ်ထားရမယ့်သူကို ရွေးဖို့ ခက်နေရင် ဖြစ်နိုင်ခြေရှိသူနောက်တစ်ဦးကိုရွေးဖို့လိုပါသည်။ နောက်တစ်ဆင့်ကတော့ ရွေးချယ်ထားတဲ့ ပစ်မှတ်ကို ထိထိရောက်ရောက် ဖိအားပေးနိုင်ဖို့ အလားအလာရှိမရှိဆိုတာကို စဉ်းစားဆုံဖြတ်ရပါမည်။ ဒီနည်းလမ်းဖြင့် ပစ်မှတ်ကိုမှန်မှန်ကန်ကန် ရွေးချယ်နိုင်ပါလိမ့်မယ်။

ပါဝါပြမြေပုံ (ဆက်စပ်မှုများ) ဒီရိုးရှင်းတဲ့ မြေပုံလေးမှာတော့ "ဦးဘ" ရက်ကွက်အုပ်ချုပ်ရေး (မြှားအနက်ရောင်)အပေါ် သက်ရောက်နေတဲ့ ပါဝါတွေရယ်၊ နောက်ပြီး "ဉီးဘ" က ဘယ်သူတွေအပေါ် ဩဇာရှိလဲ (မြှားအနီရောင်)ရယ် ပြထားတယ်။
ပါဝါပြမြေပုံ (ဆက်စပ်မှုများ) ဒီရိုးရှင်းတဲ့ မြေပုံလေးမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး "ဦးဘ" (မြှားအနက်ရောင်)အပေါ် ဩဇာအာဏာ ဘယ်သူရှိလဲ၊ နောက်ပြီး "ဦးဘ" က ဘယ်သူတွေအပေါ် ဩဇာရှိလဲ (မြှားအနီရောင်)ဆိုတာကို ပြထားတယ်။

အဆင့် ၆။ အဓိက ပစ်မှတ်ရဲ့ ပါဝါ ဆက်စပ်မှုကို ချရေးပါ။ အဓိက ပစ်မှတ် နာမည်ရေးထားတဲ့ Post-it စာရွက်ကို ယူပြီး နောက်သင်ပုန်းအလယ်မှာ ကပ်ပါ။ တခြား Post-it တွေပေါ်မှာ ရေးထားတဲ့ နာမည်တွေက သူ့အပေါ် လွမ်းမိုးမှုရှိလား။ ဘယ်သူက သူတို့ကို ချယ်လှယ်နေလဲ။ တစ်ခြား စာရွက်ပေါ်က နာမည်တွေနဲ့ အဓိက ပစ်မှတ်နဲ့ ဘယ်လို ပတ်သက် ဆက်စပ်မှုရှိလဲဆိုတာ စဉ်းစားပြီး ချရေးပါ။ "ပါဝါပြမြေပုံ (ဆက်စပ်မှုများ)" ပုံအတိုင်း စက်ဝိုင်းတွေ မြှားတွေနဲ့ ပုံဖော်ကပ်ပါ။ ကိုယ့်နာမည်လည်း ကိုယ်ထည့်ရပါမယ်။ ဒီလူတွေနဲ့ ကိုယ်နဲ့ ဘယ်လို ပတ်သက်လို့ရတယ်ဆိုတာပါ တတ်နိုင်သလောက်သာ ဖြည့်ရေးပါ။

အဆင့် ၇။ ဒုတိယ ပစ်မှတ်ရဲ့ ပါဝါ ဆက်စပ်မှု မြေပုံမှာ ဆက်ရေးပါ။ အဓိကပစ်မှတ်ကို သင် တိုက်ရိုက် တွန်းအားပေးလို့ မရတာမျိုးဖြစ်နိုင်ပါတယ်။ အဲဒီလို အနေအထားမှာဆိုရင် အဓိက ပစ်မှတ်ကို တွန်းအားပေးနိုင်တယ်ဆိုပြီး အဆင့် ၆ မှာ ရှာတွေ့ခဲ့တဲ့ လူတွေက တစ်ဆင့်လုပ်ဆောင်ပါ။ အဲဒါတွေက ဒုတိယပစ်မှတ်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကို ဖိအားပေးနိုင်တဲ့ လူတွေက ဘယ်သူတွေလဲ ဆိုတာကို သိဖို့လိုပါတယ်။ ဒီလိုသိနိုင်ဖို့ သူတို့အားလုံးအတွက် ပါဝါပြ မြေပုံ တခုစီဆွဲဖို့ လိုပါတယ်။ ဒီမြေပုံကိုဆွဲတဲ့အခါ အသေးစိတ် စနစ်တကျဆွဲဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်ရော အခြားပတ်သက်နေသူအားလုံးကို ထည့်ဆွဲဖို့လိုပါတယ်။ ဒါမှသာ ကမ်ပိန်းကိုစီစဉ်ဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်မှာဖြစ်ပါတယ်။

အဆင့် ၈။ ဒီဆန်းစစ်ချက်ကိုသုံးပြီး ကမ်ပိန်းကိုစီစဉ်ပါ။ နောက်ဆုံးမှာ မိမိရှာဖွေထားတာတွေ၊ လေ့လာဆန်းစစ်ထားတာတွေကို အသုံးပြုပြီး ကမ်ပိန်းကိုစီစဉ်နိုင်ပါတယ်။ လွယ်လွယ်ကူကူ လက်လှမ်းမှီတဲ့လူတွေကို ပစ်မှတ် အဖြစ်မရွေးပဲ မိမိလိုချင်တဲ့အတိုင်း လုပ်ပေးနိုင်တဲ့ ပစ်မှတ်ကို ရည်မှန်းပြီး ကမ်ပိန်းကို စီစဉ်ရပါမယ်။

အဆင့် ၉။ ပါဝါမြေပုံကို အချိန်နဲ့အမျှ ပြန်သုံးသပ်ဖို့လိုပါတယ်။ ကမ်ပိန်း အဆင့်ဆင့်လှုပ်ရှားနေစဉ်မှာ ပါဝါအချိုးအစား ပြောင်းသွားတာ သို့မဟုတ် ဘယ်သူက ပိုပါဝါကြီးတာ ပိုသိလာမှာဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် မြေပုံကို ပြန်လေ့လာသုံးသပ်ပြီး အလျဉ်းသင့်သလို ပြင်ဆင်ပါ။ ဘယ်အချိန်လုပ်ရမလဲဆိုတာကို လုပ်ရင်းနဲ့သိလာပါလိမ့်မယ်။

အပြင်လောက ဥပမာများ

LittleSis (opposite of Big Brother) is a free database of who-knows-who at the heights of business and government.

A grassroots watchdog network connecting the dots between the world's most powerful people and organizations.

ပိုမိုလေ့လာရန်

How to Do Power Structure Research
G. William Domhoff, Who Rules America, First posted May 2009; updated October 2012