နည်းဗျူဟာ

လူအများကြီးပါတဲ့ ဆန္ဒပြပွဲတွေ

Tens of thousands gather in Cairo's Tahrir Square in April 2011, when mass street actions led to the ousting of President Hosni Mubarak, demonstrating yet again how a highly functional and energized movement can escalate the struggle for change. Photo: Rezik Teebi

အတိုချုံးပြောရရင်

လူအများကြီးပါတဲ့ ဆန္ဒပြပွဲတွေဟာ အကြောင်းအရာတခု နောက်ကွယ်က လူထုစွမ်းအားကို ထုတ်ပြလိုက်တာပဲ။

ချီတက်ပွဲကြီးတွေ၊ ဆန္ဒပြပွဲကြီးတွေရဲ့ စွမ်းအားကို လူတိုင်းခံစားကြမှာပါ။ လူအုပ်ကြီးကို ဂီတပညာရှင်တယောက်ယောက် သို့မဟုတ် အပြောအဟော ကောင်းသူတယောက်ယောက်ကများ ဟက်ထိအောင် ပြောလိုက်၊ ဆိုလိုက်နိုင်ရင် လုံးဝအုံကြွမှု ဖြစ်သွားနိုင်တယ်။ ကိန်းကဏာန်းတွေဟာ တကယ်ကို စွမ်းအားကြီးလွန်းတယ်။ ကျနော်တို့တွေဟာ အကြမ်းမဖက် တိုက်ရိုက်လှုပ်ရှားမှုတွေကို အင်မတန် သဘောကျကြတယ်။ လူတဉီးတယောက် သို့မဟုတ် အဖွဲ့ငယ်လေး တဖွဲ့ကများ စက်ယန္ဒယားကြီးရဲ့ ဂီယာ ထိုးလိုက်ဖို့ ဆုံးဖြတ်လိုက်ပီဆိုတာနဲ့ ကျနော်တို့ ရဲ့ အင်အား ကြီးလှတဲ့ စိတ်စွမ်းအား ဗုံးကြီးကို ခွဲလိုက်နိုင်တော့တာပဲ။

လူအုပ်ကြီးရယ်၊ အပြောအဟော ကောင်းသူတယောက်ရယ်ကို ခင်ဗျား ချိတ်ပေးလိုက်နိုင်တယ်ဆိုရင်တော့ အလွှာအားလုံးကလူတွေ အများကြီး လမ်းမပေါ်ထွက်လာကြလိမ့်မယ်။ လှုပ်ရှားမှုတွေ ဝက်ဝက်ကွဲ ဖြစ်လာလိမ့်မယ်။ လှုပ်ရှားမှု သေးသေးလေးကနေ လူထောင်သောင်းသိန်းချီပါလာတဲ့ လှုပ်ရှားမှုကြီး ဖြစ်လာမယ်။ ဒါ့အပြင် အပြောင်းအလဲအတွက် အရွေ့ကြီးကြီး ဖြစ်ချင်တယ်ဆိုရင်တော့ စမတ်ကျတဲ့ လှုပ်ရှားမှုကြီးတွေ ဖြစ်လာအောင် ထိရောက်ပြီး ခွန်အားပြည့်တဲ့ လှုပ်ရှားမှုတခု ဖန်တီးဖို့ လိုတယ်။

ထောင်နဲ့ချီတဲ့ လူတွေဟာ အစုလိုက်အပြုံလိုက် လမ်းပေါ် လှုပ်ရှားမှုတစ်ခုမှာ ပူးပေါင်းလုပ်ဆောင်ကြတဲ့အခါ မှော်အတတ်နဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတဲ့အချိန်ပါ။

၂၀၁၁ နွေဦးရာသီမှာ အီဂျစ်လူမျိုး တသန်းလောက် လမ်းပေါ်တက်လာတယ်။ တာဟီရာ ရင်ပြင်ကို သိမ်းပိုက်လိုက်ကြတယ်။ လုံခြုံရေးတွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်ကြတယ်။ သွေးစွန်းတဲ့ နေ့ရက်တွေ၊ ဆယ်လေးကြိမ်မြောက် တိုက်ပွဲတွေ အပြီးမှာ သမ္မတ ဟိုစနီ မူဘာရက်ကို သူ့ရုံးခန်းထဲကနေ ဆွဲထုတ်လိုက်နိုင်ခဲ့တယ်။ ၁၉၉၉ခုနှစ်မှာ လူပေါင်း ခုနှစ်သောင်း လမ်းမပေါ်ထွက်လာပြီး ကမ္ဘာကုန်သွယ်‌ရေးအဖွဲ့ ဝန်ကြီးများအဆင့် အစည်းအဝေး၊ ကမ္ဘာအကြီးဆုံး စီးပွါးရေး အစည်းအဝေးကြီးကို အကြမ်းမဖက်ပဲ ရပ်တန့်ပစ်နိုင်ခဲ့ကြတယ်။ (see: STORY: Battle in Seattle ၂၀၁၀ ခုနှစ် ကုန်သွယ်ရေး လုပ်သား သမဂ္ဂဝင် သုံးထောင်နဲ့ အပေါင်းအပါတွေဟာ Citizens’ Posseကို ဖွဲ့စည်းလိုက်တယ်။ အမေရိကန် ကျန်းမာရေး စောင့်ရှောက်မှု ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့်ကာလပတ်မှာ အင်အားပြဖို့ သက်သက် အာမခံလုပ်ငန်း လော်ဘီတွေလာ စုနေကြတဲ့ ဝါရှင်တန်ဒီစီ မြို့လည်ခေါင်ကဟိုတယ်ကို ဝိုင်းထားလိုက်ကြတယ်။

အုံလိုက်ကျင်းလိုက် ဆန္ဒပြတဲ့နေရာမှာ ကြာချိန်၊ နိုင်ငံရေးအရ အရေးပါမှုနဲ့ ပစ်မှတ်၊ နည်းဗျူဟာ အဲဒီသုံးခုလုံးဟာ အောင်မြင်မှုအတွက် အရေးပါမှုကိုယ်စီရှိကြတယ်။

  • သူတို့တွေဟာ လုပ်ငန်းတွေကို အနှောက်အယှက်ပေးတတ်တယ်။

  • သူတို့မှာ တိကျတဲ့ ရည်ရွယ်ချက်နဲ့ ဇာတ်လမ်းရှိတယ်

  • နိုင်ထက်စီးနင်းပြုတဲ့သူကို အကြမ်းမဖက်တဲ့ နည်းသုံးပြီး ဖိအားပေးနိုင်တယ်။ ပြီးတော့

  • လူတိုင်း လှုပ်ရှားမှုမှာ ပါဝင်လာနိုင်အောင် လမ်းဖွင့်ပေး၊ စီစဉ်ထားပေးနိုင်တယ်။

အုံလိုက်ကျင်းလိုက် ဆန္ဒပြမှုတွေမှာ ကြိုတင် ဇာတ်တိုက်ထားလို့ မဖြစ်နိုင်ဘူး။ စပီကာနဲ့ အော်ပြောဖို့ဆိုတာလည်း မလွယ်ပါဘူး။ လုပ်လို့ရတာက လူတိုင်း ကိုယ်တာဝန်ကိုယ်သိ စီမံနိုင်ဖို့ပဲ။ အဲဒီလိုဖြစ်ဖို့အတွက် အကြမ်းဖျင်း အစီအစဉ်၊ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက် သို့မဟုတ် ဆန္ဒပြပွဲ ရည်ရွယ်ချက်နဲ့ လိုက်လျှောညီထွေရှိပြီး လိုက်လုပ်လို့လွယ်တဲ့ အချက် သုံးလေးခုလောက် ဖြန့်ဝေထားဖို့လိုတယ်။ (see: PRINCIPLE: ရိုးရှင်းသော စည်းမျဥ်များမှ ကြီးမားသော ရလဒ်များပေးစွမ်းနိုင်သည်

တာဟီရ်လှုပ်ရှားမှုမှာ ဘာမှ ကြိုတင်စီစဉ်ထားတာ မရှိဘူး။ လူစုတဲ့နေရာကို ပြောလိုက်ရုံပဲ။

ကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO အစည်းအဝေးကို ရပ်တန့်ရာတွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများ တန်းတူ ပူးပေါင်း လှုပ်ရှားခဲ့ကြသည်။ တဖွဲ့က ဉီးဆောင်သည် မဟုတ်ပဲ အဖွဲ့အသီးသီးအတွက် အခြေခံ စည်းကမ်း ရိုးရိုးရှင်းရှင်းများသာ ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။ (ဥပမာ အကြမ်းမဖက်ဟု သဘောတူထားကြခြင်း၊ အုပ်စုတိုင်းတွင် သီးသန့်တာဝန်များ ရှိခြင်း စသည်တို့ဖြစ်သည်။) ကြိုတင်ဇာတ်တိုက်ထားခြင်း မရှိပဲ ရုတ်ရုတ်သဲသဲနိုင်သည်။ ဗဟိုချုပ်ကိုင်မှု မရှိသော်လည်း ချိန်ဆက်မှု ရှိသည်။

The Citizen’s Posse လှုပ်ရှားမှုမှာတော့ ဇာတ်ညွန်းကို တင်းတင်းကျပ်ကျပ်ရေးထားခဲ့တယ်။ ပူးပေါင်းလှုပ်ရှားကြတဲ့ လူ အဖွဲ့အစည်းတွေ အကုန်လုံး လှုပ်ရှားမှု မူဘောင်တွေကို သေချာရေးဆွဲ သဘောတူထားတယ်။ တင်းကျပ်တဲ့ ဇာတ်ညွန်းလိုရတဲ့ အကြောင်းက လှုပ်ရှားမှုက ဇာတ်လမ်းဇာတ်ကွက်တွေကို ပိုအားပြုထားတာ ပစ်မှတ်ကို ဖြုတ်ချဖို့ကို ဦးတည်ထားတာ မဟုတ်လို့ဖြစ်တယ်။ ဆက်သွယ်ရေး အတွက် ဦးတည်ထားတဲ့ လှုပ်ရှားမှု ဖြစ်ပေမဲ့ ဇာတ်ကြောင်းကိုက ဇာတ်ကြမ်းမို့လို့ ပါဝင်တဲ့ သူတဦးချင်းစီဟာ အရေးပါတဲ့ ဇာတ်ကောင်တွေရဲ့ နေရာက ပါဝင်ကြရတယ်။ (see: PRINCIPLE: Don’t expect a concrete outcome from a symbolic action

Originally published in Beautiful Trouble.

အဓိကအခြေခံမူ

အပြင်လောက ဥပမာများ

Revolution in Egypt: 18 Days That Shook the World

A day-by-day photo chronicle of the 2011 Egyptian uprising.

ပိုမိုလေ့လာရန်

The Square
Directed by Jehane Noujaim. Noujaim Films., 2013
This Is What Democracy Looks Like
Directed by Jill Friedberg and Rick Rowley. Big Noise Films., 2000