Ten people may look at the same thing and perceive it in ten different ways. A depiction by Japanese painter Hanabusa Itchō (1652–1724) of the ancient parable of the blind men and the elephant.

အတိုချုံးပြောရရင်

သင့်ရဲ့လှုပ်ရှားမှုတွင် အဓိကနေရာကနေ ပါဝင်နေတဲ့သူတွေကို ပိုမိုနားလည်နိုင်အောင် perception box ကိုအသုံးပြုပါ။ ထိုမှသာ ကမ်ပိန်းမှတစ်ဆင့် ပေးချင်တဲ့သတင်းစကားကို သူတို့ကို ထိထိရောက်ရောက်ပေးပြီး စည်းရုံးနိုင်မှာဖြစ်သည်။

လူတွေက သင်ထင်သလောက် သင့်အကြောင်းကို စိတ်မဝင်စားကြပါဘူး။ ဒီအချက်ကိုနားလည်တဲ့အချိန်မှာ ကိုယ့်ကို သူများတွေဘယ်လိုထင်မြင်လဲဆိုတာကို သိပ်စဉ်းစားနေတော့မှာ မဟုတ်ပါဘူး။

— David Foster Wallace, Infinite Jest

အစများ

The Path of Most Resistance မှ ဆီလျော်အောင် ကိုးကားထားပါသည်။ Perception box သည်မဲဆွယ်တဲ့ကမ်ပိန်းမှာ အသုံးပြုတဲ့နည်းလမ်းတစ်ခုကို လှုပ်ရှားမှုတစ်ခုမှာ ထည့်သွင်းအသုံးပြုနိုင်အောင် ပြုပြင်ပြောင်းလဲထားပြီး Tully box ကို အခြေခံပြီး ဖန်တီးပြုလုပ်ထားပါသည်။ Tully ဆိုသည်မှာ နိုင်ငံရေးမဟာဗျူဟာပညာရှင် Paul Tully ကိုအစွဲပြုပြီး အမည်ပေးထားခြင်းဖြစ်သည်။ ရွေးကောက်ပွဲကမ်ပိန်းတစ်ခုတွင် အသုံးပြုရန် ပြုလုပ်ထားသည့် message box သည်ရွေးကောက်ခံမည့် ခေါင်းဆောင်လောင်းနဲ့ သူ့ရဲ့အတိုက်အခံတို့ကို ခွဲခြားသတ်မှတ်ရန်အတွက်ဖြစ်ပါသည်။ Perception box သည် သင့်လှုပ်ရှားမှုအတွက် အဓိကကျသူများကိုနားလည်သဘောပေါက်ရန် အသုံးပြုတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး သင့်ရဲ့လှုပ်ရှားမှုကို အတိုင်းအတာဘယ်လောက်ထိ သူတို့တွေထောက်ခံနေလဲဆိုတာကို နားလည်အောင်လုပ်တဲ့ နည်းလမ်းတစ်ခုလဲ ဖြစ်ပါသည်။

Perception box သည် သင့်ရဲ့လှုပ်ရှားမှုတွင် အဓိကကျသူများကို ကမ်ပိန်းမှတစ်ဆင့် ထိရောက်တဲ့သတင်းစကား ပေးနိုင်ဖို့အတွက် ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို နားလည်သိရှိအောင် ပြုလုပ်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါသည်။ မိမိရဲ့လှုပ်ရှားမှုကို ထောက်ခံသူတွေကို ထဲထဲဝင်ဝင်ပါဝင်လာအောင် ဘယ်လိုစည်းရုံးမလဲဆိုတာကိုလဲ နားလည်အောင်ပြုလုပ်ပေးသည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါသည်။ Spectrum of allies ကိုလေ့လာပါ။

Perception Box တွင် အကွက်လေးကွက်ပါရှိပါသည်။ ပထမအကွက်ဖြစ်တဲ့ “Us on Us” မှာ သင့်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး၊ သင်နဲ့ပတ်သက်ပြီး အရေးအကြီးဆုံးအရာတွေကို ချရေးရမှာဖြစ်ပါသည်။ သင်ကဘယ်သူလဲ၊ သင်ဘာတွေကိုလိုချင်လဲ၊ သင်ဘာကြောင့်ဒီအရာတွေကိုလိုချင်လဲ စတဲ့မေးခွန်းတွေကို မေးပြီး ဖြေကြည့်ရမှာဖြစ်ပါသည်။ ဒုတိယအကွက် “Us on Them” မှာတော့ သင့်ရဲ့လှုပ်ရှားမှုမှာ အဓိကကျသူတွေကို သင်ဘယ်လိုမြင်လဲဆိုတာကို စဉ်းစားပြီး ချရေးရမှာဖြစ်ပါသည်။

သင့်အနေနဲ့ လှုပ်ရှားမှုတွင်ပါဝင်တဲ့ အခြားသူတွေ ဘယ်လိုခံစားနေရလဲဆိုတာကို မြင်ယောင်ကြည့်ပြီး သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရနိုင်သလောက် စုဆောင်းပြီး သင့်ရဲ့ထင်မြင်ချက်တွေကို ချရေးရမှာဖြစ်ပါသည်။

တတိယအကွက် “Them on Us” မှာတော့ သင့်ရဲ့လှုပ်ရှားမှုတွင် အဓိကကျသူများက သင့်အပေါ်ဘယ်လိုမြင်လဲဆိုတာကို စဉ်းစားပြီး ချရေးရမှာဖြစ်ပါသည်။ အချို့လူများ သင့်အပေါ် အထင်အမြင်လွဲမှားမှုများရှိနိုင်တယ်ဆိုရင် ဒီနေရာမှာထည့်ရေးသင့်ပါသည်။ သင့်လှုပ်ရှားမူတွေင် မပါဝင်သေးသည့် ကြားနေများ၊ အတိုက်အခံများ၊ ထောက်ခံသူများ သင့်အပေါ်မှာ ထားရှိနိုင်မယ့် စိတ်နေသဘောထားများကို စဉ်းစားပြီး ချရေးရမှာဖြစ်ပါသည်။ လှုပ်ရှားမှုတွင် အနည်းငယ်သာ ထောက်ခံသူများအကြောင်းစဉ်းစားသည့်အခါ သူတို့ အမာခံမဟာမိတ်များ ဖြစ်မလာရသေးတဲ့အကြောင်းအရင်းကိုပါ ထည့်သွင်း စဉ်းစားပြီးရေးသင့်ပါသည်။

စတုတ္ထအကွက်နဲ့ နောက်ဆုံးအကွက်ဖြစ်တဲ့ “Them on Them” မှာတော့ လှုပ်ရှားမှုမှာ အဓိကကျသူတွေ သူတို့ကိုယ်သူတို့ ဘယ်လိုမြင်လဲဆိုတာကို စဉ်းစားပြီးချရေးရမှာ ဖြစ်ပါသည်။ ဥပမာအနေဖြင့် သင့်ရဲ့လှုပ်ရှားမှုကို ထောက်ခံသူတွေ ဘာအကြောင်းကြောင့် ထောက်ခံနေကြတာလဲ၊ အတိုက်အခံတွေကလဲ ဘာအကြောင်းကြောင့် အတိုက်အခံလုပ်နေကြတာလဲ စတာတို့ကို သေချာစဉ်းစားဖို့လိုပါသည်။ ကြားနေသူများနဲ့ပတ်သက်ပြီး သူတို့ဘာကြောင့် လှုပ်ရှားမှုမှာမပါဘဲ ကြားနေအဖြစ်သာ ဆက်လက်ရပ်တည်နေလဲဆိုတာကို စဉ်းစားရန်လိုအပ်ပါသည်။ သင့်ရဲ့လှုပ်ရှားမှုအကြောင်းကို သူတို့သေချာနားမလည်လို့လား ဒါမှမဟုတ် စိတ်မဝင်စားတာလားဆိုတာကို နားလည်အောင်လုပ်ဖို့လိုပါသည်။ အနည်းငယ် မထောက်ခံသူများနဲ့ အမာခံအတိုက်အခံများ သင့်ရဲ့လှုပ်ရှားမှုကို ဘာလို့အကောင်းမမြင်တာလဲဆိုတာကို နားလည်အောင် ပြုလုပ်ရမှာဖြစ်ပါသည်။ အနည်းငယ်ထောက်ခံသူများအနေနဲ့ သူတို့ဘာလို့ အမာခံမဟာမိတ်များ ဖြစ်မလာသေးလဲဆိုတာကို နားလည်အောင် လုပ်ဖို့လိုပါသည်။

လှုပ်ရှားမှုအတွက် workshop နဲ့ မဟာဗျူဟာရေးဆွဲသည့် အစီအစဉ်များတွင် Perception box တွင်ပါရှိသည့် အကွက် (၄) ကွက်ကို ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ဖြည့်နိုင်အောင် လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်သူတွေ ဘယ်လိုခံစားနေရလဲဆိုတာကို သင့်အနေနဲ့ သေချာနားလည်သဘောပေါက်အောင်လုပ်ဖို့လိုပါသည်။ Perception Box ကို ပြည့်ပြည့်စုံစုံဖြည့်နိုင်အောင် လှုပ်ရှားမှုတွင် ပါဝင်သူများကို မေးခွန်းများမေးခြင်း၊ သူတို့သဘောထားဆန္ဒများကိုစစ်တမ်းကောက်ခြင်း၊ အဖွဲ့အလိုက် ဆွေးနွေးခြင်းများလုပ်ပြီး သူတို့အကြံဉာဏ်တွေကိုတောင်းခြင်း စသည်တို့ကို ပြုလုပ်သင့်ပါသည်။

အကွက် (၄) ကွက်လုံး ဖြည့်ပြီးသည့်အခါတွင် ဖြည့်ထားသည့် အချက်အလက်များကို ကိုးကားပြီး မိမိရဲ့လှုပ်ရှားမှုမှာ အဓိကကျသူ အားလုံး မိမိဖြေရှင်းချင်တဲ့ ပြဿနာကို ဘယ်လိုနားလည်သဘောပေါက်လဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါသည်။ ဒီလိုလုပ်ခြင်းဖြင့် အဓိကကျသူတွေ သင့်ရဲ့လှုပ်ရှားမှုကို ထဲထဲဝင်ဝင် ပါဝင်လာအောင် စည်းရုံးနိုင်မည့် ကမ်ပိန်းသတင်းစကားကို ဖန်တီးပြီး ဖြန့်ဝေနိုင်မှာ ဖြစ်ပါသည်။

Perception box သည် မိမိလှုပ်ရှားမှုမှာ အဓိကကျသူတွေကို ကမ်ပိန်းမှတစ်ဆင့် သတင်းစကားပေးရာတွင် ထိထိရောက်ရောက်ပေးနိုင်အောင် အကူအညီပေးပါသည်။ သတင်းစကားမှာလဲ အရေးကြီးတဲ့ အပိုင်း (၂) ပိုင်းပါဝင်ရမည် ဖြစ်ပါသည်။

  • သတင်းစကားရဲ့ ပထမပိုင်းတွင် “Them on them” အကွက်ကို အသုံးပြုပြီး ကမ်ပိန်းမှတစ်ဆင့် ဖြေရှင်းချင်တဲ့ ပြဿနာကို ပေါ်လွင်အောင် ရေးရမှာဖြစ်ပါသည်။ ဒီနေရာတွင် “Us on them” အကွက်ကို မသုံးဘဲထားထားရပါမည်။

  • ဒုတိယပိုင်းမှာတော့ မိမိကမ်ပိန်းမှတစ်ဆင့် လှုပ်ရှားမှုတွင် အဓိကကျသူများကို သင့်ရဲ့အဆိုပြုချက်ပေးရမှာဖြစ်ပါသည်။ ဒီနေရာတွင် “Us on Us” အကွက်ကို အသုံးပြုပြီး ရှိနိုင်သည့်အထင်လွဲမှားမှုများကို တိုက်ဖျက်ရန် “Them on Us” အကွက်ကို အသုံးပြုရမည်ဖြစ်သည်။

ဥပမာအနေနဲ့ မိမိဦးဆောင်သောကမ်ပိန်းသည် ရဲများက ပြည်သူများကို မတရားအကြမ်းဖက်နေမှုများကို တိုက်ဖျက်သည့် လှုပ်ရှားမှုတစ်ခုဆိုပါက မိမိသတင်းစကားရဲ့ ပထမပိုင်းမှာ မိမိဖြေရှင်းချင်တဲ့ပြဿနာကို အရင်နားလည်အောင်ရှင်းပြဖို့လိုပါသည်။ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာသည် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ပြဿနာမဟုတ်ပါ။ ရဲတပ်ဖွဲ့ဝင်များက သူတို့ကိုအပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များနှင့်အာဏာကို အလွဲသုံးစားလုပ်တဲ့ ပြဿနာဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် ဒုစရိုက်မှုကို နှိမ်နင်းဖို့ရည်ရွယ်ချက်ဖြင့် ရဲတပ်ဖွဲ့ဝင်များ ဖြစ်လာကြသော်လည်း လက်ရှိအခြေအနေတွင် အပြစ်မရှိသော ပြည်သူများကို အကြမ်းဖက်နှိမ်နင်းနေတယ်ဆိုတာကို ထောက်ပြဖို့အတွက်ဖြစ်သည်။

သတင်းစကားရဲ့ဒုတိယပိုင်းတွင် အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းတာမလုပ်ရန် ရဲတပ်ဖွဲ့ဝင်များကို စည်းရုံးလှုံ့ဆော်ရမည်ဖြစ်သည်။ ဒီလိုလုပ်နိုင်ဖို့အတွက် မိမိလှုပ်ရှားမှုတွင် ပါဝင်နေသူအားလုံးသည် ငြိမ်းချမ်းစွာဆန္ဒပြသူတွေဖြစ်တယ်ဆိုတာကို ပေါ်လွင်အောင် ပြောဆိုရမည်ဖြစ်သည်။

ဘယ်လိုသုံးမလဲ။

ဒီနည်းလမ်းကိုသုံးရန်အတွက် ကိုအရင်ဖြည့်ထားဖို့လိုပါသည်။ ဒါမှမဟုတ် မိမိကမ်ပိန်းတွင် ပါဝင်ပတ်သက်နေသူအားလုံးရဲ့စာရင်းကို စဉ်းစားပြီး အရင်ချရေးထားဖို့လိုပါသည်။

  1. နည်းလမ်းကိုအရင်မိတ်ဆက်ပါ။

Perception box ကို သင်ဦးဆောင်တဲ့ workshop မှာပါဝင်တဲ့အဖွဲ့ဝင်များနဲ့ မိတ်ဆက်ပေးပါ။ Perception Box သည် လှုပ်ရှားမှုတွင် အဓိကကျသူများရဲ့ အမြင်သဘောထားကို နားလည်အောင် ပြုလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ နည်းတစ်နည်းဖြစ်တယ်ဆိုတာ အဖွဲ့ဝင်တွေ နားလည်အောင် ရှင်းပြပါ။ သူတို့ရဲ့ အမြင်သဘောထားများကို အသေအချာ နားလည်မှသာ ကမ်ပိန်းမှတစ်ဆင့် ထိရောက်ပြီး စည်းရုံးမှုအားကောင်းတဲ့ သတင်းစကားကို ပေးနိုင်မှာ ဖြစ်ပါသည်။ အဖွဲ့ဝင်များအနေဖြင့် လှုပ်ရှားမှုတွင် အဓိကကျသူများ ကမ်ပိန်းအပေါ် ဘယ်လိုမြင်လဲဆိုတာတင်မဟုတ်ဘဲ သူတို့ကိုယ်သူတို့ ဘယ်လိုမြင်လဲဆိုတာကိုပါ သိအောင်လုပ်ရမည် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာဘဲ လှုပ်ရှားမှုကို ဦးဆောင်သူအနေနဲ့ သင့်ကိုယ်သင်ဘယ်လိုမြင်လဲ၊ လှုပ်ရှားမှုမှာ ပါဝင်ပတ်သက်နေသူအားလုံးကို သင်ဘယ်လိုမြင်လဲဆိုတာကို နားလည်အောင်လုပ်ရမည်ဖြစ်သည်။

  1. အဖွဲ့ဝင်များကို အုပ်စုငါးစုခွဲပါ။

အဖွဲ့ဝင်များကို ၁ မှ ၅ နံပတ်တစ်ခုစီပေးပြီး အဖွဲ့တစ်ခုစီကို Spectrum of Allies မှာပါတဲ့ ပီဇာအစိတ် (၅) စိတ်ထဲမှ (၁) စိတ်ကို ဖြည့်ရန်တာဝန်ပေးပါ။ ပီဇာ (၁) စိတ်ချင်းဆီမှာ အမာခံမဟာမိတ်များ၊ အနည်းငယ်သာထောက်ခံသူများ စသည်တို့ပါဝင်ပါသည်။

  1. အဖွဲ့တစ်ခုစီကို perception box ကိုဖြည့်ခိုင်းပါ။

အဖွဲ့တစ်ခုချင်းစီကို Spectrum of Allies မှာတာဝန်ယူပြီး ဖြည့်ရမယ့် ပီဇာအစိတ်အပိုင်းအတွက် perception box ကို စာရွက်ကြီးကြီးပေါ်မှာအတူဖြည့်ဖို့အတွက် မှာကြားပါ။

  1. အဖွဲ့ကြီးတစ်ဖွဲ့ ပြန်ဖွဲ့ပြီး တွေ့ရှိချက်တွေကိုဆွေးနွေးပါ။

အဖွဲ့တိုင်း သူတို့နဲ့ဆိုင်တဲ့ Spectrum of Allies အတွက်ဖြည့်ထားတဲ့ perception box ကိုအားလုံးနှင့် မျှဝေပြီး ဆွေးနွေးဖို့အတွက် တိုက်တွန်းပါ။ အဖွဲ့တစ်ခုစီတိုင်းကို သူတို့ရဲ့ အမာခံမဟာမိတ်အကြောင်း၊ အနည်းငယ်ထောက်ခံသူများအကြောင်း၊ အမာခံအတိုက်အခံများအကြောင်း၊ အနည်းငယ် မထောက်ခံသူများအကြောင်း၊ ကြားနေသူများအကြောင်းကို အခုဖော်ပြထားသည့် အစီအစဉ်အတိုင်း တစ်ခုပြီးတစ်ခု မျှဝေပေးဖို့အတွက်ပြောပါ။

ပထမအဖွဲ့နှစ်ဖွဲ့က သူတို့တွေ့ရှိချက်များကို မျှဝေပြီးသည့်အချိန်တွင် ကျန်အဖွဲ့ဝင်များ သူတို့ထင်မြင်ချက်များကို ပြောပြရန် တိုက်တွန်းပါ။ ဦးဆောင်သူတစ်ဦးအနေနဲ့ မေးသင့်သည့်မေးခွန်းများမှာ အမာခံမဟာမိတ်များနှင့် အနည်းငယ်ထောက်ခံသူများ ဘယ်လိုကွာခြားလဲဆိုသည်ကို မေးသင့်ပါသည်။ သူတို့တွေမှာ ဘယ်လိုတူညီမှုတွေရှိလဲ၊ နောက်တော့ အနည်းငယ်ထောက်ခံသူမှ အမာခံမဟာမိတ်များ ဖြစ်လာအောင် ဘယ်လိုစည်းရုံးကြမလဲဆိုတာကိုလဲ မေးသင့်ပါသည်။

​​နောက်ထပ်အဖွဲ့နှစ်ဖွဲ့မှ သူတို့တွေ့ရှိချက်များကို မျှဝေပြီးသည့်အချိန်တွင် ကျန်အဖွဲ့ဝင်များ သူတို့ထင်မြင်ချက်များကို ပြောပြရန် နောက်တစ်ကြိမ် တိုက်တွန်းပါ။ မေးသင့်သည့်မေးခွန်းများမှာ အနည်းငယ်ထောက်ခံသူများနှင့် ကြားနေများ ဘယ်လိုမတူတဲ့အချက်တွေရှိလဲ၊ နောက်တော့ ဘယ်လိုတူတဲ့အချက်တွေရှိလဲ စတာတွေဖြစ်ပါသည်။ နောက်ပြီး အနည်းငယ် မထောက်ခံသူတွေနဲ့ ကြားနေသူတွေအတွက်လဲ ဒီမေးခွန်းတွေကို ထပ်မေးသင့်ပါသည်။ နောက်ဆုံးတွင် ကြားနေသူများကို အနည်းငယ်ထောက်ခံသူများအဖြစ်ပြောင်းလာအောင် ဘယ်လိုလုပ်မလဲ၊ အနည်းငယ် မထောက်ခံသူများကို ကြားနေများဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ မေးခွန်းများကို မေးရမည်ဖြစ်ပါသည်။

  1. လေ့ကျင့်ခန်းကို နိဂုံးချုပ်ပါ။

Spectrum of Allies ကို အဖွဲ့ဝင်များအား နောက်ဆုံးအကြိမ်ပြပါ။ ပြီးတော့ ကမ်ပိန်းရဲ့ရည်ရွယ်ချက်မှာ Spectrum of Allies တွင်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ချင်းစီတိုင်း ဘယ်ဘက်ကို တစ်ဆင့်ရွှေ့နိုင်ရန်အတွက် ဖြစ်တယ်ဆိုတာကို ရှင်းပြပါ။

ကမ်ပိန်းသတင်းစကားသည် လှုပ်ရှားမှုအတွက် အဓိကကျသူများရဲ့ သူတို့အပေါ် သူတို့ထားတဲ့ ထင်မြင်ယူဆချက်အပေါ်မှာမူတည်ပါသည်။ ဒီထင်မြင်ယူဆချက်များကို သင့်ရဲ့ကမ်ပိန်းအပေါ် သင်မြင်သည့် ယူဆချက်ဖြင့်ချိတ်ဆက်ပေးရန်လိုအပ်ပါသည်။ သူတို့မှ သင့်အပေါ်ထားရှိတဲ့ အထင်အမြင်လွဲမှားမှုများကိုလဲ တိုက်ဖျက်ဖို့အတွက် လိုအပ်ပါသည်။ သင့်ဘက်မှ သူတို့အပေါ်ထားရှိတဲ့ အထင်အမြင်လွဲမှားမှုများကိုလဲ တိုက်ဖျက်ဖို့အတွက် လိုအပ်ပါသည်။

Click here to download the instruction sheet

အပြင်လောက ဥပမာများ

Family Separation At The U.S. Border

A 2018 campaign by the Women's Refugee Commission (WRC) to engage Americans about the separation of families seeking asylum at the U.S. border.

ပိုမိုလေ့လာရန်

The Path of Most Resistance, Second Edition
Ivan Marovic, ICNC Press, 2021