အတိုချုံးပြောရရင်
လူအချို့သည်လှုပ်ရှားမှုတစ်ခုအတွက် သူတို့၏ဘဝတစ်ခုလုံးကို ပေးအပ်နိုင်သော်လည်း အချို့မှာ တစ်ပတ်လျှင်တစ်နာရီလောက်သာ အချိန်ပေးနိုင်ပါသည်။ သင့်လှုပ်ရှားမှုတွင် လူသစ်များပိုမိုပါဝင်နိုင်အောင် အခွင့်အလမ်းများ ဖန်တီးပေးသင့်သည်။ ဒီလိုလုပ်ခြင်းဖြင့် သင်၏လှုပ်ရှားမှုကို ကြီးထွားအောင် လုပ်ဆောင်နိုင်ပါသည်။
လူတိုင်းတွင် သူတို့နှင့် သဟဇာတဖြစ်သည့် အလုပ်တစ်ခုရှိပြီး ထိုအလုပ်ကိုလုပ်လိုသောဆန္ဒသည် သူတို့နှလုံးသားထဲတွင် ရှိနေပြီးဖြစ်သည်။
— Jalāl al-Dīn Muḥammad Rūmī
သင့် social media account တွင် follower ၂၀,၀၀၀ ရှိသော်လည်း လှုပ်ရှားမှုတွင် ပါဝင်ရန် လက်မှတ်လိုက်တောင်းခံသည့်အခါတွင် လက်မှတ်ထိုးသူ အယောက် ၁၀၀ သာရှိပါသလား။ သို့မဟုတ် သင့် mailing list တွင် စာရင်းသွင်းသူ ထောင်ပေါင်းများစွာရှိသော်လည်း သင်စီစဉ်သောပွဲကို တက်ရောက်သူ အယောက် ၅၀ သာရှိပါသလား။ ထိုသို့ဖြစ်နေခြင်းသည် လူတိုင်းဆီက မျှော်လင့်ချက်ကြီးကြီးထားခြင်းကြောင့် သို့မဟုတ် စိတ်အားထက်သန်သူများဆီက မျှော်လင့်ချက်နည်းနည်းသာထားခြင်းကြောင့် ဖြစ်နိုင်သည်။ ကျွန်ုပ်တို့အနေနှင့် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အနိုင်ရရန် လူအများ၏ပံ့ပိုးကူညီမှုများကို ရနိုင်သလောက်ယူရန် လိုအပ်ပါသည်။
လူအချို့သည် လှုပ်ရှားမှုတွင် အချိန်နည်းနည်းပေးပြီး အနည်းငယ်သာပါဝင်ပတ်သက်ချင်ပါသည်။ တစ်ဖက်မှာလည်း လူအချို့သည် အချိန်အများကြီးပေးပြီး လှုပ်ရှားမှုတွင် ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ချင်ပါသည်။ အချို့လူများသည် ရံဖန်ရံခါသာ လှူဒါန်းမှုများ ပြုလုပ်ကြသော်လည်း အချို့မှာ ပုံမှန်လှူဒါန်းမှုများ ပြုလုပ်နိုင်ရန် ဆန္ဒရှိကြပါသည်။ အချို့သောထောက်ခံသူများသည် ဆန္ဒပြဖို့ အချိန်တစ်နာရီလောက်သာ ပေးချင်သော်လည်း အချို့မှာတစ်နေကုန်ဆန္ဒပြနိုင်ဖို့အတွက် သူတို့ရဲ့အခြားအစီအစဉ်တွေကိုရွှေ့လိုက်ခြင်း၊ ကလေးရှိသူတွေလည်း ကလေးထိန်းငှားလိုက်ခြင်း စသည်တို့ကိုလုပ်ပြီး လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင်ပါဝင်ကြပါသည်။
သင့်အဖွဲ့သားများ၏ စွမ်းဆောင်ရည် ဘယ်လိုအခြေအနေရှိလဲဆိုတာနှင့် သူတို့ဘယ်လိုအရာတွေကို လုပ်ဆောင်ချင်လဲဆိုသည်ကို သေသေချာချာသိထားသင့်ပါသည်။ ဥပမာ - အဖွဲ့ဝင်အချို့သည် လှုပ်ရှားမှုအတွက် သစ်ပင်မှာ ချည်ခံရမယ်ဆိုလည်း လုပ်ပေးပါသည်၊ လှုပ်ရှားမှုအတွက် ထောက်ပို့လုပ်ပေးရမယ်ဆိုလည်း မငြီးမငြူလုပ်ပေးပါသည်။ သို့သော် တစ်ချိန်တည်းမှာဘဲ သူတို့သည် လူစုလူဝေးရှေ့တွင် မိန့်ခွန်းပြောဖို့ သို့မဟုတ် အစိုးရဝန်ထမ်းများနှင့် ဖုန်းပြောဖို့လိုအပ်ရင် (see: TACTIC: Phone banking မလုပ်ချင်တာမျိုးရှိနိုင်ပါသည်။
ကျွန်ုပ်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဘယ်လောက်ပဲနည်းနည်းများများ အနိုင်ရနိုင်ရန် လူအမြောက်အမြား၏ အထောက်အပံ့များ လိုအပ်ပါသည်။
သင့်အတွက် အမာခံမဟာမိတ်များနှင့် အနည်းငယ်ထောက်ခံသူများ များပြားလာစေရန် (see: METHODOLOGY: မဟာမိတ်များကို ဆန်းစစ်လေ့လာခြင်း ကိုလေ့လာပါ။ သင့်ရဲ့ထောက်ခံသူများ ဘယ်မှာရှိတတ်လဲဆိုတာကို နားလည်အောင် နည်းဗျူဟာချမှတ်ပြီး သူတို့နှင့်ချိတ်ဆက်နိုင်အောင်လုပ်ပါ။
ဤသဘောတရားကို ကောင်းစွာအသုံးချနိုင်သော ကမ်ပိန်းဥပမာတစ်ခုကို သုံးသပ်ကြည့်ကြပါစို့။
Uganda တွင် COVID ကြောင့် ကန့်သတ်ချက်များ တင်းကြပ်ထားသည့် အခြေအနေတွင် ပုံမှန်အားဖြင့် ခရီးသည် ၁၄ ဦး တင်ဆောင်သည့် မီနီဘတ်စ်ကားများကို အစိုးရကတင်ဆောင်နေကြ လူအရေအတွက်၏ ထက်ဝက်ခန့်သာ တင်ဆောင်ရန် ဘတ်စ်ကားကုမ္ပဏီများကို ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဘတ်စ်ကားလက်မှတ်များ ဈေးနှုန်းနှစ်ဆတက်သွားခဲ့သည်။ COVID ကန့်သတ်ချက်များကို ရုတ်သိမ်းလိုက်သောအခါ ဘတ်စ်ကားကုမ္ပဏီများသည် ခရီးသည် ၁၄ ဦး ပြန်လည်တင်ဆောင်ခဲ့သော်လည်း ဈေးနှုန်းကို ပြန်မလျှော့ခဲ့ပေ။ ဤတွင် ပြည်သူများကြား ဆူဆူပူပူဖြစ်ပြီး မီနီဘတ်စ်ကားခတွေကို အစိုးရက ထိန်းညှိပေးဖို့ တောင်းဆိုသော Fair Fares UG ကမ်ပိန်း ပေါ်ပေါက်လာပါသည်။
လှုပ်ရှားမှုကို ဦးဆောင်သူများက ယခုပြဿနာသည် လူတိုင်းအပေါ် တန်းတူညီတူ
အကျိုးသက်ရောက်မှုမရှိကြောင်း တွေ့ရှိပါသည်။ လှုပ်ရှားမှုထဲမှာပါဝင်သူအချို့မှာ ဘတ်စ်ကားပုံမှန်စီးသူများဖြစ်ပြီး အချို့မှာ ဘတ်စ်ကားကို ရံဖန်ရံခါသာစီးသူများ ဖြစ်ကြပါသည်။ ဘတ်စ်ကားလုံးဝမစီးသူများလည်း လှုပ်ရှားမှုထဲတွင် ပါဝင်ပါသည်။ ထောက်ခံသူများ လှုပ်ရှားမှုတွင် အင်တိုက်အားတိုက် ပါဝင်ပတ်သက်နိုင်အောင် မတူသောအဖွဲ့ ၃ ဖွဲ့အတွက် WhatsApp group ၃ ဖွဲ့ ဖွဲ့ခဲ့ပါသည်။
လှုပ်ရှားမှုတွင် အများဆုံးပါဝင်ပတ်သက်သူများကို နေ့စဉ်လုပ်ရမည့်အလုပ်များဖြစ်သည့် ကားကုမ္ပဏီများကို သပိတ်မှောက်ခြင်း၊ ဘတ်စ်ကားမစီးဘဲ မော်တော်ဆိုင်ကယ် ကယ်ရီ ပြောင်းစီးခြင်း စသည်တို့ကိုလုပ်ရန် တာဝန်ပေးခဲ့ပါသည်။ တစ်ချိန်တည်းမှာဘဲ အနည်းငယ်သာပါဝင်ပတ်သက်ချင်သည့် ထောက်ခံသူများကို အခါအားလျော်စွာ social media ပေါ်တွင်ပြုလုပ်သည့် လှုပ်ရှားမှုထဲတွင် ပါဝင်ရန် တာဝန်ပေးပါသည်။ နောက်ဆုံးတွင် ဘတ်စ်ကားကုမ္ပဏီများသည် ဈေးနှုန်းများကို ပြန်လည်ပြင်ဆင်ခဲ့သည်။.
ဤနည်းဗျူဟာ၏အောင်မြင်မှုနောက်ကွယ်တွင် အဓိကကျသည့်အချက်မှာ လှုပ်ရှားမှုကို ဦးဆောင်သူများသည် မတူညီသောအရည်အသွေးများရှိသည့်အဖွဲ့များကို သူတို့နှင့်ကိုက်ညီသည့် တာဝန်များကို ပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် အဖွဲ့သားများအားလုံး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်နိုင်အောင် လုပ်ဆောင်နိုင်ပြီး ဘတ်စ်ကားပုံမှန်မစီးသူများတောင် ကမ်ပိန်းအတွက်ကို တစ်ထောင့်တစ်နေရာမှ ပါဝင်နိုင်သည့် အခွင့်အလမ်း ရရှိခဲ့ကြသည်။
အပြင်လောက ဥပမာများ

Those who couldn’t participate in the occupation brought firewood, food, and water to the occupiers — allowing people to contribute in different capacities.