အတိုချုံးပြောရရင်
၂၀၁၄ ခုနှစ်တွင် မူဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုများ များပြားလာသည်နှင့် တဆက်တဲ ပေါ်ထွက်လာသော အမုန်းစကား ပြောဆိုမှုများ၊ ဆဲဆိုခြင်းများ တိုးပွားလာသညိကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံတ၀ှမ်း၌ ပန်းစကား ကမ်ပိန်းအား တက်ကြွလှုပ်ရှားသူများက စတင်ခဲ့ကြသည်။
၂၀၁၄ ခုနှစ် မွတ်စလင် ဆန့်ကျင်ရေး အကြမ်းဖက်မူများ မြင့်တက်လာသည်နှင့်အတူ တိုးပွားလာသော အမုန်းစကားပွားမှုများ( ဆဲဆိုမှုများ)ကို တန်ပြန်ရန်အတွက် ပန်းစကားကမ်ပိန်းကို စတင်ခဲ့ကြသည်။ လူပေါင်း ၂၅၀ကျော် သေဆုံးပြီး တသိန်းလေးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု Al Jazzera သတင်းဌာနမှ အစီရင်ခံခဲ့သည်။ နစ်နာသူ အများစုမှာ မူစလင်ဘာသာဝင် လူနည်းစုဖြစ်ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်အချိုနှင့် စီးပွားရေး လုပ်ငန်းအချို့ကို ပြန်လည် မီးရှိုဖျက်စီးပြီး တန်ပြန် လက်စားခြေခဲ့ကြသည်။ ပန်းပွင့်များသည် ကမ်ပိန်းအတွက် အဓိက သော့ချက်ဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေးကို ကိုယ်စားပြု ဖော်ဆောင်လိုခြင်းဖြစ်သည်။
ယခင်က အွန်လိုင်းပေါ်တွင် ဆဲဆို လှောင်ပြောင်ခံရသူများမှာ အမျိုးသမီး၊ လိင်တူချစ်သူများ၊ လိင်တူလိင်ကွဲ ချစ်သူများနှင့် လိင်ပြောင်းထားသူများ ဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ မြန်မာမူစလင် လူစုကို ဉီးတည်သွားပြီ ဖြစ်သည်။ Myanmar Center for Responsible Business (MCRB)၏ အစီရင်ခံစာ တခုအရ သူတို့ စောင့်ကြည့်ခဲ့သည် အွန်လိုင်းပေါ်မှ ဆဲဆိုမှု(အမုန်းစကား)များ၏ ၉၀ရာခိုင်နှုန်းခန့်မှာ မူစလင် လူ့အဖွဲ့အစည်းကို ရည်ရွယ်ထားသည်ဟု ဖော်ပြခဲ့သည်။
ပန်းသည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး ပြယုပ်ဖြစ်ပြီး ကမ်ပိန်း၏ အဓိက ပုံရိပ်ဖြစ်သည်။
ပန်းစကားကမ်ပိန်းကို နေဘုန်းလတ်က စတင်ခဲ့သည်။ နေဘုန်းလတ်သည် ဘလော့ကာ၊ လူငယ်ခေါင်းဆောင်၊ ဒေသတွင်းလွတ်တော် အဖွဲ့ဝင် ဖြစ်ပြီး ရွေဝါရောင်တော်လှန်ရေး အကြောင်း အကြောင်း ဘလော့တွင် ရေးသားခဲ့သည့်အတွက် ၂၀၀၈ခုနှစ်တွင် ထောင်ဒါဏ် နှစ်၂၀ ချမှတ်ခံခဲ့ရသည်။ သို့သော် ၂၀၁၂တွင် ထောင်မှ လွတ်မြောက်လာခဲ့သည်။ လူမှုကွန်ယက်များ အသုံးပြုရာတွင် တာဝန်ခံစိတ်ဖြင့် သုံးရန်၊ အွန်လိုင်းပေါ်တွင် ပြောဆိုပြုမှုလိုက်သည့် ကိစ္စများမှ ကြီးမားသည့် သက်ရောက်မှုများ ရှိနိုင်ကြောင်း လူများ သိရှိစေရန် ရည်ရွယ်သည်။ မြန်မာ လူငယ်ဂရက်ဖစ် ဒီဖိုင်နာများနှင့် ဖေ့ဘုတ်တို့ ပူးပေါင်းပြီး "အပြုသဘောဆောင်သည့် ဒစ်ဂျစ်တယ် စတေကာများ" ဖန်တီးခဲ့သည်။ အမုန်းစကား ဆဲဆိုမှုများကို ထိုစတေကာများဖြင့် တုံပြန်ခဲ့ကြသည်။

“Flower speech” campaign image from the Facebook page of “Support Panzagar: End Hate Speech With Flower Speech.”
၎င်း စတစ်ကာများကို ချစ်စရာ ကောင်းမလေး တဉီး ပါးစပ်းတွင် ပန်းပွင့်လေး ကိုက်ထားသည့် ကာတွန်းလေးအဖြစ် ရေးဆွဲထားပြီး လူများကို ဆဲဆိုခြင်း (အမုန်းစကား) ပြောချင်း မပြုကြရန် တောင်းဆိုခဲ့ကြသည်။ ရက်ပိုင်းအတွင်း ပန်းစကား ဖေ့ဘုတ်စာမျက်နှာကို လူထောင်ပေါင်းများစွာ Like ပေးလာခဲ့သည်။ သူတို့ကိုယ်တိုင် ပါးစပ်တွင် ပန်းများကိုက်ကာ ဓါတ်ပုံရိုက် ပိုစ့်တင်ခဲ့ကြသည်။ ထိုလူများထဲတွင် နာမည်ကြီးသူ တချို့လည်း ပါသည်။ မူစလင် မုန်းတီးသည့် စိတ်များ ကြီးစိုးနေပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ ရန်မူနေချိန်တွင် ထိုသိုပြုလုပ်သည်မှာ သတ္တိရှိသော အပြုအမူဖြစ်သည်။ မကြာသေးခင်က ၂၀၁၄ မန္တလေးမြိုံတွင် ဗုဒ္ဓဘာသာ အမျိုးသမီး တဉီးကို မူစလင်အမျိုးသားများက မုဒိန်းကျင့်ခဲ့သည်ဆိုသည့် ကောလဟာလ အတုဖြစ်ပြီး အွန်လိုင်းပေါ်တွင် ပျံနှံ့နေခဲ့သည်။
၂၀၁၅ စက်တင်ဘာလတွင် လူမှုကွန်ယက် ဖေ့ဘုတ်ခ်၏ လူထုစံနှုန်းများ(စည်းကမ်းများ)ကို မြန်မာဘာသာသို့ ပထမဆုံး အကြိမ် ပြန်ဆိုခဲ့သည်။ ထိုစံနှုန်းများ(စည်းကမ်းများ)ကို ဖေ့ဘုတ်သုံးသူများထံ ပို့ခဲ့ပြီး အဖိနှိမ်ခံ လူအုပ်စုကို ထိခိုက်ပြောဆိုသည့် အသုံးအနှုန်းများ မရေးသား မဖြန့်ဝေမီ သေချာ စဉ်းစားရန် တိုက်တွန်းခဲ့သည်။
ကမ်ပိန်းကို လူမှုကွန်ယက်တွင် သာမက ကျေးလက်နေ လူထုအထိပါ ဉီးတည်လှုပ်ရှားခဲ့ကြသည်။ "ခရီးသွားပန်းစကား" စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ပြီး တိုင်းနှင့် ပြည်နယ်များအထိ ခြေဆန့်ပြိီး "ပန်းစကား"အကြောင်း၊ အမုန်းစကားမပြောရန်၊ ပန်းစကားဖြင့် တုံပြန်ရန် အသိပညာပေးခဲ့ကြသည်။
အဓိကသီအိုရီ
ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည့် ပန်းတပွင့်ကို ကိုက်ထားခြင်းသည် အမြင်အားဖြင့် လှပသည်သာမကပဲ ဖရုသ ဝါစာပြောနေသည်ကို ပန်းပွင့်လေးနှင့် ပြန်တုံပြန်လိုက်သည့် အတွက် ငြိမ်းချမ်းသည့် သဘောကို ထိထိရောက်ရောက် ခံစားရစေသည်။ ထိုကြောင့် ကန်ပိန်းသည် ထိရောက်ခဲ့သည်။
အဓိကအခြေခံမူ
ပိတောက်ပန်းကို ကိုက်ထားခြင်းဖြင့် ဗုဒ္ဓဘာသာတွင် ပန်းကပ်ပူဇော်ခြင်းကို ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။ တဘက်သားကို ထိုအခြင်းအရာနှင့် တွဲမြင် ခံစားစေနိုင်သည်။ အခြားယဉ်ကျေးမှု ကျင့်သုံးသူများထံပါ သတင်းစကားရောက်ရှိခဲ့သည်။