Men playing Go, a complex game of strategy and tactics that calls for recognizing strengths and weaknesses in an opponent. Photo: J.A.G.A. | CC BY-NC-ND 2.0

အတိုချုံးပြောရရင်

ကမ်ပိန်းအနာဂတ်ဖြစ်နိုင်ခြေ အလားအလာများကို ဖော်ထုတ်နိုင်ရန်အလို့ငှာ၊ စာလုံးနှစ်ထွေရော ရည်ညွှန်း​ချက်များဖြင့် အတွင်းနဲ့ ပြင်ပမှ အကြောင်းရင်းများ

ကြိုတင်ပြင်ဆင်မှု မရှိတဲ့ ပန်းတိုင်တစ်ရပ်ဟာ ဆန္ဒအာသီသာတစ်ခု သတ်သတ်ဖြစ်တယ်။

— Antoine de Saint-Exupery

အစများ

SWOT နည်းစနစ်ဇယားကို ၁၉၆၀ နှစ်များတွင် ဒီဇိုင်းရေးဆွဲခဲ့ပြီး စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်း များအား မဟာဗျူဟာမြောက် အစီအစဉ်များ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ အခြားသော အစုအဖွဲ့များ၊ လူပုဂ္ဂိုလ်များသည် ၎င်းနည်းစနစ်ကို အသုံးပြု ခဲ့ကြသည်။

လှုပ်ရှားမှုတစ်ခုအတွက် အစီအစဉ်ရေးဆွဲနေပါသလား။ မိမိတို့၏ အခြေအနေကို ဆန်းစစ်အကဲဖြတ်နိုင်မည့် နည်းလမ်းနှင့် ထိုအခြေအနေကို ကျော်လွှားရန် စွမ်းရည် လိုအပ်ပါသလား။ SWOT နည်းစနစ်ဇယားသည် သင်နှင့်သင်၏ အဖွဲ့အား အဓိက အချက်အလက်များ ဖော်ထုတ်သတ်မှတ်ရာတွင် အထောက်အကူပြုနိုင်ပါလိမ့်မည်။ အဖွဲ့တွင်း အားသာချက် နှင့် အားနည်းချက် များကို ပြင်ပရှိ အန္တရာယ်များ နှင့် အခွင့်အလမ်းများ နှင့်အတူ စနစ်တကျ စဉ်းစားဖော်ထုတ်ခြင်းအားဖြင့် သင်၏ “အကောင်းဆုံးဖြစ်ရပ်”၊ “ဆုံးရှုံးသွားသော အခွင့်အလမ်း”၊ “စုစည်းလှုပ်ရှားမှုဖြစ်ရပ်” နှင့် “အဆိုးဆုံးဖြစ်ရပ်” တို့ကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။

ခင်ဗျားရဲ့ မဟာဗျူဟာမြောက် ပန်းတိုင်တွေကို ဆုံးဖြတ်ပေးရာတွင် သို့မဟုတ် ထင်ထင်ရှားရှား မြင်သာလာအောင် လုပ်ဆောင်ပေးရာတွင် ကူညီပေးဖို့၊ ခင်ဗျား ရင်ဆိုင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ထုတ်ဖော်ပေးဖို့၊ ကမ်ပိန်းမဟာဗျူဟာ သို့မဟုတ် လုပ်ဆောင်မှု အစီအစဉ်တို့ကို တိုးတက်ပြောင်းလဲလာအောင် ဆောင်ရွက်ပေးဖို့ SWOT ကွန်ချာက ကူညီပေးနိုင်ပါတယ်။

သင်သည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေသည် ဆိုပါစို့။ သင်၏ အတွင်းပိုင်းအားသာချက် (သင်၏ အဖွဲ့တွင် ဆန္ဒပြင်းပြသည့် လုပ်အားပေးဝန်ထမ်းများရှိသည်) နှင့် ပြင်ပ အန္တရာယ် (အကျင့်ပျက်ခြစားသည့် အမှုကြီးတစ်ခု ဖြစ်ပွားနေသည်) တို့ ထပ်တူကျနေသည်ဟု SWOT နည်းစနစ်ဇယားကဖော်ထုတ်ရာတွင် သင့်အဖွဲ့တွင် အကောင်းဆုံး ဖြစ်ရပ်တစ်ခု ရရှိထားပြီး၊ သင်၏ အဖွဲ့သားများအား သတင်းအချက်အလက်များ သို့မဟုတ် သက်ဆိုင်သည့် စာရွက်စာတမ်းများ ဖြန့်ဝေနိုင်ရန်အတွက် စေလွှတ်နိုင်မည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဖြန့်ဝေရမည့် စာရွက်စာတမ်းများ နှင့် ၎င်းတို့အား ထုတ်ဝေရန်အတွက် ထုတ်ဝေစရိတ် ရရှိနိုင်ရန် ရန်ပုံငွေရှာဖွေရမည် ဖြစ်သည်။ သို့သော် သင့်ထံတွင် ဝန်ထမ်း နှင့် လေ့ကျင့် သင်ကြားထားခြင်းမရှိသည့် လုပ်အားပေးဝန်ထမ်းများ အနည်းငယ်မျှသာရှိပါက (အားနည်းချက်)၊ ကြီးမားသည့် အကျင့်ပျက်ခြစားမှုဖြစ်ပေါ်လာသည့်အချိန်တွင် သင်သည် “ဆုံးရှုံးသွားသော အခွင့်အရေးတစ်ခု” ကို ကြုံတွေ့ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အနေဖြင့် ပန်းတိုင်များကို အောင်မြင်စေရန် အခြား နည်းလမ်းများကို ရှာဖွေအသုံးပြု ရမည်ဖြစ်သည်။ ဤအကြောင်းအရာများမှာ SWOT ဆန်းစစ်သုံးသပ်မှုက ဖော်ထုတ်ပေးနိုင်သည့် ဥပမာ အချို့ဖြစ်သည်။ SWOT နည်းစနစ်ဇယားကို အပြည့်အဝ လုပ်ဆောင်ခြင်းဖြင့် အခြားသော အမြင်ရှုထောင့်များသည် မတူကွဲပြားသည့် မဟာဗျူဟာ ကောက်ချက်များကို ရရှိနိုင်စေမည် ဖြစ်သည်။

SWOT နည်းစနစ်ဇယားသည် သင်၏ မဟာဗျူဟာမြောက် ပန်းတိုင်များကို ဖော်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းစေခြင်း၊ ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်း၊ ထိရောက်သော လှုပ်ရှားမှု မဟာဗျူဟာများ သို့မဟုတ် လုပ်ဆောင်ချက် အစီအစဉ်များကို ရေးဆွဲခြင်းများ လုပ်ဆောင်ရာတွင် အထောက်အကူပြုပေးနိုင်မည်ဖြစ်သည်။

အခြေအနေအပေါ်မူတည်၍ အဖွဲ့အစည်း၏ အားသာချက်သည် အဖွဲ့အစည်း၏ အားနည်းချက်လည်း ဖြစ်နိုင်သည်။ ဥပမာ - စေတနာ့ဝန်ထမ်း အများအပြားရှိခြင်းသည် လိုအပ်သည့်အချိန်တွင် အားသာချက်ဖြစ်နိုင်သော်လည်း၊ သူတို့အတွက် သင်တန်းများ စီစဉ်ပေးခြင်းမပြုနိုင်ပါက ထိုအချက် သည် အားနည်းချက်ဖြစ်လာနိုင်သည်။ ထို့အတူပင် နာမည်ပျက်သတင်းများ ပေါ်ထွက်လာခြင်းသည် သင်၏ လှုပ်ရှားမှုကို ချဲ့ထွင်ရန် အခွင့်အလမ်း ဖြစ်နိုင်သကဲ့သို့၊ အန္တရာယ် (သင်၏ ဦးတည်ပစ်မှတ်သည် သင့်အား ခြိမ်းခြောက်မှုအဖြစ်ရှုမြင်နိုင်ပြီး၊ နည်းလမ်းအသစ်များဖြင့် ပြန်လည်တိုက်ခိုက်ခြင်း) လည်းဖြစ်နိုင်သည်။

SWOT ကို အခြား နည်းစနစ်များဖြင့်လည်း ပေါင်းစပ်ပြီး ကောင်းကောင်း လုပ်ဆောင်နိုင်ပါတယ်။ အထူးသဖြင့်၊

  • အာဏာ၏ထောက်တိုင်များ(see: METHODOLOGY: အာဏာထောက်တိုင်များ၊ SWOT ကွန်ချာတွင် ပြင်ပမှ အင်အားများအဖြစ် ပါဝင်ရန် လိုအပ်သော အဓိက အဖွဲ့အစည်းများကို ထုတ်ဖော်သတ်မှတ်ရန်၊

  • မဟာမိတ်များ၏ ရောင်စဉ်သက်တန့်ကားချပ်(see: METHODOLOGY: မဟာမိတ်များကို ဆန်းစစ်လေ့လာခြင်း၊ စီးပွားရေးလုပ်ငန်း တစ်ရပ်တွင် အစုရှယ်ယာ ပါဝင်သူများ၊ မဲဆန္ဒရှင်များ၊ အကျိုးသက်ရောက်သော လူ့အသိုင်းအဝိုင်းများနဲ့ ဆန့်ကျင့်ဘက် အင်အားစုများကို တိတိကျကျ ထုတ်ဖော်သတ်မှတ်ရာနှင့် အကဲဖြတ်ရာတွင် ခင်ဗျားကို အကူအညီဖြစ်စေရန်၊

  • မမြင်ရသော အင်အားစုများကို ဆန်းစစ်ခြင်း၊ ရှိရင်းစွဲအခြေအနေကို ထောက်ပံ့ပေးမယ့် အင်အားစုများရဲ့ အားသာချက်များကို ဖော်ထုတ်ရန်နှင့် ထိုအားသာချက်များကို ဆန့်ကျင် တုံ့ပြန်နိုင်မယ့် အင်အားစုများနဲ့ လုပ်ဆောင်မှုများကို ဖော်ထုတ်ရန်၊

SWOT ကွန်ချာတစ်ခုဟာ၊ ခင်ဗျားရဲ့ မဟာဗျူဟာမြောက် ပန်းတိုင်တွေနဲ့ ရင်ဆိုင်ဖို့ ခင်ဗျားရဲ့ လုပ်နိုင်စွမ်းတို့ကို ထင်ထင်ရှားရှား မြင်သာလာအောင်၊ ကူညီပေးနိုင်ပါတယ်။

သင်၏ မဟာဗျူဟာမြောက် ပန်းတိုင်များကို ဖော်ထုတ်ခြင်း သို့မဟုတ် ရှင်းလင်းခြင်း၊ ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများကို ဖော်ထုတ်ခြင်း၊ ထိရောက်သော လှုပ်ရှားမှု မဟာဗျူဟာများ သို့မဟုတ် လုပ်ဆောင်ချက် အစီအစဉ်များကို ရေးဆွဲခြင်းများ လုပ်ဆောင်ရာတွင် အထောက်အကူပြုပေးနိုင်မည်ဖြစ်သည်။

ဘယ်လိုသုံးမလဲ။

  1. အလုပ်အတွက် မှန်ကန်သောအဖွဲ့ကို ဖွဲ့စည်းပါ၊ အတွင်းပိုင်း အားသာချက်များနဲ့ အားနည်းချက်များနှင့် ပြင်ပမှ ခြိမ်းခြောက်မည့်အရာများနဲ့ အခွင့်အလမ်းများကို သိရှိသောသူများ ပါဝင်ပါစေ။

  2. ပူးတွဲထည့်ထားပေးတဲ့ ကွန်ချာကို အသုံးပြုပြီး၊ အတွင်းပိုင်း “အားသာချက်များ”နဲ့ အားနည်းချက်များကို လေးထောင့်ကွက်ထဲ ဖြည့်စွက်ပါ၊ ထို့နောက် ပြင်ပမှ “ခြိမ်းခြောက်မည့် အရာများ” နဲ့ “အခွင့်အလမ်းများ” ကို ဖြည့်စွက်ပါ။ ( သတိပြုရန်၊ တစ်ချို့ အရာများဟာ ခေါင်းစဉ်တစ်ခုအောက်ထဲထက် ပိုမို ပါဝင်နိုင်ပါတယ်! ) အကယ်လို့ ခင်ဗျားဟာ ကြီးမားတဲ့ အဖွဲ့တစ်ဖွဲ့အောက်တွင် အလုပ်လုပ်နေပါက၊ ပိုကြီးတဲ့ ကားချပ်ပေါ်တွင် ကွန်ချာကို ချဆွဲ၊ SWOT အချက်များကို ကပ်ခွာမှတ်စုစာရွက်များဖြင့် ချရေးပြီး သင့်လျော်သော လေးထောင့်ကွက်များတွင် ဖြည့်စွက်နေရာချဖို့၊ စဉ်းစားပါ။

  3. ယခု၊ ခင်ဗျားရဲ့ အားသာချက်များနဲ့ အခွင့်အလမ်းများ ဘုံတူတာတွေကိုရှာဖို့ အချိန်ယူပါ။ နောက်ပြီး ထို အိုင်ဒီယာများကို သင့်တော်သော ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ လေးထောင့်ကွက်အတွင်း ချရေးပါ။ ထိုကဲ့သို့ ကျန်တဲ့ ဖြစ်နိုင်ခြေအခြေအနေ လေးထောင့်ကွက်များတွင်လည်း လုပ်ဆောင်ပါ ( အားသားချက်များနဲ့ ခြိမ်းခြောက်မည့်အရာများ၊ အားနည်းချက်များနဲ့ အခွင့်အလမ်းများ၊ အားနည်းချက်များနဲ့ ခြိမ်းခြောက်မည့်အရာများ)။ အားသာချက်များနဲ့ အခွင့်အလမ်းများ ဘုံတူရာက ရောက်ရှိလာသော အိုင်ဒီယာများကို “အကောင်းဆုံး အခြေအနေ” လေးထောင့်ကွက်ထဲ ထည့်ဖို့ ဂရုပြုပါ။ “ခပ်နိမ့်နိမ့်မှာ တွဲလောင်းကျသီးနေသော အသီးများ” အဖြစ် မှတ်ယူနိုင်ပါတယ် — တော်တော်လေး လွယ်လွယ်ကူကူနဲ့ အင်အားစိုက်ထုတ်မှု သို့မဟုတ် အရင်းအနှီး သုံးစွဲစရိတ် အနည်းဆုံး သုံးစွဲပြီး ပြီးစီးနိုင်တဲ့ လုပ်ဆောင်မှုများဖြစ်ပါတယ်။ အားနည်းချက်များနဲ့ အခွင့်အလမ်းများ ဘုံတူကြတဲ့အခါ၊ “လွဲချော်သွားသော အခွင့်အရေးများ” ဖြစ်ဖို့ အလားအလာရှိတာကို ခင်ဗျားတွေ့နိုင်ပါတယ် — ခင်ဗျားရဲ့ ချို့ယွင်းချက်တွေကို မကျော်လွှားနိုင်ဘူးဆိုရင်၊ လုပ်ဆောင်ဖို့ ခက်ခဲတဲ့ အခွင့်အရေးများ ဖြစ်ပါတယ်။ အားသာချက်များနဲ့ ခြိမ်းခြောက်မည့်အရာများ ဘုံတူကြတာက “စုရုံးအသင့်ပြင်ခြင်း ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ” တစ်ရပ်ဖြစ်လာနိုင်ပြီး၊ ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင် အခြေအနေ ကို ဖန်တီးယူကာ ခြိမ်းခြောက်မည့်အရာများကို ရင်ဆိုင်တွေ့ရဖို့ အလားအလာရှိပါတယ်။ နောက်ဆုံးကတော့၊ အားနည်းချက်များနဲ့ ခြိမ်းခြောက်မည့်အရာများ ဘုံတူကြတဲ့နေရာတွင်၊ “ အဆိုးဆုံး ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ” ကို ခင်ဗျား တွေ့ရှိရမှာဖြစ်ပါတယ် ( အဆိုးဆုံး အခြေအနေဖြင့် ခင်ဗျားအဆုံးသတ်မယ့်နေရာပါ)၊ တတ်နိုင်သမျှ ရှောင်ဖယ်ဖို့ ကြိုးစားသင့်ပါတယ်။

  4. [SMART (တိကျသော၊ တိုင်း၍ရသော၊ ဖြစ်နိုင်ချေရှိသော၊ လက်တွေ့ကျသော၊ အချိန်မီသော)] (SMART objectives)ကို ခင်ဗျားရဲ့ မဟာဗျူဟာမြောက် အစီအစဉ်ချခြင်း လမ်းစဉ်တစ်ရပ်အဖြစ် ဖော်ထုတ်ပေးရာတွင် ကူညီဖို့၊ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေများကို အသုံးပြုပါ။

ပိုမိုလေ့လာရန်