နည်းစနစ်

အပြောင်မြောက်ဆုံး လှုပ်ရှားမှု

On December 3, 2013, the 29th anniversary of the Bhopal disaster, survivors gather to march to the now abandoned Union Carbide pesticide factory. Photo: Colin Toogood | CC BY-NC 2.0

အတိုချုံးပြောရရင်

လှုပ်ရှားမှုများအတွက် ကြိုတင်စီစဉ်မှုနှင့် အကဲဖြတ်မှုတို့အတွက် အဓိကအချက် ၈ချက်ပါဝင်သော ဆောင်ရွက်ရန်စာရင်းတစ်ခု

အပြောင်မြောက်ဆုံး လှုပ်ရှားမှု (action star) ဆိုတာဟာ သပ်ရပ်ကျစ်လစ်သော လှုပ်ရှားမှုဆောင်ရွက်ရန် ကြံစည်ပေးတဲ့ ကိရိယာတစ်ခု ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ပစ်မှတ်၊ ခင်ဗျားရဲ့ ဇာတ်လမ်း၊ ခင်ဗျားရဲ့ လှုပ်ရှားမှုအတွက် တွေးခေါ်နိုင်စွမ်းနဲ့ အခြား အရေးကြီးအချက်များကို မေးခွန်းများ တသီတတန်း ထုတ်ခြင်းအားဖြင့်၊ ခင်ဗျားရဲ့ လှုပ်ရှားမှုကို အကဲဖြတ်၊ မွမ်းမံပေးပြီး ကြိုတင်စီစဉ်ရာတွင် အကူအညီ ပေးပါတယ်။

အစများ

Beautiful Trouble လေ့ကျင့်ရေး ပရိုဂရမ်အတွက်၊ ၂၀၁၃ ခုနစ်တွင် ဂျော်နသန် မယ်သရူး စမက်ကာက အပြောင်မြောက်ဆုံး လှုပ်ရှားမှု ( ကနဦးတွင် “ အပြောက်မြောက်ဆုံး နည်းဗျူဟာ” လို့အမည်ပေးထား)ကို ချဲ့ထွင်ဖြစ်ပေါ်လာစေခဲ့ပါတယ်။

ရံဖန်ရံခါတွင်၊ နာကျည်းမှု သို့မဟုတ် စိတ်လှုပ်ရှားမှုတို့ ခံစားရပြီး ကျွန်တော်တို့ဟာ လှုပ်ရှားမှုကို ရှေ့ရေးသိပ်မတွေး၊ ဂရုမစိုက်ဘဲ ခုန်ကျော်ဆောင်ရွက်မိကြတယ်။ ကံကောင်းရင်တော့၊ အားလုံး အဆင်ပြေချောမွေ့သွားမယ်။ ဒါပေမဲ့၊ ကျွန်တော်တို့ လေးလေးနက်နက်တွေးတောပြီး နည်းဗျူဟာကို ရွေးချယ်မယ် ဆိုရင်၊ ပိုမိုကြီးမားတဲ့ ကမ်ပိန်း မဟာဗျူဟာတွေကို သာမက အောင်မြင်တဲ့ လှုပ်ရှားမှု ဒီဇိုင်းရဲ့ အနုပညာနဲ့ သိပ္ပံပညာတို့ကိုပါ တွေးတော တွက်ချက်ထားတဲ့ လှုပ်ရှားမှုတွေကို ကြိုတင် ဇာတ်တိုက်ထားမယ်ဆိုရင်၊ ကျွန်တော်တို့ အနိုင်ရရှိဖို့ ပိုအလားအလာ ကောင်းပါတယ်။

အပြောင်မြောက်ဆုံး လှုပ်ရှားမှု ကိရိယာဟာ စတင်ဆောင်ရွက်ဖို့ အထူးကောင်းမွန်တဲ့ အရာတစ်ခုပါပဲ။ မေးခွန်းများ တသီတတန်း ထုတ်ခြင်းအားဖြင့်၊ ခင်ဗျားရဲ့ လှုပ်ရှားမှုကို အကဲဖြတ်၊ မွမ်းမံပေးပြီး ကြိုတင်စီစဉ်ရာတွင် အကူအညီ ပေးပါတယ်။

  • ကျွန်တော်တို့ လှုပ်ရှားမှုအတွက် နိုင်ငံရေးပစ်မှတ်က ဘယ်သူလဲ ဒါမှမဟုတ် ဘာလဲ နောက်ပြီး ဘာကြောင့်လဲ။ အဲ့ဒီ ပစ်မှတ်ကို ဖိအားပေးဖို့ ကျွန်တော်တို့ လှုပ်ရှားမှုကို ဘယ်လို ဒီဇိုင်းဆွဲထားသလဲ။ ( ခင်ဗျားရဲ့ ပစ်မှတ်ကို လိမ္မာပါးနပ်စွာ ရွေးချယ်ပါ)

  • ဘယ် အားနည်းတဲ့ ဖိအားပေးမယ့် နေရာတွေကနေ ကျွန်တော်တို့ ကြားဝင်စွက်နှောင့်ယှက်မှာလဲ နောက်ပြီး ဘာကြောင့်လဲ (ကြားဝင်စွက် နှောင့်ယှက်မယ့် နေရာများ)။

  • ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုက ရရှိလာနိုင်မယ့် မဟာမိတ်တွေအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲ ( မဟာမိတ်ရောင်စဉ်ပြကားချပ် စိတ်ဖြာလေ့လာမှု)။

  • ကျွန်တော်တို့ရဲ့ အဓိက ပရိသတ်က ဘယ်သူတွေလဲနဲ့ သူတို့အတွက် ပြောချင်တဲ့ သတင်းအမှာစကားက ဘာဖြစ်မလဲ ( ကိုယ့်ပရိသတ်ကို သုံးသပ်ဆင်ခြင်ပါ)။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုက ဘာဖြစ်အင်ကို ပြောပြမှာလဲ ( ဇာတ်ကြောင်းဆန်ဆန် တွေးတောပါ)။

  • ကျွန်တော်တို့ဟာ လူထုရဲ့ တန်ဖိုးစံသတ်မှတ်မှုတို့၊ ပကတိသိဉာဏ်တို့နဲ့ ချိတ်ဆက်မှု ရှိရဲ့လား ( ခင်ဗျားဟာ သက်တောင့်သက်သာ မရှိဘူးဆိုရင်၊ ခင်ဗျားရဲ့ မဟာမိတ်ဖွဲ့မှုဟာ မတအား နည်းပါးနေတယ်)။

  • ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုဟာ အပြင်လူမျက်စိထဲ သိသိသာသာ ယုတ္တိရှိရဲ့လား။ ( လှုပ်ရှားမှုရဲ့ ဆင်ခြင်တွေးခေါ်မှုစနစ်)

  • ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြပြီး အဖွဲ့ရဲ့ လုပ်နိုင်စွမ်း ပမာဏကို ဖန်တီးနေရဲ့လား ( တောက်ပစွာ တောက်လောင်ပါ ဒါပေမယ့် မလောင်ကျွမ်းပါစေနဲ့)။

ဘယ်လိုသုံးမလဲ။

အဖွဲ့ဝင်များကို အုပ်စုအသေးလေးများအဖြစ် ခွဲလိုက်ပါ။ အောက်ပါ ချဉ်းကပ်မှုပုံစံများဖြင့် အရေးကြီးအချက် တစ်ချက် သို့မဟုတ် နှစ်ချက်ကို ဆောင်ရွက်ခိုင်းပါ။

  • ပစ်မှတ်: ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုအတွက် နိုင်ငံရေးအရ ပစ်မှတ်ဟာ ဘယ်သူလဲ ဒါမှမဟုတ် ဘာလဲ နဲ့ ဘာကြောင့်လဲ။ ခင်ဗျားရဲ့ လှုပ်ရှားမှုက သူတို့ကို ဖိအားပေးဖို့ ဘယ်လို စီစဉ်ပြင်ဆင်ထားသလဲ။ သူတို့ကို တစ်စုံတစ်ရာ ရင်ဆိုင်ကြုံတွေ့စေမလား သို့မဟုတ် သူတို့ကို တစ်စုံတစ်ရာ နစ်နာစေမလား။ သူတို့ ဘယ်လိုပုံစံနဲ့ တုံ့ပြန်ပါစေ ခင်ဗျား အနိုင်ရမယ့် သူတို့ကို ဆုံးဖြတ်ရခက်တဲ့ အနေအထား ရောက်ရှိစေမလား။

  • ကြားဝင်စွက်နှောင့်ယှက်မယ့်နေရာ : ဘယ်စစ်တလင်းကနေ ခင်ဗျား ကြားဝင်စွက် နှောင့်ယှက်မှာလဲ။

  • မဟာမိတ်များ : ခင်ဗျားရဲ့ လှုပ်ရှားမှုက ငြိမ်နေတဲ့ မဟာမိတ်တွေကို ဘယ်လို အသက်ဝင်လှုပ်ရှားလာစေမှာလဲ။ ဖြစ်လာနိုင်တဲ့ မဟာမိတ်တွေကို ဘယ်လို ရရှိမှာလဲ။ ခင်ဗျားရဲ့ ဆန့်ကျင်ဘက်သမားတွေကို ဘယ်လို သီးခြားခွဲထုတ်ပစ်မှာလဲ။ ဘယ်လိုမျိုး ထောက်ခံမယ့်လူထုကို တိတိကျကျ ဦးစားပေးသတ်မှတ်ထားချင်တာလဲ။

  • ပရိသတ်နဲ့ သတင်းအမှာစကား : ခင်ဗျားရဲ့ ဦးစားပေး ပရိသတ်က ဘယ်သူတွေလဲနဲ့ သူတို့ကို ပေးချင်တဲ့ သတင်းအမှာစကားက ဘာလဲ။ ဘယ်လို တင်ပြပုံအမျိုးအစားနဲ့ ဘယ်လို အသံနေအသံထားမျိုး ( တည်ကြည်လေးနက်ခြင်း၊ ဝင့်ကြွား ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်း စသည်ဖြင့်) တို့က ပိုပြီး အကျိုးသက်ရောက်မှု ရှိမလဲ။

  • ဇာတ်လမ်း ဖြစ်အင် : ဖြစ်အင်ကို ခင်ဗျား ဘယ်လိုမျိုး မဟာဗျူဟာကျကျ ဇာတ်ကြောင်းဖွဲ့ဆင်ထားသလဲ။ ခင်ဗျားရဲ့ ဇာတ်လမ်းမှာ ဗီလိန်ပါသလား။ ခင်ဗျားရဲ့ ကိုယ်ပိုင် ကရုဏာသက်စရာ ဇာတ်ကောင်ကို ဦးစီးဦးဆောင်အဖြစ် ခင်ဗျား တွန်းပို့နေသလား။ ခင်ဗျား လိုအင်ဆန္ဒရှိတဲ့ ရလဒ်ကို ခင်ဗျား နိမိတ်ပြနေသလား။

  • တန်ဖိုးထားမှုနဲ့ ပကတိအသိဉာဏ် အနေအထား : ခင်ဗျားဟာ လူထုရဲ့၊ အထူးသဖြင့် ခင်ဗျား ရည်ရွယ်ထားတဲ့ ပရိသတ်ရဲ့၊ တန်ဖိုးထားမှုနဲ့ ချိတ်ဆက်မှုရှိရဲ့လား။ ပကတိအသိနဲ့ စိတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိရဲ့လား။ ခင်ဗျားရဲ့ လှုပ်ရှားမှုနဲ့ သတင်းအမှာစကားပေးခြင်းတို့တွင်၊ ဘယ်လိုမျိုး ထင်ရှားတဲ့ ပုံရိပ်တွေနဲ့ သင်္ကေတတွေ ခင်ဗျား ထည့်သွင်းထားသလဲ။

  • လှုပ်ရှားမှုအတွက် ဆင်ခြင်တွေးခေါ်မှုစနစ် : လှုပ်ရှားမှုကိုယ်တိုင်က ဖြစ်အင်ကို ပြောပြသလား ခင်ဗျားရည်ရွယ်တဲ့ သတင်းအမှာစကားကို သိရှိစေရဲ့လား။ ခင်ဗျား လုံး၀ တစ်ခွန်းမှပြောပြစရာမလိုဘဲ ဘေးကဖြတ်သွားတဲ့သူတစ်ယောက်က အလိုလို သဘောပေါက်ရဲ့လား။

  • အဖွဲ့ တည်ဆောက်ခြင်း : လှုပ်ရှားမှုရဲ့ ခင်ဗျားအဖွဲ့ရဲ့ လုပ်နိုင်စွမ်း ပမာဏကို ဖန်တီးပေးသလား။ အသစ်အသစ်သော စိတ်ဝင်စားစရာတွေ ထွက်ပေါ်လာရဲ့လား လူသစ်တွေကို ဖြည့်ဆည်းပေးရာတွင် အကူအညီဖြစ်ရဲ့လား။ ခင်ဗျားဟာ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေလုပ်ပြီး အတူတကွ အရဲစွန့် လုပ်ကိုင်ကြသလိုမျိုး တစ်ယောက်ကို တစ်ယောက် လုံလုံလောက်လောက် ထောက်ပံ့ကူညီပေးကြသလား။

ပြီးရင် အဖွဲ့အကုန် မျက်နှာစုံညီပြန်လာကြပါ။ ဆောင်ရွက်ပြီးတဲ့ အလုပ်တွေကို ဝေမျှကြပါ။ အဖွဲ့နဲ့အတူ အရေးကြီးသော လေ့လာမှတ်သားမှုများကို ဆင်ခြင်သုံးသပ်ပါ။

ပိုမိုလေ့လာရန်

Printable Action Star tool
Jonathan Matthew Smucker / Beautiful Trouble, 2011
Action Strategy: A How-To Guide
The Ruckus Society, 2011