သီအိုရီ

အကြမ်းမဖက် တော်လှန်ရေး

Unarmed Mayan women in Chiapas evicting armed Mexican Army soldiers from their land in 1997. Photo: Pedro Valtierra

အတိုချုံးပြောရရင်

အကြမ်းမဖက်သောတော်လှန်ရေးသည် မတူညီသော အဖွဲ့အစည်းများအတွင်း ဆွေးနွေးမှုများကို အလေးပေးပြီး ဘုံရည်မှန်းချက်တစ်ခုကို ကတိကဝတ်ပေးကာ အားလုံးအတူဖော်ဆောင်ကြပါသည်။ ဒီလိုနည်းဖြင့် လူမှုအသွင်ပြောင်းမှုတစ်ခုကို အတူပူးပေါင်း တော်လှန်ခြင်းဖြင့် ရအောင်ဖော်ဆောင်နိုင်ပါသည်။

အစများ

(စစ်ဆန့်ကျင်ရေးကြောင့်) တရားစွဲခံရတဲ့ ရှီကာဂို ၇ မှ ဒေ့(ဗ်)ဒဲလင်ဂျာ၊ လူမှုအခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ အဖြစ် အမွှမ်းတင်ခံရသော ပုဂ္ဂိုလ် ဘာဘရာဒဲမင်း၏ စာတမ်းဖြစ်သော “တော်လှန်ရေးနှင့် ဟန်ချက်”၊ နျူးကလီးယားဆန့်ကျင်ရေး Plowshares လှုပ်ရှားမှု

အပြောင်းအလဲဖန်တီးဖို့ ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူများအတွက် ဂန္ဒီ၏နည်းလမ်း၊ မဟာဗျူဟာကျသောနည်းလမ်းနဲ့ အကြမ်းမဖက်သောတော်လှန်ရေးအတွင်း၌ အသုံးဝင်တဲ့ အချက်တစ်ချက်ရှိပါသည်။ ဂန္ဒီရဲ့ အကြမ်းမဖက်သောနည်းလမ်းသည် အပြုသဘောဆောင်ခြင်းကို အခြေပြုတည်ဆောက်ထားပြီး ကြွယ်၀ချမ်းသာသော စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် စိတ်ပိုင်းဆိုင်ရာ တိုက်ရိုက်လှုပ်ရှားမှုအဖြစ် မကြာခဏမှတ်ယူခံရတဲ့ satyagraha တို့ ပေါင်းစပ်ထားတဲ့နည်းလမ်းဖြစ်ပါသည်။ မဟာဗျူဟာမြောက် အကြမ်းမမဖက်ခြင်းဟာ ပိုမို နည်းပရိယာယ်ဆန်တဲ့ နည်းလမ်းတစ်ရပ် လိုအပ်ပြီး Gene Sharp စာရင်းပြုစုထားတဲ့ နည်းလမ်းတွေအပေါ် အခြေခံပါသည်။ တစ်ဖက်တွင်မူ၊ ဂန္ဒီကိုယ်တိုင် မှတ်ယူခဲ့သည့်အတိုင်း ဖိနှိပ်မှုနဲ့ရင်ဆိုင်ရသည့်အချိန်တွင် ဘာမှမလုပ်ဘဲဒီတိုင်းနေတာထက် အကြမ်းဖက်ခြင်းနဲ့ ထိပ်တိုက်ရင်ဆိုင်တာက ပိုကောင်းတယ်လို့လို့ အကြမ်းမဖက်သောတော်လှန်ရေးက ညွှန်းဆိုထားပါသည်။ ထိရောက်သော ထိပ်တိုက်ရင်ဆိုင်မှု လိုအပ်သော်လည်း လူသိများတဲ့ မည်သည့် လှုပ်ရှားမှုမဆို ပိုမိုထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နိုင်အောင် ပိုမိုတွန်းအားပေးလုပ်ဆောင်ရမည်ဖြစ်သည်။

အမိန့်ပေးအာဏာပြဝါဒဆန့်ကျင်ရေး၊ ရှေးရိုးစွဲ မာတ်စ်ခ်ဝါဒ ပပျောက်ရေးနဲ့ လူသားအားလုံး ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရရှိရေးတို့ ပါဝင်တဲ့ ဘောင်ထဲ “လုံးဝဥဿုံ တော်လှန်ရေး” လို့ ကြေညာပြီး၊ အိန္ဒိယတက်ကြွလှုပ်ရှားသူ ဂျေပရာကက်(ရှ်)နာရာယန် (ဂျေပီ)က ဒီတွေးခေါ်မှုရဲ့ သဘောထားကို အရေးကြီးသော တိုးတက်မှုတွေ ပြုလုပ်ခဲ့တယ်။ တရုတ်ကွန်မြူနစ်တော်လှန်ရေး ကာလရဲ့ တိုက်ပွဲဝင်သူတစ်ယောက်အနေဖြင့်၊ “ အာဏာဟာ သေနတ် ပြောင်း၀မှာ ရှိတယ်” ဆိုတဲ့ မော်စီတုံး မာတ်စ်ခ်ဝါဒအပေါ် ဂျေပီရဲ့ အဓိကဆန်းစစ်ဝေဖန်မှုဟာ၊ အဖျက်စီးနိုင်ဆုံးလက်နက်တွေဟာ လူထုအများစု ဘယ်တုန်းကမှ မဟုတ်ခဲ့ပဲ တကယ်တမ်းကတော့ ခိုင်မာစွာအမြစ်တွယ်နေတဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေဖြစ်တယ်ဆိုတဲ့၊ ရိုးရှင်းသော သဘောထားဖြစ်ပါတယ်။ မော်ရဲ့ ပစ္စည်းမဲ့လူတန်းစား ယဉ်ကျေးမှုတော်လှန်ရေးကြီး (အနည်းဆုံး အဲ့ဒါရဲ့ အဓိက ရည်ရွယ်ချက်များ)ဟာ စတ်ရဂရာဟ နဲ့ သဏ္ဍာန်တူခြင်းများ တွေ့ရတယ်လို့ ဂျေပီက အဆိုပြုတယ်။ ထိုနှစ်ခုလုံးဟာ၊ အမြတ်ကြီးစား သဘောထားကို တိုက်ဖျက်ချေမှုန်းဖို့ ရည်ရွယ်ကြပြီး ခေါင်းပုံဖြတ်လူတန်းစားအလွှာတေါကို လျှော့ချပစ်ဖို့ ကြိုးပမ်းကြတယ်။

အကြမ်းမဖက်သောတော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးတို့နှစ်ခုလုံးက ဘာမှမပြောဘဲ ခုခံတာရော ထိပ်တိုက်တွေ့ခြင်းကိုပါ အားမပေးကြပါ။

တရုတ်နဲ့ ဗီယက်နမ် လူထုစစ်ပွဲ မဟာဗျူဟာရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှုတွေဟာ — မူသေမဟုတ်ဘဲ ပြောင်းလဲပြင်လွယ်သော နည်းဗျူဟာများနဲ့ ပုန်းလျှိုးကွယ်လျှိုးတိုက်ခိုက်ရေးယူနစ်များလို့ ခေါ်တွင်ပါတယ်— အများနားလည်နိုင်သော ပညာရေး ပရိုဂရမ်များ၊ တစ်ကိုယ်ရည် လုံလောက်သော စီးပွားရေးယူနစ်များ ဖန်တီးခြင်း၊ တစ်ကိုယ်ရည် လုံလောက်သော စီးပွားရေးယူနစ်များ ဖန်တီးခြင်း၊ လူအမြောက်အမြားအပေါ် အခြေခံထားသော အဖွဲ့အစည်းများ တည်ဆောက်ခြင်းတို့ အသက်ဝင်လာအောင် ဆောင်ရွက်အသုံးပြုခြင်းပေါ်တွင် ယေဘုယျအားဖြင့် မူတည်ပါတယ်။ စစ်တပ်အောင်မြင်မှုတွေက ပိုမိုဒွိဟဖြစ်စေတယ်။ တိုက်ပွဲရဲ့ တင်းမာမှုကာလထဲမှာတောင်၊ အာဖရိကလွတ်မြောက်ရေးရဲ့ တစ်ချို့ စစ်ပွဲ ခေါင်းဆောင်များ၊ အထူးသဖြင့် ဂီနီ-ဘီဆောင်းနိုင်ငံရဲ့ အယ်မစ်ကဲ ကဲဘရာက သူ့ရဲ့ နောက်လိုက်များကို “ အနိုင်ရလိုစိတ်ပြင်းပြတဲ့ စစ်သွေးကြွပဲ ဖြစ်ကြ၊ စစ်ဝါဒီတွေ မဖြစ်ကြစေနဲ့” လို့ အမိန့်ပေးပါတယ်။ လူမျိုးအလိုက် နိုင်ငံရေး၊ လူမှုရေး အခွင့်အလမ်း များ တခြားစီ ခွဲခြားထားသော နိုင်ငံရေးစနစ်ရဲ့ အင်မတန် ဖိနှိပ်ချုပ်ချယ်သော အကြောင်းအရာနဲ့ ဆက်စပ်ပြီး၊ ဖန်တရာတေ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြတဲ့ တောင်အာဖရိက ဆောင်ပုဒ်တစ်ပုဒ်ဖြစ်တဲ့ “ အကြမ်းမဖက်ခြင်းက အလုပ်မဖြစ်ဘူး” ဆိုတာကို၊ ထိုနိုင်ငံရေးစနစ်အလွန် လူမှုအဖွဲ့အစည်းတွင်၊ မှားယွင်းကြောင်း ချေပခဲ့ကြပြီးပြီ။ လက်နက်ကိုင်တိုက်ခိုက်ဖို့ စီစဉ်သူတွေတောင်မှ၊ သူတို့ရဲ့ စစ်တပ် အဆောက်အအုံတွေကနေ အာဏာရှင်ဆန်ဆန်ပုံစံတွေ ဘယ်လို ကြီးထွားလာခဲ့သလဲဆိုတာရဲ့ အနေအထား​တွေကို၊ ယခုပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်လာကြတယ်။

အမေရိကန်နိုင်ငံရဲ့ အခြေအနေတွင်မူ၊ အာဖရိကန်အမေရိကန် တက်ကြွလှုပ်ရှားသူများ ဆယ်စုနှစ်အတော်ကြာအောင် သိုသိုသိပ်သိပ် နားလည်ထားကြတဲ့အရာကို၊ ခေတ်ပညာတတ်များက စတင်ဆွေးနွေးလာကြတယ်။ ဒေါက်တာ မာတင် လူသာကင်း ဂျူနီယာနဲ့ ဗလီဆရာ မဲလ်ကွန်အတ်စ်တို့ကြား၊ လူသိများတဲ့ဇာတ်လမ်းတွေက ကျွန်တော်တို့ကို ယုံကြည်အောင် ပြုလုပ်ခဲ့သလိုမျိုး ရှေ့နောက်မညီ ဆန့်ကျင့်တာမျိုး သို့မဟုတ် ကွဲလွဲတာမျိုးတွေ၊ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး ဆိုတဲ့အရာကိုပါ။ တစ်ဦးချင်း တိုးတက် ရင့်ကျင်လာတာနဲ့အမျှ၊ အလားတူဖြစ်ရပ်မျိုးတွေ တိုးပွားလာရင်း၊ အမေရိကန်ပြည်ထောင်စုရဲ့ သဘောသဘာ၀အပေါ် သူတို့ရဲ့ စိတ်ဖြာလေ့လာချက်တွေနဲ့ ချဉ်းကပ်မှုအမျိုးစုံက အဲ့အရာကို ခုခံနိုင်စွမ်းရှိဖို့လိုအပ်ခဲ့တယ်။

အကြမ်းမဖက်တော်လှန်ရေးရဲ့ သီအိုရီက တိုက်ခိုက်မှုကနေ သိမ်မွေ့သော ကွဲပြားချက်တွေရှိတဲ့ အမြင်တစ်ရပ်ကို တောင်းဆိုပါတယ်၊ အကြမ်းမဖက်တော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေးတို့ကြား လုံး၀ခြားနားသောအရာများအပေါ် လိုထာထက်ပို အသားမပေးတဲ့အမြင်တစ်ရပ်ဖြစ်တယ် — နှစ်ခုလုံးက ပြုသမျှနုခြင်းကိုကော ထိပ်တိုက်တွေ့ခြင်းကိုပါ အားမပေးကြပါ။ ဒါက ခရစ်ယာန်ဂိုဏ်းချုပ် ဒတ်စမွန်တူးတူးရဲ့ လူသားချင်းစာနာထောင်ထားရေး ဒဿနကို လက်ခံယုံကြည်စေတယ်၊ လူသားတိုင်းရဲ့ လွတ်မြောက်ခြင်းဟာ ဖျောက်ဖျက်၍မရဘဲ ချိတ်ဆက်နေတယ်ဆိုတဲ့ အယူအဆပါ။ အကြမ်းမဖက်တော်လှန်ရေးရဲ့ ထောက်ခံအားပေးသူများဟာ မဟာဗျူဟာမြောက် အကြမ်းမဖက်ခြင်းရဲ့ ထိန်းသိမ်းလိုက်နာမှုတစ်ရပ်ကို ထည့်သွင်းရတယ်၊ ဒါပေမဲ့ အဲ့ဒီ ကန့်သတ်ချက်ကို သဘောတူညီမှု မရှိတဲ့လူတွေနဲ့လည်း အပြန်အလှန် ဆွေးနွေးခြင်းကို ကောင်းမွန်စွာ ထိန်းသိမ်းရပါမယ်။

Originally published in Beautiful Trouble.

အပြင်လောက ဥပမာများ

From Chiapas to Rojava: Seas Divide Us, Autonomy Binds Us

The struggles of the Kurds and Zapatistas share a similar purpose: to resist capitalism, liberate women, and build autonomy.

ပိုမိုလေ့လာရန်

Revolution in Guinea
Amílcar Cabral, 1970
On Revolution and Equilibrium
Barbara Deming, 1985
Revolutionary Nonviolence
David T. Dellinger, 1971
The Wretched of the Earth
Frantz Fanon, 2007
Towards Total Revolution
Jayaprakash Narayan, 1978