နည်းစနစ်

ကြားဝင်စွက်နှောက်ယှက်မယ့် နေရာများ

A local resident and grandmother holding a sign that says “stop now” chains herself to a tree, hoping her efforts at this point of destruction halt vegetation removal for a highway project in Australia. Photo: Jeremy Bannister

အတိုချုံးပြောရရင်

အရင်လိုပဲ စီးပွားရေးကို အနှောက်အယှက်ပေးဖို့ ဆောင်ရွက်နိုင်မယ့် ဖိအားပေးနိုင်တဲ့နေရာတွေကို ရှာဖွေသတ်မှတ်ပါ၊ အပြောင်းအလဲအတွက် ဖိအားပေးပါ။

အစများ

Patrick Reinsborough and the smartMeme Strategy and Training Project.

ကြားဝင်စွက်နှောက်ယှက်မယ့်နေရာများဟာ၊ ပစ်မှတ်ထားတဲ့ လှုပ်ရှားမှုတစ်ရပ်ဟာ စနစ်တစ်ခုရဲ့ လည်ပတ်နေမှုကို ထိထိရောက်ရောက် နှောက်ယှက်ပေးနိုင်ပြီး ပြောင်းလဲမယ့်လမ်းကို ဖွင့်ပေးတဲ့၊ စနစ်အတွင်းရှိ ထူးခြားသောနေရာများဖြစ်ပါတယ်။ ထိုအမျိုးမျိုးသောနေရာများကို နားလည်ခြင်းအားဖြင့်၊ စီစဉ်သူတွေဟာ အထိရောက်ဆုံး နှောက်ယှက်နိုင်မယ့် အကောင်းဆုံးနေရာတွေကို ဖော်ထုတ်ပြတဲ့ နည်းဗျူဟာတစ်ရပ်ကို ချမှတ်နိုင်ပါတယ်။

အစဉ်အလာအရ လူမှုလှုပ်ရှားမှုတွေဟာ၊ ကျွန်တော်တို့ ဘ၀တွေကို ပုံဖော်တဲ့ စနစ်အတွင်းရှိ ရုပ်ပိုင်းဆိုင်ရာနေရာတွေကို တိုက်ရိုက်လုပ်ဆောင်ခြင်းအားဖြင့်၊ နှောက်ယှက်လာခဲ့ကြတယ်။ သို့ပေမယ့်၊ ထိရောက်တဲ့ လုပ်အားစုစည်းခြင်း ကျယ်ပြန့်လာမှုနဲ့ မီဒီယာအားကောင်းလာမှုတို့ နှင့်အတူ၊ အယူအဆရေးရာအရ ကြားဝင်စွက်နှောက်ယှက်မယ့်နေရာတွေဟာ ပိုပိုပြီး အရေးကြီးလာပါတယ်။

အတွင်းသားထဲရှိနေတဲ့ အယူအဆနဲ့ အခြေခံတရားဝင်ဖြစ်နေမှုတွေကို ပိုပြီးလေးနက်တဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာဖို့ ၊စစ်မှန်ထိရောက်တဲ့ ကြားဝင်စွက်နှောက်ယှက်မှုတွေဟာ စနစ်တစ်ရပ်ကို ရိုးရိုးရှင်းရှင်းနှောက်ယှက်ခြင်းထက် ပိုတာသွားတယ်။ အခြေခံနင်းပြားလုပ်သားတွေရဲ့ စက်ရုံတစ်ရုံလို ရုပ်ပိုင်းဆိုင်ရာ စနစ်တစ်ရပ်ကို ကြားဝင်စွက်နှောက်ယှက်မှုဟာ ပစ်မှတ်ထားတာ ဖြစ်ပါစေ သို့မဟုတ် လူမျိုးရေးခွဲခြားမှု၊ လိင်အခြေပြုခွဲခြားမှု သို့မဟုတ် အတွေးအခေါ်စနစ်တစ်ခုတင်းကျပ်သော ဘာသာရေး အခြေခံ သဘောတရား ကို အတိအကျ လိုက်နာမှု တို့ကဲ့သို့ အယူအဆပိုင်းဆိုင်ရာ စနစ်တစ်ရပ်ကို ကြားဝင်စွက်နှောက်ယှက်မှုဟာ ပစ်မှတ်ထားတာ ဖြစ်ပါစေ ဒါဟာ မှန်ကန်ဆဲပါပဲ။

ကြားဝင်စွက်နှောက်ယှက်မယ့်နေရာတွေ ခြောက်မျိုးရှိပါတယ်။ ထုတ်လုပ်တဲ့ နေရာများ ( ဥပမာအားဖြင့်၊ စက်ရုံ)၊ ဖျက်စီးတဲ့နေရာများ ( သစ်တုံးပို့ဆောင်တဲ့လမ်း)၊ သုံးစွဲတဲ့နေရာများ ( လက်လီစတိုးဆိုင်)၊ အဆုံးအဖြတ်ပေးတဲ့နေရာများ ( ကော်ပိုရိတ်လုပ်ငန်းဌာနချုပ်)၊ ထင်မြင်ယူဆချက်ပေးတဲ့နေရာများ ( သမိုင်းဝင်ဇာတ်လမ်းတစ်ပုဒ် သို့မဟုတ် အရေးကြီးသော အထိန်းအမှတ်နေရာတစ်နေရာ)၊ အခွင့်အလမ်းပေးတဲ့နေရာများ ( ပြက္ခဒိန်ပါ အခါသမယ ပွဲများ)။

ထုတ်လုပ်တဲ့ နေရာများ

ထုတ်လုပ်တဲ့နေရာတွင် လှုပ်ရှားမှုဟာ အလုပ်သမားလှုပ်ရှားမှုရဲ့ အခြေခံအမြင်တစ်ရပ် ဖြစ်ပါတယ်။ အလုပ်သမားများဟာ သူတို့ကို တိုက်ရိုက် အကျိုးသက်ရောက်တဲ့ စီးပွားရေးစနစ်ကို ပစ်မှတ်ထားပြီး စုစည်းကြတယ်။ အဲ့ဒီ စနစ်ရဲ့ အားအနည်းဆုံး နေရာလည်း ဖြစ်တယ်။ သပိတ်တွေ၊ သပိတ်တားထားတဲ့ စည်းတွေ၊ အလုပ်ခွင် ကြန့်ကြာမှုတွေနဲ့ စက်ရုံခေါင်းဆောင်လွှဲပြောင်းမှုတွေဟာ ထုတ်လုတ်တဲ့နေရာတွေရဲ့ လှုပ်ရှားမှုအားလုံး ဖြစ်ပါတယ်။

အတွင်းသားထဲရှိနေတဲ့ အယူအဆနဲ့ အခြေခံတရားဝင်ဖြစ်နေမှုတွေကို ပိုပြီးလေးနက်တဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာဖို့ ၊စစ်မှန်ထိရောက်တဲ့ ကြားဝင်စွက်နှောက်ယှက်မှုတွေဟာ စနစ်တစ်ရပ်ကို ရိုးရိုးရှင်းရှင်းနှောက်ယှက်ခြင်းထက် ပိုတာသွားတယ်။

ဖျက်စီးတဲ့နေရာများ

ဖျက်စီးတဲ့နေရာ ဆိုတာ ဘေးအန္တရာယ် သို့မဟုတ် တရားမမျှတမှုတွေ အမှန်တကယ်ဖြစ်ပျက်နေတဲ့ နေရာ ဖြစ်ပါတယ်။ အရင်းအမြစ်တွေ ထုတ်ယူနေတဲ့နေရာတစ်ခု ဖြစ်နိုင်ပါတယ် ( မိုင်းခွဲတူးဖော်ခြင်း) သို့မဟုတ် ဖျက်စီးတဲ့နေရာက ထွက်တဲ့ အညစ်အကြေးတွေ စွန့်ပစ်တဲ့နေရာတစ်နေရာ ဖြစ်နိုင်ပါတယ် ( အညစ်အကြေးစွန့်ပစ်ခြင်း)။ တည်ဆောက်ပုံအရ၊ ဖျက်စီးတဲ့နေရာဟာ အမြဲတမ်း လူထုအာရုံစိုက်မှုရဲ့ အဝေးမှာ အမြဲတမ်းလိုလို ရှိပါတယ် — ဝေးလံခေါင်သီမှု၊ မကျူးကျော်အောင်ကန့်သတ်ထားမှုများ သို့မဟုတ် မသိရှိရမှုတို့နဲ့ ပျောက်ကွယ်အောင်ပြုလုပ်ထားတယ် — နိမ့်ကျသော လူ့အဖွဲ့အစည်းများကို အချိုးအစားမကျနစွာ အကျိုးသက်ရောက်ပြီးပြီ။ ဖျက်စီးတဲ့နေရာတွင် ကြားဝင်စွက်နှောက်ယှက်ခြင်းဟာ ဖျက်စီးခြင်းကို အချိန်တစ်ခဏ ရပ်တန့်နိုင်ပြီး ပိုမိုကြီးမားတဲ့ သဘောထားကွဲလွဲမှုတွေကိုလည်း ဖော်ပြနိုင်ပါတယ်။

သုံးစွဲတဲ့နေရာများ

သုံးစွဲတဲ့နေရာဆိုတာ၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ဟာ မတရားမှုနဲ့ ချိတ်ဆက်နေတဲ့နေရာ၊ ဖြစ်ပါတယ်။ သုံးစွဲတဲ့နေရာ-လှုပ်ရှားမှုများဟာ၊ သုံးစွဲသူတွေ သပိတ်မှောက်တာ နဲ့ စတိုးဆိုင်ရှေ့ ဆန္ဒပြမှုတွေဖြစ်တဲ့ အစဉ်အလာ လုပ်ဆောင်မှု၊ ဖြစ်ပါတယ်။ ကြော်ငြာအဖွဲ့အစည်းတွေကို ပစ်မှတ်ထားရင်း၊ သုံးစွဲတဲ့နေရာဟာ တစ်ခါတစ်ရံ သိသာမြင်သာတဲ့ လှုပ်ရှားမှုအတွက် ကြားဝင်စွက်နှောက်ယှက်မယ့်နေရာဖြစ်တယ်။ ဥပဒေပြဌာန်းသူတွေက နားမထောင်တဲ့အခါမျိုးမှာ၊ သုံးစွဲတဲ့နေရာ-လှုပ်ရှားမှုများဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ အာရုံစိုက်မှုကို ရရှိနိုင်မယ့် နည်းလမ်းကောင်းတစ်ရပ် ဖြစ်နိုင်ပါတယ်။

အဆုံးအဖြတ်ပေးတဲ့နေရာများ

ကမ်ပိန်းရဲ့တောင်းဆိုမှုတွေ ဆောင်ရွက်ဖို့ အာဏာတည်ရှိနေတဲ့နေရာ ဖြစ်တဲ့ အဆုံးအဖြတ်ပေးတဲ့နေရာဟာ တစ်ခါတစ်ရံ အသိသာအထင်ရှားဆုံး ကြားဝင်စွက်နှောက်ယှက်တဲ့နေရာဖြစ်ပြီး၊ ထို့အတွက်ကြောင့် မကြာခဏ ပစ်မှတ်အထားခံရဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျူးကျော်ရပ်ကွက်မြေပိုင်ရှင်ရဲ့ ရုံးခန်းဖြစ်ပါစေ၊ ကော်ပိုရိတ်လုပ်ငန်းရဲ့ ဘုတ်အဖွဲ့အစည်းအဝေးခန်းတွင် ဖြစ်ပါစေ၊ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးပွဲတစ်ပွဲတွင်ဖြစ်ပါစေ၊ အဓိက ဆုံးဖြတ်ချက်ချပေးသူတွေကို ဖိအားပေးဖို့၊ အဆုံးအဖြတ်ပေးတဲ့နေရာတွင်၊ အောင်မြင်သော ကမ်ပိန်းများဟာ လှုပ်ရှားမှုတစ်ဖုံဖုံကို အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။

ထင်မြင်ယူဆချက်ပေးတဲ့နေရာများ

ယူဆချက်များဟာ သဘောတရားရေးရာ အဆောက်အအုံ အုတ်ချပ်တွေပါပဲ၊ နိုင်ငံရေးယုံကြည်ချက် စနစ်များရဲ့ ဒီအန်အေ ဖြစ်တယ်။ သူတို့ကို မဆန်းစစ်ပဲထားရင် သူတို့က အကောင်းဆုံး လည်ပတ်နေတယ်။ အခြေခံယူဆချက်တွေကို၊ လူသူားတွေ နေထိုင်မှုအတွေ့အကြုံ သို့မဟုတ် အဓိကတန်ဖိုးတွေနဲ့ ဆန့်ကျင်တာအဖြစ် ဖော်ထုတ်နိုင်ရင်၊ သက်ဝင်ယုံကြည်မှုစနစ်တွေအကုန်လုံး ပြောင်းလွှဲသွားနိုင်တယ်။ ထို့ကြောင့် (see: STORY: Billionaires for Bush နဲ့ (see: STORY: Barbie Liberation Organizationတို့ကဲ့သို့၊ ကျယ်ကျယ်ပြန့်ပြန့် ဆုပ်ကိုင်ထားမိတဲ့ အယူအဆတွေကို ထုတ်ဖော် ပစ်မှတ်ထားတဲ့၊ လှုပ်ရှားမှုများဟာ၊ ကိစ္စတစ်ရပ်နဲ့ပတ်သတ်တဲ့ အကျယ်တဝင့် ရေးသား ဟောပြောချက်ကို ပြောင်းလဲပြီး နိုင်ငံရေးဆိုင်ရာ နေရာသစ်တစ်ခု ဖွင့်ပေးရာတွင်၊ အရမ်းအကျိုးသက်ရောက်နိုင်ပါတယ်။ သူတော်ကောင်းယောင်ဆောင်မှုကို ဖော်ထုတ်ခြင်း၊ ကိစ္စရပ်ကို ပြန်လည်ရှုမြင်သုံးသပ်ခြင်း၊ ဇာတ်ကြောင်းထဲ ကနဦးတွင် အသံပိတ်ခံထားရတဲ့ ဇာတ်ကောင်များရဲ့ အသံများကို တိုးချဲ့ပေးခြင်း သို့မဟုတ် ခြားနားတဲ့ အမြင်သစ်တစ်ခုကို ပေးခြင်း၊ အစရှိသည်တို့ကဲ့သို့ ထင်မြင်ယူဆချက်ပေးတဲ့နေရာ-လှုပ်ရှားမှုများဟာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေနိုင်ပါတယ်။ (see: THEORY: အနာဂတ်ကို စိတ်ကူးပုံဖော်ထားသော နိုင်ငံရေး

အခွင့်အလမ်းပေးတဲ့နေရာများ

တစ်ခါတလေ ပြက္ခဒိန်ပါပွဲများဟာ ခင်ဗျားရဲ့ အကြောင်းကို အာရုံစိုက်ခံရဖို့ သူမတူတဲ့ အခွင့်အရေးတွေ ပေးစွမ်းပါတယ်။ အဲ့တာတွေက ဘာသာရေး သို့မဟုတ် အထိမ်းအမှတ်နေ့စွဲတွေ(see: STORY: Gezi Park iftarဖြစ်နိုင်ပါတယ်၊ အမျိုးသား အားလပ်ရပ်တွေ ဖြစ်နိုင်ပါတယ် (see: STORY: Santa Claus Army၊ သို့မဟုတ် ခင်ဗျားရဲ့ ဒေသတွင်း၊ အထူးသီးသန့် လူပုဂ္ဂိုလ်အတွက် စီစဉ်ထားသော လည်ပတ်မှု သို့မဟုတ် ဟောပြောမှု ဖြစ်နိုင်ပါတယ် ( စီးအီအို သို့မဟုတ် ရွေးကောက်ထားတဲ့ အရာရှိ စသည်ဖြင့်) (see: STORY: မြန်မာနိုင်ငံတွင် အိုဘားမား ဘွဲ့နှင်းသဘင် ခမ်းမသို့ သွားရောက်ရာတွင် အနှောက်အယှက်ပေးခြင်း ။ အခွင့်အလမ်းပေးတဲ့နေရာကို ဖော်ထုတ်သတ်မှတ်ခြင်း နဲ့ နှောက်ယှက်ခြင်းများကို လိုက်လျောညီထွေစွာ အချိန်ကိုက်ဆောင်ရွက်ခြင်းတို့ဟာ၊ သိသာမြင်သာမှုကို ပိုမိုတိုးပေးနိုင်ပြီး၊ ဆုံးဖြတ်ချက်ချမှတ်သူများအပေါ် ထပ်ဆောင်းဖိအားပေးနိုင်ပါတယ်။

ဆန်းသစ်တဲ့ လှုပ်ရှားမှုကို လက်တွေ့အပြောင်းအလဲအဖြစ် ပြောင်းလဲရာတွင် သတိပြုရမယ့် နည်းဗျူဟာချမှတ်မှုတွေ လိုအပ်ပါတယ်။ ပစ်မှတ်ထားဖို့ အမျိုးမျိုး​ ဖြစ်နိုင်သော နေရာများကို သတ်မှတ်ထားခြင်းဟာ၊ ကြီးမားသောကမ်းပိန်နဲ့ လူမှုပြောင်းလဲရေးရည်မှန်းချက်များနှင့် ချိတ်ဆက်ထားသော လှုပ်ရှားမှုတွေကို ပုံဖော်ရာတွင် ကူညီပေးတဲ့၊ ကောင်းမွန်သော ပထမခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

Originally published in Beautiful Trouble.

ဘယ်လိုသုံးမလဲ။

  1. စာရွက်အကြီး ၆ ခုကို ပြင်ဆင်ထားပါ။ စာရွက်အကြီး တစ်ခုသည် ကြားဝင်လုပ်ဆောင်မည့် ကဏ္ဍ တစ်ခုချင်းစီအတွက်ဖြစ်သည်။ စာရွက်အကြီးများကို သင်တန်းခန်းမ ပတ်ပတ်လည်တွင် ကပ်ထားပါ။ စာရွက်အကြီးတစ်ခုနှင့်တစ်ခုအကြား နေရာလပ်ထားပါ။ စာရွက်အကြီးအပေါ်ဆုံးတွင် ကြားဝင်လုပ်ဆောင်မည့်ကဏ္ဍကို ရေးသား၍ ယင်းအောက်တွင် “နေရာ နှင့် လုပ်ဆောင်ချက်” အား ကော်လံ နှစ်ခု ခွဲ၍ ရေးသားနိုင်သည်။
  • ဆုံးဖြတ်ချက်ချခြင်းကဏ္ဍ

  • ဖျက်ဆီးခြင်းကဏ္ဍ

  • စားသုံးခြင်းကဏ္ဍ

  • ထုတ်လုပ်ခြင်းကဏ္ဍ

  • ယူဆချက်ကဏ္ဍ

  • အခွင့်အလမ်းကဏ္ဍ

  1. သင်တန်းတက်ရောက်သူများကို အဖွဲ့ငယ် ၆ ဖွဲ့အဖြစ် ဖွဲ့စည်းပေးပါ။ တစ်ဖွဲ့လျှင် ကြားဝင်လုပ်ဆောင်မည့် ကဏ္ဍတစ်ခုကို တာဝန်ယူရမည်။ ထို့နောက် အဖွဲ့များအား ၎င်းတို့ လုပ်ဆောင်လိုသည့် ကမ်ပိန်းအကြောင်းအရာတစ်ခုကို စဉ်းစား၍ လုပ်ဆောင်မည့် နေရာများကို နေရာ ကော်လံတွင် ရေးသားစေပါ။

  2. အဖွဲ့တစ်ဖွဲ့ချင်းစီအား နောက် စာရွက်အကြီးရှေ့သို့ ရွှေ့ပြောင်းစေပြီး အလားတူ လေ့ကျင့်ခန်း ကို လုပ်ဆောင်စေပါ။ အဖွဲ့များအား ဆက်တိုက်ကပ်ထားသော စာရွက်အကြီးများရှေ့သို့ ရွှေ့ပြောင်း၍ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းဖြင့် အချိန်သက်သာစေမည် ဖြစ်သည်။

  3. သုံးကြိမ် သို့မဟုတ် လေးကြိမ်ခန့် ရွှေ့ပြီးသည့်အခါ အဖွဲ့များအား လုပ်ဆောင်ချက် ကော်လံသို့ ပြောင်းလဲလုပ်ဆောင်စေပါ။ အဖွဲ့များသည် နေရာ ကော်လံတွင် ရေးသားထားသည်ကို ကြည့်ရှု၍ သက်ဆိုင်သည့် လုပ်ဆောင်ချက် စိတ်ကူးများကို ဖြည့်သွင်းရေးသားနိုင်မည် ဖြစ်သည်။

  4. နောက်ဆုံးတွင် အဖွဲ့များအား လွတ်လွတ်လပ်လပ်သွားလာစေ၍ လုပ်ဆောင်စေပါ။

  5. ထို့နောက် သင်တန်းတစ်ခုလုံးအနေဖြင့် ကြားဝင်လုပ်ဆောင်ခြင်း စာရွက်အကြီး တစ်ခုချင်းစီ ရှေ့တွင် သွားရောက်၍ ကြည့်ရှုစေပါ။ ရေးသားထားသည်များကို ဖတ်ရှုစေ၍ (တစ်ဦးချင်းစီ ဖတ်ရှုခြင်း သို့မဟုတ် အသံထွက်ဖတ်ရှုစေခြင်း) မေးမြန်းရမည်မှာ - ဘာတွေကိုထင်ထင်ရှားရှားတွေ့နိုင်လဲ။ ထပ်ထည့်ချင်တဲ့ စိတ်ကူးအသစ်တွေရှိလား။ မည်သည်တို့ကို ချက်ချင်းအသုံးပြုနိုင်ပါမည်နည်း။ ဘာတွေကိုရည်မှန်းထားလဲ စသည်တို့ဖြစ်သည်။

ပိုမိုလေ့လာရန်