အတိုချုံးပြောရရင်
အိုးခွက်ပန်းကန်တွေတီး၊ ဝီစီတွေမှုတ်၊ ဟွန်းတွေတီး၊ ဆဲလ်ဖုန်းခေါ်သံ ringtone တွေမြည်စေကာ၊ ဆူညံသံတွေ အများကြီး အလုံးအရင်းဖြင့် ပြုလုပ်ပြီး သင့်ရဲ့ တော်လှန်ရေးရဲဘော်တွေ ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်း ကြားကြရပါစေ။
မင်းနဲ့ ကိုယ်နဲ့ ခြားနားတဲ့ ဒရမ်ရဲ့ မြည်သံရှိရာဆီ ခရီးထွက်ကြတယ်။
— Linda Ronstadt
၂၀၁၂ ခုနစ်၊ မေလရဲ့ မွန့်ရီးရဲလ် နွေဦးညတစ်ည ရှစ်နာရီ ထိုးတဲ့အချိန်၊ နေဝင်ရီတရောမှာကြားရတဲ့ ပုရစ်သံတွေလို အသံတစ်သံ ပေါ်ထွက်လာတယ်။ အဝေးတစ်နေရာရာက သံပုံးတီးသံ၊ ပိုပိုတိုးလို့လာပြီး အိုးခွက်ရိုက်သံတွေ လေထဲအပြည့် ကျွက်ကျွက်ညံသွားတဲ့အထိ၊ ပျံ့နှံ့သွားတယ်။ တစ်မြို့လုံး လူပေါင်းသောင်းကဏန်းဟာ အဲ့ဒီညက မီးဖိုချောင်သုံးပစ္စည်းတွေ ဆွဲကိုင်လို့ လမ်းတွေဆီ ထွက်လာကြတယ်၊ နောက်ထပ်ရက်ပေါင်းများစွာလည်း နောက်ကလိုက်လာတယ်။ ဒါဟာ မြောက်အမေရိကမှာ မြင်တွေ့ဖူးသမျှ၊ အကြီးမားဆုံး သံပုံးတီးဆန္ဒပြပွဲပါပဲ၊ စပိန်လိုဆိုရင် ကာဆဲရိုလာဇို၊ ပြင်သစ်လိုဆိုရင် လက်စ်ကာဆဲရိုလ်စ် လို့ ခေါ်ပါတယ်။
ကန့်ကွက်ဆန္ဒပြတဲ့ နည်းဗျူဟာတစ်ရပ်အနေနဲ့၊ ကာဆဲရိုလာဇိုဟာ၊ ၁၉၇၀ခုနစ်များတွင် နိုင်ငံတကာရဲ့ ထင်ပေါ်ကျော်စောမှုတွေ ဦးစွာရရှိခဲ့တယ်၊ ချီလီနိုင်ငံတွင်၊ Augusto Pinochet ရဲ့ အမေရိကန် ကျောထောက်နောက်ခံ စစ်အာဏာသိမ်းမှုအတွင်း၊ ရက်စက်ကြမ်းကြုတ်တဲ့ထိန်းချုပ်မှုအောက်၊ ကာဆဲရိုလာဇိုဟာ လူသိများတဲ့ သဘောထားကွဲလွဲမှုတွေကို ဖော်ပြတဲ့ ခွန်အားရှိတဲ့နည်းလမ်းတစ်ရပ် ဖြစ်လာတယ်။ အာဂျင်တီးနားနိုင်ငံရဲ့ ၂၀၀၁ ခုနစ် နီရိုလစ်ဘရယ် ဘဏ္ဍာရေးအကျပ်အတည်းကာလတွင်၊ အဲ့တာဟာ ထပ်မံထင်ပေါ်ကျော်စောလာခဲ့တယ်။ ၂၀၁၂ ခုနစ် ကျူဘက်ကျောင်းသားသပိတ်အတွင်းတွင်(see: STORY: Québec Student Strike၊ ဒီနည်းဗျူဟာကို တွင်တွင်ကျယ်ကျယ် လက်တွေ့အသုံးချခဲ့တယ်။
မကျေနပ်ချက်တွေ မျှဝေကာ ကာဆဲရိုလာဇိုကို မောင်းနှင်တယ်၊ နည်းဗျူဟာက အခြေခံအားဖြင့် လူတိုင်း ပါဝင်လာနိုင်ပြီး၊ ဒီမိုကရေစီ ဆန်တယ်။
ထပ်မံပြီးတော့၊ နောက်နှစ်မှာလည်း တူရကီတွင်၊ ပျံ့နှံ့နေတဲ့ အစိုးရခြစားခြင်းနဲ့ ရဲချုပ်ထိန်းမှုတွေကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြသပိတ်များအတွင်း အသုံးပြုခဲ့တယ်။
အကြားအာရုံနဲ့ ဆိုင်တဲ့ အင်အားမျိုးကို ပေးလိုက်ရင်၊ လုံလောက်တဲ့ ပမာဏရှိတဲ့ ကာဆဲရိုလာဇိုဟာ၊ လူတွေကို လမ်းပေါ်ဆွဲခေါ်ရာမှာနဲ့ အများပြည်သူနဲ့သက်ဆိုင်ရာနေရာတွေမှာ လူစုရာမှာ(see: TACTIC: လူအများကြီးပါတဲ့ ဆန္ဒပြပွဲတွေ၊ မယုံနိုင်လောက်အောင် အကျိုးရှိနိုင်ပါတယ်။ ဘာကုန်ကျစရိတ်မှမရှိဘူး၊ နဂို တက်ကြွလှုပ်ရှားသူအဖြစ် လေ့ကျင့်ထားစရာတွေ၊ ကျွမ်းကျင်မှုတွေ (see: PRINCIPLE: ရိုးရှင်းသော စည်းမျဥ်များမှ ကြီးမားသော ရလဒ်များပေးစွမ်းနိုင်သည် မလိုအပ်ဘူး၊လမ်းပေါ်မထွက်ပဲ ပြတင်းပေါက်ကနေ ကုန်းထွက်ရင်း၊ အိုးခွက်ပန်ကန်တွေကို တစ်ကိုယ်တည်း တီးနေရုံနဲ့ လူတွေက ပါဝင်နိုင်တယ်။ မီးဖိုချောင်သုံးပစ္စည်းတွေသာမကပဲ၊ ဟွန်းတွေ၊ ဝီစီတွေ၊ ဖုန်းမြည်သံတွေနဲ့ စသည် စသည်ဖြင့်၊ ဆူညံသံထွက်စေတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းဖြင့် နည်းဗျူဟာကို ချဲ့ထွင်လာပါတယ်။ (see: PRINCIPLE: အခွင့်အလမ်းများစွာ ဖန်တီးပါ။
အမြန်နှုန်း၊ နည်းဗျူဟာက ဖြန့်ကျက်နိုင်တဲ့ အလိုအလျောက်ဖြစ်ခြင်းနဲ့ ထွက်လာတဲ့ ဆူညံသံတို့ကို ပေးစွမ်းလိုက်ရင်၊ အောင်မြင်သော ကာဇဲရိုလာဇိုဟာ ဆန္ဒပြသူတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို မျက်စိလည်လမ်းပျောက်စေပါတယ်။ ကာဇဲရိုလာဇိုဆန္ဒပြပွဲတစ်ပွဲဟာ ပြောင်းလွယ်ပြင်လွယ်ပြီး ဗဟိုချုပ်ကိုင်မှုကင်းမဲ့တယ်။ လူထုလမ်းမဆန္ဒပြပွဲများအတွင်း၊ ၎င်းကို လက်တွေ့အသုံးချနိုင်သလို၊ အနှောက်အယှက်တစ်ရပ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်၊ ဥပမာအားဖြင့်ပြောရရင်၊ နိုင်ငံရေးသမားတစ်ယောက်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ပွဲ ဒါမှမဟုတ် အသင်းအဖွဲ့ နေ့လည်စာစားပွဲတစ်ပွဲတို့မှာပါ။ (see: TACTIC: ထိုးထွင်းတီထွင်တတ်သော နှောက်ယှက်မှု တေးဂီတအားဖြင့်၊ ၎င်းဟာ ဆူညံ ပရမ်းပတာနိုင်ပြီး အနှောင်အဖွဲ့မရှိတဲ့အသံကနေ ပိုပြီးစုစုစည်းစည်းရှိတဲ့ ကာရန်တွေအထိ တာသွားနိုင်ပါတယ်။ နည်းဗျူဟာဟာ အသက်အရွယ်မရွေးအတွက် စိတ်ဝင်စားစရာဖြစ်ပြီး၊ အထူးသဖြင့် ကလေးတွေနဲ့ ပိုပြီး အောင်မြင်ပါတယ်၊ လူကြီးတွေထက်တောင် သူတို့က အိုးခွက်ပန်းကန်တွေကို တီးရတာ ပိုကြိုက်နှစ်သက်တယ်လေ။
rotest the illegal extension of the Parliament’s term (see: STORY: လွှတ်တော်တွင် ဟွန်းတီးခြင်း.
လက်တင်အမေရိကတွင် ထင်ရှားအကျော်ကြားဆုံး နည်းဗျူဟာ မူလအစက မီးဖိုချောင်သုံး ပစ္စည်းတွေ အသုံးပြုပြီး စတင်ခဲ့ရာက၊ ဟွန်းတွေ၊ ဝီစီတွေ၊ ဖုန်းမြည်သံတွေနဲ့ စသည် စသည်ဖြင့်၊ ဆူညံသံထွက်စေတဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းဖြင့် ချဲ့ထွင်နိုင်ပါတယ်။ ဥပမာအားဖြင့် လက်ဘနွန်နိုင်ငံတွင် တရားမဝင် လွှတ်တော်သက်တမ်းတိုးခြင်းကို ဆန္ဒပြရန် လွှတ်တော်အမတ်များရဲ့ မြင်ကွင်းရှေ့ လွှတ်တော်လေးဒေါင့်ကွက်တွင် လူတွေဟာ လေမှုတ်တူရိယာတွေအပြင် ကားဟွန်းတွေ အသုံးပြုခဲ့ကြပါတယ်။ (see: STORY: လွှတ်တော်တွင် ဟွန်းတီးခြင်း
အဓိကအခြေခံမူ
အပြင်လောက ဥပမာများ

Protesters in Buenos Aires use cacerolazo in a demonstration against increased inflation, high crime rates, and widespread corruption.