အတိုချုံးပြောရရင်
သင့်အသိုင်းအဝိုင်း၏ ယဉ်ကျေးမှုနှင့် စိတ်နေသဘောထားကို သင်ပိုနားလည်လေလေ၊ သင့်လှုပ်ရှားမှုပိုအောင်မြင်နိုင်လေလေဖြစ်သည်။
သင့်လှုပ်ရှားမှုအတွက်စည်းရုံးချင်သော အသိုင်းအဝိုင်း၏ယဉ်ကျေးမှုကို သင်ပိုမိုသိရှိနိုင်လေလေ သင်ပေးချင်သည့် သတင်းစကားသည် ပိုပေါက်ရောက်မှုရှိနိုင်လေလေဖြစ်သည်။ ဥပမာ - အပြောင်းအလဲတစ်ခုခုရှိရင် သူတို့ဘယ်လိုတုံ့ပြန်တတ်လဲ၊ သတင်းအချက်အလက်အသစ်များကို သူတို့ဘယ်လိုနားလည်လက်ခံလဲ၊ ဘယ်အရာတွေကသူတို့အတွက်အရေးကြီးလဲ စသည့်အချက်အလက်များကို သိထားသင့်ပါသည်။
ဥပမာအားဖြင့် သင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူငယ်များနှင့် Facebook ပေါ်တွင်တွေ့ဆုံလိုပါက — သို့မဟုတ် နေရာစုံက လူငယ်များနှင့် တွေ့ဆုံလိုပါက- ညအချိန်(၁၁)နာရီလောက်ကိုရွေးလိုက်ခြင်းက သင့်တော်ပါသည်။ ဘာကြောင့်လဲဆိုရင် အဲဒီ့အချိန်တွင် လူငယ်တော်တော်များများက online ပေါ်မှာ ရှိတတ်ကြပြီး ပို့စ်တင်လိုက်မည်ဆိုပါက ပို့စ်ကို လူအများအပြားတွေ့ကြမည် ဖြစ်သည်။ နောက်ဥပမာတစ်ခုမှာ လော့စ်အိန်ဂျလိစ်မြို့ရှိ အာဖရိကန် - အမေရိကန်ရပ်ကွက်များတွင် အရေးကြီးသော ကျန်းမာရေးအသိပညာများ ဖြန့်ဝေရန်လိုသောအခါ ကျန်းမာရေးဝန်ထမ်းများသည် ရပ်ကွက်ကလူများ၏ ယုံကြည်မှုကိုရရှိထားသော ဆံပင်ညှပ်ဆိုင်များနှင့် အလှပြင်ဆိုင်များမှတစ်ဆင့် အသိပညာများ ဖြန့်ဝေရန်အတွက် ရွေးချယ်ခဲ့ကြပါသည်။
တစ်ခါတစ်ရံတွင် အကောင်းဆုံးချဉ်းကပ်မှုသည် သိသာထင်ရှားပြီး တစ်ခါတစ်ရံတွင် အကောင်းဆုံးချဉ်းကပ်မှုကိုသိရှိနားလည်နိုင်ရန်အတွက် သုတေသနပြုလုပ်ရန်နှင့် တီထွင်ဖန်တီးနိုင်မှု ရှိရန်လိုအပ်ပါသည်။ မည်သို့ပင်ဆိုစေ၊ သင့်လှုပ်ရှားမှုအတွက်စည်းရုံးချင်သော အသိုင်းအဝိုင်း ယဉ်ကျေးမှု၊ ယုံကြည်ချက်၊ ဓလေ့ထုံးတမ်းများနှင့် စိတ်ပညာကို သင်ပိုမိုနားလည်လေလေ၊ သင့်ရဲ့လှုပ်ရှားမှုသည် ပိုထိရောက်နိုင်လေလေဖြစ်သည်။
အပြင်လောက ဥပမာများ

Q: What if Every Beauty and Barbershop was a Community Health Resource Center? A: Everyone would have resources.