အတိုချုံးပြောရရင်
Hashtag ဗျူဟာကို ရွေးပြီး ပြောတဲ့အကြောင်းအရာနောက် ခြေရာကောက်ကြမယ်ဆိုရင် တွစ်တာမှာဖြစ်ဖြစ်၊ တခြား ဆိုရှယ် မီဒီယာတွေမှာ ဖြစ်ဖြစ် ဒီဘိတ်တွေ လုပ်၊ ကိုယ့်ကို ထောက်ခံသူတွေ များလာအောင် လုပ်လို့ရတယ်။
ကမ္ဘာပေါ်မှာ သန်းပေါင်းရာချီတဲ့လူတွေဟာ ဆိုရှယ်နက်ဝက်ကို သုံးနေကြတာမို့ ဇာတ်ကြောင်းသဖွယ်ပြောတဲ့ နည်းဗျူဟာကို သုံးတဲ့ တက်ကြွလှုပ်ရှားတဲ့ အုပ်စုတွေဟာ hashtag ကမ်ပိန်းကို ပိုသုံးလာကြ၊ အားကိုးလာကြပြီး စကားဝိုင်းတွေ လုပ်ကြ၊ လူတွေ စုဝေးတာတွေ လုပ်လာကြတယ်။
ဒါနဲ့ နေပါအုံး hashtag ဆိုတာ ဘာတုန်း။ တွစ်တာမှာ “#” သင်္ကေတလေးနဲ့ စကားစု တရပ်ကို ပေါင်းပြီး လူပေါင်းစုံရေးထားတဲ့ ပိုစ့်တွေကို ချိတ်ဆက်တာဖြစ်တယ်။ ဥပမာ #BringBackOurGrils ဆိုတဲ့ စကားစုက ဘိုဂိုဟာရမ်တွေ ပြန်ပေးဆွဲသွားတဲ့ နိုင်ဂျီးရီးယမ်း မိန်းကလေး ၂၀၀ ကို ပြန်လွတ်ပေးဖို့ တောင်းဆိုတာဖြစ်ပြီး၊ #Kony2012 ကတော့ စစ်ရာဇဝတ်ကောင်၊ အ နိုင်ငံတကာ ခုံရုံးက အလိုရှိနေတဲ့ Joseph Kony ဖမ်းပေးဖို့ တောင်းဆိုကြတာြဖစ်တယ်။ hashtag သုံးပြီး တင်လိုက်တဲ့ ပိုစ့်တွေ၊ ရှဲယ်လိုက်တဲ့ ပိုစ့်တွေ အားလုံးကို တနေရာတည်းမှာ စုကြည့်နိုင်ပြီး လူတိုင်းလည်း မြင်ရတဲ့ စကားဝိုင်းတွေအဖြစ် အသုံးချလို့ရတယ်။ hashtag ကို ဘယ်လိုရေးရမယ်ဆိုပြီး ကြိုတင်သက်မှတ်ထားတာ မရှိတဲ့အတွက် တွစ်တာမှာ လွတ်လွတ်လပ်လပ် အသုံးပြုလို့ရတယ်။ အချိန်တိုင်းမှာ ကိုယ်ဖန်တီးရေးသားချင်သလို ဖန်တီးလို့ရတယ်။ #NowDoAHappyDanceToCelebrate
Hashtag သည် ဆွေးနွေးသည့် အကြောင်းအရာကို ကွဲပြားစေပြီး မည်သည်က မိမိအား ချိန်းခြောက်နေသည်ကို ကောင်းစွာ မြင်လာစေသည်။
Hashtag ကမ်ပိန်းဆိုတာက hashtag ကို ဗျူဟာကျကျသုံးပြီး ပြောချင်တဲ့ အကြောင်းအရာကို ဘောင်ခတ်တာ၊ စကားကြောင်းတာ၊ စကားလမ်းကြောင်းကို သော့ချက်နေရာရောက်အောင် လုပ်တာတွေ လုပ်လို့ရတယ်။ hashtag ကို သေသေချာချာ ရွေးသုံးပါက ကိုယ့်နိုင်ငံရေး ရပ်တည်ချက်ကို တန်ဖိုးမြှင့်တင်နိုင်ပြီး ဆွေးနွေးမှုများတွင် လူများကို ကိုယ့်ဘက်ပါအောင် သိမ်းသွင်းနိုင်မည်ဖြစ်သည်။
အများအားဖြင့်တော့ hashtag သုံးပြီး ဆွေးနွေးတဲ့ အကြောင်းအရာကို ကွဲပြားသွားစေတာပဲ။ လူတွေ ပါဝင်ဆွေးနွေးလာအောင် လှုံဆော်ပေးလိုက်ပြီး ရပ်တည်တဲ့ ဘက်ကို ကွဲကွဲပြားပြား သိသွားနိုင်တယ်။ ဥပမာ ၂၀၁၁ ခုနှစ် UK Uncut လှုပ်ရှားမှု လှုံဆော်သူတွေဟာ Vodafone ဆိုင်တွေ ရှေ့မှာ ပြည်သူအသုံးစရိတ်ထက် ကော်ပိုရေးရှင်း အခွန်ကောက်ခံခြင်းကို ပိုအာရုံစိုက်လာစေရန် ဆန္ဒပြကြတယ်။ ထိုလှုပ်ရှားမှုကို #UKUncut လှုပ်ရှားမှုဖြင့် လှုပ်ရှားကြသည်။ hashtag ကို အသုံးပြုကြသည့် လှုပ်ရှားတတ်ကြွသူများသည် ဆွေးနွေးပွဲကို အဖြူအမဲသဲကွဲစေပြီး မိမိဘက်ကို ပါလာစေရန် စည်းရုံးနိုင်စွမ်းလည်း ရှိသည်။
ကိုယ်စသုံးလိုက်တဲ့ hashtag ဟာ ကိန်းဂဏန်း မည်မျှအထိ မဆိုရောက်သွားနိုင်သည်။ [ဇာတ်ကြောင်းပြော သုံးသပ်မှု ပါဝါ]() ကို လမ်းညွန်မှု အနေနဲ့ သုံးခြင်းဖြင့် ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုကို ဘက်ကွဲအောင်ပြုလုပ်နိုင်သည်။ သနားစာနာစရာ ဇာတ်ကောင် (ဘိုဂိုဟာရမ်များ ဖမ်းစီး ခံရသည့် နိုင်ဂျီးရီးယမ်း မိန်းကလေးများကဲ့သို့) သို့မဟုတ် လူဆိုး လူကြမ်း (ကိုနီကဲ့သို့) သို့မဟုတ် မိမိတို့ ကိုယ်တိုင် ကြုံတွေ့နိုင်သည့် အခက်အခဲ ပဋိပက္ခ (Wall street ကဲ့သို့) အရာများကို ပေါ်လွင်ထင်ရှားလာနိုင်စေသည်။
Hashtag သည် ဆွေးနွေးသည့် အကြောင်းအရာကို ကွဲပြားစေပြီး မည်သည်က မိမိအား ချိန်းခြောက်နေသည်ကို ကောင်းစွာ မြင်လာစေသည်။ အကျအန ရွေးချက်အသုံးပြုလိုက်သည့် hashtag သည် မိမိ၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ဆက်စပ်နေသည့် တန်ဖိုးများကို အပြုသဘောြဖင့် သက်မှတ်ပေးလိမ့်မည်။ ဆွေနွေးပွဲများတွင် မိမိဘက်ကို ထောက်ခံသူ ပိုများလာစေရန်လည်း အထောက်အကူပေးလိမ့်မည်။
Adapted from “Hashtag politics,” originally published in Beautiful Trouble.
အဓိကသီအိုရီ
ကမ်ပိန်းတခု အောင်မြင်ဖို့ အနိုင်ရနိုင်တဲ့ ဘောင်တခု ဆွဲနိုင်ဖို့ အရေးကြီးတယ်။ ဆိုရှယ်မီဒီယာတွေ အရေးပါလာတဲ့ ကမ္ဘာမှာ ကိုယ့်ကမ်ပိန်းတခု စီစဉ်ဖို့ hashtag ကို ဗျူဟာကျကျနဲ့ အကွက်မြင်မြင်နဲ့ ရွေးထားနိုင်ဖို့လိုတယ်။ ဆိုရှယ်မီဒီယာမှာ ပေါက်နေတဲ့ စကားဝိုင်းတွေနဲ့ အချိတ်အဆက်မိအောင် လုပ်ဖို့လည်း လိုတယ်။
အပြင်လောက ဥပမာများ

“The world united in outrage over the 276 girls abducted in Chibok by Boko Haram. But was it activism or clicktivism?”