ဇာတ်လမ်း

ကုလားအုတ်တိုက်ပွဲ

This Chris Hondros/Getty image effectively dramatized the clash between protestors and baltajiah, helping to galvanize popular opposition to the Mubarak regime in a crucial phase of the uprising.

အတိုချုံးပြောရရင်

တာ့ခ်ဟရီးရင်ပြင်တွင် ဆန္ဒပြသူတွေကို စစ်အစိုးရ လက်အောက်ခံ ကုလားအုတ်စီးလူရမ်းကားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ အီဂျစ်တော်လှန်ရေးတွင် အလှည့်အပြောင်းတစ်ရပ် ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေကို ထောက်ခံသူ များပြားလာစေကာ မူဘာရက် ပြုတ်ကျဖို့အရေးဆီ ဦးတည်သွားခဲ့တယ်။

၂၀၁၁ ခုနစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့တွင် ကိုင်ရိုမြို့ အချက်အချာ တာခ်ဟရီးရင်ပြင်ကို နေရာယူထားတဲ့ ဆန္ဒပြသူ လူထုကြီးကို နှောက်ယှက်ရန် ကြမ်းတမ်းရမ်းကားသော ကြိုးပမ်းမှုတွင်၊ ဗယ်တဂျီအာ (လူရမ်းကား)ထောင်ဂဏန်းဟာ ကျောက်ခဲတွေ၊ ဓားတွေ၊ မိုလိုတော့ဗ်ကော့တေးတွေ သုံးပြီး ဆန္ဒပြသူတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အများအပြားက ကုလားအုတ်တွေ၊ လားတွေနဲ့ မြင်းတွေ စီးပြီး ဆန္ဒပြသူတွေကို တိုက်ခိုက်ဖို့ ဓားတွေ၊ တုတ်တွေ၊ ကြာပွတ်တွေ အသုံးပြုခဲ့ကြတယ်။ နောက်တစ်နေ့ တိုက်ခိုက်မှုတွင်မူ လက်နက်ခဲယမ်းများနဲ့ ရာဘာကျည်များပါဝင်လာပြန်ပါတယ်။

တော်လှန်ရေးကာလအလွန် အချက်အလက်ရှာဖွေရေးကော်မတီ၏ ပဏာမအစီရင်ခံစာများအရ၊ အုပ်ချုပ်ရေး၏အဓိကအဖွဲ့ဝင်များဟာ တိုက်ပွဲကို ဦးဆောင်တဲ့ ဗယ်တဂျီအာရဲ့ နောက်ကွယ်မှာရှိတာကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ အာဏာလက်ဝယ်ရှိသူများအဖို့ သူတို့ရဲ့ ညစ်ပတ်တဲ့အလုပ်တွေခိုင်းစေရန်အလို့ငှာ အရပ်သားလူမိုက်များ ရရှိဖို့ ဘယ်လောက် အဆင်ပြေချောမွေ့သလဲဆိုတာကို ထပ်မံ ထင်ရှားစေခဲ့ပြန်ပါတယ်။

လူထုရဲ့ ဆင်းရဲဒုက္ခအခြေအနေကို လူထုက ပြန်လည် တုံ့ပြန်ပေးခဲ့တယ်။

တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်က တော်လှန်ရေးကို ဖျက်သိမ်းပစ်ဖို့ ဖြစ်ခဲ့သော်လည်း တော်တော်လေး ဆန့်ကျင်ဘက်အရာဟာ ဖြစ်ပျက်ခဲ့တယ်၊ အဲ့ဒီအစား တိုက်ခိုက်မှုဟာ ကိုယ်ချင်းစာနာမှုအများအပြားနဲ့ ထောက်ခံမှုအများအပြားကို ပေါ်ထွက်လာစေခဲ့တယ်။ ဆန္ဒပြသူ တစ်ဒါဇင်နီးပါး သတ်ဖြတ်ခံရမှုနဲ့ လူ ၂၀၀၀ ထိခိုက်ဒဏ်ရာရရှိမှုဟာ လူထုရဲ့ ဒေါသကို ဖန်တီးခဲ့ကာ လူပေါင်း သန်းနဲ့ချီကို လမ်းပေါ်ထွက်လာစေခဲ့ပြီး တာခ့်ဟရီးရင်ပြင် ထိုင်သပိတ်ကို ပူးပေါင်းလာစေခဲ့တယ်။ ကိုးရက်အကြာမှာ ဆယ်စုနှစ်များအကြာ အာဏာရှင် ဟော်စ်နီမူဘာရက်ကို ဖြုတ်ချဖို့ တွန်းအားပေးခဲ့တယ်။

ကုလားအုတ်တီုက်ပွဲဟာ အီဂျစ်တော်လှန်ရေးရဲ့ အလှည့်အပြောင်းကာလတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာဟာ တစ်ခြားနည်းလမ်းဆီ သွားနိုင်ခဲ့တယ်။ ဘယ်အချက်တွေက လူထုအောင်ပွဲတစ်ရပ်ကို ဖြစ်စေခဲ့သလဲ။ တစ်ချက်ကတော့ ဆန္ဒပြသူတွေရဲ့ ကြံကြံခံနိုင်မှုနဲ့ ရဲရင့်မှု ဖြစ်ပါတယ်။ တိုက်ခိုက်မှုကို ဆောင်ရွက်ဖို့ လူမိုက်တွေဟာ တစ်ယောက်ကို အီဂျစ်ပေါင် ၂၀၀ စီရရှိခဲ့တယ်၊ ဒါပေမယ့် “ ပေါင်မုန့်၊ လွတ်လပ်မှုနဲ့ လူမှု တရားမျှတရေး ” ဆိုတဲ့ သူတို့ အခွင့်အရေးတွင် ဆန္ဒပြသူတွေရဲ့ ကြီးမားသော ယုံကြည်မှုက အခြား ငွေကြေးဆွဲဆောင်မှုတွေထက် ပိုမို ခွန်အားကြီးမားကြံ့ခိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုကို ကိုင်စွဲထားနိုင်ခဲ့ရုံသာမကပဲ၊ တိုက်ခိုက်လာမှုကို အရင်းပြုလို့ တော်လှန်ရေးကို ကြီးမား ကျယ်ပြန့် အရှိန်အဟုန် မြင့်တက်လာအောင် ဆောင်ရွက်ခဲ့ကြပါတယ်။

ရင်ပြင်မှာ နေရာယူသိမ်းပိုက်ထားတဲ့ ပထမ ခုနစ်ရက်တွင်၊ အုပ်ချုပ်သူတွေဘက်က ညှိနှိုင်းဖို့ ဘာ လက္ခဏာမှမပြဘူး။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကနေ အကျိုးမဖြစ်ထွန်းဘူးလို့ လူတွေ စတင်ခံစားလာကြတယ်။ ဒါပေမယ့် တိုက်ခိုက်မှုက ဘာကိုပြသသလဲဆိုရင် အုပ်ချုပ်ရေးယန္တရားဟာ ခြောက်ခြားနေပြီး ရွေးချယ်စရာလမ်း ကုန်ဆုံးသွားခဲ့တာကို ပြသနေပါတယ်။ (see: PRINCIPLE: The real action is your target's reaction ပေတရာပေါ်မှာသွေးတွေစွန်းခဲ့ပေမယ့် ဆန္ဒပြသူတွေကို ကြီးမားတဲ့ စိတ်အားတက်ကြွမှုတွေ ပေးခဲ့တယ်။

.

ဆန္ဒပြသူတွေဟာ သူတို့ရဲ့ အပေါင်းအသင်းတွေနဲ့ ဆွေမျိုးတွေကို စတင် ခေါ်ကြတယ်၊ လူသွားလမ်းတွေတလျောက် ချီတက်ကြတယ်၊ သူတို့ကို ကယ်တင်ဖို့ အီဂျစ်ညီအစ်ကိုမောင်နှမတွေကို မေတ္တာရပ်ခံကြတယ်၊ သူတို့ ကယ်တင်ခဲ့ကြပါတယ်။ အုပ်ချုပ်သူတွေရဲ့ ရက်စက်ကြမ်းတမ်းမှုတွေဟာ ကိုယ့်အိမ် ခြံစည်းရိုးမှာထိုင်ပြီး တော်လှန်ရေးကို အဝေးကကြည့်နေကြတဲ့ လူထောင်ပေါင်းများစွာကို လှုံဆော်ခဲ့ပြီး လမ်းပေါ်ထွက်လာစေကာ တာခ်ဟရီးရင်ပြင်ရှိ ထိုင်သပိတ်ကို ပူးပေါင်းလာစေခဲ့တယ်။ (see: PRINCIPLE: စိတ်စွမ်းအား စိတ်ခွန်အား ပြည့်ဝနေမှ ဒေါသစိတ်ကို အကောင်းဆုံး အသုံးချနိုင်မယ်။

ဖေဖော်ဝါရီ ၂ရက်နေ့ အရုဏ်တက်တွင်၊ လူမိုက် ၃၀၀၀၀ နဲ့ ဆန္ဒပြသူ ၂၅၀၀၀ ရှိတယ်။ နေ့လည်ဘက်ရောက်တော့၊ ဆန္ဒပြသူအရေအတွက်ဟာ ၃၀၀၀၀၀ ဖြစ်လာခဲ့ပြီး၊ ညရောက်သောအခါ အီဂျစ်လမ်းများတွင် ဆန္ဒပြသူ သန်းနဲ့ချီ ရှိခဲ့ပါတယ်။ စည်းလုံးညီညွတ်မှု တစ်ဟုန်ထိုးတက်လာခြင်းဖြင့် လူထုရဲ့ ဆင်းရဲဒုက္ခအခြေအနေကို လူထုက ပြန်လည် တုံ့ပြန်ပေးခဲ့တယ်။ (see: THEORY: Al faza’a [a surge of solidarity]

အဓိကသီအိုရီ

*ဗယ်တဂျီအာ* (စွမ်းအားရှင် လူမိုက်များ)

ကုလားအုတ်တိုက်ပွဲဟာ ဗယ်တဂျီအာတွေကျူးလွန်တဲ့ မကောင်းသတင်းဥပမာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို တိုက်ခိုက်ဖို့ အရေးမပါတဲ့အဖွဲ့တစ်ဖွဲ့ကို ငွေလေးမစို့မပို့ ပေးတယ်။ အုပ်ချုပ်သူတွေက သူတို့ဟာ မူဘာရက်ရဲ့ အုပ်ချုပ်မှုကို ထောက်ခံတဲ့ သစ္စာခံများအဖြစ် ပြောဆိုခြင်းအားဖြင့် လူမိုက်တွေနဲ့ မရောနှောနေဖို့ ကြိုးစားခဲ့ကြတယ်။ အုပ်ချုပ်သူတွေရဲ့ လက်မှာ သွေးပေနေပြီဆိုတာ သိသာထင်ရှားလာတဲ့အခါ၊ လူထုဟာ အုံကြွလာခဲ့တယ်။ တရားသေလွှတ်ဖို့ မရှိတော့ဘူး။ ထို့အပြင်၊ လူမိုက်တွေကလည်း သူတို့ကိုယ်တိုင် ကိုယ့်အပြစ်ကိုယ်ခံကြလာရတဲ့အခါ ဆက်မတိုက်နိုင်ကြတော့ဘူး။

နောက်ပြီး၊ အုပ်ချုပ်သူတွေနဲ့ ထောက်ခံသူအချို့အတွက် လူမိုက် ၂၅၀၀၀ကို အိတ်စိုက်ထောက်ပံ့ရတာ စျေးအရမ်းကြီးလာတယ်။ ဆိုတော့ သူတို့အားလုံး ပျောက်ကွယ်သွားကြတော့တယ်။

အဓိကနည်းဗျူဟာ

နေရာယူသိမ်းပိုက်ထားခြင်း

တာခ်ဟရီးရင်ပြင်ကို နေရာယူသိမ်းပိုက်ထားခြင်ဟာ ပထဝီအနေအထားအရနဲ့ နိုင်ငံရေးအရ နည်းဗျူဟာကျ လုပ်ဆောင်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ရင်ပြင်ဟာ ပထဝီအနေအထားအရ ကိုင်ရိုမြို့လယ်တွင် တည်ရှိပြီး ဆုံချက်ကျကျ ဝင်ပေါက်နဲ့ထွက်ပေါက် ဖြစ်တယ်။ ဒေသခံဆိုင်တွေနဲ့ ရောင်းချသူတွေရဲ့ ပုံမှန်စီးပွားရေးကို အနှောက်အယှက်ဖြစ်ရုံသာမကပဲ အီဂျစ်ရဲ့ အဓိကဝင်ငွေတွေထထဲကတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုပါ အနှောက်အယှက်ပေးခဲ့တယ်။ နိုင်ငံရေးအရ၊ တောင်းဆိုချက်တစ်ရပ်အောက်တွင် လူသန်းပေါင်းများစွာ စုစည်းသွားခြင်းဟာ အီဂျစ်တွင် ကြုံတောင့်ကြုံခဲပါ။ ထိုလူတွေအားလုံးကို ရင်ပြင်တွင် စုစည်းထားခြင်းဟာ သူတို့ရဲ့ ကိန်းဂဏန်းအရအင်အားကို ပြသပြီးသားဖြစ်တယ်။ ထို့ကြောင့်၊ ရင်ပြင်ကို နေရာယူသိမ်းပိုက်ထားခြင်းဟာ အုပ်ချုပ်သူတွေအတွက် လက်ခံနိုင်တဲ့ အန္တရာယ်ထက် ပိုမိုကျော်လွန်နေပါတယ်။ ၁၈ရက်ကြာ၊ တာခ့်ဟရီးရင်ပြင်ဟာ ဆန္ဒပြသူအမြောက်အမြားအတွက် အိမ်ဖြစ်လာခဲ့တယ်။ ယာယီတဲတွေထိုး၊ ကန့်သတ်ထားတဲ့ဝင်ပေါက်တွေလုပ်ပြီး တော်လှန်ရေး ဂီတပွဲတော်တွေ ကျင်းပကြတယ်။ ဒီနည်းဗျူဟာကို ရေရှည်တည်တံ့ခိုင်မြဲအောင်ကူညီခဲ့တာကတော့ ရင်ပြင်အနီးအနားနေထိုင်သူတွေရဲ့ ရက်ရောမှုဖြစ်ပြီး ဆေးကြောသန့်စင်ဖို့၊ စားသောက်ဖို့နဲ့ အနားယူဖို့ ဆန္ဒပြသူတွေကို သူတို့ရဲ့ အိမ်တွေဖွင့်ပေးခဲ့ကြတယ်။

အဓိကအခြေခံမူ

စစ်မှန်သောလှုပ်ရှားမှုဟာ သင့်ပစ်မှတ်ရဲ့ တုံ့ပြန်မှုဖြစ်တယ်

တော်လှန်ရေးရဲ့ ပထမအပတ်အတွင်း၊ လူထုရဲ့ တောင်းဆိုမှုတွေကို အုပ်ချုပ်သူတွေဘက်က အရေးတယူလုပ်တဲ့ ဘာလက္ခဏာမှမပြသဘူး။ တာခ်ဟရီးရင်ပြင်ရှိ အိပ်ပျက်ညများစွာဟာ အချိန်ကုန်တာပဲအဖတ်တင်ပြီး အဆုံးသတ်တော့မယ်လို့ ကျွန်တော်တို့အများစုက ထင်ခဲ့ကြတယ်။ ဒါပေမယ့် ကုလားအုတ်တိုက်ပွဲဟာ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေကို ပြောင်းလဲပစ်ခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ စိတ်အခြေအနေကိုပါ ပြောင်းလဲပစ်ခဲ့တယ်။ တိုက်ပွဲအပေါ် အီဂျစ်ပြည်သူလုထုရဲ့ တုံ့ပြန်မှုဟာ အုပ်ချုပ်သူတွေအဖို့ အံဩစရာဖြစ်ခဲ့ပြီး၊ အခြေအနေကို ထိန်းချုပ်နေတာထက် သူတို့ ပြန်လည်တုံ့ပြန်လာတယ်ဆိုတာ ထင်ရှားပါတယ်။ တစ်ခုတည်းသော အဓိပ္ပာယ်ကတော့၊ အုပ်ချုပ်သူတွေမှာ ရွေးချယ်စရာလမ်း ကုန်ဆုံးသွားပြီး ချမလား ထွက်ပြေးမလား အနေအထားရောက်နေပြီ၊ ဆိုတာပါပဲ။ အခု ကျွန်တော်တို့ သိခဲ့ကြပြီ၊ ကျွန်တော်တို့ ပိုပြင်းပြင်းထန်ထန် တိုက်ခိုက်လေ၊ မူဘာရက်ထွက်ပြေးဖို့ ပိုနီးလာလေလေပဲ။

အဓိကနည်းစနစ်

မဟာမိတ်တနှံတလျား

ကုလားအုတ်တိုက်ပွဲဟာ မဟာမိတ်တနှံတလျားကို အမှန်တကယ် ရွေ့လျားစေခဲ့ပြီး ခြံစည်းရိုးမှာရှိနေတဲ့သူတွေ ( မလှုပ်ရှားကြသူများနဲ့ ကြားနေလူတွေ)ကို တော်လှန်ရေးထဲ အမှန်အကန်ပါဝင်လာစေခဲ့တယ်။ ဒါဟာ အရာအားလုံးကို ခြားနားအောင်ပြုလုပ်ခဲ့တယ်။ ပထမတစ်ပတ်တွင်၊ အီဂျစ်လူမျိုး သောင်းဂဏန်းဟာ တော်လှန်ရေးကို စောင့်ကြည့်သူတွေ သတ်သတ်တွေဖြစ်ကြတယ်။ သူတို့ နေ့စဉ်ဘ၀ကို ဘာအနှောက်အယှက်မှ မရှိပဲ ပိုပြီးနေလိုကြတယ်၊ သို့မဟုတ် သမိုင်းကို ဖန်သားပြင်နောက်က ကြည့်ရတာ ပိုပြီး သက်တောင့်သက်သာရှိခဲ့ကြတယ်။ သို့ပေမယ့်၊ ဆန္ဒပြသူတွေဟာ ကုလားအုတ်တိုက်ပွဲရဲ့ အဖြစ်အပျက်ကို အရင်းပြုလို့၊ အုပ်ချုပ်သူတွေရဲ့ ရက်စက်ယုတ်မာမှုကို ဖော်ထုတ်ပြသရင်း လူထုရဲ့ နှလုံးသည်းပွတ်နဲ့ စိတ်ဆီ ပြောပြလိုက်တဲ့အခါ၊ ကနဦးက မလှုပ်ရှားသူတွေနဲ့ ကြားနေသူတွေဟာ သူတို့မှာ ဆုံးရှုံးမှုကြီးကြီးမားမားရှိခဲ့တာကို ရုတ်တရက် ခံစားခဲ့ကြရတယ်။ လျင်မြန်စွာပဲ၊ အဆင့်အတန်းအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုးနဲ့ နောက်ခံအမျိုးမျိုးရှိ လူတွေဟာ လမ်းတွေပေါ်ထွက်လာကြပြီး တော်လှန်ရေးကို ပူးပေါင်းခဲ့ကြပါတယ်။