ဇာတ်လမ်း

ဟယ်ရီပေါ်တာ မဟာမိတ်

Harry Potter Alliance.

အတိုချုံးပြောရရင်

ဟယ်ရီပေါ်တာပရိတ်သတ်တွေကို ဟယ်ရီ သူရဲ့ ကမ္ဘာအတွက်လုပ်ခဲ့သလို တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ဖို့ တွန်းပို့ခဲ့တဲ့ ဖန်တီးမှုကောင်းတဲ့ ကမ်ပိန်းတခု

ဟယ်ရီပေါ်တာ ပရိသတ်တိုးပွားမှုဟာ အံမခန်းလောက်အောင်ပါပဲ။ စာပေရဲ့ သမိုင်းမှာ ရောင်းအားအကောင်းဆုံး စိတ်ကူးယဉ်စာပေအမျိုးအစားဖြစ်ပါတယ်။ ယဉ်ကျေးမှုအလွှာပေါင်းစုံကို ကျော်ဖြတ်သွားခဲ့တယ်။ ဂွမ်တာနာမိုပင်လယ်အော်အကျဉ်းထောင်တွင်၊ ကိုရမ်ကျမ်းစာပြီးပါက ဒုတိယတောင်းဆိုမှုအခံရဆုံး စာအုပ်ပါ။ ပရိသတ်တွေဟာ တွေ့ဆုံညီလာခံပွဲတွေမှာ များပြားလှတဲ့ အရင်းအမြစ်တွေ တီထွင်ကြတယ်၊ ပရိသတ်တွေစိတ်ကူးပြီး စာရွက်တွေအထုပ်လိုက်ရေးကြတယ်၊ ကွစ်ဒ်ချ်အားကစားပြိုင်ပွဲတွေ လိဂ်တွေ စတင်ကျင်းပကြတယ်၊ ဂီတအမျိုးအစားသီးသန့်အသစ်တစ်ခုကိုတောင် မွေးဖွားခဲ့ကြတယ်၊ မှော်ရောခ့်ဂီတ၊ တီးဝိုင်းပေါင်း ရာနဲ့ချီ အမှန်တကယ်ရှိပြီး၊ အားလုံးဟာ ဟယ်ရီပေါ်တာ အကြောင်း သီဆိုကြတာပါ။ ဒါပေမယ့် တစ်ခုခုဟာ ပျောက်ဆုံးနေခဲ့တယ်။

ကျွန်တော် တွေးမိတယ် “ အကယ်လို့ ဟယ်ရီပေါ်တာ ငါတို့ ကမ္ဘာကြီးပေါ် တကယ်ရှိရင်၊ ဟယ်ရီပေါ်တာအကြောင်း ပြောနေတာထက် သူအများကြီးပိုလုပ်မှာ။ ကျွန်တော်တို့တွေဟာ စာအုပ်တွေရဲ့ ပရိသတ်တကယ်ဖြစ်မယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ လောကကြီးမှာဖြစ်ပျက်နေတဲ့ မတရားမှုတွေကို တိုက်ပွဲဝင်သင့်တယ်၊ ဟယ်ရီ သူ့လောကမှာ တိုက်ပွဲဝင်ခဲ့သလိုပေါ့။ စာအုပ်ထဲမှာ၊ ဟယ်ရီပေါ်တာဟာ တော်လှန်ရေး ကျောင်းသားသမဂ္ဂအဖွဲ့တစ်ခုကို စတင်ဖွဲ့စည်းခဲ့၊ ဒမ်ဘယ်ဒေါရဲ့ စစ်သည်တော် လို့ အမည်ပေးထားတဲ့ အဖွဲ့ဟာ ဗိုဒါမော့ရဲ့ ပြန်လည်အားကြီးလာမှုကို သတင်းမီဒီယာနဲ့ အစိုးရအဖွဲ့အား အသိပေး နိုးထစေခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာလည်း ဒမ်ဘယ်ဒေါရဲ့ စစ်သည်တော်ကို ကျွန်တော်ဖွဲ့စည်းချင်ခဲ့တယ်၊ ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန်ဖို့နဲ့ ဒါဖာရှိ လူမျိုးတုံးသတ်ဖြတ်မှုတွေကို အဆုံးသတ်ဖို့ သတင်းမီဒီယာနဲ့ အစိုးရတွေကို အသိပေး လှုံဆော်နိုင်မယ့် အဖွဲ့အစည်းမျိုးပေါ့။ ဟယ်ရီပေါ်တာရဲ့ ဆယ်ကျော်သက်ဇာတ်ကြောင်းကို ချိတ်ဆက်ကြည့်ပြီး၊ အဲ့လိုအဖွဲ့အစည်းမျိုးဟာ

“ကျွန်တော်တို့တွေဟာ စာအုပ်တွေရဲ့ ပရိသတ် တကယ်ဖြစ်မယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့ လောကကြီးမှာဖြစ်ပျက်နေတဲ့ မတရားမှုတွေကို တိုက်ပွဲဝင်သင့်တယ်၊ ဟယ်ရီသူ့လောကမှာ တိုက်ပွဲဝင်ခဲ့သလိုပေါ့။“

ပျော်ရွှင်စရာကောင်းပြီး လူမှုရေးပြသာနာများရဲ့ အစပျိုးရာကို ရှာဖွေပေးနိုင်တဲ့ ဝင်ပေါက်တစ်ခုကို ဖန်တီးနိုင်တယ်။

နောက်တော့၊ ၂၀၀၅ ခုနစ်အလယ်ပိုင်းလောက်မှာ၊ ကျွန်တော်ဟာ ဟယ်ရီနဲ့ ပေါ်တာတို့ကို တွေ့ခဲ့တယ်။ ညီအစ်ကိုနှစ်ယောက်၊ အင်ဒီရော့ခ်ဂီတပညာရှင်တွေ၊ ဟယ်ရီပေါ်တာလို ဝတ်ဆင်ပြီး၊ လူပေါင်းရာချီ၊ တစ်ခါတလေ ထောင်ချီတဲ့ပရိသတ်တွေရှိတဲ့ပွဲတွေများ ကျော်ကြားတဲ့ ပန့်ခ်သီချင်းတွေ ကျယ်ကျယ်ပြန့်ပြန့် သီဆိုကြတယ်။

၀တ္ထုကို တကယ့်လှုပ်ရှားမှုအသွင်ပြောင်းပြီး၊ ကျွန်တော်တို့နဲ့ လူအနည်းငယ်ချို့ ဟယ်ရီပေါ်တာမဟာမိတ် (HPA) အဖွဲ့အစည်းကို တည်ထောင်လိုက်ကြပြီး၊ လူမှုကွန်ယက်တွေကို အသုံးပြုကာ ဟယ်ရီပေါ်တာ ပရိသတ်တွေကို လိုက်စုစည်းခဲ့တယ်။ ဟယ်ရီနဲ့ ပေါ်တာတို့ကလည်း ကျွန်တော့်လုပ်ဆောင်ချက်တွေကို သူတို့ရဲ့ ပရိသတ် ၆၀၀၀၀ကျော်ကို အသိပေးဆော်ဩခဲ့တယ်။ သိပ်မကြာခင်မှာပဲ၊ တစ်ခြား မှော်ရော့ခ်တီးဝိုင်းများဟာလည်း ဒီနှိုးဆော်မှုတွေကို ပြန်လည် ဝေမျှလာကြတယ်။ ပရိသတ်အင်အားကြီးမားတဲ့ ဆိုဒ်တွေဖြစ်တဲ့ The leaky Cauldron နဲ့ Mugglenet တို့ကလည်း သတိပြုမိလာကြပြီး သတင်းမီဒီယာတွေကလည်း နောက်ကလိုက်လာကြရာက၊ ဒီမဟာမိတ်အဖွဲ့ကို J.K.Rowling ဟာ Time မဂ္ဂဇင်းနဲ့ သူမရဲ့ ကိုယ်ပိုင် ဝဘ်ဆိုဒ်တို့မှာ ချီးမွမ်းခဲ့ပါတယ်။ သိပ်မကြာခင်မှာ၊ HPA ကို ဟယ်ရီပေါ်တာ ပရိသတ်ရဲ့ တာကွက်တိုင်းနီးပါး ဖွဲ့စည်းခဲ့ကြပြီး၊ လုပ်အားပေးဝန်ထမ်း ၇၀ကျော်နဲ့ ကမ္ဘာအနှံ တွေ့ဆုံပွဲပေါင်း တစ်ရာကျော်အထိ ကြီးထွားလာခဲ့ပါတယ်။

အသင်းဖွဲ့စည်းပြီးဆယ်နှစ်အတွင်းတွင်၊ HPA ဟာ ဟယ်ရီပေါ်တာချောကလက်များအား Warner Bros ဆီက Fair Trade အဖြစ်ထုတ်လုပ်ခွင့်ရအောင် အောင်မြင်တဲ့ လှုံဆော်မှုတစ်ခုကို စတင်ဦးဆောင်ခဲ့တယ်၊ အမေရိကနဲ့ ကမ္ဘာအနှံ့တွင် ( ရဝမ်ဒါ၊ ယူဂန်ဒါ၊ ဒက်ထရွိုက်၊ ဘရွတ်ကလင်း၊ ပြူရက်တို ရီကို၊ မစ္စစ္စပီဒယ်တာ၊ စသည်ဖြင့်) စာကြည်တိုက်များ တည်ထောင်ခဲ့ပါတယ်၊ ဟေတီသို့ ကယ်ဆယ်ရေးရိက္ခာအတွက် ကုန်တင်လေယာဉ်ငါးစီး ပို့ဆောင်ခဲ့တယ်။ နိုင်ငံပေါင်း ၃၀ကျော်ရှိ အဖွဲ့အစည်းများနှင့်အတူ၊ ကွန်ရက်ကြားနေရေး၊ လူ့အခွင့်အရေးထောက်ခံမှု၊ ဇာတ်၊ လူမျိုး၊ဖိုမလက္ခဏာနှင့် လိင် တန်းတူညီဖြစ်မှုတို့အတွက်၊ HPA ဟာ youtube နာမည်ကြီးများကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒါဟာ ဂရန်ဂျာ ဦးဆောင်မှုအကယ်ဒမီလို့ အမည်ရတဲ့ ဦးဆောင်မှုလေ့ကျင့်ရေးအစီအစဉ်တစ်ရပ်ဆီ ဦးတည်လာပါတယ်။ သူ့ ရဲ့ ဆန်းသစ်တဲ့ နည်းပညာကို အမေရိကရှိ အဓိကပုံနှိပ်စာမူများ၊ ရောင်းအားအကောင်းဆုံးစာအုပ်များ၊ မှတ်တမ်းရုပ်ရှင်များ အားလုံးနီးပါးထံတွင် ဖော်ပြလာကြပါတယ်၊ ဒေါ်လာ ၆၅သန်းတန် MacArthur study ရဲ့ လားရာကိုပါ လွှမ်းမိုးလာခဲ့ပြီး၊ ၂၁ ရာစုရဲ့ ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားတက်ကြွမှုရဲ့ ရှေ့ဆောင်များထဲကတစ်ခုအဖြစ် ဆက်တိုက် ကိုးကားပြခံလာရပါတယ်။

Originally published in Beautiful Trouble.

အဓိကနည်းဗျူဟာ

ဖြန့်ကျက်ထားသော လှုပ်ရှားမှု

HPA တွင် ကမ္ဘာအနှံ အော့ဖ်လိုင်း အဖွဲ့အစည်း၁၀၀ကျော်ရှိပြီး၊ တစ်ညီတစ်ညွတ်တည်းဖြစ်စေဖို့ ဖြန့်ဝေထားသောလှုပ်ရှားမှုများအပေါ် မှီခိုပါသည်။ ကျွန်တော်တို့ရဲ့ အောင်မြင်သောလှုပ်ရှားမှုများသည် ပေါ်တာရုပ်ရှင်အသစ်များပြသသော ညပွဲများကို အဓိကထားပါသည်။ ( ဒါတွေဟာ တစ်ပြိုင်နက်တည်းနဲ့ ကမ္ဘာအနှံတွင်ဖြစ်ပြီး၊ လူတွေဟာ သွားနေကြပြီးဖြစ်သည်၊ ထို့ကြောင့် အဲ့တာဟာ အကောင်းဆုံး အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။) ရုပ်ရှင်ရဲ့ အငွေ့အသက်အတိုင်း ဝတ်ဆင်လာကြသော ရုပ်ရှင်တန်းစီနေတဲ့လိုင်းတွင် အော့ဖ်လိုင်းလှုပ်ရှားမှုတစ်ခုဆောင်ရွက်ဖို့ ပရိသတ်တွေကို ကျွန်တော်တို့ စုစည်းကြသည်။ ပရိသတ်ဆိုဒ်များကလည်း ရုပ်ရှင်ထွက်လာမည်ကို အလွန်စိတ်လှုပ်ရှားသကဲ့သို့၊ ထို လှုပ်ရှားမှုအတွက် ကြော်ငြာပေးရန် စိတ်အားထက်သန်ကြပါသည်။ တစ်ညတွင်မူ၊ နယူးယောက်တိုင်းမ်သည် ထိုလှုပ်ရှားမှုသို့ ပေါက်ချလာခဲ့ပြီး၊ ကျွန်တော်တို့သည် ဝါနာဘရားသားထံမှ ဟယ်ရီပေါ်တာချောကလက်များ fair trade အဖြစ် ထုတ်လုပ်ခွင့်ရရန် ကမ္ဘာအနှံ လူများထံမှ အသနားခံလွှာလက်မှတ်များ ထောင်နှင့်ချီ စုစည်းခဲ့ပါသည်။ ရုပ်ရှင်ပြခါနီး ဖြန့်ဝေထားသောလှုပ်ရှားများသည် ယဉ်ကျေးမှုအခြေစိုက်စုစည်းမှုများလုပ်ဆောင်ခြင်း ကမ်ပိန်းများ သေသေသပ်သပ်လုပ်ဆောင်နိုင်ရန် နည်းဗျူဟာမြောက်ချဉ်းကပ်မှုတစ်ခုပဲဖြစ်သည်။

အဓိကအခြေခံမူများ

ဆက်နွယ်သော သက်ဆိုင်ရာမြေပြင်အခြေအနေကို သိပါ

လူတွေရှိတဲ့နေရာကို သွားတွေ့ပါ၊ ခင်ဗျား သူတို့ကို ရှိစေချင်တဲ့နေရာမှာမဟုတ်။ ဟယ်ရီပေါ်တာတွင် လူငယ်ပရိသတ် သန်းဆယ်ဂဏန်းရှိပါတယ်။ HPA ဟာ ပရိသတ်တွေဆီကို ပရိသတ်တစ်ယောက်အဖြစ် ဝင်ရောက်သွားခဲ့တယ်၊ ထိုမှတစ်ဆင့် နိုင်ငံရေး အယူအဆများဆီသို့တစ်ဆင့်တက်တယ်။ HPA ဟာ တစ်ခြားလူငယ်အုပ်ကြီးကိုလည်း သွားချိတ်ဆက်မိတယ်၊ လူမှုအားနည်းတဲ့ ကွန်ပြူတာပညာတတ် nerds တွေ။ ပရိသတ်နဲ့ nerd တွေက အွန်လိုင်းက တက်ကြွတဲ့ အုပ်စုကြီးကို ဖန်တီးပေးတယ်၊ nerds nerd ဆယ်ကျော်သက်တွေက အင်တာနက်ကို အသုံးပြုပြီး အရင်ကမရှိဖူးတဲ့နည်းလမ်းတွေကို အတူတကွ ပေါ်ပေါက်လာစေတယ် ( Hunger Games၊ Whedon သို့မဟုတ် Dr.Who တို့ကို google ခေါက်ကြည့်ပါ) Nerdfighter တွေ ( ပျက်ယွင်းနေတဲ့ ကမ္ဘာကြီးကို တိုက်ခိုက်ဖို့အတွက် သူတို့ရဲ့ အံဩဖွယ်ပါဝါတွေကို သုံးမယ့် nerd ဆယ်ကျော်သက်တွေ) ဟာ HPA က ဟယ်ရီပေါ်တာပရိသတ်တွေအတွက်လုပ်ခဲ့သလိုမျိုး၊ သူတို့ရဲ့ အားပေးတဲ့အရာတွေမှာလည်း လုပ်ဖို့အတွက် စတင်နေကြပြီ။ ကိုယ့်အုပ်စုရဲ့ ဘာသာစကားကို ကိုယ်ပြောဖို့ အမှတ်ရပါ၊ အများစုက တုံ့ပြန်မယ့် တန်ဖိုးထားတဲ့အရာတွေကနေ စတင်ပါ။

ဇာတ်ကြောင်းဆန်ဆန်တွေးပါ

ဇာတ်ကြောင်းတွေအတိုင်းစုစည်းဖို့ ကျွန်တော်တို့ အဆင့်သုံးဆင့် လိုအပ်တယ်၊ လူ၊ အဖွဲ့ နဲ့ ဒဏာရီလာဆန်မှု။ လူကတော့ ခင်ဗျား ဒါမှမဟုတ် ခင်ဗျားရဲ့ အဖွဲ့ဝင်တစ်ဦးဦးရဲ့ ကိုယ်ပိုင် ဇာတ်လမ်းမျိုး၊ အဖွဲ့ကတော့ ဒေသသို့မဟုတ် အုပ်စုတစ်စုရဲ့ ဇာတ်ကြောင်း၊ ဒဏာရီလာဆန်မှုကတော့ စိတ်ဝိညာဉ်ရဲ့ ပိုမိုလေးနက်တဲ့ ဘာသာစကားတစ်ရပ်ပါပဲ။ စဉ်းစားကြည့်ပါ ကမ္ဘာကြီးအတွက် ပန်ဒိုရာကို ကာကွယ်ဖို့၊ စကိုင်းပီးပဲလ်( တစ်ဖြစ်လည်း ကျောက်မီးသွေးလုပ်ငန်း) ကို အဗာတာ ပရိသတ်တွေက တိုက်ပွဲဝင်ခဲ့တာမျိုး။ သမိုင်းရဲ့ ဗီလိန်တွေဖြစ်တဲ့ ဟစ်တလာ၊ ဘင်လာဒင်နဲ့ အခြား မိုင်းခွဲကုမ္ပဏီတွေ၊ ဒဏာရီလာဆန်တဲ့ အဆင့်ဖြင့် လုပ်ဆောင်တယ်၊ ဒီတော့ လူကောင်းတွေကလည်း လုပ်ကိုလုပ်ဆောင်ရမယ်။ သူ့ရဲ့ အကောင်းဆုံးအနေအထားမှာ၊ HPA ဟာ၊ အဲ့လို အိပ်မက်ဆန်ဆန်လုပ်ဆောင်မှုတွေ၊ ယဉ်ကျေးမှုကုထုံးတွေအတွက်၊ တိုက်ပွဲဝင်နေပါတယ်။

အွန်လိုင်း အော့ဖ်လိုင်း စုပေါင်းထားတဲ့ ရလဒ်ကို ဖန်တီးပါ

လူတွေဟာ ထပ်တူစိတ်ဝင်စားကြတဲ့အရာတွေကို အွန်လိုင်းကနေ ရှာဖွေကြပါတယ်၊ ဒါပေမယ့် အော့ဖ်လိုင်းဖြစ်ပြီး အပြင်လောကနဲ့ ထိတွေ့ချိတ်ဆက်လို့ရမှာကို ပိုမိုအလိုရှိကြတယ်။ သူတို့ကို အဲ့အရာ ပေးလိုက်ပါ။ ပရိသတ်အင်အားတောင့်တဲ့ ဝဘ်ဒ်ဆိုဒ်တွေနဲ့ အုပ်စုခေါင်းဆောင်တွေကို အခွင့်အရေးပေးဖို့ ကမ်းလှမ်းလိုက်ပါ၊ သူတို့ရဲ့ ပရိသတ်တွေဆီ ပိုမိုနက်နက်နဲနဲ ထိတွေ့ခြင်းအားဖြင့် အပြောင်းအလဲ (ပုံမှန်အားဖြင့် သူတို့ အဲ့တာကို လိုချင်ကြပါတယ်)ဖြစ်စအာင်ကူညီမယ့်အခွင့်အရေးကို သရုပ်ဖော်ပြပေးရင်းပေါ့။ သူတို့ရဲ့ ဆိုဒ်၊ ပရိသတ်ရဲ့ ဘာသာစကားအားဖြင့် ခိုင်ခိုင်မာမာတောင်းဆိုမှုနဲ့ ပရောချက်တစ်ခု လုပ်ပါ။ လူမှုကွန်ယက်ကို ကျွမ်းကျင်လိမ္မာစွာ အသုံးပြုပါ၊ P သုံးလုံးကိုလည်း ကောင်းမွန်စွာ မျှခြေရှိအောင်ထားပါ ၊ Patience (စိတ်ရှည်သည်းခံမှု)၊ Persistence ( လုံ့လဝီရိယ)၊ Pizzazzz ( ပီဇာာာ)။