နည်းစနစ်

အာဏာထောက်တိုင်များ

Samson destroying the temple of the Philistines by pulling down the supporting pillars.

အတိုချုံးပြောရရင်

ပစ်မှတ်ရဲ့ပါဝါကို အနှောက်အယှက်ပေးဖို့၊ ချိနဲ့အောင်လုပ်ဖို့ ကိုယ့်ပစ်မှတ်ကို အထောက်အပံ့ဖြစ်၊ ကိုယ့်ပစ်မှတ်က အားကိုးအားထားနေရတဲ့ အဖွဲ့အစည်းတွေကို ရှာဖွေ စီစစ်ဖို့လိုတယ်။

ကနဦးအစမှာ ခင်ဗျားကို လျစ်လျူရှုလိမ့်မယ်။ နောက်တော့ လှောင်ပြောင်လာလိမ့်မယ်။ နောက်တိုက်ခိုက်လာမယ်။ အဲဒါတွေပြီးရင် မင်းနိုင်ပြီပဲ။

— Gandhi

အစများ

Gandhi, Gene Sharp, Robert Helvey.

မော်စီတုံးရဲ့ နာမည်ကျော်စကားတစ်ခွန်းဖြစ်တဲ့ “အာဏာဟာ သေနတ်ပြောင်း၀မှာ တည်တယ်” ဆိုတဲ့ စကားကို လူတော်တော်များများက ယုံကြည်ကြတယ်။ သို့သော်လည်း လေ့လာဆန်းစစ်မှုနဲ့ အတွေ့အကြုံတွေအရတော့ အာဏာပင်တိုင်ဟာ အင်အားသုံးနိုင်တဲ့ အာဏာရှိပြိုင်ဘက်ရဲ့ အရည်အချင်းပေါ်မှာပဲ အဓိကအားထားတာ မဟုတ်ပဲ ဖိနှိပ်ခံရတဲ့သူတွေကို အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းများရဲ့ သဘောတူညီချက်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ ပေါ်မှာလည်း မူတည်ပါတယ်။ မီဒီယာ၊ စစ်တပ်၊ ရဲ၊ တရားရုံးများ၊ တက္ကသိုလ်များ၊ အလုပ်သမားအဖွဲ့အစည်း၊ နိုင်ငံတကာအထောက်အပံ့များနဲ့ အခြားအရာတွေပေါ့။​

ဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုကို မရရင် သင့်ရဲ့ ပစ်မှတ်က ပြိုလဲမလဲဆိုတာကို သိရဖို့၊ ပစ်မှတ်ကို အထောက်အပံ့ပေးတဲ့ အခြေခံအုတ်မြစ် စတင်ပြိုကွဲလာပြီး စနစ်ကြီး ကျဆုံးဖို့ရာ ထို အဖွဲ့အစည်းဆိုင်ရာထောက်တိုင်များကို ချိနဲ့လာစေရန် သို့မဟုတ် ဖယ်ရှားပစ်ရန် နည်းဗျူဟာမြောက်နည်းလမ်းတွေ သိရဖို့၊ အာဏာ၏ထောက်တိုင်များ ဆန်းစစ်မှုကို အသုံးပြုပါ။ အာဏာကို ထိန်းသိမ်းထားမယ့် အခြေအနေရေးရာ သို့မဟုတ် ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ်ရေးကို ဖြစ်စေတဲ့ အဖွဲ့အစည်းအမျိုးမျိုးကို ခင်ဗျား နားလည်သဘောပေါက်သွားတာနဲ့၊ ဘယ်လို လျော့ပါးအောင်၊ ပြိုလဲအောင် သို့မဟုတ် ဖိနှိပ်ချုပ်ချယ်တဲ့စနစ် မှီခိုနေတဲ့ အခြေခံအုတ်မြစ်တွေ ဆုတ်ရုပ်ပြီး အာဏာလျော့ပါးသွားအောင် လုပ်ရမလဲဆိုတာ ခင်ဗျား စုံစမ်းစစ်ဆေးနိုင်ပါတယ်။

အာဏာဟာ အခြေခံအားဖြင့် လူ့ဘောင်အဖွဲ့အစည်းရှိ နေ့တဓူ၀ကိစ္စများကို အဆင်ပြေချောမွေ့အောင် လည်ပတ်ပေးနေတဲ့ သာမန်လူ သန်းပေါင်းများစွာရဲ့ လက်ထဲတွင် တည်ရှိနေပြီး၊ သူတို့ ရွေးချယ်မယ်ဆိုရင် ဖြုတ်ချနိုင်တဲ့သူတွေ ဖြစ်ပါတယ်။

တစ်ချို့ထောက်တိုင်တွေ ဥပမာအားဖြင့် စစ်တပ်၊ ရဲ နဲ့ တရားရုံးများဟာ သဘာ၀အားဖြင့်ကို နိုင်ထက်စီးနင်းဖြစ်ပြီး အားဖြင့် သို့မဟုတ် အားသုံးရန် ခြိမ်းခြောက်မှုတို့ဖြင့် အမိန့်နာခံမှုကို ဖြစ်စေတယ်။ တစ်ခြား ထောက်တိုင်များဖြစ်တဲ့ မီဒီယာ၊ ပညာရေးနစ် နှင့် ဘာသာရေးအဖွဲ့အစည်းများကမူ ယဉ်ကျေးမှုနှင့် ကျော်ကြားသော အမြင်တို့ကို ကျော်လွန်ကာ သူတို့ရဲ့ လွှမ်းမိုးမှုဖြင့် စနစ်ကို ထောက်ပံ့ပေးပါတယ်။ ထိုကြောင့်၊ ဩဇာအရှိဆုံး သို့မဟုတ် အရက်စက်ဆုံးခေါင်းဆောင်တောင်မှ၊ သူ့ အာဏာဟာ အဓိကအဖွဲ့အစည်းများရဲ့ အထောက်အပံ့အပေါ်တွင် အမှီပြုနေပါတယ်။ သူတို့ဘာသာဆိုရင်၊ ကျော်ကြားတဲ့လှုပ်ရှားမှု သို့မဟုတ် လူထုဆီက သဘောတူညီမှု မရရှိတာမျိုးဆိုရင် အာဏာက အားနည်းလာပါတယ်။

ဖေဖော်ဝါရီလ ၂၀၁၁ခုနစ်တွင်၊ သူရဲ့ အဓိက အဖွဲ့အစည်းဆိုင်ရာ ထောက်တိုင်တွေ - စစ်တပ်နဲ့အထင်ကရ စီးပွားရေးအဖွဲ့အစည်းတွေ - သူ့ကို ထောက်ပံ့မှုဖယ်ရှားပြီး ရပ်တန့်လိုက်တဲ့အခါ၊ အီဂျစ်သမ္မတ မူဘာရက်ဟာ ရုံးက မောင်းထုတ်ခံရပါတယ်။ (ကံဆိုးစွာနဲ့ပဲ၊ ရေရှည်တွင်၊ အီဂျင်တော်လှန်ရေးဟာ အုပ်ချုပ်ရေးရဲ့ အကြီးမားဆုံးထောက်တိုင်ဖြစ်တဲ့ စစ်တပ်ကို ဆန့်ကျင်ဖို့ သူရဲ့ အခြေခံအုတ်မြစ်ကို ကောင်းကောင်း မတည်ဆောက်နိုင်တာကြောင့်၊ ၂၀၁၃ ခုနစ်တွင် စစ်တပ် အာဏာ ပြန်သိမ်းတာခံလိုက်ရပါတယ်။ )

အာဏာထောက်တိုင်တစ်ရပ်ရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံကို သိမြင်ခြင်းဟာ စနစ်ကို ထောက်ပံ့ပေးနေတာကို ဖြိုဖျက်ဖို့ ထိရောက်မှုအရှိဆုံးအရာ ဘယ်မှာရှိနိုင်လဲဆိုတာကို ဆုံးဖြတ်ရာမှာ အကူအညီပေးပါတယ်။

နောက်ထပ်ဥပမာတစ်ရပ်အနေဖြင့်၊ ၂၀၀၀ ခုနစ်တွင် ဆားဘီးယန်းသမ္မတ ဆလိုဘိုဒန် မီလိုဆီဗစ် ကျဆုံးခန်းရဲ့ အဓိက အလှည့်အပြောင်းတစ်ရပ်ဟာ ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်ခိုင်းတဲ့ အမိန့်ကို ရဲတွေက ငြင်းဆန်ချိန်တွင် ဖြစ်ပါတယ်။ ဆန္ဒပြသူတွေအကြား သူတို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေရှိတဲ့အကြောင်း ရဲတွေကို သတိပေးပြောဆိုခဲ့တာဟာ ဦးဆောင်နေတဲ့ အတိုက်အခံအဖွဲ့ Otporရဲ့ ကောင်းစွာစဉ်းစားခဲ့သော နည်းဗျူဟာတစ်ရပ်ရဲ့ ရလဒ်ဖြစ်ပါတယ်။ ရာထူး စွန့်ခွာခြင်း၊ အထူးသဖြင့်၊ စစ်ဘက်ဆိုင်ရာ ရာထူးအမြင့်ပိုင်းတွေ၊ဟာ ထောက်ပံ့ပေးနေတဲ့ ဒီအဓိကထောက်တိုင်ဟာ စတင် အက်ကွဲလာတာရဲ့ ရှင်းလင်းတဲ့ သင်္ကေတတစ်ချက်ပဲ ဖြစ်တယ်။

အာဏာဟာ အခြေခံအားဖြင့် သမ္မတတွေ၊ ဗိုလ်ချုပ်တွေနဲ့ သန်းကြွယ်သူဌေးတွေလက်ထဲတွင်သာ တည်ရှိနေတာ မဟုတ်ဘဲ၊ လူ့ဘောင်အဖွဲ့အစည်းရှိ နေ့တဓူ၀ကိစ္စများကို အဆင်ပြေချောမွေ့အောင် လည်ပတ်ပေးနေတဲ့ သာမန်လူ သန်းပေါင်းများစွာရဲ့ လက်ထဲတွင်လည်း တည်ရှိနေပြီး၊ သူတို့ ရွေးချယ်မယ်ဆိုရင် ဖြုတ်ချနိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါဟာ “ လူထုအာဏာ ” ဆိုတဲ့ ဆောင်ပုဒ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်ပါတယ်။ မတရားမှုတွေ အမြောက်အမြား ဆက်ရှိနေရတဲ့ အဓိက အကြောင်းပြချက်တွေထဲက တစ်ခုကတော့၊ အာဏာရှိတဲ့သူတွေက သူတို့လုပ်ချင်တာမှန်သမျှ ဘာအရေးယူမှုမှမရှိဘဲ ရိုးရှင်းစွာ လုပ်ဆောင်နိုင်တာကြောင့်တင်မဟုတ်ဘဲ၊ သူတို့ရဲ့ သဘောတူဆန္ဒကို ရုတ်သိမ်းလိုက်ခြင်းအားဖြင့် သူတို့ကိုင်စွဲလာနိုင်မယ့် အာဏာကို လူအများစုက မသိလိုက်တာကြောင့် ဖြစ်ပါတယ်။ (see: TACTIC: အထွေထွေ သပိတ်

အာဏာရှင်အများအပြားနဲ့ မတရားဖိနှိပ်သောအုပ်ချုပ်မှုများကို လက်နက်မဲ့လူတွေက အကြမ်းဖက်မှု အနည်းဆုံးနဲ့ သတ္တိရယ်၊ တီထွင်ဆန်းသစ်မှုအများအပြားရယ်ဖြင့် ဖြုတ်ချတာကို ခံလာရတာနဲ့အမျှ၊ ထိုအာဏာကို နားလည်မှုဟာ နောက်ပိုင်းဆယ်စုနှစ်ကာလများတွင် ကြိမ်ဖန်များစွာ မှန်ကန်ကြောင်း ထင်ရှားလာပါတယ်။ ထို အောင်မြင်သော အကြမ်းမဖက် ရုန်းကန်မှုတွေကို၊ အကြမ်းဖက်တာကိုသာ အာဏာရဲ့ တစ်ခုတည်းသော သို့မဟုတ် ပထမဆုံး ယန္တရားဖြစ်တယ်လို့ မြင်နေတဲ့ လူက၊ ရိုးရှင်းစွာပဲ ရှင်းပြနိုင်မှာ မဟုတ်ပါဘူး။

ဘယ်လိုသုံးမလဲ။

၁. အဆောက်အဦးပုံ တစ်ပုံဆွဲပါ၊ ခေါင်မိုးထိပ်ကို ရိုးရိုးရှင်ရှင်း တြိဂံနဲ့ ဖော်ပြပါ၊ ထောက်တိုင်တွေက အဲ့တာကို ထောက်ထားမယ်။ ခေါင်မိုးကို စနစ်ရဲ့ နာမည်၊ အုပ်ချုပ်ရေး သို့မဟုတ် ခင်ဗျားလုပ်နေတဲ့ ကိစ္စအကြောင်း ခေါင်းစဉ်တပ်ပေးပါ။

၂. အဖွဲ့အစည်းတွေက ခင်ဗျားရဲ့ ပစ်မှတ်ကို ထောက်ပံ့ပေးထားတဲ့ “ ထောက်တိုင်တွေ” ကို ဖော်ထုတ်သတ်မှတ်ပါ။ ( ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၊ သတင်းမီဒီယာ၊ စစ်တပ်၊ စီးပွားရေး ကော်ပိုရိတ်တွေ၊ စသည် စသည်ဖြင့်)။ ယေဘူယျအားဖြင့် စတင်ပါ သို့သော် ထောက်တိုင်တစ်ရပ်ချင်းစီ အကြောင်း ခင်ဗျားတတ်နိုင်သလောက် စစ်ဆေးပြီး သတ်မှတ်ပါ။ ဥပမာအားဖြင့်၊ ခင်ဗျားက ရဲ သို့မဟုတ် စစ်တပ်ကို အဓိကထောက်တိုင်လို့ ယေဘူယျအားဖြင့် သတ်မှတ်လိုက်မယ်ဆိုရင်၊ “ ပါလီမန်အဆောက်အဦးပိုင်းကရဲ ” သို့မဟုတ် “ သမ္မတရဲ့ အထူးတပ်ဖွဲ့ဝင်များ ” လို့ ပိုပြီးတိတိကျကျ ခွဲခြား ခေါင်းစဉ်ပေးလိုက်ခြင်းဟာ ကိစ္စရဲ့ ပိုပြီးတိကျတဲ့ ပုံရိပ်ကို ရရှိမှာဖြစ်ပြီး၊ နည်းဗျူဟာမြောက် ကြိုတင်ကြံစည်ခြင်းအတွက် ပိုမိုကောင်းမွန်သော မူဘောင်တစ်ရပ်ကို ရရှိမှာဖြစ်ပါတယ်။

၃. စနစ်ကို မတည်ထားပေးတဲ့ အရေးအကြီးဆုံး ထောက်တိုင်တွေကို ခွဲခြားသတ်မှတ်ဖို့ အချိန်ပေးပါ။ အဖွဲ့အစည်းတစ်ရပ်က ပိုမိုသေးငယ်တဲ့ အဖွဲ့အစည်းတစ်ရပ်ထက် စနစ်ကို ပိုမို ခွန်အားရှိစွာ ထောက်ပံ့ပေးနေတာကို ဖော်ပြတဲ့အနေနဲ့၊ တစ်ချို့ထောက်တိုင်တွေဟာ ခင်ဗျားဆွဲထားတဲ့ပုံထဲတွင် တစ်ခြားဟာတွေထက် ပိုကြီးကောင်းကြီးနေမယ်။

ထို့နောက်၊ စနစ်တွင်အရေးကြီးပြီး ခင်ဗျားရဲ့ ထိရောက်မှုကြောင့် အားနည်းလာမယ့် ထောက်တိုင်ကို ပြုလုပ်တဲ့ ဘယ်သူ့ကိုမဆို ခင်​ဗျား ရောက်ရှိ သို့မဟုတ် ထိရောက်နိုင်မယ့် ခင်ဗျားရဲ့ အရည်အချင်းကို နှိုင်းယှဉ် ဖော်ထုတ်သတ်မှတ်ပါ။ ထိုနေရာတွေဟာ ခင်ဗျား ကမ်းပိန်ရဲ့ ကောင်းမွန်တဲ့ အလားအလာရှိတဲ့ နေရာတွေဖြစ်ပါတယ်။

အာဏာ၏ထောက်တိုင်တွေဟာ စနစ် သို့မဟုတ် ခင်ဗျားလုပ်နေတဲ့ ကိစ္စရပ်ကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

၄. ထောက်တိုင်တစ်တိုင်ရဲ့ ခိုင်ခံ့မှုကို ထိရောက်စေနိုင်မယ့် အကောင်းဆုံး အလားအလာတစ်ရပ်ကို ခင်ဗျားရနိုင်မယ့်နေရာကို ဆုံးဖြတ်မယ့် နည်းလမ်းတစ်ရပ်ကတော့၊ ထောက်တိုင်တစ်ရပ်ချင်းစီရဲ့ အတွင်းပိုင်း တည်ဆောက်ပုံကို ဆန်းစစ်လေ့လာခြင်းဖြင့် ဖြစ်ပါတယ်။ ထောက်တိုင်ရဲ့ ကန့်လန့်ဖြတ်အပိုင်းကို ဖော်ပြတဲ့ စက်ဝိုင်းပုံတစ်ပုံ စဆွဲပါ။ ထိုထဲတွင် ဗဟိုတူ စက်၀ိုင်းများ ထပ်ဆွဲပါ။ ထောက်တိုင်ကို ဖော်ညွှန်းတဲ့ တစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းတွေကို စက်၀ိုင်းတွေမှာ အမည်တပ်နိုင်ပါတယ်။ အထိရောက်နိုင်ဆုံး သို့မဟုတ် အာဏာအရှိဆုံး ဗဟိုချက်ဖြင့်၊ ထောက်ပံ့ပေးတဲ့ အဆောက်အအုံများရဲ့ အစိတ်အပိုင်းများအကြောင်းကိုမူ အသေးစိတ်ဖြစ်ပါစေ။ ( အာဏာရှင် သို့မဟုတ် ဗိုလ်ချုပ်ဟာ စစ်တပ် ထောက်တိုင်ရဲ့ ဗဟိုချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ထပ် စက်ဝိုင်းတစ်ဝိုင်းတွင် အခြား ခေါင်းဆောင်မှုတစ်ရပ်၊ သာမန်စစ်မှုထမ်းများ၊ ပြီးရင် စစ်ပြန်များ၊ စစ်တပ်မိသားစုများ စသည်၊ စသည်ဖြင့်)။ ဗဟိုချက်ကနေ ခင်ဗျား ရွေ့လိုက်တာနဲ့၊ အဖွဲ့အစည်းတွေ သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းစီတွေရဲ့ အာဏာ ကိုင်ဆွဲမှုဟာ ပြောင်းလဲသွားတယ်။ အဖွဲ့အစည်းနဲ့ ချိတ်ဆက်မှု သို့မဟုတ် သစ္စာခံမှုဟာလည်း တစ်ခါတစ်ရံ ကျဆင်းသွားပါတယ်။ ထောက်တိုင်တစ်တိုင်ကို အထိရောက်ဆုံးလုပ်နိုင်မယ့် နေရာကို သိသာမြင်သာစွာ လက်လှမ်းနိုင်ဖို့ ဒါက ကူညီပေးမှာဖြစ်ပြီး၊ စနစ်အတွက် အထောက်အပံ့ကို ခင်ဗျားဖြိုဖျက်ဖို့ ကြိုးစားတဲ့အခါ ဘယ်နေရာကို ခင်ဗျားရောက်ရှိနိုင်မလဲဆိုတာကို ကူညီပေးမှာဖြစ်ပါတယ်။

၅. အခု၊ ပိုပြီး လေးနက်တဲ့ နည်းဗျူဟာမြောက် ကြိုတင်စီစဉ်ခြင်း ပစ္စည်းကိရိယာတွေနဲ့ ကြီးမားတဲ့ပုံရိပ် လေ့လာဆန်းစစ်မှုကို အသုံးပြုပါ။ ဥပမာအားဖြင့်၊ ရွေ့လျားနေတဲ့ နေရာအတိအကျတွေအတွက် ကုန်ကျမယ့် အရင်းအမြစ်ကို ခွဲခြားသတ်မှတ်ပေးမယ့် မဟာမိတ်တနှံ့တလျားတွေ (see: METHODOLOGY: မဟာမိတ်များကို ဆန်းစစ်လေ့လာခြင်း၊ အတွင်းနဲ့အပြင် အစီအစဉ်တွေနဲ့ ပတ်သတ်နေတဲ့ (see: METHODOLOGY: SWOT တွေ၊ သို့မဟုတ် ပရိယာယ်အသုံးပြုထားတဲ့ အစီအစဉ်တွေကို ပြီးပြည့်စုံလာစေမယ့် ဝင်ရောက်စွက်ဖက်လာမယ့်နေရာများ (see: METHODOLOGY: ကြားဝင်စွက်နှောက်ယှက်မယ့် နေရာများ စသည်ဖြင့် ဖြစ်ပါတယ်။ တစ်ခါတစ်ရံ တစ်ချိန်တည်းတွင် ကိရိယာတစ်ခုတည်းသုံးတာထက် ပိုသုံးတာက အကျိုးကျေးဇူးရှိပါတယ်၊ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတွေကို ကူညီခွဲခြားသတ်မှတ်ပေးကာ ပိုပြီးထိရောက်တဲ့ နည်းဗျူဟာမြောက် အစီအစဉ်ကို ဖန်တီးအောင်ကူညီပေးမှုတွေ အတိအကျ ယူဆောင်လာအောင် ကူညီပေးပါတယ်။

အပြင်လောက ဥပမာများ

Bringing Down a Dictator

Film that tells the inside story of how Milosevic was brought down by a courageous campaign of political defiance and massive civil disobedience.

By targeting the pillars that uphold police violence, Black Lives Matter is shifting power to the people

From National Guardsmen laying down their shields to bus drivers refusing to take protesters to jail, activists are tapping into a powerful principle of nonviolence resistance.

ပိုမိုလေ့လာရန်

People Power
Lisa Fithian, 2013
CANVAS Manual
Center for Applied Nonviolent Action and Strategies, 2004
A Force More Powerful
International Center on Nonviolent Conflict, 2000
Pillars of Support
ICNC & Centre for Applied Nonviolent Action and Strategies, 2007