နည်းစနစ်

ဇာတ်လမ်းရဲ့ တိုက်ပွဲ

The legend of Quetzalcoatl, shown here in a mural by Diego Rivera in Mexico’s Palacio Nacional. Photo: Ken Dow | CC BY-NC 2.0

အတိုချုံးပြောရရင်

မတရားချုပ်ချယ်တဲ့ ယုံကြည်မှုတွေကို ဖော်ထုတ်ဖို့ နဲ့ အခြားအမှန်တကယ်ဖြစ်ခြင်းဟာ ဖြစ်နိုင်သေးတယ်ဆိုတာကို ပြသဖို့ ဇာတ်လမ်းတွေရဲ့ စွမ်းအားကို ထိန်းချုပ်အသုံးပြုပါ။

နောက်ခံဖြစ်ရပ် ဇာတ်လမ်းများသည် အကြောက်တရား၊ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများကို ဆောင်ကြဉ်းပေးသည်။ အကြောင်းမှာ ယင်းတို့ကို ကျွန်ုပ်တို့ ခံစားနိုင်သည့်အခါ ကိုယ်ကျင့်တရားသည် သဘောတရားတစ်ခုမျှသာ မဟုတ်တော့ဘဲ၊ ကျွန်ုပ်တို့၏ နှလုံးသားကို သင်ကြားပေးသည့် အရာ ဖြစ် လာသည်။ ဤသည်ပင်လျှင် ဖြစ်ရပ်ဇာတ်လမ်း၏ ခွန်အားဖြစ်သည်။

— Marshall Ganz

အစများ

ဖြစ်ရပ်ဇာတ်လမ်းအခြေပြု မဟာဗျူဟာစင်တာက ၂၀၀၀ ခုနှစ်များတွင် ရေးဆွဲ ဖော်ထုတ်ခဲ့သည်။ (ယခင် က smartMeme ဟုခေါ်သည်။)

လူသားယဉ်ကျေးမှုတွေရဲ့ ပိတ်ထည်ကို ယက်လုပ်ရင်း၊ ကျွန်တော်တို့ရဲ့ ဘ၀တွေက အပ်ချည်တွေအဖြစ်အလား ပျံ့နှံ့နေတဲ့ ဇာတ်လမ်းတွေနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာထဲ ကျွန်တော်တို့ နေထိုင်ကြတယ်။ ဇာတ်လမ်းတစ်ပုဒ်က အသိပေးနိုင်တယ် ဒါမှမဟုတ် လှည့်ဖြားနိုင်တယ်၊ အလင်းပြနိုင်တယ် ဒါမှမဟုတ် ဖျော်ဖြေပေးနိုင်တယ်။ ကျွန်တော်တို့ရဲ့ အမှန်တကယ်ဖြစ်ရပ်တွေကို ပုံဖော်တဲ့ စွမ်းအားကို သူက ကိုင်စွဲထားတယ်။

အစဉ်အလာ စွမ်းအားခွဲခြမ်းစိတ်ဖြာခြင်းဟာ စီစဉ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို၊ သူတို့ရဲ့ မဟာမိတ်များနဲ့ ပစ်မှတ်ဆုံးဖြတ်ချက်ပြုလုပ်သူများကြား ဆက်သွယ်ချက်တွေနဲ့ အဖွဲ့အစည်းဆိုင်ရာ ရွေ့လျားအားတွေကို နားလည်မှုတစ်ရပ်၊ ပေးစွမ်းပါတယ်။ ဇာတ်လမ်းရဲ့ တိုက်ပွဲရဲ့ သင်ထောက်ကူပစ္စည်းကို အသုံးပြုပြီး ဇာတ်ကြောင်းပြော ပါဝါ သုံးသပ်လေ့လာမှုပြုလုပ်ခြင်းဟာ ဇာတ်ကြောင်းပြောနေရာကို ပိုမိုနားလည်မှု ချဲ့ထွင်ဖို့ မူဘောင်ကို ထောက်ပံ့ပေးပါတယ် — အခြေအနေတစ်ရပ်နဲ့ ပါဝင်တဲ့ဇာတ်ကောင်တွေအပေါ် လူထုအမြင်ကို ဘောင်ချသတ်မှတ်တဲ့ ဇာတ်လမ်းတွေ၊ အကြံဉာဏ်တွေနဲ့ ထင်မြင်ယူဆချက်တွေရဲ့ သိမ့်မွေ့နက်နဲသော နယ်ပယ်ဘုံ။

ဇာတ်လမ်းရဲ့ အများလက်ခံမှုက * အမှန်တရား* မဟုတ်ပဲ အဓိပ္ပာယ် ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုခြင်း အပေါ်တွင် ဇာတ်လမ်းရဲ့ တိုက်ပွဲဟာ အခြေခံထားပါတယ်။

ခင်ဗျားရဲ့ အတိုက်အခံဘက်က ပြောနေတဲ့ ဇာတ်လမ်းကို ခွဲခြားသတ်မှတ်ဖို့နဲ့ အဲ့ဇာတ်လမ်းကို ခုခံချေပဖို့ သို့မဟုတ် အနိုင်ယူဖို့ ခင်ဗျားပြောနိုင်မယ့် ဇာတ်လမ်းကို ခွဲခြားသတ်မှတ်ဖို့ရာ သင်ထောက်ကူပစ္စည်းကို အသုံးပြုပါ။

ဇာတ်လမ်းရဲ့ အများလက်ခံမှုက * အမှန်တရား* မဟုတ်ပဲ အဓိပ္ပာယ် ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုခြင်း အပေါ်တွင် ဇာတ်လမ်းရဲ့ တိုက်ပွဲဟာ အခြေခံထားပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို အစွမ်းထက်လာစေတာဟာ သေချာပေါက် အချက်အလက်တွေ မဟုတ်ဘဲ၊ နားထောင်သူတွေရဲ့ နှလုံးသားနဲ့ စိတ်တွေထဲ ဇာတ်လမ်းဟာ အဓိပ္ပာယ် ဘယ်လိုဖန်တီးသွားသလဲ ဆိုတာကသာ ဖြစ်တယ်။ ထို့ကြောင့်၊ လူတွေကို သဘောကျအောင်လုပ်ရာမှာ ကြုံတွေ့ရတဲ့ အတားအဆီးက တခါတရံ သူတို့ မသိသေးတဲ့ အကြောင်းအရာတွေကြောင့်မဟုတ်ဘဲ၊ သူတို့ သိပြီးသားအကြောင်းအရာတွေကြောင့်ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်၊ လူတွေရဲ့ တည်ရှိပြီးသား ယူဆချက်များနဲ့ ယုံကြည်မှုများဟာ၊ လူမူအပြောင်းအလဲပန်ကြားစာတွေကနေ တားဆီးထားတဲ့ ဇကာစစ်တွေလို၊ ဆောင်ရွက်နေနိုင်ပါတယ်။ တိမ်မြုပ်နေတဲ့ အဲ့ဒီ ပျက်စီးရာပျက်စီးကြောင်း ဇာတ်ကြောင်းတွေရဲ့ အဆောက်အဦးအုတ်ချပ်တွေကို တူးဖော်ရှာဖွေဖို့၊ ဇာတ်လမ်းရဲ့ တိုက်ပွဲက ရည်ရွယ်ပါတယ်၊ ထိုမှသာ လွတ်မြောက်ခြင်းရဲ့ ဇာတ်ကြောင်းဟာ သူတို့ကို ပိုမိုစိန်ခေါ်နိုင်လာမှာဖြစ်တယ်။

ဥပမာအားဖြင့်၊ အစဉ်အလာ ပါဝါ ခွဲခြမ်းစိတ်ဖြာခြင်းတစ်ရပ်တွင်၊ အဆိုပြုထားတဲ့ ကုန်သွယ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆန့်ကျင်ပြီး စုဖွဲ့ထားတဲ့ အိမ်နီးချင်းများ အဖွဲ့တစ်ဖွဲ့ဟာ၊ မြို့တော်ဝန်နဲ့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဟာ အဆုံးစွန်သော ဆုံးဖြတ်ချက်ချမှတ်သူများဖြစ်ပြီး၊ နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူများရဲ့ ကမ်ပိန်း ထောက်ပံ့မှုများနဲ့ X နယ်မြေရှိ မဲပေးသူများရဲ့ အယူအဆများက သူတို့ကို လွှမ်းမိုးထားတယ်လို့၊ သတ်မှတ်ကောင်းသတ်မှတ်မယ်။ နောက်ထပ်ပြီး၊ နယ်မြေဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သူတွေဟာ သူတို့ရဲ့ လုပ်ငန်းအစီအစဉ်တွေကို မြှင့်တင်ဖို့ အသုံးချနေတယ်ဆိုတဲ့ ဇာတ်လမ်းတွေကို ဟုတ်မှန်ကြောင်း ထင်ရှားစေခြင်းအားဖြင့်၊ အဖွဲ့ဟာ ထိုနားလည်မှုအပေါ်တွင် တည်ဆောက်နိုင်ပါတယ်။ ဒါဟာ၊ ဆောင်ရွက်သူတွေရဲ့ ဇာတ်ကြောင်းကို သူတို့ရဲ့ ကိုယ်ပိုင်အသုံးအနှုန်း​ဖြင့် ဂရုတစိုက် စစ်ဆေးရမယ်လို့၊ ဆိုလိုပါတယ်။ သူတို့ဖြေရှင်းနေပါတယ်လို့ ပြောတဲ့ ပြဿနာကို သူတို့ ဘယ်လို ရှုမြင်သုံးသပ်ကြသလဲ။ ဘယ်သူတွေက သူတို့ရဲ့ သတင်းပေးတွေလဲ။ လူမှုအသိုင်းအဝိုင်းကို သူတို့ ဘယ်လို ပုံဖော်ကြလဲ။ သူတို့ ထားတဲ့ ယူဆချက်တွေက ဘာတွေလဲ။

ထိုဥပမာနဲ့ပဲ ရှေ့ဆက်ပြောရရင်၊ ဆောင်ရွက်သူတွေဟာ သူတို့ရဲ့ ဇာတ်ကြောင်းကို “ ရပ်ကွက်အသိုင်းအဝိုင်းထဲ အလုပ်အကိုင်တွေ ဆောင်ကျဉ်းပေးလာတယ်” ဆိုတဲ့ ဇာတ်ကြောင်းမျိုးနဲ့ နှပ်ကြောင်းပေးကောင်းပေးထားလိမ့်မယ်။ ဆောင်ရွက်သူတွေရဲ့ ဇာတ်လမ်းအကြောင်း ရှင်းလင်းပြတ်သားမှုကို ကိုင်စွဲထားပြီး၊ ရပ်ကွက်အဖွဲ့ဟာ သူတို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို ဖန်တီးနိုင်ပြီး ဆောင်ရွက်သူတွေကို သီးခြားခွဲထုတ်ထားဖို့ နည်းဗျူဟာကို ပုံစံထုတ်နိုင်ပါတယ်။ ဆောင်ရွက်သူတွေအတွက် ကိုယ်စားပြုမယ့် အသေးစားလုပ်ငန်းပိုင်ရှင်လေးတွေကို စည်းရုံးထားဖို့၊ သူတို့ ဆုံးဖြတ်ကောင်းဆုံးဖြတ်မယ်။ အလုပ်အကိုင် ဖန်တီးဖို့ တစ်ခြားနည်းလမ်းတွေရှိတာကို ပြသဖို့အတွက် သူတို့ အလုပ်အကိုင်ပြပွဲ စီစဉ်ကောင်း စီစဉ်ထားမယ်။ ဆောင်ရွက်သူတွေက “ မင်းတို့ မြို့တော်ခန်းမကို မတိုက်နိုင်ပါဘူး” ဆိုတဲ့ သဘောထားကို ယုံကြည်နေရင်၊ စီစဉ်သူတွေက သူတို့ ကမ်ပိန်းဇာတ်ကြောင်းကို၊ အတိတ်သမိုင်းတွင် လူထုပါဝါက အောင်ပွဲအလီလီ အနိုင်ရရှိတဲ့အကြောင်းအပေါ်၊ အလေးပေးပြောဆိုကြရမယ်။ အတိုချုံရရင်၊ အဖွဲ့ဟာ သူတို့ ရင်ဆိုင်နေရတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ဖိအားတွေကိုသာ စိန်ခေါ်ရုံတင်မကဘဲ၊ သူတို့ အသိုင်းအဝိုင်းကို ခြိမ်းခြောက်ဖို့ တရားဝင်ပြုလုပ်ပြီး ခွင့်ပြုပေးတဲ့၊ နောက်ကနေဖိအားတွေ တွန်းတင်ပေးတဲ့၊ ဇာတ်ကြောင်းတွေကိုပါ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။

ဖိနှိပ်ချုပ်ချယ်မှုတွေဟာ ဖိနှိပ်တဲ့ စီပွားရေးနှင့် အာဏာဆိုင်ရာ ဆက်သွယ်မှုတွေတင်သာ အမြစ်တွယ်နေရုံမကဘဲ၊ ဖိနှိပ်ချုပ်ချယ်တဲ့ ဇာတ်ကြောင်းတွေမှာပါ အမြစ်တွယ်နေပါတယ်။ အပြောင်းအလဲအတွက် ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက၊ အဲ့ဒီဇာတ်ကြောင်းတွေကို ပြိုလဲအောင် အနိုင်ယူပြီး၊ ပိုပြီးတရားမျှတကာ လွတ်လပ်သော ကမ္ဘာကြီးကို ဖန်တီးရာတွင် ကူညီမယ့် ဇာတ်လမ်းအသစ်တွေနဲ့ အစားထိုးဖို့ ဖြစ်ပါတယ်။

Originally published in Beautiful Trouble as THEORY: Narrative Power Analysis.

ဘယ်လိုသုံးမလဲ။

၁. ဇာတ်လမ်းရဲ့ တိုက်ပွဲ သင်ထောက်ကူစာရွက်ကို ပရင့်ထုတ်လိုက်ပါ။ worksheet

၂. အလယ်ကော်လံရှိ ကွက်လပ်တွေထဲတွင် ဖြည့်စွက်ပါ၊ လူဆိုးတွေအတွက် ဝါဒဖြန့်သူကဲ့သို့ ဘယ်ဘက်ကော်လံရှိ မေးခွန်းများကို ဖြေဆိုပါ။

၃. ခင်ဗျားရဲ့ ကိုယ်ပိုင်အသင်းရဲ့ တန်ပြန် ဇာတ်ကြောင်းအကြောင်း မှတ်စုများဖြင့်၊ ညာဘက်ကော်လံတွင် ထိုအဖြေများကို ခြားနား နှိုင်းယှဉ်ပါ။

၄. ဒီ သင်ထောက်ကူစာရါက်ရဲ့ ရလဒ်များကို ခင်ဗျားရဲ့ ကမ်ပိန်းကို စီစဉ်သူများဖြင့် ဝေမျှပြီး သူတို့ရဲ့ တုံ့ပြန်ချက်ကို တောင်းခံပါ။

၅. ပဋိပက္ခ၊ ဇာတ်ကောင်များ၊ စိတ်ကူးပုံရိပ်နဲ့၊ ခင်ဗျားအသင်းက ဆောင်ရွက်နေတဲ့ လှုပ်ရှားများရဲ့ အခြားအခန်းကဏ္ဍများကို ခင်ဗျားရဲ့ ကမ်ပိန်းက ဘယ်လို ရှုမြင်သုံးသပ်ကြသလဲဆိုတာကို အသိပေးဖို့၊ ခင်ဗျား ဖန်တီးထားတဲ့ ဒီဇာတ်ကြောင်းကို အသုံးပြုပါ။

အပြင်လောက ဥပမာများ

Festival of Voices

The Festival of Voices counters the singular dominant narrative concerning gender with polyphony. Women and youth to put forth their own stories.

ပိုမိုလေ့လာရန်