နည်းစနစ်

ကိုယ့်အကြောင်း၊ ကျွန်တော်တို့ အကြောင်း နဲ့ ယခုအချိန်အကြောင်းရဲ့ ဇာတ်လမ်း

Marshall Ganz, developer of the public narrative methodology. Photo: flyoverthis | CC BY-SA 2.0

အတိုချုံးပြောရရင်

တန်ဖိုးထားမှုများနဲ့ အတွေ့အကြုံများ ဝေမျှထားတဲ့ လူ့ဘောင်အဖွဲ့အစည်းရဲ့ သဘောထားမျိုး တည်ဆောက်ပေးရာတွင် အကူအညီဖြစ်စေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဇာတ်လမ်းများကို ဖလှယ်ခြင်းအားဖြင့်၊ လူ အရေအတွက်အမြောက်အမြားကို လုပ်ဆောင်မှုတွေရှိရာဆီ ပို့ဆောင်ပေးတယ်။

"ငါ့အတွက်ငါ မရှိရင်၊ ဘယ်သူ ရှိမလဲ။

ငါ့အတွက်ပဲ ငါရှိနေရင်၊ ‘ငါ’ဟာ ဘာလဲ။

အခုမှ မဟုတ်ရင်၊ ဘယ်တော့လဲ။"

— Rabbi Hillel the Elder

အစများ

မာရှယ်ဂန်းဇ့်၊ အမေရိကန်တွင် ပြောင်းရွှေ့နေထိုင်လာသော စိုက်ပျိုးမွေးမြူရေးခြံ အလုပ်သမားများရဲ့ လှုပ်ရှားမှု၏ ကာလရှည်ကြာ စည်းရုံးရေးမှူးတစ်ယောက်ဖြစ်ပြီး လက်ရှိတွင် ဟားဗက်ရှိ ကနေဒီ အစိုးရကျောင်းတွင် အကြီးပိုင်း စာပေပို့ချသူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၀ခုနစ်များတွင် သူဟာ လူပုံလယ် ဇာတ်ကြောင်းပြောပြတဲ့ နည်းပညာဗေဒကို၊ တန်ဖိုးထားမှုများကို အခြေခံတဲ့ လူအဖွဲ့အစည်းတစ်ရပ်ကို စုစည်းထားတဲ့ လူမှုအအောက်အအုံတစ်ရပ်အဖြစ်၊ ချဲ့ထွင်ခဲ့ပါတယ်။

ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ပုဒ်တွင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့ စွမ်းပကား ရှိပါတယ်။ တန်ဖိုးထားမှုများနဲ့ အတွေ့အကြုံများ ဝေမျှထားတဲ့ လူ့ဘောင်အဖွဲ့အစည်းရဲ့ သဘောထားမျိုး တည်ဆောက်ရန် နှင့် လူအမြောက်အမြားကို ကိစ္စရပ် သို့မဟုတ် အကြောင်းအရာနဲ့ ပတ်သတ်ပြီး ထဲထဲဝင်ဝင် လုပ်ဆောင်လာအောင် အခြေခံအားဖြင့် တိုက်တွန်း စေ့ဆော်ရန် အလို့ငှာ၊ *လူပုံလယ် ဇာတ်ကြောင်းပြောပြတဲ့ * နည်းပညာဗေဒဟာ စည်းရုံးရေးမှူးတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်း ခေါင်းဆာင်တွေကို၊ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဇာတ်လမ်းများကို ပိုမို ထိထိရောက်ရောက် မျှဝေပေးဖို့၊ လေ့ကျင့်ပေးပါတယ်။

လူပုံလယ် ဇာတ်ကြောင်းပြောခြင်းဟာ စီစဉ် စည်းရုံးခြင်းရဲ့ အကြောင်းရင်း ဖြစ်ပါတယ် — ဇာတ်လမ်းများမှ တစ်ဆင့် တန်ဖိုးစံနှုန်းများကို လုပ်ဆောင်ချက်အဖြစ် ဘာသာပြန်ပေးခြင်း အနုပညာတစ်ရပ်ပါ။

ခင်ဗျားက အသင်းသစ်တစ်သင်းကို ဖွဲ့စည်းနေတဲ့အခါ၊ ဒါမှမဟုတ် တန်ဖိုးထားမှုတွေနဲ့ ရွေးချယ်မှုတွေကို အတူတကွ သယ်ဆောင်လာကြရန် အဖွဲ့ကို ရင်းရင်းနှီးနှီး ဖြစ်လာအောင် ခင်ဗျား လုပ်နေတဲ့အခါ၊ လူပုံလယ် ဇာတ်ကြောင်းပြောပြတာဟာ အသုံးဝင်ပါတယ် အဖွဲ့အစည်းရဲ့ အတွင်းမှ ဖြစ်စေ အပြင်မှဖြစ်စေ ရှိလာတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရန်အတွက် ခင်ဗျားရဲ့ လူ့အဖွဲ့အစည်း သို့မဟုတ် အသင်းကို ခင်ဗျား ပြင်ဆင်ပေးတဲ့အခါမျိုးမှာလည်း အသုံးပြုပါတယ်။ ဇာတ်ကြောင်းပြောပြတာကို သိသိသာသာ အသုံးအများဆုံးကတော့ လူတွေကို လုပ်ဆောင်ချက်တွေ ပြုလုပ်လာဖို့ တိုက်တွန်း စေ့ဆော်တာမျိုးမှာ အသုံးပြုပါတယ်။ သိသိသာသာ အသုံးအနည်းဆုံးကတော့ နည်းဗျူဟာကို ဆုံးဖြတ်ရာတွင် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်၊ လူတွေရဲ့ ဇာတ်လမ်းထဲမှာ သိုဝှက် ဖုံးကွယ်ထားတဲ့ ဘယ်ရွေးချယ်မှုတွေကို လုပ်ခဲ့သလဲဆိုတာတွေနဲ့ ခေါင်းဆောင်မှုဆီ သူတို့ကို ဘယ်အရာက ခေါ်ဆောင်လာခဲ့သလဲဆိုတာတွေဟာ ၊ကျွန်တော်တို့ရဲ့ နည်းဗျူဟာက ဘာဖြစ်သင့်တယ်ဆိုတာရဲ့ အဖြေ ဖြစ်ပါတယ်။ (see: METHODOLOGY: ဇာတ်လမ်းရဲ့ တိုက်ပွဲ မတရားမှုနဲ့ ပတ်သတ်ပြီး လူတွေ နိုးကြားလာစေဖို့နဲ့၊ အထူးသဖြင့် ရာစုနှစ်ပေါင်းများစွာ ဖိနှိပ်ခံလာရတဲ့ လူ့အဖွဲ့အစည်းတွေ အုပ်စုတွေ အတွင်းတွင်၊ မတရားမှုကို ကိုယ်တိုင် ထိပ်တိုက်ရင်ဆိုင်နေရတဲ့ လူတွေအတွက်လည်း လူပုံလယ် ဇာတ်ကြောင်းပြောပြခြင်းကို အသုံးပြုပါတယ်။

ဇာတ်လမ်းအမျိုးအစား သုံးမျိုးကို သေချာ ရောမွှေထားခြင်းဖြင့် လူပုံလယ် ဇာတ်ကြောင်းပြောခြင်းကို ဖန်တီးထားပါတယ်။ အချောသပ်ပြီးတာနဲ့ တပြိုင်တည်း၊ ဇာတ်ကြောင်းပြောသူဟာ ကြာချိန် စုစုပေါင်း ငါးမိနစ်အောက်အတွင်း ပြောပြနိုင်သင့်ပါတယ်။

  • ပထမတစ်မျိုးက * ကိုယ့်အကြောင်း ဇာတ်လမ်း* ပါ။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဇာတ်လမ်းအကြောင်းပြောပြလိုက်မယ်။ အဲ့အတွက်ကြောင့် ဒီကိစ္စနဲ့ ပတ်သတ်ပြီး ခေါင်းဆောင်မှုဆီ ကျွန်တော့်ကို ရောက်ရှိလာစေသလဲဆိုတာ ခင်ဗျားတို့ နားလည်ပါလိမ့်မယ်။ ဘယ်စိန်ခေါ်မှုတွေ ကျွန်တော်ရင်ဆိုင်ခဲ့ရသလဲနဲ့ ဘယ်လို ရွေးချယ်မှုတွေ ကျွန်တော်ပြုလုပ်ခဲ့သလဲ ဆိုတာတွေက ဒီကိစ္စနဲ့ ပတ်သတ်ပြီး ခေါင်းဆောင်မှုဆီ ကျွန်တော့်ကို ဘာကြောင့် ရောက်ရှိလာစေသလဲ ဆိုတာကို ပြသပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ဇာတ်လမ်းတွင်၊ ကျွန်တော့်ရွေးချယ်မှုတွေရဲ့ ရလဒ် နဲ့ ကျွန်တော့်ကို ဘယ်အရာတွေက မျှော်လင့်ချက် ရောင်ခြည်သမ်းစေသလဲဆိုတာကို ဖော်ပြပါမယ်။

  • ဒုတိယက ကျွန်တော်တို့ရဲ့ ဇာတ်လမ်း ပါ။ ကျွန်တော့် အဖွဲ့အစည်းထဲမှာရှိတဲ့ အဖွဲ့ဝင်တွေရဲ့ ဇာတ်လမ်းတွေကို လေ့လာဖို့ ကျွန်တော် ကြိုးပမ်းပြီး ကျွန်တော်တို့ ဝေမျှ တန်ဖိုးထားတဲ့ အရာတွေကို အတူတကွ ဆက်စပ် ဖန်တီးပါတယ်။ ဒီ ဇာတ်လမ်းဟာ ကျွန်တော်တို့ဟာ ဘယ်သူတွေလဲဆိုတာ၊ ကျွန်တော်တို့ အတူတကွ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေဟာ ဘာတွေလဲဆိုတာ နဲ့ ကျွန်တော် လျှောက်လှမ်းလာခဲ့ပြီး ဖြစ်တဲ့ မိုင်တိုင်များအချို့ အကြောင်း ဖော်ပြမှာ ဖြစ်ပါတယ်။

  • တတိယက ယခုအချိန်ရဲ့ ဇာတ်လမ်း ပါ။ လုပ်ဆောင်ရန် ပျက်ကွက်မှုရဲ့ အဖိုးအခက ဘာလဲ။ လုပ်ဆောင်ရန် ပျက်ကွက်မှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို ပုံဖော်ပြီး ဝေမျှပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်လိုက်ရင် ရရှိလာမယ့်အရာတွေကိုလည်း ပုံဖော် ဝေမျှပါတယ်။ အရေးတကြီးလိုအပ်တဲ့ သဘောတရားနဲ့ မျှော်လင့်ချက်တွေကို ဖန်တီးပြီးတဲ့နောက်၊ လုပ်ဆောင်ဖို့အတွက် အသေးစိတ် အချက်အလက်နဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့အရာတွေဖြင့် ကျွန်တော့်ရဲ့ ဇာတ်ကြောင်းပြောပြခြင်းကို အဆုံးသတ်တယ်။

လူပုံလယ် ဇာတ်ကြောင်းပြောပြခြင်းဟာ ခေါင်းဆောင်မှုရဲ့ လုပ်ထုံးတစ်ရပ် ဖြစ်ပါတယ်။ ဒါဟာ စီစဉ် စည်းရုံးခြင်းရဲ့ အကြောင်းရင်း ဖြစ်ပါတယ် — ဇာတ်လမ်းများမှ တစ်ဆင့် တန်ဖိုးစံနှုန်းများကို လုပ်ဆောင်ချက်အဖြစ် ဘာသာပြန်ပေးခြင်း အနုပညာတစ်ရပ်ပါ။

ဘယ်လိုသုံးမလဲ။

လူပုံလယ်ဇာတ်ကြောင်းပြောတာနဲ့ ပတ်သတ်ပြီး ခေါင်းဆောင်တွေကို လေ့ကျင့်ပေးရာတွင် ယေဘုယျအားဖြင့် အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်ပါတယ်။

(၁) ကောင်းမွန်တဲ့ ဇာတ်လမ်းတွေကို ဥပမာအဖြစ်ပြသပါ ။

(၂) ဇာတ်လမ်းပုံစံ ၃မျိုး ဖြစ်တဲ့ — ကိုယ့်အကြောင်း၊ ကျွန်တော်တို့အကြောင်းနဲ့ ယခုအချိန် အကြောင်းတို့ရဲ့ အခြေခံသဘောတရားတွေကို ရှင်းပြပါ။

(၃) သူတို့ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းတွေကို သိမြင်စေချင်တဲ့ အဖွဲ့ဝင်များကိုခေါ်ပြီး သူတို့ရဲ့ ဇာတ်လမ်းများကို တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လမ်းညွှန် နည်းပြခိုင်းပါ။

ကြီးမားတဲ့ အုပ်စုတစ်စုအတွက်ဆိုရင်၊ တစ်ရက်တာ အပြည့် ပို့ချပေးခြင်းက သင့်တော်ပါတယ်။ သေးငယ်တဲ့ အုပ်စုတစ်စုနဲ့ ဆရာကောင်းတစ်ယောက်အတွက်ဆိုရင်၊ နာရီ အနည်းငယ် ပို့ချပေးခြင်းက လုံလောက်ပါတယ်။

လူပုံလယ် ဇာတ်ကြောင်းပြောခြင်းနဲ့ ပတ်သတ်ပြီး ပိုမို အတွင်းကျကျ သိချင်ရင်နဲ့ လက်တွေ့ ဘယ်လို အသုံးပြုရမလဲ သိချင်ရင်တော့ဖြင့်၊ မာရှယ်ဂန်းဇ့်ရဲ့ အခြေခံစာတမ်းကို လေ့လာကြည့်ပါ။ လူပုံလယ် ဇာတ်ကြောင်းပြောခြင်း၊ စုပေါင်း လှုပ်ရှားမှု နှင့် တန်ခိုးအာဏာ

အထူးသဖြင့် ဒီစာတမ်းက နည်းစနစ်နဲ့ ပတ်သတ်ပြီး ခင်ဗျားကို ကူညီ လမ်းပြပေးပါလိမ့်မယ်။

အပြင်လောက ဥပမာများ

James Croft’s 2012 Speech on Homophobia and Bullying

James Croft uses a public narrative framework while speaking on LGBTQ bullying and suicide at a protest in Cambridge, Massachusetts.

President Obama’s Speech at the 2004 Democratic National Convention

President Barack Obama uses the public narrative “self-us-now” story structure at the 2004 Democratic National Convention.

Nisreen Haj Ahmad on Boycott, Divestment, Sanctions in Israel

Nisreen Haj Ahmad shares her public narrative (story of self, us, and now) to explain what moves her to be part of the BDS movement.

Maisan Hamdam on Refusing to Serve in the Israeli Army

Maisan Hamdan explains why she joined the “Refuse, Your People will Protect You” campaign and calls on others to join as well.

ပိုမိုလေ့လာရန်

Public Narrative, Collective Action, and Power
Marshall Ganz, in *Accountability Through Public Opinion: From Inertia to Public Action*, 2011