သီအိုရီ

အနုပညာဖြင့် တက်ကြွလှုပ်ရှားမှု

A mural commemorates the missing 43 students from Ayotzinapa, Mexico, that are presumed to have been kidnapped and killed. Photo: numbdog | CC BY-NC-ND 2.0

အတိုချုံးပြောရရင်

အနုပညာဖြင့် တက်ကြွလှုပ်ရှားမှု၊ အနုပညာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတို့ ပေါင်းဆုံ​ခြင်း၊ ဖြစ်ရှိနေခြင်းရဲ့ ပိုမို သင့်တင့်လျောက်ပတ်သော နည်းလမ်းများရရှိရန် အလို့ငှာ၊ မေးခွန်းအသစ်များနဲ့ အဓိပ္ပာယ်အသစ်များ ဖြစ်ပေါ်စေတဲ့ အဖြစ်အပျက်များနဲ့ မဟာဗျူဟာများကို ဖန်တီးပေးရန် အလွန်အရေးပါသော စိတ်ကူးစိတ်သန်းများကို အသုံးချခြင်း။

အစများ

အနုပညာဖြင့်တက်ကြွလှုပ်ရှားမှု ဆိုတဲ့ အသုံးအနှုန်းဟာ အမျိုးမျိုးသော အယူအဆများမှာ ဆင်းသက်လာတဲ့ ပေါင်းစပ်စကားလုံးတစ်လုံး ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ၁၉၆၀ခုနစ်များတွင် ပန်းပုပညာနှင့် ပတ်သတ်ပြီး ရော်စလိုင်းခရောက်စ်က ဖန်တီးလိုက်တဲ့ “ ချဲ့ထွင်ထားသော နယ်ပယ်များ ” နှင့် အီလီနာ ဒီရေဂတ်ဇ်ရဲ့ “ စိတ်ကူးယူဆချက်တွေရဲ့ ကနဦးအစ” အပေါ်တွင် အလေးအနက် နှိုင်းဆဆင်ခြင်ခြင်းတို့ ဖြစ်ပါတယ်။

  • အနုပညာဖြင့် တက်ကြွလှုပ်ရှားမှု = အနုပညာ + တက်ကြွလှုပ်ရှားမှု* ဆိုတာဟာ အဖြေတွေထက် မေးခွန်းတွေ ပိုထုတ်လိုက်တဲ့ ဖော်မြူလာတစ်ခု ဖြစ်ပါတယ်။ တက်ကြွလှုပ်ရှားမှုအကြောင်း ပိုမိုပြီးပြည့်စုံအောင် နားလည်မယ့်အကြောင်း ကျွန်တော်တို့ ပြောကြမှာလား။ လူမှုရေးအရ တာဝန်သိ အနုပညာအကြောင်းလား။ နှလုံးသားကိုကော ဦးနှောက်ကိုပါ စကားပြောမယ့် ပျော်ရွှင်ချမ်းမြေ့ ငြိမ်းချမ်းတဲ့ နည်းလမ်းဖြင့် ဆောင်ရွက်တဲ့ တိုက်ရိုက်လုပ်ဆောင်ချက်အကြောင်းလား။

ကျွန်တော် နားလည်ထားတာကတော့၊ * အနုပညာဖြင့် တက်ကြွလှုပ်ရှားမှု* ဟာ အနုပညာရဲ့ “ ချဲ့ထွင်ထားသော နယ်ပယ်များ ” ( ပန်းပုပညာနှင့် ပတ်သတ်ပြီး ဝေဖန်ရေးနှင့် ခေတ်ပြိုင် အနုပညာ သီအိုရီ ပညာရှင် ရော်စလိုင်းခရောက်စ်က ဝေါဟာရအသစ်တီထွင်ထားသော အသုံးအနှုန်းဖြစ်ပြီး ခေတ်ပြိုင်အနုပညာတွင် တွင်ကျယ်စွာ အသုံးပြုတဲ့ အယူအဆတစ်ရပ်ဖြစ်ပါတယ်) နဲ့ လူအချင်းချင်း ဝေဖန်ထောက်ပြချက်တွေဆီ တဆင့်တက်သွားမယ့် ဖြစ်နိုင်ချေတွေကို ဖန်တီးဖို့ တက်ကြွလှုပ်ရှားမှုတို့ ပေါင်းစပ်ပြီး အလုပ်လုပ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်မှုတွေရဲ့ တစ်ခြား ပုံစံတွေကို ရှေ့သို့တွန်းပို့ပေးရန်အလို့ငှာ၊ ထိုကဲ့သို့ ပေါင်းစပ်လုပ်ကိုင်မှုဟာ “စိတ်ကူးယူဆချက်တွေရဲ့ ကနဦးအစ၊ ဘ၀နဲ့ အနုပညာ၊ လူ့ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ချက်နဲ့ အနုပညာမြောက်ဖန်တီးချက်တို့ လမ်းဆုံကြတဲ့အခါ ဖြစ်လာတဲ့ အဖြစ်အပျက်များ”ရဲ့ ဖန်တီးမှုကို ခွင့်ပြုပေးတယ်။

မေလ ၁၉၆၈ခုနစ်ရဲ့ တော်လှန်ရေးလှုပ်ရှားမှုများ၊ မက်ဆီကိုတွင် “ဇာပါတစ်မို” လက်နက်ကိုင်တော်လှန်ရေး၊ ဝဲဟာခါတွင် ၂၀၀၆ခုနစ် အုံကြွမှုနဲ့ ၂၀၁၁ ခုနစ်တွင် မက်ဒရစ်နဲ့ ဝေါစထရိတို့တွင် သိမ်းပိုက်ခြင်း လှုပ်ရှားမှုများတို့ကဲ့သို့ ပုံစံတူ နိုင်ငံရေးဆိုင်ရာ တော်လှန်ရေး သီအိုရီ ပါဝင်သော လူမှုရေးဆိုင်ရာ အနုပညာမြောက် လှုပ်ရှားမှုများရဲ့ သမိုင်းကြောင်းတလျောက် သိသာထင်ရှားတဲ့ ဥပမာသာဓကများ ရှိခဲ့သော်လည်း၊ အနုပညာဖြင့် တက်ကြွလှုပ်ရှားသူများရဲ့ လုပ်ဆောင်မှုတွေဟာ ၉၀ ခုနစ် နှောင်းပိုင်းကာလများတွင် စတင် နာမည်ကြီးလာခဲ့တယ်။

သမိုင်းဆိုင်ရာ အဆက်အစပ်အကြောင်းအရားများနဲ့ နည်းပညာနှင့် သတင်းမီဒီယာကို အသုံးပြုပုံတို့အရ၊ အနုပညာဖြင့် တက်ကြွလှုပ်ရှားမှု ပုံစံတွေဟာ ပြောင်းလဲနေတတ်တယ်။ ဒါပေမဲ့၊ ယေဘုယျအားဖြင့်၊ ဖြစ်ရှိနေခြင်းရဲ့ ပိုမို သင့်တင့်လျောက်ပတ်သော နည်းလမ်းများရရှိရန် အလို့ငှာ၊ မေးခွန်းအသစ်များနဲ့ အဓိပ္ပာယ်အသစ်များ ဖြစ်ပေါ်စေတဲ့ အဖြစ်အပျက်များနဲ့ မဟာဗျူဟာများကို ဖန်တီးပေးရန် အလွန်အရေးပါသော စိတ်ကူးစိတ်သန်းများကို အနုပညာဖြင့် တက်ကြွလှုပ်ရှားမှုက ကြိုးကိုင်အသုံးပြုပါတယ်။

အပြင်လောက ဥပမာများ

Pasifika visual artist Janet Lilo's take on reality TV

Janet's 'weapons' are video & installation art. She combines her interest in experimental music videos & documentaries. Check out the amazing show she did at the Tjabou Cultural Centre in New Caledonia and around Noumea which combined art with her fascination with the show 'America's Next Top Model' to ask questions about homogenized beauty standards.

Palestinian activist uses makeup to raise awareness

Make-up artist Rand Jarallah kickstarted a campaign using cosmetics as a means of raising awareness of the global crises facing women.

This Artist Is Using ‘Artivism’ To Break Down Queer Stigma And Stereotypes

A Venezuelan artist is making a bold statement about queerness and art’s power to aid in the breaking down of stereotypes.

ပိုမိုလေ့လာရန်

Artivist Guide
Kevin Buckland, 350.org, 2011