သီအိုရီ

ဖိနှိပ်မှုကို တွန်းလှန်ခြင်း

အတိုချုံးပြောရရင်

ကျွန်တော်တို့ရဲ့ ဖွဲ့စည်းစီစဉ်မှုကို ကြီးထွားလာအောင် ချဲ့ထွင်ပေးရင်း၊ အထောက်အကူပြုသဘောဖြင့် ဖိနှိပ်တဲ့အားကို ရင်ဆိုင်ကိုင်တွယ်တာနဲ့ ပြောင်းလဲပေးရာတွင်၊ ဖိနှိပ်မှုကို တွန်းလှန်တဲ့ အလုပ်ဟာ နည်းလမ်းတစ်ခုကို သတ်မှတ်ပေးတယ်။

အစများ

ဖိနှိပ်မှုရှိနေသမျှ ကာလပတ်လုံး၊ အဲ့ ဖိနှိပ်မှုကို အဆုံးသတ်ဖို့ လူထုက ဆောင်ရွက်နေကြစမြဲဖြစ်တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလများတွင်၊ အမေရိကန် နိုင်ငံရှိ တောင်တန်းဒေသ ဗဟိုအဖွဲ့ နဲ့ ဘေးအန္တရာယ် လွတ်မြောက်ရေးနှင့် နောက်ဆက်တွဲများအတွက် လူမှုကူညီမှုအသင်း တို့ဟာ၊ အသားရောင်ခွဲခြားမှုကို ဆန့်ကျင်ခြင်းနဲ့ စုပေါင်းလွတ်မြောက်ရေးတို့ ဆောင်ရွက်ရာတွင် ဦးစီးဦးဆောင်နေကြတဲ့၊ အဖွဲ့အစည်း နှစ်ခု ဖြစ်ကြပါတယ်။ ပေါ်ထွက်လာတဲ့ အသစ်အသစ်သော စုပေါင်းလုပ်ဆောင်မှုများနဲ့ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာတဲ့ အသစ်အသစ်သော အလေ့အထများနှင့်အတူ၊ ထို ဆောင်ရွက်မှုဟာ တစ်နှစ်ပြီးတစ်နှစ် ပိုမိုကြီးမား နက်ရှိုင်းလာတယ်။

တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေဟာ၊ ဖိနှိပ်မှု (အာဏာ သို့မဟုတ် အုပ်ချုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခြင်း)ကို စိန်ခေါ်ခြင်းဟာ သူတို့ ပင်ကိုအားဖြင့် ဆောင်ရွက်တဲ့အရာလို့၊ ယူဆတဲ့ အမှားကို မကြာခဏ ကျူးလွန်လေ့ရှိကြတယ်။ ဖိနှိပ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို အဆုံးသတ်တာက ကျွန်တော်တို့ရဲ့ ဦးတည်ချက် ဖြစ်တာကြောင့်၊ ကျွန်တော်တို့ဟာ ပင်ကိုအားဖြင့် ဖိနှိပ်မှုကို တွန်းလှန်ဆန့်ကျင်တယ် ဆိုရုံမျှသာ ဖြစ်တယ်။ ကံဆိုးချင်တော့ အခြေအနေက အဲ့တာထက် ပိုမို ရှုပ်ထွေးပြီး ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ ဘေးအန္တရာယ်တွင် ရှိသော ရှုပ်ထွေးမှုကို မကြာခဏ လစ်လျူရှုထားမိကြတယ်။

ကျွန်တော်တို့ရဲ့ ဆိုးဝါးသော လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့ကို ဆုတ်ယုတ်စေတယ်၊ စိတ်ဝမ်းကွဲစေတယ်၊ အယူမသီးတဲ့၊ ဖိနှိပ်ချုပ်ချယ်မှုတွေက လွတ်ကင်းအောင် ဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေကို စီစဉ်မယ့် ကျွန်တော်တို့ရဲ့ စွမ်းပကားကို အဟန့်အတား ဖြစ်စေတယ်။

ကျွန်တော်တို့ဟာ၊ ပုံစံမျိုးစံများနဲ့ တစ်လွှာချင်း ထပ်နေတဲ့ ဖိနှိပ်မှုအလွှာများအပေါ် အခြေခံထားတဲ့ ထုံးထမ်းဓလေ့တွေမှာ၊ နေသားကျနေကြပြီ။ လူ့ဂုဏ်သိက္ခာကင်းမဲ့သော အပြုအမူတွေ၊ အခြေအနေတွေနဲ့ အအောက်အအုံတွေကို အမှတ်တမဲ့ ဆက်လက်တည်တံ့စေတာမျိုး မကြာခဏ ကျွန်တော်တို့ကို ဆိုက်ရောက်စေတယ်။ ကျွန်တော်တို့ရဲ့ ဆိုးဝါးသော လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့ကို ဆုတ်ယုတ်စေတယ်၊ စိတ်ဝမ်းကွဲစေတယ်၊ အယူမသီးတဲ့၊ ဖိနှိပ်ချုပ်ချယ်မှုတွေက လွတ်ကင်းအောင် ဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေကို စီစဉ်မယ့် ကျွန်တော်တို့ရဲ့ စွမ်းပကားကို အဟန့်အတား ဖြစ်စေတယ်။

စိုးမိုးခြယ်လှယ်မှု ကင်းစင်တဲ့ ကမ္ဘာကြီးတစ်ခု တည်ဆောက်ရန် အလို့ငှာ၊ ကျွန်တော်တို့ ဆောင်ရွက်နေတာကို ရှေ့ဆက်တိုးစေဖို့ နဲ့ လူအချင်းချင်း ဆက်ဆံမှုဆိုင်ရာ အဆက်အသွယ်တွေ ပိုမိုနက်ရှိုင်းလာစေဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်လျက်၊ အောက်ပါ ဝါဒရေးရာရေသောက်မြစ်များနဲ့ အလေ့အထများကို ဆွေးနွေးဖို့ ကျွန်တော်တို့ အဆိုပြုပါတယ်။ (see: PRINCIPLE: Foster safer spaces

ဝါဒရေးရာ ရေသောက်မြစ်များ

  • လုပ်ပိုင်ခွင့်အာဏာနဲ့ အထူးအခွင့်အရေးတို့ဟာ အဖွဲ့ရဲ့ လည်ပတ်မှုယန္တရားကို ပျက်စီးစေတတ်ပါတယ်။ အားလုံးကောင်းဖို့အတွက်၊ တစ်ခြားသူတွေကို ပထုတ်ထားသော၊ ချန်လှပ်ထားသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကိုကင်းမဲ့စေတတ်သော ဝေါဟာရများနဲ့ လုပ်ဆောင်မှုများကို ကျွန်တော်တို့က စိန်ခေါ်ရပါမယ်။

  • လူဖြူ သာလွန်ကြီးစိုးမှု၊ ယောက်ျား ကြီးစိုးမှု၊ လူတန်းစား ခွဲခြားမှု၊ လိင်တူဆက်ဆံသူများကို လိင်ပိုင်းဆိုင်ရာ ဖိနှိပ်ခွဲခြားမှု နဲ့ အခြား စွဲမြဲနေသော ဖိနှိပ်မှုစနစ်များက ကျွန်တော်တို့အားလုံးအပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာ နားလည်မှုကို ကျွန်တော်တို့က သတိပြုပြီး မှတ်သားထားမှသာ လုပ်ပိုင်ခွင့်အာဏာနဲ့ အထူးအခွင့်အရေးတို့က ဖြစ်ပျက်စေတဲ့ နည်းလမ်းများကို ကျွန်တော်တို့က ခွဲခြားဖော်ထုတ်နိုင်ပါတယ်။

  • ဖိနှိပ်မှုကို တွန်းလှန်တဲ့ အလေ့အထကို ကျွန်တော်တို့ သေချာရှင်းလင်းစွာ မှတ်သားဆုံးဖြတ်တာမျိုး မလုပ်နိုင်ခင်အထိ၊ ဖိနှိပ်မှု ပုံစံမျိုးစုံက ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ဆက်လက် သဘောထားကွဲလွဲစေပြီး အားနည်း ဆုတ်ယုတ်စေဦးမှာပါပဲ။

  • ဖိနှိပ်မှုကို တွန်းလှန်တဲ့ အလေ့အထတွေ ပျိုးထောင်ခြင်းဟာ ဘ၀တစ်သက်စာ ဆောင်ရွက်မှုဖြစ်ပါတယ်။ (see: PRINCIPLE: Change is the only constant ဖိနှိပ်မှု ပုံစံမျိုးစံဖြင့် တည်ဆောက်တဲ့ ယဉ်ကျေးမှုတစ်ခုအတွင်းရှိ ကျွန်တော်တို့ရဲ့ လူမှုရေးဆိုင်ရာ အကျင့်ဆိုးများကို ပယ်ဖျောက်ပစ်ဖို့၊ ဝပ်ရှော့ ဆွေးနွေးပွဲ တစ်ခုလောက်တည်းနဲ့ မလုံလောက်ဘူး။

  • အပြန်အလှန် စကားပြောခြင်း၊ ဆွေးနွေးခြင်းနဲ့ အလေးအနက်စဉ်းစားခြင်းတို့က၊ ဖိနှိပ်ချုပ်ချယ်တဲ့ သဘောထားတွေ၊ အပြုအမူတွေနဲ့ ကျွန်တော်တို့ အဖွဲ့တွေထဲရှိ အခြေအနေတွေကို ကျွန်တော်တို့ ကျော်လွှားဖို့အတွက်၊ နည်းလမ်း ကိရိယာတစ်ချို့ ပါပဲ။ ဖိနှိပ်မှုကို တွန်းလှန်ခြင်းအလုပ်တွင်၊ တက်တက်ကြွကြွ နားထောင်ပေးခြင်း၊ သေသေချာချာ နားလည်ဖို့ အာရုံစူးစိုက်ပေးပြီး ဝေဖန်တာမျိုး မပြုလုပ်ခြင်းနဲ့ ရိုသေလေးစားသော ဆက်ဆံပြောဆိုခြင်းတို့ လိုအပ်ပါတယ်။

တကိုယ်ရေ လေ့ကျင့်မှုများ

  • ခင်ဗျားကိုယ် ခင်ဗျား ရဲရဲဝံ့ဝံ့ဖြင့် ရိုးသား ပွင့်လင်းဖို့ စိန်ခေါ်ပါ။ လူမျိုးရေးခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှု၊ လိင်တူဆက်ဆံသူများကို ဖိနှိပ်ခွဲခြားမှု၊ လိင်ပြောင်းလဲထားသူများကို ဖိနှိပ်ခွဲခြားမှုနဲ့ အခြား ထိပ်တိုက် ဖိနှိပ်ချုပ်ချယ်သော ယန္တရားများကို ရင်ဆိုင်ရန်အလို့ငှာ၊ စွန့်စားလိုစိတ်နဲ့ ကိုယ်ကျိုးစွန့်လိုစိတ်ထားပါ။

  • အာဏာအလွဲသုံးစားလုပ်ခြင်း သို့မဟုတ် ဖိနှိပ်ခြင်းတစ်ရပ်ကို ခင်ဗျားက သက်သေထွက်ဆိုတဲ့အခါ၊ ကြုံတွေ့ရတဲ့အခါ၊ သို့မဟုတ် အခိုင်အမာ တင်ပြတဲ့အခါ၊ ဦးတည်ချက်ဟာ အပြုသဘောင်ဆောင်တဲ့ အပြောင်းအလဲတွေ လှုံဆော်ဖို့ဖြစ်တယ်ဆိုတာကို စိတ်ထဲ နှလုံးသွင်းထားရင်း၊ အခြေအနေပေးသလိုမျိုး၊ တစ်ဦးချင်းဖြစ်စေ သို့မဟုတ် မဟာမိတ် အနည်းငယ်ဖြင့် ဖြစ်စေ၊ ဖြစ်လာမှ တုံ့ပြန်တာထက် မဖြစ်ခင် အခြေအနေကို ကြိုတင်ထိန်းချုပ်ပြီး ကိုင်တွယ်ပါ။

  • အပြုအမူကို စိန်ခေါ်ပါ၊ လူကို စိန်မခေါ်ပါနဲ့။ သတိထား ဆင်ခြင်ပြီး အပြန်အလှန် စတင်ဆွေးနွေးလာအောင် ထောက်ကူအားပေးပါ။

  • ဖိနှိပ်မှုကို တွန်းလှန်တဲ့နည်းလမ်းအပေါ်တွင် တစ်စုံတစ်ယောက်က ဝေဖန်မှုပြုလုပ်လာတဲ့အခါ၊ တိုက်ခိုက်မှုတစ်ခုဆိုတာထက် လက်ဆောင်တစ်ခုအဖြစ် သဘောထားပါ။ သံသယတွေရှိနေပေမယ့် ထိုက်သင့်တဲ့ ယုံကြည်မှုတစ်ရပ် လူတွေကို ပေးလိုက်ပါ။

  • မိတ်ဆွေတစ်ယောက်ကို အဆုံးရှုံးခံနိုင်စိတ်ထားပါ ဒါပေမဲ့ မှားယွင်းဆောင်ရွက်မိတဲ့ လူတွေကို အသုံးမလိုသလို စွန့်ပစ်တာမျိုးမလုပ်ဖို့ ကြိုးစားပါ။ သူတို့ရဲ့ အပြုအမူအတွက် ကျေလည်အောင် ပေးဆပ်တတ်တဲ့ တာဝန်ယူမှုမျိုး ရရှိအောင် အကူအညီပေးပါ။ အပြန်အလှန်အနေဖြင့်၊ ခွင့်လွှတ်ပေးလိုစိတ်ထားပါ။

  • အမျိုးသမီးတွေ၊ အထူးသဖြင့် အသားရောင် ကွဲပြားတဲ့ အမျိုးသမီးတွေ မကြာခဏလုပ်ရတဲ့၊ အစေအပါးအလုပ်တွေကို စတင်လုပ်ကိုင်ကြည့်ပါ။ ထိုအလုပ်များတွင် ထမင်းချက်၊ သန့်ရှင်းရေး၊ ထမင်းပွဲပြင်၊ သန့်ရှင်းစင်ကြည်အောင်လုပ်၊ ဖုန်းခေါ်၊ အီးမေးလ်ပို့၊ မှတ်စုယူ၊ လူမမာစောင့်၊ ကြေးနန်းတွေပို့ စသဖြင့် ပါဝင်ပါတယ်။

  • ဖိနှိပ်မှုကို ခင်ဗျားရင်ဆိုင်တဲ့အခါ၊ ခင်ဗျားဟာ စိတ်ပင်ပန်းလူပင်ပန်း ခံစားရလိမ့်မယ်ဆိုတာကို နားလည်ထားပါ။ ဒါဟာ လုပ်ငန်းစဉ်ရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတစ်ပိုင်း ဖြစ်တယ်ဆိုတာကို သဘောပေါက်ပါ။ ဒီလုပ်ငန်းစဉ်တွင် ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ထောက်ပံ့ကူညီပေးကြပြီး ကြင်နာကြရပါလိမ့်မယ်။ (see: PRINCIPLE: ထောက်ခံသည့် ကွန်ရက်အတွင်းတွင် လုံခြုံမှု ရှာဖွေခြင်း.

  • အပြစ်ရှိသလို မခံစားပါနဲ့၊ တာဝန်ရှိသလို ခံစားပါ။ ပြဿနာရဲ့ အစိတ်အပိုင်းဖြစ်ရခြင်းက၊ ဖြေရှင်းမှုရဲ့ ထိရောက်သော အစိတ်အပိုင်းတစ်ပိုင်း မဖြစ်နိုင်ဘူးလို့၊ မဆိုလိုပါဘူး။

  • တစ်ကိုယ်ရေအရနဲ့ နိုင်ငံရေးအရ နှစ်ရပ်လုံးတွင်၊ ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရာတွင်၊ အချိန်နဲ့ စွမ်းအင်ကို ဖြည့်ဆည်း ပံ့ပိုးပေးပါ။

အဖွဲ့အစည်းဆိုင်ရာ လေ့ကျင့်မှုများ

  • ခွဲခြားဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်းတို့အပေါ်တွင် အကူအညီပြုမယ့် ဆွေးနွေးမှုများအတွက် အချိန်ယူပါ။

  • ဖိနှိပ်မှုကို တွန်းလှန်မည့် ဦးတည်ချက်များသတ်မှတ်ပါ။ ဦးတည်ချက်များနဲ့ ကိုက်ညီမှု ရှိမရှိ စဉ်ဆက်မပြတ် ချင့်တွက်ပါ။

  • ဖိနှိပ်မှုကို တွန်းလှန်တဲ့ ကျွမ်းကျင်မှုများနဲ့ အလေ့အထများ တိုးတက်လာကြအောင်၊ လူတွေကို အခွင့်အလမ်းများ ဖန်တီးပေးပါ။

  • ကျွမ်းကျင်မှု မျှဝေပေးခြင်းနဲ့၊ အခန်းကဏ္ဍများ၊ တာဝန်ယူမှုများနဲ့ အသိအမှတ်ပြုခြင်းတို့အား သာတူညီမျှ ခွဲဝေခြင်းတို့ကို ဦးစားပေးသတ်မှတ်ခြင်းအားဖြင့်၊ သာတူညီမျှသော အဖွဲ့ အဖြစ် တိုးတက်လာအောင် ထောက်ကူအားပေးပါ။

  • ကွဲပြားခြားနားသော ခေါင်းဆောင်မှု ပုံစံများနဲ့ ဆက်ဆံပြောဆိုခြင်းတို့ကို အလေးထားပါ။

  • သမိုင်းကြောင်းအရ ပထုတ်ခံထားရတဲ့သူတွေကို၊ သူတို့ရဲ့ ဖိနှိပ်ထားတဲ့အဖွဲ့ကြောင့် လုပ်ရတဲ့အလုပ်တွေမှာ လုပ်ဖို့၊ တွန်းအားမပေးပါနဲ့။ ( tokenism-လုပ်ငန်းခွင်တွင်း သာတူညီမျှမှုရှိတယ်ဆိုတာကို ပြဖို့သတ်သတ် စတိလောက်မျှသာ လုပ်ပေးသော အလေ့အထ)။ သူတို့ရဲ့ အလုပ်၊ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့ အပေါ်တွင် အခြေခံပါ။

  • လူတိုင်းဟာ သူတို့ရဲ့ အပြုအမူအတွက် တာဝန်ခံတတ်ဖို့ စုပေါင်းသံန်နိဋ်ဌာန်ချပါ။ အဲ့တာဆိုရင်၊ အဖွဲ့အစည်းဟာ အားလုံးအတွက် ဘေးကင်းလုံခြုံပြီး မြေတောင်မြှောက်ပေးတဲ့ နေရာတစ်နေရာဖြစ်လာနိုင်ပါတယ်။

ဆရာများစွာထံမှ အချိန်အတော်ကြာ လေ့လာဆည်းပူးထားတဲ့၊ ဒီနေရာမှာဖော်ပြထားသော စာများကို လီဆာ ဖီသီအန်၏ “ ဖိနှိပ်မှုကို ဆန့်ကျင်ခြင်း အခြေခံသဘောတရားများနှင့် အလေ့အကျင့်များ”မှ လိုက်လျောညီထွေ ရှိအောင် ပြင်ဆင်ညှိနှိုင်းထားခြင်းဖြစ်ပါတယ်။ ထိုစာကိုယ်တိုင်လည်း၊ RiseUP DAN-LA ၏ “ လူမျိုးရေးခွဲခြားမှု အခြေခံသဘောတရားများနှင့် အလေ့အကျင့်များ”၊ ဘဲလ်မိုယာစ်၏ “ ပုလ္လိင် ဖိနှိပ်မှုတို့ကို ကျော်လွှားခြင်း”၊နှင့် ဖီလီဒယ်ဖီးယားရှိ အမျိုးသမီးများ နှီးနွယ်မှုအဖွဲ့ရဲ့ FEMMAFESTO စသည်တို့ထံမှ စာတမ်းပြုစုထားခြင်းဖြစ်ပါတယ်။

Originally published in Beautiful Trouble.

အပြင်လောက ဥပမာများ

Anti-Oppression Principles

The Rainforest Action Network’s published commitment to anti-oppression.

ပိုမိုလေ့လာရန်

Anti-oppression Resources and Exercises
Alliance of Community Trainers