အတိုချုံးပြောရရင်
ဆယ်စုနှစ်တစ်စုအကြာ အရှိန်အဟုန်တွန်းအားတည်ဆောက်ပြီးနောက်၊ ၂၀၁၆ ခုနစ်တွင် မကောင်းသတင်းနဲ့ကျော်စောတဲ့ အာဏာရှင်ကို ဖြုတ်ချဖို့ အရေးပါသော အခွင့်အရေးကြီးကို ဂမ်ဘီယာဟာ ရရှိခဲ့ပါတယ်။
၂၀၁၆ ခုနစ် ဂမ်ဘီယာတော်လှန်ရေးဟာ #ဂမ်ဘီယာဟာဆုံးဖြတ်ပြီးပြီ ဆိုတဲ့ စည်းရုံးခြင်းဖြင့် စတင်ခဲ့တယ်လို့ အယူအဆမှား ပြန့်နှံ့မှုရှိပါတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်တွင် ရုန်းကန်ရမှုတွေ အများကြီးရှိတာကြောင့်၊ ဒီပြောင်းလဲမှုကြီး အထမြောက်အောင် နောက်ကွယ်က ကြီးကြီးမားမား စီစဉ်မှုတွေ နှစ်များစွာကြိုတင် ပြုလုပ်ခဲ့ရပါတယ်။
ခုနစ်နှစ်ကျော်ကြာအောင်၊ ဂမ်ဘီယာတက်ကြွလှုပ်ရှားသူများအသင်း၊ အမျိုးသား လူငယ်ကွန်ယက်တို့ အပါအဝင် တက်ကြွလှုပ်ရှားသူအဖွဲ့အများအပြားဟာ၊ လူငယ်ထောင်ပေါင်းများစွာကို အဆောက်အဦးရွေ့လျားမှု၊ နည်းဗျူဟာကျ ကမ်ပိန်းပြုလုပ်ခြင်းနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးတို့ကို လေ့ကျင့်ပေးခဲ့တယ်။ တစ်သွေးတစ်သံတစ်မိန့်အောက်တွင်၊ လေ့ကျင့်ခြင်းကို အသုံးပြုတာဟာ လှုပ်ရှားမှုအတွက် နည်းဗျူဟာမြောက်ရှေ့ပြေးဖြစ်ပြီး၊ လက်ရှိတည်ရှိနေသော အာဏာအအောက်အအုံများကို ဖြည်းဖြည်းချင်းစိန်ခေါ်လာမယ့်၊ မြေပိုင်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ ပညာရေးတို့ အပေါ်တွင် ကမ်ပိန်းအသေးလေးတွေတွင် လူငယ်တက်ကြွလှုပ်ရှားသူများကို စုစည်းတတ်လာစေပါတယ်။ ထိုကြိုးပမ်းမှုများဟာ အရှိန်အဟုန်ကို ဖြစ်ပေါ်လာစေပြီး ပိုပြီးသိသာတဲ့ပြောင်းလဲမှုကြီးတစ်ရပ်အတွက် အခွင့်အရေး ရတာနဲ့ ဆုပ်ကိုင်မိဖို့ စီစဉ်သူတွေကို ကြိုတင်ပြင်ဆင်ပေးပါတယ်။ (see: PRINCIPLE: Praxis makes perfect တကယ်လည်း ဖြစ်ခဲ့ပါတယ်။
တစ်သွေးတစ်သံတစ်မိန့်အောက်တွင်၊ လေ့ကျင့်ခြင်းကို အသုံးပြုတာဟာ လှုပ်ရှားမှုအတွက် နည်းဗျူဟာမြောက်ရှေ့ပြေးဖြစ်ပါတယ်။
ဧပြီ ၂၀၁၆ခုနစ်တွင်၊ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်မှုကိုတောင်းဆိုတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတစ်ရပ် တရားမဝင် ပြုလုပ်ခဲ့ပြီး အုပ်ချုပ်သူအာဏာပိုင်တွေရဲ့ ရက်စက်ကြမ်းတမ်းစွာ ဖြိုခွင်းမှုကို ခံခဲ့ရတယ်။ အာဏာပိုင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ ဒေါသမီးတောက်စေခဲ့ကာ အဓိကနိုင်ငံရေးပါတီနဲ့ လူထုကြီးကို လမ်းပေါ်ထွက် တောင်းဆိုမှုတွေပြုလုပ်လာစေခဲ့တယ်။ (see: THEORY: Al faza’a [a surge of solidarity]
ဧပြီစည်းရုံးခြင်းအလွန်ရဲ့ တီထွင်ဖန်တီးမှုကို ပြသတဲ့ သိသာထင်ရှားသော လှုပ်ရှားမှုများထဲက တစ်ခုကတော့ ဘူးသီး (ခေါ် ကာလာမာ)တော်လှန်ရေး ဖြစ်ပါတယ်။ ကျေးလက်ဒေသမှအမျိုးသမီးများဟာ ဘူးသီးများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြတယ် — ဝေမျှခြင်းကို သင်္ကေတပြုတဲ့ ရိုးရာခွက်တွေပါ။ ဘူးသီးခွက်တွေဟာ အုပ်ချုပ်ရေးကိုလည်း ဝေမျှသင့်တယ်လို့ သင်္ကေတပြုပြီး သမ္မတယာရဂျမန်တစ်ဦးတည်းကသာ အုပ်ချုပ်မှုဘူးသီးခွက်ထဲက တစ်ဦးတည်း သောက်သုံးသူ မဖြစ်သင့်ဘူးလို့လည်း ကိုယ်စားပြုပါတယ်။ ထိုကဲ့သို့ လှုပ်ရှားမှုများဟာ ဒေသယဉ်ကျေးမှု၊ ရိုးရာနဲ့ သမိုင်းကြောင်းတို့ကို လေးနက်စွာ ယူငင်လာခဲ့ကာ ဂမ်ဘီယာတို့ ဂုဏ်ယူတဲ့ သင်္ကေတများကို ဆန္ဒပြသူတွေနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။ (see: PRINCIPLE: Use your cultural assets
၂၀၁၆ ဒီဇင်ဘာရွေးကောက်ပွဲများအတွင်း၊ ဂျမ်မန်ကို မဲအသာရဖို့၊ အတိုက်အခံနှင့်တက်ကြွလှုပ်ရှားသူများ အဖွဲ့တွေဟာ မဲပေးခွင့်ရှိသူတွေကို မဲဆွယ်စည်းရုံးခဲ့သလို #ဂမ်ဘီယာဟာဆုံးဖြတ်တယ် ဆိုတဲ့ အွန်လိုင်း ဟက်ရှ်တဂ် ကမ်းပိန်းအောက်မှာ စည်းရုံးခဲ့ပါတယ်။ ဂျမန်ဟာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပြီး “ ဂမ်ဘီယာဟာ ဆုံးဖြတ်ပြီးပြီ ”လို့ ကြေညာကာ အရှုံးကို လက်ခံခဲ့ပါတယ်။ (see: TACTIC: Hashtag ကမ်ပိန်း သို့သော်လည်း ရက်အနည်းငယ်အကြာတွင် ရလဒ်ကို ငြင်းဆန်ပြီး သူ့အာဏာရှင်စနစ်ကို အဓွန့်ရှည်ဖို့ အံအားသင့်ဖွယ် နောက်ကြောင်းပြန်လှည့်လာပါတယ်။ အဲ့အချိန်ဟာ မဲကြိုစည်းရုံးမှုဖြစ်တဲ့ #ဂမ်ဘီယာဟာဆုံးဖြတ်တယ် ကနေ #ဂမ်ဘီယာဟာဆုံးဖြတ်ပြီးပြီ ဆိုတဲ့ ကြွေးကြော်သံပြောင်းလဲလာချိန် ဖြစ်ပါတယ်။
ရွေးကောက်ပွဲကာလအလွန်တွင်၊ လူတွေကြား ကြောက်ရွံမှုနဲ့ ခြိမ်းခြောက်မှုတို့ ပြန့်နှံ့နေပြီး၊ ရွေးကောက်ပွဲရလဒ်ကိုကာကွယ်ရင်း ညွှန့်ပေါင်းအစိုးရအတွက် လူထုကို အုံနှင့်ကျင်းနှင့်စည်းရုံးရန် ခက်ခဲလာပါတယ်။ ဂမ်ဘီယာပြည်သူများ အကြောက်တရားက လွန်မြောက်လာစေဖို့၊ တက်ကြွလှုပ်ရှားသူများဟာ #ဂမ်ဘီယာဟာဆုံးဖြတ်ပြီးပြီ ဆိုတာကို အခိုင်အမာပြောဆိုရင်း ဓာတ်ပုံတွေနဲ့ လှုပ်ရှားမှု ဗီဒီယိုအတိုလေးတွေကို စုစည်းခဲ့ပါတယ်။ အန္တရာယ်တွေရှိသော်ငြား၊ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဆိုင်ရာအခွင့်အရေးတွေကို ပွင့်လင်းမြင်သာစွာ တောင်းဆိုရာတွင် တက်ကြွလှုပ်ရှားသူများရဲ့ ရဲစွမ်းသတ္တိရှိမှုဟာ တိုင်းသူပြည်သားတွေကို လှုပ်ရှားမှုထဲပါဝင်လာဖို့ အားတက်လာစေခဲ့ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် ထောက်ခံမှု အနှံ့အပြားဟာ ကိုယ်ပျောက်ဖြစ်နေခဲ့တာ။ လူထုမောင်းနှင်တဲ့ လှုပ်ရှားမှုတွေက ဘယ်လောက် အမှန်တကယ် အင်အားရှိသလဲဆိုတာ ထုတ်ဖော်မပြခင်အထိပေ့ါ။ (see: PRINCIPLE: မမြင်နိုင်သောအရာများကို မြင်သာအောင်လုပ်ပါ
ဒီခရီးရဲ့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ နိုင်ငံတကာရဲ့ စည်းလုံးညီညွတ်မှု ဖြစ်ပါတယ်။ အာဖရိကန်များတိုးတက်မှုအသင်း - ငြိမ်းချမ်ရေး၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာအတွက် အာဖရိကန်များ - ဟာ နိုင်ငံရေးချောင်ပိတ်မိခြင်း အမြင့်ဆုံးကာလတွင် စည်းလုံးညီညွတ်မှု ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့တယ်။ လှုပ်ရှားမှုနှင့် ပြည်သူ့လူမှုအဖွဲ့ခေါင်းဆောင်အများစုဟာလည်း စုဝေးကာ ဂျမန်ရဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ အဓိက တာဝန်ရှိသူတွေဟာ ဘယ်သူတွေလဲဆိုတာ စီစစ်လေ့လာခဲ့ကြတယ်။ (see: METHODOLOGY: အာဏာထောက်တိုင်များ ဂျမန်ဟာ သူ့ရဲ့ အစိုးရဝန်ကြီးအဖွဲ့ မရှိပဲနဲ့ သူ့အာဏာကို မထိန်းသိမ်းထားနိုင်ဘူးလို့ သူတို့ ဆုံးဖြတ်ခဲ့ကြတယ်၊ အဘယ်ကြောင့်ဆိုသော် အစိုးရက သူ့ကို တရားဝင်မှု ပေးထားတာကြောင့်ပါ။ ကိုယ်စားလှယ်အဖွဲ့က ဝန်ကြီးတွေနှုတ်ထွက်ဖို့ တောင်းဆိုရင်း ဖုန်းဆက်ပြောဆိုတဲ့ နည်းဗျူဟာကို လုပ်ဆောင်ခဲ့တယ်။ ဖုန်းခေါ်သူတွေက ဝန်ကြီးတွေမှာ ရွေးချယ်စရာတစ်ခုရှိကြောင်း ပြောခဲ့ကြတယ်။ တော်လှန်ရေးကို ပူးပေါင်း၊ အိမ်မှာ လုံလုံခြုံခြုံနေ၊ ဒါမှမဟုတ်ရင်တော့ တော်လှန်ရေးကို ဆန့်ကျင့်ပြီး ဂျမန်နဲ့ တစ်ဖက်တည်းနေပြီး ဂျမန်ရှုံးရင် နယ်နှင်ဒဏ်ခံရမယ်လို့ပါ။ ကံကြမ္မာအလှည့်အပြောင်းဖြစ်လာခဲ့ပြီး ၉၀%သော ဂျမန်ရဲ့ ဝန်ကြီးများဟာ နှုတ်ထွက်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။
ရက်အနည်းငယ်အကြာမှာတော့ ဂျမန်ဟာ အာဏာကို စွန့်လွှတ်ပြီး ၂၀၁၇ခုနစ်၊ ဇန်နဝါရီတွင် နယ်နှင်ဒဏ်ခံခဲ့ရပါတယ်။
အဓိကနည်းဗျူဟာ
လေ့ကျင့်ရေး- ဖြစ်နိုင်မယ်ဆိုရင် လေ့ကျင့်ရေးတွေဟာ အဓိကရှေ့တန်းဖွဲ့စည်းမှုတွေဆီ “ ကောင်းမွန်တဲ့ ထည့်ပေါင်းခြင်း” တစ်ရပ်ဖြစ်တယ်လို့ တွေးတာဟာ၊ လှုပ်ရှားတက်ကြွသူအဖွဲ့များအကြား အဆန်းတော့မဟုတ်။ သို့သော်လည်း၊ လေ့ကျင့်ရေးဟာ ကမ်ပိန်းတစ်ရပ် အောင်မြင်မှုအတွက် အဓိကအရေးပါတဲ့ အရာဖြစ်တယ်။ ဂမ်ဘီယာတွင် လူငယ်ပေါင်းထောင်နှင့်ချီကို လေ့ကျင့်ပေးခဲ့တဲ့ လေ့ကျင့်ရေးရာနှင့်ချီဟာ၊ လှုပ်ရှားတက်ကြွသူတွေကို ယုံကြည်မှုနဲ့ တစ်ဦးနဲ့တစ်ဦးကြား ခိုင်မာတဲ့ချိတ်ဆက်မှုတွေကို ပေးစွမ်ခဲ့ပြီး၊ အဓိကပြောင်းလဲမှုကို မကိုင်တွယ်ခင် နည်းဗျူဟာကျ ကြိုတင်ကြံစည်တဲ့ဗဟုသုတတွေရရှိအောင် ပေးစွမ်းခဲ့ပါတယ်။
အဓိကအခြေခံမူ
တက်ကြွလှုပ်ရှားသူများအနေနဲ့၊ ကျွန်တော်တို့ဟာ ငွေရေးကြေးရေးအရ သို့မဟုတ် အဖွဲ့အစည်းအရ ကျွန်တော်တို့ရဲ့ အတိုက်အခံတွေလောက် တစ်ခါတစ်ရံ ကြွယ်၀မှုရှိမှာ မဟုတ်ပါဘူး။ ထို့အတွက်ကြောင့်၊ တစ်ခြားသူတွေထက် ကျွန်တော်တို့ဆီမှာ ပေါကြွယ်၀တဲ့ အရင်းအမြစ်တွေကို အားကိုးတယ်၊ လူတွေနဲ့ ယဉ်ကျေးမှုတွေ။ ဘူးသီးတွေကို အသုံးပြုတာဖြစ်စေ သို့မဟုတ် တစ်ခြား ယဉ်ကျေးမှု အခြေခံ နည်းဗျူဟာတွေ ဒီတော်လှန်ရေးထဲတွင် အသုံးပြုတာဖြစစေ၊ ယဉ်ကျေးမှုပိုင်ဆိုင်မှုများကို အပါခေါ်လာခြင်းဟာ ဂမ်ဘီယာတွေ အလေးထားတဲ့ ရိုးရာယဉ်ကျေးမှုအပေါ် အုပ်ချုပ်ရေးယန္တရားရဲ့ “သစ္စာဖောက်ပျက်ခြင်း” ကိုဖော်ပြပြီး ဂျမန်ရဲ့ အုပ်ချုပ်မှုကို ရှုပ်ထွေးအောင်ပြုလုပ်တာမှာ အရေးပါခဲ့တယ်။