ဇာတ်လမ်း

မြန်မာနိုင်ငံတွင် အိုဘားမား ဘွဲ့နှင်းသဘင် ခမ်းမသို့ သွားရောက်ရာတွင် အနှောက်အယှက်ပေးခြင်း

Young Burmese protestors hold placards during US President Barack Obama's town hall meeting at Yangon University's Diamond Jubilee Hall. Photo: Steve Tickner

အတိုချုံးပြောရရင်

၂၀၁၄ ခုနှစ် ရန်ကုန်တက္ကသိုလ်တွင် တက်ကြွလှုပ်ရှားသူ လူငယ်တချို့သည် သမ္မတ အိုဘာမားနှင့် တွေ့ဆုံပွဲတွင် ပါးနပ်စွာ ဆန္ဒထုတ်ဖော်ခြင်းဖြင့် စစ်တပ်ချယ်လှယ်နေသည့် အစိုးရသစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၏ ပျော့ကွက်များကို ထောက်ပြခဲ့သည်။

သမ္မတ အိုဘားမား၏ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံအလည်အပတ်ခရီးစဥ်အတွင်း ၂၀၁၄ နိုဝင်ဘာ ၁၄ရက် မနက်ပိုင်းတွင် မြန်မာလူငယ်ပေါင်း လေးရာကျော်နှင့် တွေ့ဆုံရန် စီစဥ်ခဲ့သည်။​ နေရာမှာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမဖြစ်သည်။ တွေ့ဆုံမှုတွင် မြန်မာ အဆင့်မြင့်အရာရှိကြီးများက ရှေ့ဆုံးတန်းတွင် နေရာယူထားခဲ့ကြသည်။ သမ္မတ အိုဘားမား ခန်းမအတွင်း ဝင်ရောက်လာသည့် အခါ အားလုံးက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ အိုဘားမား မိန့်ခွန်းစသည့်အခါ လူများမှာလည်း ထိုင်ခုံများတွင် ပြန်ထိုင်ကြသည်။ သို့သော်လည်း လူငယ်အများအပြားသည် ဆက်လက် မတ်တပ်ရပ်နေခဲ့ကြသည်။ ၎င်းတို့ ကိုင်ဆောင်ထားသော် စာတမ်းများမှာ "ပြုပြင်ပြောင်းလဲမှုအတု"၊ "စိတ်ကူးယဉ် သက်သက်" ဆိုသော စာတမ်းများဖြစ်သည်။ တွေ့ဆုံပွဲအပြီးတွင် အိုဘားမားအား အိပ်ဖွင့်ပေးစာပေးခဲ့ကြသည်။ ခန်းမအတွင်းရှိနေသော သတင်းသမားများ၊ မီဒီယာများသို့လည်း ထိုစာကို ဝေငှခဲ့ကြသည်။

မြန်မာပြည်တွင် စစ်မှန်သည့် ဒီမိုကရေစီရရန် ရုန်းကန်နေရသည့် အမှန်တရားကို သမ္မတအိုဘားမားကို ပြသနိုင်ခဲ့သဖြင့် လှုပ်ရှားမှု အောင်မြင်ခဲ့ပေသည်။​

ဤလှုပ်ရှားမှု၏ အရာရောက် အရေးပါမှုကို သိမြင်သဘောပေါက်ရန်အတွက် နိုင်ငံ‌ရေးအခင်းအကျင်းကို သိဖို့လိုအပ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင် လက်အောက်နေခဲ့ရပြီး မြန်မာနိုင်ငံသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ၂၀၁၀ တွင် စတင်ခဲ့သည်။ စစ်အုပ်စု ခေါင်းဆောင်များ အဝတ်လဲ ထားသည့် အရပ်သားအစိုးရဟု ခေါ်ဆိုသော အစိုးရသစ်သည် အတုအယောင် ရွေးကောက်ပွဲအပြီး နေရာယူခဲ့သည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ဒီမိုကရက်တစ် အစိုးရလက်ထဲ အာဏာလွဲပြောင်းပေးနိုင်ရန် မဟုတ်ပဲ နိုင်ငံတကာတွင် မျက်နှာပန်းလှစေရန်နှင့် အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့မှုများကို လျှော့ချရန်အတွက် ဟန်ဆောင်ပန်ဆောင် လုပ်ပြသည့် လုပ်ရပ်သာ ဖြစ်သည်ဟု လူအများစုက ထင်မြင်ကြသည်။ ဥပမာ အားဖြင့် အမျိုးသား ပညာရေး ဥပဒေကို ၂၀၁၄ တွင် ပြဌာန်းပြီး ပညာရေး ပြုပြင်ပြောင်းလဲမှု အစိတ်အပိုင်းအဖြစ် ပြောခဲ့သည်။ သို့သော်လည်း စစ်အာဏာရှင် အုပ်ချုပ်ရေး သက်ဆိုးရှည်စေရန် ဖိနှိပ်ချုပ်ချယ်မှု လက်နက်တခု အဖြစ်သာ လူအများက မြင်ခဲ့ကြသည်။ (see: STORY: မြန်မာကျောင်းသားတို့ရဲ့ ခြေလျင်ခရီးရှည်

ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာ မှားယွန်းသည့် ဘက်သို့ ဉီးတည်နေသည်ဟု ယုံကြည်ကြသည့်အတွက် လူငယ် တက်ကြွလုပ်ရှားသူတို့သည် အရပ်ဘက် အဖွဲ့အစည်းများနှင့် အခြား လူငယ်အဖွဲ့အစည်းများဖြစ်သည့် ကျောင်းသား သမဂ္ဂကဲ့သလို့ အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကာ တံခါးပိတ်ဆွေးနွေးပွဲများ၊ လူထုရှေ့ လှုံံဆော်မှုများဖြင့် စည်းရုံးခဲ့ကြသည်။

မြန်မာ အရပ်သား အစိုးရကို ထိရောက်စွာ ကူညီနေသည့် အမေရိကန် ပြည်ထောင်စုသည် မြန်မာအပေါ်တွင် လွမ်းမိုးမှုအတော်ရှိသည်။ ထိုကြောင့် အိုဘားမား ဒုတိယအကြိမ် မြန်မာပြည်သို့ အလည်အပတ်လာမည်ဟု ကြေငြာချိန်တွင် လူငယ်တက်ကြွလှုပ်ရှားသူများ စုပေါင်းဆွေးနွေးကြပြီး အိုဘားမားကို တိုက်ရိုက်အသိပေးနိုင်သည့် အခွင့်အရေးကို သေချာ ရယူရန် တိုင်ပင်ကြသည်။ အဖွဲ့ဝင်တဉီးသာ အိုဘားမားနှင့် တွေ့ဆုံပွဲသို့ ဖိတ်ကြားခြင်းခံရခဲ့သော်လည်း သူ့သူငယ်ချင်း တချို့ကိုပါ ဖိတ်ကြားရန် တွေ့ဆုံပွဲ စီစဉ်သည့် အဖွဲ့ကို တွန်းအားပေးနိုင်ခဲ့သည်။ အဖွဲ့ဝင်အနည်းငယ်ကို ထပ်မံလက်ခံခဲ့ကြသည်။

အဖြစ်အပျက်မှာ ၁၄ နိုဝင်ဘာ ၂၀၁၄ မနက်တွေ ဖြစ်ခဲ့သည့် အဖြစ်ဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် လည်းကောင်း၊ အမျိုးသား ပညာရေး ဥပေဒကြမ်း ပြင်ဆင်ရေးဆွဲရေးအတွက် လည်းကောင်း နိုင်ငံရေးအရ ဆွေးနွေးရန် အခွင့်အ‌ရေး၊ နေရာမရှိသည့်အတွက် ယခုလှုပ်ရှားမှုကြောင့်သာ မြန်မာ ဒီမိုကရေစီအ‌ရေးကို အဓီက ပံ့ပိုးသူ သမ္မတ အိုဘားမားကို ပြောပြခွင့်ရခဲ့သည်။ မြန်မာနိုင်ငံ အစိုးရ အရာရှိများ၊ ပြည်တွင်း ပြည်ပ မီဒီယာများနှင့် အာဆီယံမှ လူငယ်များ စောင့်ကြည့်နေချိန်တွင် နိုင်ငံတွင် ဒီမိုကရေစီ အမှန်တကယ် ရရှိ‌ရေးဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့် အခက်အခဲများကို ထုတ်ဖော်ပြနိုင်ခဲ့ကြသည်။ လူကြိုက်နည်းသည့် ပညာရေးဥပဒေကဲ့သို့ ကိစ္စမျိုးကို ဆွေးနွေးဝေဖန်ရန် အခွင့်အရေးမရှိခဲ့ပေ။ ထို့အကြောင်းကို ဆန္ဒပြသူများက ကမ္ဘာကို ချပြရန် စိတ်ပိုင်းဖြတ်ခဲ့ကြသည်။

အဓိကနည်းဗျူဟာ

အဓိကအခြေခံမူ

ပိုမိုလေ့လာရန်

Obama’s second Burma visit falls flat
Kyaw Zwa Moe, The Irrawaddy, 2014
Obama lends ear to Burma’s youth
Feliz Solomon, The Irrawaddy, 2014