အတိုချုံးပြောရရင်
သစ်ပင်တွေဆိုတာ စကား မပြောတတ်ဘူးတဲ့ ဟုတ်ရဲ့လား။ ဘယ်ဟုတ်ပါ့မလဲ။ သစ်ပင်ဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ်၊ ရှေးဟောင်း ပစ္စည်း ဖြစ်ဖြစ် ဆန်းသစ်တဲ့ နည်းလမ်းတွေသုံးလိုက်ရင် စကားသံ ထွက်လာနိုင်တာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ ဒုက္ခသုခတွေကို လူသားတွေ သိလာနိုင်တယ်။
နောက်မျိုးဆက်ပေါင်း ခုနှစ်ဆက်အပေါ် ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးသက်ရောက်မလဲဆိုတာ တွေးတောဆင်ခြင်မှု့တိုင်းမှာ ထည့်စဥ်းစားဖို့ လိုတယ်။”
— Iroquois Confederacy maxim
(သက်ရောက်ခံရမှု အပေါ်မူတည်ပြီး ဦးဆောင်ကြကြေးဆို) သစ်ပင်တွေဟာ ဥပဒေတွေ နိုင်ငံရေးတွေကို ပုံဖော်ခွင့်ရပြီး လူသားတွေကို အုပ်ချုပ်ခွင့်ရသွားမှာပဲ။ ဒီလို ဖော်ဆောင်ခွင့်ကို အခုချက်ချင်းကို ရသင့်သွားပြီ။ ဒါပေမဲ့ ဒီလိုမျိုးဆိုတာ တော်တော်နဲ့ ဖြစ်လာမှာမှ မဟုတ်ပဲ။ ဒါကြောင့် သူတို့အသံတွေကို ခုံရုံးက ကြားသိနိုင်အောင် တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေကို ရှာကြံ ဖန်တီးတာဟာ အကောင်းဆုံး ဖြစ်လိမ့်မယ်။
၂၀၁၇-၁၈ ဂါနာ နိုင်ငံမှာ အနောက်အာဖရိက တလွားမှာ ဇီဝစနစ် အမျိုးမျိုး အကွဲပြားဆုံး သစ်တောတွေထဲက အတ်တီဝ သစ်တောကို ကာကွယ်ဖို့ အတွက် သစ်တော ကာကွယ်သူတွေ ကြိုးစားကြတော့ ဒီနည်းလမ်းကို ထိထိရောက်ရောက် အသုံးပြုခဲ့တယ်။ သစ်တောကို သွားတဲ့ အဓိက လမ်းမတွေ တလျှောက် သစ်ပင်တွေမှာ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားကြတယ်။ “ငါက တရက်ကို ကာဗွန်ဒိုင် အောက်ဆိုက် တန် ၃၀ကို စုတ်ယူပေးတယ်။” “မင်းသားသမီးတွေဟာ ငါ့ဖြစ်တည်မှုကို သိချင်မှ သိကြလိမ့်မယ်။” ဆိုတဲ့ ဆိုင်းပုဒ်တွေဆိုတော့ သစ်ပင်တွေကပဲ စကားပြောနေတဲ့ အထာ ဖြစ်သွားတာပေါ့။ တက်ကြွလှုပ်ရှားတဲ့သူတွေဟာ ဒီသစ်ပင်တွေကို ပုဂ္ဂိုလ်အဖြစ် ဖန်တီးပြီး ကမ်ပိန်း ဦးတည်ရာ မျက်နှာစာ အဖြစ် ပြုလုပ်လိုက်တယ်။ (see: PRINCIPLE: Lead with sympathetic characters
အရင်းအမြစ်နည်းနည်း၊ အမြတ်များများ ထုတ်လုပ်ရန် ကြံစည်ကြရာတွင် အရင်းရှင်စနစ်ဟာ လူသားမဟုတ်တဲ့ သက်ရှိတွေကို မြင်သာမှုမရှိအောင်၊ မရှိလည်း ဘာမှ မဖြစ်သယောင် အထင်ရောက်အောင် လုပ်လိုက်ကြတယ်။
အရင်းအမြစ်နည်းနည်း၊ အမြတ်များများ ထုတ်လုပ်ရန် ကြံစည်ကြရာတွင် အရင်းရှင်စနစ်ဟာ လူသားမဟုတ်တဲ့ သက်ရှိတွေကို မြင်သာမှုမရှိအောင်၊ မရှိလည်း ဘာမှ မဖြစ်သယောင် အထင်ရောက်အောင် လုပ်လိုက်ကြတယ်။ လူသားမဟုတ်တဲ့ သက်ရှိတွေမှာ သူတို့တွေရဲ့ ပျက်သုဉ်းခြင်းဆီ ဦးတည်လာမယ့် ဆုံးဖြတ်ချက်တွေအတွက်တောင် တု့န့်ပြန်ဖို့ အသံမရှိကြရှာဘူး။ သူတို့တွေကို အသံထွက်နိုင်စွမ်း ဖန်တီးခြင်းကနေ လူသားဗဟိုပြု၀ါဒကို ပြောင်းလဲဖို့ အခြေခံအုပ်မြစ်တခု ဖန်တီးလိုက်နိုင်တာပဲ။
သို့ပေမဲ့လည်း တစုံတယောက်၊ တစုံတရာအတွက် ကိုယ်စားပြောဆိုတယ်ဆိုရင်းနဲ့ အထက်စီးဆန်ဆန် အာဏာပြတဲ့ ပါဝါတွေရှိတဲ့အတွက် အင်မတန် ကြီးတဲ့ တာဝန်ယူမှုနဲ့ နှိမ့်ချတဲ့ စိတ်ထားတို့နဲ့ အစပြုဖို့ လိုတယ်။ အဲဒီပါဝါကို အခွင့်အလမ်း တခု အဖြစ်ပြောင်းဖို့အတွက် ကျွန်တော်တို့ရဲ့ ကိုယ်ချင်းစာတရားနဲ့ အကျင့်စာရိတ္တကောင်းတွေ ပူးပေါင်းလှုပ်ရှားရမယ်။ လူသားမဟုတ်တဲ့အရာတွေရဲ့ နေရာကနေ ဝင်ကြည့်ပြီး၊ သူတို့ လိုအပ်ချက်တွေကို အတွင်းကျကျ နားလည်မှုတရပ်ရအောင် ချဉ်းကပ်ရမယ်။
ကျွန်တော်ဟာ ရုပ်တရပ်ဆိုရင် ရေ၊ နေရောင်နဲ့ အသက်ရှင်ကျန်မှုစတဲ့ အခြေခံကျ၊ သိသာတဲ့ လိုအပ်ချက်တွေကိုပဲ သတိရမိလိမ့်မယ်။ ဒါပေမယ့် ဒီ့ထက် ပိုလေးလေးနက်နက် တွေးဖို့လိုတယ်။ သစ်ပင်တွေဟာ နှစ်သန်း ထောင်ချီကြာအောင် ရှိလာကြတာ မဟုတ်လား။ သိပ္ပံ လေ့လာချက်အရ သစ်ပင်တွေဟာ အချင်းချင်း ဆက်သွယ်ကြတယ်တဲ့။, အရင်းအမြစ်တွေ ဝေမျှကြပြီး ကြုံလာမယ့် ဘေးအန္တရာယ်တွေကို တစ်ပင်နဲ့တစ်ပင် သတိပေးကြတယ်။ ကျွန်တော်တို့ လျစ်လျူရှုထားခဲ့တဲ့ စကြာဝဠာတစ်ခွင်မှာ သူတို့ရဲ့ ပြိုင်ဘက်ကင်းမှု၊ ဉာဏ်ပညာနဲ့ စိတ်ခံစားချက်တွေကို လေးစားဖို့ သူတို့ကိုယ်စားပြောပေးတဲ့အခါ ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။
သက်ရှိအရာတွေ အားလုံး အပြင် သမိုင်းအမွေအနှစ်တွေကို လေးစားမှုကိုပါ မြှင့်တင်ဖို့ ကိုယ်တိုင် အသံမထွက်နိုင်တဲ့ အရာတွေ ကိုယ်စား အသံထွက်ပေးတာတင် မကပဲ ကိုယ်ပိုင်အခွင့်အရေး (Right)ကိုပါ ဖန်တီးပေးဖို့လိုတယ်။ ၂၀၀၈ ခုနစ်မှာ အီကွေဒေါနိုင်ငံဟာ အခြေခံဥပဒေထဲတွင် သဘာ၀ဆိုင်ရာ အခွင့်အရေးတွေကို ပြဌာန်းပေးခဲ့တယ်။ ဒီလိုလုပ်ပေးတဲ့ ပထမဆုံး နိုင်ငံဖြစ်တယ်။ အခြားနိုင်ငံများလည်း ဒီတရားဥပဒေကို လိုက်လံကျင့်သုံးလာကြတယ်။ ၂၀၁၂ ခုနစ်တွင် နယူးဇီလန်နိုင်ငံဟာ ဝန်ဂန်နူဝီမြစ်အတွက် သီးသန့် ဥပဒေတစ်ရပ် သဘောတူကျင့်သုံးခဲ့ပါတယ်။
၂၀၁၉ ခုနစ်တွင် အိုဟိုင်းအို ပြည်နယ်၊ တိုလဲဒိုမြို့ရှိ မဲပေးသူတွေဟာ အီရီကန် အတွက် “ပြောင်းလဲခွင့်မရှိသော အခွင့်အရေး” တစ်ရပ်ကို သဘောတူခဲ့ကြတယ်။ အခုဆိုရင် အဲဒီရေတွေရဲ့ အရေးကြီး အစိတ်အပိုင်းတွေဟာ တရားခွင်တွေထက်မှာ တရားဝင် ကိုယ်ပိုင် အခွင့်အရေးတွေ ရှိနေပြီဖြစ်တယ်။
တိုင်းရင်းသား လူ့အဖွဲ့အစည်းတွေဟာ သဘာ၀လောကကြီးကို ဉာဏ်ပညာရဲ့ အလေးအမြတ်ထားရသော အရင်းအမြစ်အဖြစ် သတ်မှတ်ကြတယ်။ လူသားတွေဟာ သက်ရှိ ကွန်ယက်ထဲ ချိတ်ဆက်နေတဲ့ ပင့်ကူမျှင်လေးတစ်မျှင်သာ ဖြစ်ကြောင်းကို သူတို့တွေ နားလည်ထားတာ ကြာခဲ့ပြီ။ မျက်မှောက်ခေတ်လူသားတွေအနေနဲ့ ကိုယ့်အတ္တကို ခဝါချထားခဲ့ပြီး၊ နှောင်းလူတွေကို လေးစားဖို့ ပြန်လည်သင်ယူကြရင်း၊ သူတို့ရဲ့ အသံတွေ (နဲ့ အခွင့်အရေးတွေ)ကို သယ်ဆောင်လာရမယ်။ ဒီလိုမှာ မဟုတ်ရင် သူတို့ကို သတ်ပစ်တာတင် မဟုတ်ဘူး၊ ကျွန်တော်တို့ကိုပါ တဖြည်းဖြည်း သတ်ပစ်နေတာပဲ။
အပြင်လောက ဥပမာများ

Artist Morehshin Allahyari documented thousand-year-old artifacts destroyed by ISIS and re-made them via a 3D-printer.

In 1999 at the Battle of Seattle, a phalanx of 300 turtles blocked the WTO meeting demanding environmental protection.

In 2002, Canadian citizens presented a petition at the G8 Alberta meeting, signed by 300 species of trees and animals (with paw-print signatures).

In 2012, US activists invaded banks complicit in environmental violations that worsened global warming wearing masks of the now extinct golden toad.

Māori along the Whanganui River speak as the river for a campaign to heal and restore it. The river is the first globally to be granted personhood.