နည်းစနစ်

အခက်အခဲများမှ မကျေနပ်ချက်များသို့

Individual hardships resulting from systemic failures may seem impossible to resolve when we think it’s our problem alone. By organizing those impacted by the issue, you can gain strength in numbers and tip the balance of power.

အတိုချုံးပြောရရင်

လှုပ်ရှားမှုတွင် ပြည်သူများပိုမိုပါဝင်လာစေရန် တစ်ဦးတည်းကြုံတွေ့နေရသည့် အခက်အခဲများကို အားလူံးတူတူမျှဝေခံစားပြီး နားလည်ဖြေရှင်းနိုင်သည့် မကျေနပ်မှုများအဖြစ်ပြောင်းလဲရပါမည်။ ဆန္ဒအတူပြခြင်းဖြင့် အခက်အခဲကိုပူးပေါင်းကျော်လွှားနိုင်မည်ဆိုသည်ကို နားလည်စေရန် အချင်းချင်းပြောဆိုအားပေးရမည်ဖြစ်သည်။

ခေါင်မိုးပေါ်မှပြုတ်ကျလာသော အုတ်ချပ်သည် ကျွန်ုပ်တို့ဦးခေါင်းပေါ်ကိုကျခဲ့လျှင် ပြင်းထန်သော ဒဏ်ရာပေးလိမ့်မည်၊၊ သို့သော် ထိုဒဏ်ရာသည် ရက်စက်ကြမ်းကြုတ်သောလက်ဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်လိုက်သော ကျောက်တုံးလောက်တော့ ပြင်းထန်မည်မဟုတ်ပေ။

— Jean-Jacques Rousseau, Reveries of the Solitary Walker

အစများ

The Path of Most Resistance, 2018 ကို ကိုးကားပြီး လှုပ်ရှားမှုတစ်ခုကို ဘယ်လိုစီစဉ်ဦးဆောင်မလဲဆိုသည်ကို လေ့လာနိုင်ပါသည်။

အခက်အခဲများကို မကျေနပ်ချက်အဖြစ်သို့ ပြောင်းလဲခြင်းဖြင့် လူမှုလှုပ်ရှားမှုများ ကြီးထွားအောင်လှုံ့ဆော်ပေးနိုင်ပါသည်။ လှုပ်ရှားမှုတွင် ပြည်သူများပိုမိုပါဝင်လာစေရန် တစ်ဦးတည်းကြုံတွေ့နေရသည့် အခက်အခဲများကို အားလူံးတူတူမျှဝေခံစားပြီး နားလည်ဖြေရှင်းနိုင်သည့် မကျေနပ်မှုများအဖြစ်ပြောင်းလဲရပါမည်။ ဆန္ဒအတူပြခြင်းဖြင့် အခက်အခဲကိုပူးပေါင်းကျော်လွှားနိုင်မည်ဆိုသည်ကို နားလည်စေရန် အချင်းချင်းပြောဆိုအားပေးရမည်ဖြစ်သည်။

ဤနည်းစနစ်ကို အသုံးပြုရန်အတွက် အခက်အခဲနှင့် မကျေနပ်ချက်တို့၏ ခြားနားချက်ကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

မကျေနပ်ချက် ဆိုသည်မှာ ပြင်ပအကြောင်းအရာတစ်ခုခုကြောင့်ဖြစ်ပေါ်လာပြီး အများနှင့်လည်း သက်ဆိုင်နေပါသည်။ မကျေနပ်ချက်ကိုဖြေရှင်းရန် ဘုံဖြေရှင်းနည်းလဲရှိပါသည်။

ခက်ခဲမှု ဆိုသည်မှာ အဆင်မပြေမှုများစွာကို ကြုံတွေ့ရခြင်းဖြစ်ပြီး မည်သူကမှ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်၍ ပေါ်ပေါက်လာခြင်းမဟုတ်ပါ။ ဥပမာ - ငလျင်ဒဏ်ကြောင့် အိမ်ပျက်စီးသွားခြင်း၊ သားသမီးအတွက် လိုအပ်သော ဆေးဖိုးဝါးခမတတ်နိုင်ခြင်း၊ ကျောင်းကိုသွားဖို့လာဖို့ လုံခြုံသော လမ်းမရှိခြင်း စသည်တို့ဖြစ်သည်။ ခက်ခဲသောအခြေအနေတစ်ခုကို ကြုံတွေ့နေရသည့်အချိန်တွင် တစ်ခါတစ်ရံ အထီးကျန်ခြင်း၊ အကူအညီမဲ့ခြင်း သို့မဟုတ် မိမိကိုယ်ကိုအပြစ်တင်ခြင်း စသည်တို့ ခံစားရနိုင်ပါသည်။

မကျေနပ်ချက် ဆိုသည်မှာ ပြင်ပအကြောင်းအရာတစ်ခုခုကြောင့်ဖြစ်ပေါ်လာပြီး အများနှင့်လည်း သက်ဆိုင်နေပါသည်။ မကျေနပ်ချက်ကိုဖြေရှင်းရန် ဘုံဖြေရှင်းနည်းလဲရှိပါသည်။ ဥပမာအားဖြင့် အဆောက်အဦးစဆောက်တည်းကတည်းက ငလျင်ဒဏ်ခံနိုင်အောင် ခိုင်ခိုင်ခံ့ခံ့မဆောက်ခြင်း၊ လိုအပ်သည့်ဆေးဝါးများက တတ်နိုင်သည့်ထက် ဈေးကြီးနေခြင်း သိ့မဟုတ် မြို့ပြစီမံကိန်းရေးဆွဲသူများသည် အမျိုးသမီးများ၏ ဘေးကင်းရေးကို အလေးအနက်မထားခြင်း စသည်တို့ဖြစ်သည်။ မကျေနပ်မှုများကိုမျှဝေနားလည်ပေးခြင်းဖြင့် အဖွဲ့ဝင်များသည် သူတို့ကြုံတွေ့နေရတဲ့အဆင်မပြေမှုများ ဘယ်သူ့ကြောင့် ဖြစ်ရတာလဲဆိုတာကိုသိနိုင်ပြီး ဤသို့ပြုလုပ်ခြင်းဖြင့် အားလုံးတူတူပူးပေါင်းပြီး တရားမျှတမှုရအောင် အစီအစဉ်တစ်ခုခုရေးဆွဲဖြေရှင်းနိုင်ပါသည်။

မကျေနပ်ချက်များ ဘယ်သူ့ကြောင့် ဖြစ်ပေါ်လာလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းနားလည်အောင်လုပ်ခြင်းဖြင့် ဘယ်နည်းလမ်းကိုသုံးရင် အကောင်းဆုံးရလဒ်များရမည်ဆိုသည်ကို သိရှိနိုင်ပါသည်။ ဥပမာအားဖြင့် Gandhi ၏ Salt March လှုပ်ရှားမှုကိုကြည့်ပါက ဆားဈေးအရမ်းကြီးလို့ ပြည်သူတွေမဝယ်နိုင်သည့်အခက်အခဲကို ကိုလိုနီနယ်ချဲ့များမတရားအခွန်ကောက်ခံခြင်းသည် ဘယ်လိုအကြောင်းနှင့်မှ လက်ခံစရာမရှိဘူးဆိုသည့် အားလုံးမျှဝေခံစားလို့ရသည့် မကျေနပ်ချက်အဖြစ် ပြောင်းလိုက်နိုင်သည်။ (see: STORY: ဆား ချီတက်ဆန္ဒပြပွဲ အကြောင်းဖတ်ရှုရန်)

သို့သော် မကျေနပ်ချက်တိုင်း၏ အရေးပါအရာရောက်မှုသည် တစ်ခုနှင့်တစ်ခုမတူညီပါ။ လူတွေကို လှုပ်ရှားမှုထဲပါလာနိုင်အောင် စည်းရုံးရန်အတွက် မကျေနပ်ချက်များ ဘယ်သူ့ကြောင့်ဖြစ်လဲဆိုသည်နှင့် ဘယ်လိုဖြေရှင်းနိုင်သလဲဆိုသည်ကိုရှင်းရှင်းလင်းလင်း သိရမည်ဖြစ်သည်။ သို့မှသာ အဖွဲ့ဝင်တွေအနေနှင့် သူတို့ပါဝင်နေသည့် လှုပ်ရှားမှုအပေါ်တွင် မျှော်လင့်ချက်ထားရှိနိုင်ပါမည်။

ဘယ်လိုသုံးမလဲ။

အောက်ပါလေ့ကျင့်ခန်းကို သင့်ရဲ့လှုပ်ရှားမှုအတွက် လေ့ကျင့်ရေးလုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ ဒီလေ့ကျင့်ခန်းသည် ခက်ခဲမှုမှ မကျေနပ်ချက်သို့ ဘယ်လိုပြောင်းလဲအောင် လုပ်လဲဆိုသည့် သဘောတရားကို မိတ်ဆက်ပေးပါသည်။

  1. အခက်အခဲနှင့် မကျေနပ်ချက်၏ သဘောတရားများကို မိတ်ဆက်ပါ။

  2. အဖွဲ့ဝင်များကို သူတို့ကြုံတွေ့ဖူးသည့် အခက်အခဲများ သို့မဟုတ် မကျေနပ်မှုများကို ပြန်တွေးကြည့်ခိုင်းပါ။ ဥပမာ - ငယ်စဉ်ကပန်းနာရင်ကျပ်ဖြစ်ခြင်း၊ ကင်ဆာဖြစ်ခြင်း၊ ကားအက်ဆီးဒင့်ဖြစ်ခြင်း၊ ရေဘေးဒုက္ခသည် သို့မဟုတ် မီးဘေးဒုက္ခသည်ဘဝရောက်ခြင်း၊ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ ကြုံခဲ့ရရင် ပြန်တွေးကြည့်ခိုင်းပါ။ အဖွဲ့ဝင်များကို သူတို့အရင်က ကြုံခဲ့ရသည့် မကျေနပ်ချက် သို့မဟုတ် အခက်အခဲ ၁ ခု ၂ ခု ကို အဖွဲ့နှင့်မျှဝေရန် တိုက်တွန်းတောင်းဆိုပါ။

  3. ပါဝင်သူများကို အုပ်စုများခွဲပြီး သူတို့၏ပတ်ဝန်းကျင်တွင် ကြုံတွေ့နေရသော အခက်အခဲအချို့ကို စာရင်းပြုစုခိုင်းပါ။

  4. အဖွဲ့ဝင်များပြုစုထားသည့်စာရင်းကို ကိုးကားပြီး သူတို့ရွေးထားသည့် အခက်အခဲအချို့ကို အားလုံးအတူမျှဝေနားလည်နိုင်သည့် မကျေနပ်ချက်အဖြစ် မြင်ကြည့်ရန် တိုက်တွန်းပါ။ ပြီးနောက် ထိုအခက်အခဲကိုဖြေရှင်းရန်အတွက် ကမ်ပိန်းတစ်ခု ဘယ်လိုတည်ဆောက်ရမလဲဆိုသည်ကို စဉ်းစားခိုင်းပါ။ ထိုမကျေနပ်ချက်ပေါ်ပေါက်လာတာ ဘယ်သူ့ဆီမှာ တာဝန်ရှိလဲ၊ ပြီးရင် ဘယ်သူက ဒီမကျေနပ်ချက်ကို ဖြေရှင်းပေးနိုင်မလဲဆိုသည်ကို ဝိုင်းဝန်းစဉ်းစားရမည်ဖြစ်သည်။ ထို့နောက် အဖွဲ့ဝင်များ ဆွေးနွေးထားသည်များကို စာရေးပြီး statement ထုတ်ခိုင်းပါ။

  5. ကိုယ့်အဖွဲ့နှင့်ကိုယ် ဆွေးနွေးပြီးသည့်အခါ အားလုံးအတူပြန်ဆုံကြပြီး အဖွဲ့တစ်ခုဆီကရလာသည့် statement များကို မျှဝေပြီး ပြန်လည်သုံးသပ်ပါ။ အဲဒီထဲကမှ သင့်တော်သော ကမ်ပိန်း ၁ ခု ၂ ခုကို ရွေးပြီး ကမ်ပိန်းတစ်ခုချင်းဆီမှာ ပါဝင်သော မကျေနပ်မှုများကို ပြုလုပ်နေသူများကို ရှင်းရှင်းလင်းလင်းခွဲခြားသတ်မှတ်ပြီး ဒီမတရားမှုကို ကမ်ပိန်းလုပ်ရာကနေ ဖြေရှင်းမလဲဆိုတာကို စဉ်းစားဆုံးဖြတ်ပါ။ နောက်ဆုံးတွင် ဒီမကျေနပ်မှုများကို ဖြေရှင်းရန် လှုပ်ရှားမှုတွင် ဘယ်လိုလုပ်ဆောင်မှုများ ပါဝင်ရမလဲဆိုသည်ကို စဉ်းစားပါ။

  6. နောက်ဆုံးအနေနှင့် မကျေနပ်မှုများနှင့်ပတ်သက်သည့် မေးခွန်းများ သို့မဟုတ် မှတ်ချက်များပေးရန် ဖိတ်ခေါ်ပြီးအဖွဲ့ဝင်များကိုဖိတ်ခေါ်ပြီး အဖွဲ့ငယ်လေးတစ်ခုအနေနှင့် ကမ်ပိန်းတစ်ခု ဘယ်လိုစနိုင်မလဲဆိုသည်ကို စဉ်းစားဆုံးဖြတ်ပါ။