အတိုချုံးပြောရရင်
သင့်ရဲ့ လှုပ်ရှားမှုမှတစ်ဆင့် ဖြေရှင်းချင်သည့် ပြဿနာများရဲ့ အကျိုးသက်ရောက်မှုကို အများဆုံးခံစားရသူများရဲ့ လမ်းညွှန်မှုကို ခံယူပြီး သူတို့ကို သင့်လျော်သော ထောက်ပံ့မှုတွေ ပေးစွမ်းတာဟာ ကောင်းမွန်တဲ့ လူ့ကျင့်ဝတ်နဲ့ ကောင်းမွန်တဲ့ နိုင်ငံရေး အလေ့အထတစ်ခုပဲ ဖြစ်ပါသည်။
ကိုယ့်ကိုယ်ကို စေတနာရှင်ကြီးတစ်ဦးလို့ ခံယူထားပြီး စိတ်ကြီးဝင်နေသူများကို တွေ့ဖူးကြမယ် ထင်ပါတယ်။ သူတို့သည် အခွင့်ထူးခံများဖြစ်ကြပြီး ဘယ်ပြဿနာကမှသူတို့အပေါ် တိုက်ရိုက်သက်ရောက်ခြင်းမရှိပါ။ ဒါကြောင့် သူတို့စိတ်ဝင်စားတဲ့ လှုပ်ရှားမှုများကို အေးအေးဆေးဆေးလေ့လာနိုင်ပြီး အလျင်းသင့်သလို အထောက်အပံ့ပေးနေကြသူများဖြစ်ပါသည်။ သူတို့သည် တက္ကသိုလ်တက်တုန်းက လှုပ်ရှားမှုတစ်ခုအကြောင်းကိုသင်ခဲ့ရပြီး သူတို့ကိုယ်သူတို့ ကျွမ်းကျင်သူတစ်ဦးလို့ တစ်ဖက်သက် မြင်နေကြသူများလဲ ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ လူမျိုး မဖြစ်အောင် ရှောင်ရှားပါ။ မိမိကိုယ်မိမိ နှိမ့်ချပြီး မိမိဖြေရှင်းချင်တဲ့ ပြဿနာရဲ့ သက်ရောက်မှုကို အများဆုံခံရသူများရဲ့ လမ်းညွှန်မှုနဲ့ ဦးဆောင်မှုကို ခံယူဖို့အတွက် အရေးကြီးပါသည်။
ကြီးမားတဲ့မတရားမှုတွေနဲ့ ကြုံတွေ့နေရတဲ့သူတွေဟာ၊ ထိုမတရားမှုများကို ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ ကမ်ပိန်းများရဲ့ အကျိုးရလဒ်များကို အများဆုံး ခံစားရမှာ ဖြစ်တာကြောင့် သူတို့သည် ကမ်ပိန်းအောင်မြင်မှုကနေ အကျိုးအမြတ် အများဆုံး ရရှိကြမှာပါ။ တစ်ချိန်ထဲမှာပဲ ကမ်ပိန်းမှာ တစ်ခုခုမှားယွင်းခဲ့ရင်လဲ သူတို့သည် ဆုံးရှုံးမှုအများဆုံး ရရှိကြမှာ ဖြစ်ပါတယ်။ သူတို့သည် ပြဿနာကိုဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းများကိုလဲ သိရှိနားလည်ကြပါသည်။ ဒါကြောင့် သူတို့ရဲ့ အကြံဉာဏ်တွေကို လျစ်လျူရှုထားတဲ့ ကမ်ပိန်းတစ်ခုဟာ ရလဒ်ကောင်းတွေရဖို့ထက် ရလဒ်ဆိုးတွေသာရဖို့ အခွင့်အလမ်းပိုများပါတယ်။
သူတို့ကိုယ်သူတို့ ခေါင်းဆောင်လို့ ယူဆထားပြီးသားလူတွေအတွက် အခြားတစ်ယောက်ဆီက လမ်းညွှန်မှုကို လက်ခံရတာဟာ မလွယ်ကူပါဘူး။ ကိုယ့်ကိုယ်ကို “ခေါင်းဆောင်” လို့သတ်မှတ်ထားသူတွေဟာ ဆုံးဖြတ်ချက်ချသည့်အခါ တစ်ခါတလေ လျင်လျင်မြန်မြန် အလောတကြီး လုပ်မိတတ်ကြတယ်။ သူတို့ဆီမှာရှိတဲ့ ရှိရင်းစွဲ ထင်မြင်ယူစချက်တွေကို တစ်ရသေဆုပ်ကိုင်ထားသောကြောင့် ပြဿနာကိုဖြေရှင်းဖို့အတွက် အသင့်တော်ဆုံး နည်းလမ်းတွေကို မမြင်ပဲ လျစ်လျူရှုမိတတ်ကြပါတယ်။ ဆုံးဖြတ်ချက်ကိုမှန်မှန်ကန်ကန်ချနိုင်ဖို့အတွက် အဖွဲ့အစည်းအတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ရှိတဲ့ အလေ့အထကို ကျင့်သုံးဖို့အတွက် လိုအပ်ပါသည်။
တာဝန်ယူမှု၊ တာဝန်ခံမှုခံစိတ်ရှိတဲ့အလေ့အထသည် အချို့သော တက်ကြွလှုပ်ရှားသူများနဲ့ မရင်းနှီးပဲ ကြောက်စရာလန့်စရာကောင်းသော အလေ့အထတစ်ခုလို့ မြင်ကောင်းမြင်နိုင်ပါလိမ့်မည်။ ဒါပေမဲ့ ဒါကို တစ်သွေမသိမ်း လိုက်ကိုလိုက်နာရမည့် စံနှုန်းတစ်ခုလို့ မမြင်သင့်ပါဘူး။ လုပ်ရင်းကိုင်ရင်း လက်ရှိအနေအထားထက်ကောင်းမွန်အောင် တစ်ဖြေးဖြေး ကြိုးစား ကျင့်ယူသင့်သည့် အလေ့အထကောင်းတစ်ခုလို့သာ မြင်သင့်ပါသည်။
သင့်ကိုယ်သင် နှိမ့်ချပြီး သင့်ရဲ့ လှုပ်ရှားမှုမှတစ်ဆင့် ဖြေရှင်းချင်သည့် ပြဿနာများရဲ့ အကျိုးသက်ရောက်မှုကို အများဆုံးခံစားရသူများရဲ့ ဦးဆောင်မှုနှင့် လမ်းညွှန်မှုကို ခံယူပါ။.
Organizing Cools the Planet စာစောင်က တာဝန်ယူမှု၊ တာဝန်ခံမှုခံစိတ်ရှိတဲ့အလေ့အထကို ပျိုးထောင်ဖို့အတွက် အခြေခံနည်းလမ်း လေးသွယ်ကို အကြမ်းဖျဉ်း ဖော်ပြထားပါတယ်။
ပွင့်လင်းမြင်သာမှုရှိခြင်းဆိုသည်မှာ သင့်ရဲ့ နိုင်ငံရေးအမြင်၊ သင့်ရဲ့အဖွဲ့အစည်း တည်ဆောက်ပုံ၊ ရည်မှန်းချက်ပန်းတိုင်များ၊ ဆန္ဒများနဲ့ အားနည်းချက်များနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းဖြစ်ခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ အဓိကအချက်ကတော့ သင့်ရဲ့ ခံယူချက်များ၊ အတွေးအမြင်များကို တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း ပြသဖို့ပဲ ဖြစ်ပါတယ်။
ပါဝင်ဆောင်ရွက်ခြင်းဆိုသည်မှာ လူတွေနဲ့ တက်တက်ကြွကြွ၊ မျှမျှတတ ပြောဆိုဆွေးနွေးပြီး သူတို့အပေါ် အကျိုးသက်ရောက်မယ့် ဆုံးဖြတ်ချက်တွေအကြောင်းကို အတူတကွ သိရှိနားလည်အောင် လုပ်ခြင်း ဖြစ်ပါသည်။
ဆင်ခြင်သုံးသပ်ခြင်းဆိုသည်မှာ လှုပ်ရှားမှုအောင်မြင်မှုရအောင် လုပ်ဆောင်နေသည့်အရာများနှင့် ချမှတ်ထားသည့်အစီအစဉ်များကို ပြန်လည်သုံးသပ်ပြီး စီစစ်ခြင်းဖြစ်ပါတယ်။ ဆင်ခြင်သုံးသပ်သည့်အလုပ်ကို လှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားပြီးသည့်အချိန်တွေ လုပ်ဆောင်ရမှာဖြစ်ပြီး လှုပ်ရှားမှုတစ်လျှောက်တွင်လဲ စဉ်တိုက်ဆက်တိုက် လုပ်နေဖို့လဲ လိုပါသည်။
တုံ့ပြန်မှုဆိုသည်မှာ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်စီစစ်ပြီးချိန်တွင် လှုပ်ရှားမှုမှတစ်ဆင့်ဖြေရှင်းချင်သည့် ပြဿနာများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်သည့် ပြုပြင်ပြင်ဆင်ချက်များကိုလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
သို့သော်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ရှိအောင် ကျင့်ယူခြင်းက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် မဟုတ်ဘူး။ အများနဲ့ ပူးတွဲဆောင်ရွက်ခြင်းကသာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်တယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ရှိခြင်းသည် ကျွန်တော်တို့ လျှောက်လှမ်းအသုံးပြုလို့ရသည့် လမ်းတစ်ခုရှိခြင်းလို့ မြင်ကြည့်နိုင်ပါသည်။ ဒီလမ်းကို လျှောက်လှမ်းအသုံးပြုခြင်းဖြင့် လှုပ်ရှားမှုအတွက်လိုအပ်သည့် ပူးတွဲဆောင်ရွက်မှုတွေကို အောင်အောင်မြင်မြင် အစီအစဉ်ချမှတ်နိုင်ပါသည်။ ကနဦးအစတွင် ပူးတွဲဆောင်ရွက်ခြင်းက ခက်ခဲတဲ့အခါ၊ အားမလျော့ပါနဲ့။ ယုံကြည်မှုကိုတည်ဆောက်ရာမှာ အချိန်လိုအပ်ပါတယ်။ သင့်ကိုယ်သင်ရော အခြားသူတွေကိုရော အမှားလုပ်မိသည့်အခါ ခွင့်လွှတ်ပေးပါ၊ ကျွန်တော်တို့ အားလုံး အမှားလုပ်မိတတ်ကြပါတယ်။ (ကိုးကားရန် (see: THEORY: ဖိနှိပ်မှုကို တွန်းလှန်ခြင်း.
ဒီ အခြေခံသဘောတရားနဲ့ ပတ်သတ်ပြီး Ruckus အဖွဲ့အစည်းရဲ့ အတွေ့အကြုံကိုဗဟုသုတရနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ Ruckus အဖွဲ့အစည်းဆိုတာဟာ မြောက်အမေရိကအခြေစိုက် တိုက်ရိုက်လုပ်ဆောင်ချက်လေ့ကျင့်ပေးသူများနဲ့ လှုပ်ရှားမှုဦးဆောင်သူများ ပူးပေါင်းတည်ထောင်ထားသည့် ကွန်ယက်တစ်ခု ဖြစ်ပါတယ်။
နှစ်ကာလအတော်ကြာ လှုပ်ရှားမှုတွင်ပါဝင်သူများသည် ပြဿနာရဲ့အကျိုးသက်ရောက်မှုကို အများဆုံး ခံစားရသူများရဲ့ လူမှုအဖွဲ့အစည်းများဆီ "လေထီးခုန်သမား” များကဲ့သို့ လိုအပ်သည့်အချိန်မှ ရုတ်တရက် ရောက်ရောက်လာပြီး အကူအညီပေးကြပါသည်။ "လေထီးခုန်သမား” များကဲ့သို့ပင် လူမှုအဖွဲ့အစည်းများအတွင်း နေရာအစုံကိုဖြန့်ကျက်ပြီး ရောက်အောင်သွားကာ အကူအညီပေးကြပါတယ်။ နှစ်ကာလကြာရှည်စွာ ဒီပြဿနာနှင့် နပန်းလုံးလာခဲ့ပြီးနောက် ဒီကိစ္စတွင် ပါဝင်ပတ်သက်သူများကြား ရေရှည်အတွက် ကောင်းမွန်သည် ဆက်ဆံရေးများ ဦးစားပေးတည်ဆောက်ဖို့အတွက် Ruckus အဖွဲ့အစည်း အစီအစဉ်ချမှတ်ခဲ့ပါသည်။ လှုပ်ရှားမှုတွင်ပါဝင်ပက်သက်သူများကိုလဲ တောင်းဆိုတဲ့နေရာကို သာလျှင် သွားရောက်အကူအညီပေးတဲ့ လုပ်ထုံးလုပ်နည်းတစ်ရပ်ကိုလိုက်နာဖို့ ညွှန်ကြားပေးခဲ့ပါသည်။ သင့်ရဲ့ အဖွဲ့အတွင်း အလာတူ နည်းဗျူဟာ တစ်ခုချမှတ်တည်ဆောက်ရာတွင် “Ruckus Action Framework” ကိုကိုးကားပြီး ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
သင့်ရဲ့ လှုပ်ရှားမှုမှတစ်ဆင့် ဖြေရှင်းချင်သည့် ပြဿနာများရဲ့ အကျိုးသက်ရောက်မှုကို အများဆုံးခံစားရသူများရဲ့ လမ်းညွှန်မှုကို ခံယူခြင်းဖြင့် အရေးကြီးတဲ့ သင်ခန်းစာများကို လေ့လာသင်ယူနိုင်မှာဖြစ်ပြီး သူတို့ကို ထိရောက်တဲ့ ထောက်ပံ့မှုတွေလဲ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
Originally published in Beautiful Trouble.
အပြင်လောက ဥပမာများ

Dallas Goldtooth of the US-based Indigenous Environmental Network describes how indigenous peoples are on the frontlines of climate change.