နည်းဗျူဟာ

အစာအငတ်ခံ ဆန္ဒပြခြင်း

အတိုချုံးပြောရရင်

ကြိုတင်စဉ်းစား ချင့်ချိန်ကာ လူသိရှင်ကြား အစားအသောက်ကို ငြင်းပယ်ခြင်း၊ တခါတရံ သောက်သုံးရေကိုပါ ငြင်းပယ်ခြင်း၊ တရားမမျှတမှု သို့မဟုတ် အာဏာအလွဲသုံးစားလုပ်မှုတို့ကို ဆန့်ကျင်သော စာရိတ္တပြုပြင်ရေး ဆန္ဒပြခြင်းတစ်မျိုး။ တစ်ဦးတစ်ယောက်တည်းက အစာအငတ်ခံဆန္ဒပြခြင်းကို ဆောင်ရွက်နိုင်သလို၊ လူရာပေါင်းများစွာ စုပေါင်းပြီး အတူတကွ ဆောင်ရွက်နိုင်ပါတယ်။

အစာအငတ်ခံဆန္ဒပြခြင်းဆိုတာ . . . သေမင်းရဲ့ အခန်းတံခါး၀ရှေ့ ရောက်ချိန်အထိ ခင်ဗျား အစားအစာကို ငြင်းဆန်ခြင်းပဲ ဖြစ်တယ်။ အာဏာပိုင်တွေဟာ ခင်ဗျားကို ပေးသေမလားနဲ့ ခင်ဗျားကို လက်လျှော့ပေးမလား ဆိုတာ နှစ်ခုရဲ့ကြား ရွေးချယ်ရမှာပါ။

အစာအငတ်ခံ ဆန္ဒပြခြင်းဟာ ရာစုနှစ်ပေါင်းများစွာ ကမ္ဘာတစ်ဝှမ်းရှိ တက်ကြွလှုပ်ရှားသူများ ဆောင်ရွက်လာတဲ့ အကောင်းဆုံး အကြမ်းမဖက် ဖိအားပေးတဲ့ နည်းဗျူဟာတစ်ရပ်ဖြစ်ပါတယ်။ အမှန်တကယ်ကတော့၊ ဒါဟာ တိုက်ရိုက်လှုပ်ရှားမှုအတွက် အဓိကကျလွန်းလို့ ဂျင်းရှရဲ့ အကြမ်းမဖက်လှုပ်ရှားမှု ၁၉၈ခုထဲက တစ်ခုတည်းသော အကြမ်းမဖက်လှုပ်ရှားမှုကနေ အသေးစား နည်းဗျူဟာတစ်ရပ်အဖြစ် သက်ဆင်းလာတဲ့ နည်းဗျူဟာတစ်ရပ် ဖြစ်ပါတယ်။ လိုရင်းက တော်တော်လေးကို ရိုးရှင်းပါတယ်၊ အစားစားခြင်းကို ရပ်ဆိုင်းလိုက်ပါ။

လူသားတိုင်းဟာ အစားစားရပါတယ်။ မတရားမှုကို အမှန်မပြင်နိုင်သေးသရွေ့ အစားစားဖို့ ငြင်းဆန်ခြင်းအားဖြင့်၊ ခင်ဗျားရဲ့ တောင်းဆိုချက်တွေ ရရှိဖို့ အင်အားကြီးတဲ့ ပစ်မှတ်ကို တွန်းအားပေးမယ့် ဖိအားလုံလုံလောက်လောက်တစ်ရပ်ကို တခါတရံ ခင်ဗျား အားထုတ်နိုင်ပါတယ်။

မဟာဗျူဟာမြောက် ကျင့်သုံးခြင်းအားဖြင့်၊ အစာငတ်ခံ ဆန္ဒပြခြင်းဟာ မတရားမျှတမှုတွေ အခွင့်အရေး ချိုးဖောက်ခံရမှု အဖြစ်အပျက်တွေအတွက် အာရုံစိုက်မှုကို ရရှိတာတင်မက၊ ထိုကဲ့သို့ ပြင်းထန်ပြီး လူကိုယ်တိုင် ဘေးအန္တရာယ်ကြုံတွေ့နိုင်တဲ့ လုပ်ဆောင်မှုမျိုးကို ဆောင်ရွက်ဖို့ ရွေးချယ်ခဲ့သူများအပေါ် အများယုံကြည်လေးစား လက်ခံမှုနဲ့ ဦးတည်ချက်ကို တိုးမြှင့်ပေးနိုင်ပြီး ညှိနှိုင်းမယ့်စားပွဲဝိုင်းတွင် အစာအငတ်ခံဆန္ဒပြသူဟာ ဩဇာအရှိန်အဝါပိုရလာနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းက၊ ယူကေနဲ့ ယူအက်စ်ရှိ အမျိုးသမီး မဲပေး ပိုင်ခွင့်ရရှိရေး လှုပ်ရှားမှု ၌ ပါဝင်သူ အမျိုးသမီးများဟာ အစာငတ်ခံဆန္ဒပြခြင်းကို ဆောင်ရွက်ခဲ့ကြတယ်။ (တခါတရံ အချိန်ကြာမြင့်စွာ ဆောင်ရွက်ကြပြီး အကျဉ်းထောင်ထဲကနေ ဆန္ဒပြကြတာပါ) အမျိုးသမီးများ မဲပေးဖို့ အခွင့်အရေးအတွက် တိုက်ယူရတဲ့တိုက်ပွဲမှာ ဖိအားပေးတဲ့ နည်းဗျူဟာအဖြစ် အသုံးပြုခဲ့ကြတယ်။ အစိုးရနှစ်ရပ်လုံးဟာ အကျဉ်းသားများကို အတင်းအဓမ္မအစားကျွေးခြင်းဖြင့် ရွံရှာစက်ဆုပ်ဖွယ်နည်းလမ်းနဲ့ တုံ့ပြန်ခဲ့တယ်။

ဂန္ဒီအတွက်မူ၊ အစာအငတ်ခံဆန္ဒပြခြင်းဟာ နိုင်ငံရေးအရ ဖိအားပေးခြင်း နည်းဗျူဟာတစ်ရပ်လည်း ဖြစ်သလို၊ သူ့ရဲ့ အကြမ်းမဖက်ခြင်း ဒဿနအမြင် စတ္တရာဂရာဟာရဲ့ ဘာသာရေးဆိုင်ရာအယူအဆ အစိတ်အပိုင်းတစ်ပိုင်း ဖြစ်တယ်။ အိန္ဒိယ လွတ်လပ်ရေးအတွက် လှုပ်ရှားမှုအတောအတွင်း သူဟာ ၁၇ ကြိမ် အစာအငတ်ခံခဲ့တယ်။ နိုင်ငံပိုင်းခြားခံရပြီးနောက် လူမျိုးရေးအကြမ်းဖက်ခံရမှုကို ဆန့်ကျင်တဲ့အနေနဲ့ ထပ်မံ အစာအငတ်ခံခဲ့ပြန်ပါတယ်။ (၂၁ရက်ကြာ) အရှည်လျားဆုံး အစာအငတ်ခံခြင်းအတောအတွင်း၊ ဖိတ်စင်ကျလာမယ့် သနားကရုဏာသက်မှုတွေကို စိုးရိမ်တာကြောင့်၊ ဗြိတိသျှဟာ သူ့ရဲ့ ဓာတ်ပုံတွေ ဖြန့်ဝေတာကို တားမြစ် ပိတ်ပင်ခဲ့ပါတယ်။

အစာအငတ်ခံ ဆန္ဒပြခြင်းဟာ အားကောင်းတဲ့ ကိုယ်ကျင့်တရားနဲ့ တစ်သီးပုဂ္ဂလဆောင်ရွက်မှုတစ်ရပ် ဖြစ်ပါတယ်။ သို့သော်လည်း ဒါဟာ ဦးတည်ချက်ကို ရှေ့ဆက်လှမ်းဖို့ အဓိပ္ပာယ်ရှိတဲ့ နည်းဗျူဟာတစ်ရပ်လည်း ဖြစ်ပါတယ်

၁၉၈၁ခုနစ်၊ ပိုမိုကောင်းမွန်သော အခြေအနေများနဲ့ နိုင်ငံရေးဆိုင်ရာ အသိအမှတ်ပြုမှုများအတွက် အချိန်ကာလ ကြာမြင့်စွာ အစာအငတ်ခံဆန္ဒပြခြင်း အတောအတွင်း၊ ဗြိတိသျှအစိုးရ အုပ်ချုပ်မှု အောက်မှ လွတ်မြောက်ရေး၊ အိုင်ယာလန် သမ္မတ နိုင်ငံ နှင့် ပူးပေါင်းရေး လိုလား သောအဖွဲ့ အိုင်းရစ် ရီပါဘလစ်ကန် အာမီ ( IRA) မှ အကျဉ်းကျခံထားရသော အဖွဲ့ဝင် ၁၀ဦး သေဆုံးသွားခဲ့တယ်။ ဆန္ဒပြနေစဉ်အတွင်း လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခြင်းခံရတဲ့ သပိတ်ခေါင်းဆောင် ဘော်ဘီဆန်းဒ်စ်လည်း ပါဝင်သွားခဲ့တယ်။ (၆၆ ရက်အကြာတွင် ကွယ်လွန်) ဒီ ဆန္ဒပြခြင်းဟာ အိုင်းရစ် အမျိုးသားစိတ်ဓာတ်ရှိတဲ့ နိုင်ငံရေးမူကို အမြစ်မြေလှန် ပြောင်းလဲပစ်လိုစိတ်တွေ ပြင်းထန်စေခဲ့တယ်။ ရှင့်ဖိန်း (‘ ငါတို့မှာ ငါတို့သာ’ ဟု အဓိပ္ပာယ်ရသော အိုင်းရစ် နိုင်ငံရေး ဆောင်ပုဒ်ဖြင့် အိုင်းရစ် ရီပါပလစ်ကန် အာမီ) ခေတ်သစ်နိုင်ငံရေးပါတီတစ်ရပ်အဖြစ် မြှင့်တင်ပေးခဲ့တယ်။

၂၀၁၁ ခုနစ်တွင်၊ အိန္ဒိယအစိုးရရဲ့ အုပ်ချုပ်ရေးဌာနချုပ်ရဲ့ အပြင်ဘက် လူသိရှင်ကြား အစာငတ်ခံဆန္ဒပြမှုများဆက်တိုက် ဆောင်ရွက်ခြင်းဟာ ( အခွန်ဝန်ထမ်းအချို့ဟာလည်း တက်ကြွလှုပ်ရှားသူများ ဖြစ်လာကြတယ်) အဓိက ခြစားမှုတိုက်ဖျက်ရေးများကို လမ်းဖွင့်ပေးလိုက်တယ်။ အသစ်ဖွဲ့စည်းထားတဲ့ ဇာတ်မဲ့အဆင့်မဲ့မျက်နှာမွဲလူတန်းစား ပါတီက နယူးဒေလီရဲ့ မြူနီစပယ်ရွေးကောက်ပွဲတွင် အာဏာရရှိခဲ့ပါတယ်။

၂၀၁၆ ခုနစ်တွင်၊ လူအေတီဘေရောင်း ( အီကိုနိုကလက်စတာ ဆိုတဲ့ ဂီတအနုပညာနာမည်နဲ့ လူသိများ) ပါဝင်တဲ့ အန်ဂိုလာရှိ နိုင်ငံရေးအကျဉ်းသား ၁၇ဦးဟာ သူတို့ရဲ့ ဦးတည်ချက်အတွက် ၃၆ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ကြတယ် — အာဏာရှင် သမ္မတ ဟိုဆေးအက်ဒွာဒိုဒေါ့စ်ဆန်းတို့စ် အာဏာသိမ်းထားတဲ့ နှစ်တစ်နှစ်ချင်းစီကနေ တစ်ရက်စီတွက်ပြီးတော့ပါ။ ( အန်ဂိုလာ ၁၅+၂ လို့ လူသိများလာတဲ့) ဒီဆန္ဒပြခြင်းဟာ နိုင်ငံတကာရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး အကျဉ်းသားတွေကို လွှတ်ပေးဖို့ အာဏာပိုင်တွေဟာ ဖိအားပေးခံခဲ့ရတယ်။ ဒီအလျှော့ပေးလိုက်ရခြင်းကြောင့် အားနည်းလာကာ၊ သူ့ကို ဆန့်ကျင်ကြောင်း ကျော်ကြားတဲ့ အယူအဆတွေ နိုင်ငံတကာ အမြင်တွေကြောင့်၊ ဒေါ့စ်ဆန်းတို့စ်ဟာ နောက်တစ်နှစ်မှာပဲ နန်းကျသွားခဲ့ရတယ်။

တခါတရံ အစာအငတ်ခံဆန္ဒပြခြင်းကို မတရားမှုကို ရှေ့တန်းကနေ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ လူတွေက ဆောင်ရွက်ကြပါတယ်။ ( ကယ်လီဖိုးနီးယား အကျဉ်းသား ၃၀၀၀၀ ဟာ တစ်ဦးတည်းတိုက်ပိတ်အကျဉ်းချခြင်းကို ဆန့်ကျင်တဲ့ အုံလိုက်ကျင်းလိုက် အစာအငတ်ခံဆန္ဒပြခြင်းကို ၂၀၁၃ ခုနစ်က ဆောင်ရွက်ခဲ့ကြတယ် )

တခါတရံ သူတို့ရဲ့ မဟာမိတ်များက ဆောင်ရွက်ပေးကြတယ် တာကိုဘဲလ်ကို ဝယ်ယူသုံးစွဲခြင်းမပြုပဲ သပိတ်မှောက်ကြတဲ့ ဖလိုရီဒါရှိ စိုက်ပျိုးမွေးမြူရေးခြံ အလုပ်သမားများကို ထောက်ခံပူးပေါင်းတဲ့အနေနဲ့ အရေးပါထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်များက အစာအငတ်ခံ ဆန္ဒပြကြတယ်)

တစ်ခြား နည်းစနစ်တွေထဲက နည်းဗျူဟာကျတာတွေ တစ်စိတ်တစ်ပိုင်း ပေါင်းထည့်လိုက်ရင် အစာငတ်ခံဆန္ဒပြခြင်းဟာ ကောင်းကောင်းကြီးကို အလုပ်ဖြစ်ပါတယ်။ ဥပမာအားဖြင့် တစ်ဦးတည်း အစာအငတ်ခံတာနဲ့ အိပ်စက်ခြင်းမပြုဘဲ နေတာမျိုးပါ။ တစ်ချို့ အခြေအနေမျိုးတွင်၊ ကြမ်းကြုတ်ရက်စက်တဲ့ ပြိုင်ဘက်ကို ကိုင်လှုပ်ပစ်နိုင်ဖို့ လူအမြောက်အမြား စည်းရုံးခြင်းကို လိုအပ်ပါတယ်။ ၂၀၁၂ခုနစ်တွင် ပါလက်စတိုင်းနိုင်ငံရေးအကျဉ်းသားများရဲ့ လှုပ်ရှားမှုဟာ၊ ကြိုတင်စီစဉ်ထားတဲ့ အစာအငတ်ခံဆန္ဒပြခြင်းကို ဆက်လက်ဆောင်ရွက်နိုင်ဖို့၊ အမျိုးမျိုးသော အစ္စရေးအကျဉ်းထောင်တွေမှာ တကွဲတပြား ပျံ့နှံ့နေတဲ့ အကျဉ်းသား ၁၈၀၀ကို စုစည်းခဲ့ပါတယ်။

အစာအငတ်ခံ ဆန္ဒပြဖို့ မဆုံးဖြတ်ခင် ခင်ဗျားအနေနဲ့ အခြေခံမေးခွန်းတွေ မေးဖို့ လိုအပ်တယ်။ ဥပမာအားဖြင့်၊ ခင်ဗျား တစ်ယောက်တည်း လုပ်မှာလား ဒါမှမဟုတ် အဖွဲ့နဲ့လား။ ဘယ်သူ့ကို လွှမ်းမိုးဖို့ ကြိုးစားတာလဲနဲ့ ဒီနည်းလမ်းက သူတို့အပေါ် အကျိုးသက်ရောက်မှု ရှိမှာလား။ နောက်ပြီး ခင်ဗျားရဲ့ အစီအစဉ် (ခ) ကဘာလဲ။

ဆန္ဒပြခြင်းကို လူသိရှင်ကြားဖြစ်အောင် သတင်းလွှင့်ဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ဆန္ဒပြခြင်းဖြစ်ပေါ်လာပြီး လူထုရဲ့ အာရုံစိုက်ခြင်း မြှင့်တက်လာတဲ့အခါ၊ ဖိအားပေးတာကို အရှိန်မြှင့်တင်ဖို့ (see: PRINCIPLE: Escalate strategicallyအင်မတန် အရေးကြီးတယ်။ ၁၉၈၁ ခုနစ် IRA အစာအငတ်ခံဆန္ဒပြခြင်းတွင်၊ ဘော်ဘီဆန်းဒ်စ်က ပထမဦးဆုံး စတင်ခဲ့တယ်။ ဒါပေမယ့် ဖိအားအများဆုံးနဲ့ လူထု ထောက်ခံမှု အများဆုံး ထွက်ပေါ်လာအောင်၊ တစ်ခြား ဆန္ဒပြသူတွေဟာ တစ်ထပ်တည်းမကျအောင် အချိန်ဆွဲပြီး အပိုင်းအခြားနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်။

ထိုကဲ့သို့ နည်းလမ်းကို စဉ်းစားလုပ်ကိုင်ရာမှာ၊ ခင်ဗျားဟာ အမြဲတမ်း မေးခွန်းထုတ်နေရပါမယ်၊ ဘာတွေကို စွန့်စားဖို့ ခင်ဗျား ပြင်ဆင်ထားပြီးပြီလဲနဲ့ ခင်ဗျား ဘယ်လောက်ဝေးဝေးအထိ သွားဖို့ ပြင်ဆင်ထားပြီးပြီလဲ ဆိုတာပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က မစ္စ ပန်ကတ်စ် ပြောခဲ့သလိုပဲ

“ ဖိနှိပ်မှုဒဏ်ကို ဆက်ပြီး သည်းမခံနိုင်တော့မယ့် လူတွေသာလျှင်” ဒီလိုမျိုး အစွန်းရောက် နည်းဗျူဟာကို ကျင့်သုံးသင့်တယ်။

အဓိကအခြေခံမူ

အပြင်လောက ဥပမာများ

link: India's Own "Occupy": How a New Political Party is Battling Corruption—and Winning

The story of how hunger strikes gave birth to the Aam Aadmi Party and a powerful anti-corruption movement in India.

Starving for Justice

A hunger strike started to raise money for the sick and hungry then became a protest against the complacency of privileged Christians.

Issawi’s release places individual hunger strikers in spotlight

The release of a political prisoner who waged a 266-day hunger strike restores hope for Palestinians.

ပိုမိုလေ့လာရန်

Rules for (hunger-striking) radicals
Nadine Bloch, Waging Nonviolence, 2013