အတိုချုံးပြောရရင်
တရားမဝင်တဲ့ပွဲတွေ အော်ဟစ်ပြီး ဒါမှမဟုတ် ကြမ်းတမ်းယမ်းကားပြီး နှောက်ယှက်နိုင်ပါတယ် ဒါပေမယ့် အဲ့လိုလုပ်တာဟာ ခင်ဗျားရဲ့ ကိစ္စကို အကူအညီဖြစ်စေမှာမဟုတ်ဘူး။
လူသားမျိုးနွယ်ကို အပြစ်ဘေးတို့မှ ကယ်ဆယ်ခြင်းသည် ထိုးထွင်းဉာဏ်ရှိစွာ လူမှုပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ မနေနိုင်တဲ့သူတွေရဲ့ လက်အတွင်းမှာ တည်ရှိပါသည်။
— Dr. Martin Luther King, Jr.
အော်ဂတ်စတိုပီနိုချက်လို လူအစုံအလိုက်အပြုံလိုက်သတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက် သို့မဟုတ် ဒစ်ချန်နေလို စစ်ရာဇဝတ်သားတစ်ယောက် သို့မဟုတ် နာဇီလက်သစ်ဖြစ်တဲ့ ရစ်ချတ်စပန်ဇာလို လူဖြူအမြင့်မြတ်ဆုံး လှုံဆော်ရေးသမားတစ်ယောက်ဟာ တစ်စုံတစ်ရာကို အသေးစိတ်ကြံစည်နေပြီဆိုရင်၊ သူတို့ရဲ့ အကြံတွေနဲ့ သူတို့ကျူးလွန်မယ့်မကောင်းမှုတွေရဲ့ ဗိုင်းငင်ကို အကောင်းဆုံးစိန်ခေါ်နိုင်မယ့် နည်းလမ်းက ဘာဖြစ်မလဲ။ တစ်ခါတစ်ရံ၊ ဒုစရိုက်တွေရဲ့ အတိုင်းအတာနဲ့ ပါဝါမညီမျှမှုတွေဟာ ကြီးမားလွန်းတာကြောင့် တက်ကြွလှုပ်ရှားသူတွေဟာ အချင်းချင်း ဆွေးနွေးတာမျိုးတွေ မလုပ်တော့ပဲ ပွဲကို ပိတ်ပစ်အောင် သို့မဟုတ် ပြင်းပြင်းထန်ထန် နှောက်ယှက်ဖို့ ကြိုးစားခြင်းအားဖြင့် နှောက်ယှက်ခြင်းကို တန်းတန်းမတ်မတ်လုပ်ဆောင်တော့တယ်။ နှောက်ယှက်ခြင်းဟာ ထိရောက်တဲ့ နည်းဗျူဟာတစ်ရပ်ဖြစ်နိုင်ပါတယ်။ လူအုပ်စု အနည်းငယ်ကလည်း အောင်မြင်စွာ အသုံးပြုခဲ့ပြီးပြီ။ တစ်ခါတစ်ရံ အနည်းငယ် ကြိုတင် အသိပေးတာ သို့မဟုတ် ကြိုတင် အစီအစဉ်ဆွဲတာတွေနဲ့ပေါ့။ ပြဿနာက ဘာလဲဆိုတော့၊ ပစ်မှတ်က စကားပြောမိုက်၊ စင်နဲ့ ကျင်းပတဲ့နေရာကို ထိန်းချုပ်ထားတာအပြင်၊ ပိုပြီးအရေးကြီးတာက ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက် သို့မဟုတ် ဟောပြောသူတစ်ယောက်အနေနဲ့ ပရိသတ်ရဲ့ သနားကြင်နာစာနာမှုကို ရသွားတယ်။ သေချာမတွေးတောထားပဲ လုပ်တဲ့ နှောက်ယှက်ခြင်းမျိုးက အလွယ်တကူ ရလဒ်ပြောင်းပြန်ထွက်သွားနိုင်တယ်။ ပစ်မှတ်က သူ့ကိုယ်သူ လွတ်လပ်စွာပြောဆိုခွင့်ကို အနှောက်အယှက်ပေး တိုက်ခိုက်ခံရတဲ့ ဓားစာခံအဖြစ် ပြောင်းလဲပစ်လိုက်နိုင်ပြီး လူထုသနားကြင်နာမှုရရှိကာ ပိုကြီးတဲ့ စင်မြင်ကို ရောက်သွားနိုင်တယ်။ အဲ့လို အခွင့်အရေးကောင်းမျိုး ခင်ဗျားရဲ့ ပစ်မှတ်က ရရှိသွားခြင်း မရှိစေရပဲ ပွဲကို နှောက်ယှက်ရမှာက စိန်ခေါ်မှုတစ်ရပ်ပါပဲ။
တစ်ခါတလေ ပစ်မှတ်ရဲ့ မှတ်ချက်တွေ ရအောင် ကြံစည်ထားတဲ့ သွယ်ဝိုက်ကြားဝင်တာမျိုး (see: PRINCIPLE: Reframe the issue သို့မဟုတ် ဘယ်သူ့ကိုမှ ပြောခွင့် လုံး၀မပေးပဲ ကိုယ့်ကိစ္စတွေကိုပဲ တုံ့ပြန်ဖို့ ဖိအားပေးတာမျိုးတွေဟာ တစ်ယောက်ယောက်ကို ကြားဖြတ် အော်ဟစ်နေရုံထက်စာရင် ပိုပြီး ထိရောက်နိုင်တယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ နန်စီပယ်လိုဆီဟာ ၂၀၀၆ခုနစ်၊ အီရတ်နဲ့ အာဖဂန်နစ္စတန်တွင် စစ်ပွဲကာလအမြင့်ဆုံးရောက်နေစဉ်အတွင်း၊ ဆန်ဖရန်စစ္စကိုတွင် ကြုံတောင့်ကြုံခဲ မြို့တော်ခန်းမအစည်းအဝေး ပြုလုပ်ခဲ့တယ်။ ပယ်လိုဆီဟာ စစ်ပွဲအတွက် ငွေသုံးစရိတ်တွေ ဖြတ်တောက်ဖို့ တွန်းအားမပေးတာအတွက် ဒေါသထွက်နေကြသော (ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများအဖွဲ့) CODEPINK ဆန္ဒပြသူတွေဟာ အမေးအဖြေအပိုင်းရောက်တဲ့အထိ စောင့်ဆိုင်းခဲ့ကြတယ်။ ထို့နောက် “ စစ်ပွဲ အသုံးစရိတ်တွေ ရပ်တန့်ပစ် ” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ စတိတ်စင်ကို ၀ိုင်းလိုက်ကြပြီး ကျန်တဲ့ အစည်းအဝေးကုန်ဆုံးသည်အထိ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေခဲ့ကြတယ်။
“ရန်လိုတိုက်ခိုက်စိတ်များနေတဲ့ စကားစစ်ထိုးတာမျိုး” တာတွေကို ကျော်လွန်ပြီး တစ်ခြားဖြစ်နိုင်ချေရှိတဲ့ ပုံရိပ်ကားချပ်တွေ၊ သီချင်းတွေ၊ ပြဇာတ်တွေနဲ့ ဟာသတွေကို စဉ်းစားကြည့်မယ်ဆိုရင် တစ်ခါတစ်ရံ ခင်ဗျားဟာ ပိုပြီး ထိရောက်နိုင်ပါတယ်။
ဆိုင်းဘုတ်တွေကို ထိုးထွင်းဉာဏ်ရှိစွာ အသုံးပြုခြင်းဟာ “ လွတ်လပ်စွာပြောဆိုခွင့်ကို ထိပါးမှု” ဆိုတဲ့ ထောင်ချောင်ကနေ ကင်းလွတ်အောင် ကူညီပေးနိုင်ပါတယ်။ အမှန်ဆိုရင်၊ ပြောဆိုခွင့်ရဲ့ နောက်ထပ် တစ်လွှာကို ထည့်ပေါင်းပေးလိုက်တာပါ၊ လွတ်လပ်စွာ ပိုမိုပြောဆိုလာအောင် လုပ်ခြင်းဖြစ်ပြီး လျော့နည်းသွားအောင် ပြုလုပ်ခြင်းမဟုတ်ပါ။ သီချင်းကိုလည်း ထိုနည်းလမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့်၊ ဘရွတ်ကလင်းရှိ ၂၀၁၁ခုနစ် အပေါင်ပစ္စည်းလေလံတင်ပွဲကို ဆန္ဒပြသူတွေဟာ သီချင်းဆိုပြီး ကရုဏာသက်လောက်အောင် နှောက်ယှက်ခဲ့ပါတယ်။ သီချင်းဟာ ကရုဏာတရားကို ဖန်တီးပေးပါတယ်။
ထိုးထွင်းဉာဏ်ရှိတဲ့ နှောက်ယှက်ခြင်းတစ်ရပ်ဟာ နုရွနေစရာမလိုပါဘူး။ နျူတ်ဂျင်ဂရစ်ချ်ဟာ သူ့စာအုပ်လက်မှတ်ထိုးပွဲအတွက် မီနီဆိုတာမိသားစုကောင်စီညီလာခံကိုလာတုန်းက၊ လိင်တူအရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ဟာ တန်းစီတဲ့လိုင်းမှာ တာဝန်ကျေစွာ စောင့်ဆိုင်းနေခဲ့တယ်။ သူ့အလှည့်ရောက်ချိန်မှာ ဂျင်ဂရစ်ချ်ပေါ် သက်တန့်ရောင်ရွှေမှုန်ကြဲချပြီး “ သက်တန့်ကို ခံစားစမ်း၊ နျူတ်။ အမုန်းတရားကိုရပ်၊ ဂေး ဆန့်ကျင်းရေးတရားတွေ ရပ်ပစ် ” လို့၊ သူ့ကို အခန်းထဲက ဆွဲထုတ်သွားကြတုန်း၊ အော်ဟစ်ခဲ့ပါတယ်။ ပွဲကို မှတ်တမ်းတင်ထားတဲ့ ဗီဒီုယိုဟာ ပြန့်နှံ့သွားခဲ့ပြီး ဒီနှောက်ယှက်မှုဟာ နိုင်ငံတကာ သတင်းတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ကာ LGBT လှုပ်ရှားမှုကို လတ်ခနဲ ဖြစ်လာစေပါတယ်။ “ ရွှေမှုန်တွေ ဗုံးလိုကြဲတဲ့” နည်းဗျူဟာကို တီဗီရုပ်သံစီးရီးဖြစ်တဲ့ Glee ထဲမှာပါ ဇာတ်ဝင်ခန်းအဖြစ်တောင် ရိုက်သွင်းခဲ့ပါတယ်။
ပြဇာတ်ဟာ “ နှောက်ယှက်ခြင်းမရှိတဲ့ နှောက်ယှက်မှု ” တစ်မျိုးပါပဲ။ ယန်းခါ့ပက်ထရစ်ခ် ( ရေဂန်ရဲ့ ကမ္ဘာ့ကုလသမဂ္ဂ သံအမတ်) ဟာ ၁၉၈၀ခုနစ်များတွင် ယူစီဘာကလေကို လာသောအခါ၊ တက်ကြွလှုပ်ရှားသူများဟာ လုပ်ကြံရေးတပ်ဖွဲ့တွေရဲ့ ပြန်ပေးဆွဲတာကို လှောင်ပြောင်တဲ့ ပြဇာတ်ကို ဇာတ်တိုက်ကပြခဲ့တယ်။ မောပန်းနေတဲ့ လုပ်ကြံရေးတပ်ဖွဲ့ဝင် “ စစ်သားတွေ ” (လို သရုပ်ဆောင်ထားတဲ့ ကျောင်းသားတွေ)ဟာ လမ်းမကြီးဆီ ချီတက်လာကြတယ်။ စပိန်လို ကြမ်းတမ်းစွာ အော်ဟစ်အမိန့်ပေးကာ ကျောင်းသား အနည်းငယ်ကို ကန်ကျောက် ဆွဲခေါ်လာခဲ့ကြပြီး ပရိသတ်ထဲက စူးစူးဝါးဝါး အော်ဟစ်နေခဲ့ကြတယ်။ ထို့နောက် အမေရိကန်နဲ့ ခါ့ပက်ထရစ်ခ်ရဲ့ အယ်ဆယ်ဗာဒေါ၏ လုပ်ကြံရေးတပ်ဖွဲ့ အစိုးရကို ထောက်ခံမှုများအကြောင်း အသေးစိတ်ရေးထားသော စာရွက်များကို တစ်ခြားသူတွေက လေသာဆောင်မှနေကာ အံဩမှင်သက်နေသော ပရိသတ်ဆီ ကြဲချခဲ့ပါတယ်။
ဖော်ပြထားသော ဥပမာများအရ၊ ကိုယ့်ရဲ့ နှောက်ယှက်မှုကို ပစ်မှတ်နဲ့ အခြေအနေကို အံဝင်ခွင်ကျ စီမံထားဖို့ အရေးကြီးပါတယ်။ “ရန်လိုတိုက်ခိုက်စိတ်များနေတဲ့ စကားစစ်ထိုးတာမျိုး” တာတွေကို ကျော်လွန်ပြီး တစ်ခြားဖြစ်နိုင်ချေရှိတဲ့ ပုံရိပ်ကားချပ်တွေ၊ သီချင်းတွေ၊ ပြဇာတ်တွေနဲ့ ဟာသတွေကို စဉ်းစားကြည့်မယ်ဆိုရင် တစ်ခါတစ်ရံ ခင်ဗျားဟာ ပိုပြီး ထိရောက်နိုင်ပါတယ်။
Originally published in Beautiful Trouble.
အဓိကအခြေခံမူ
ကောင်းမွန်စွာ စီမံထားသော ထိုးထွင်းဥာဏ်ရှိတဲ့ နှောက်ယှက်ခြင်းမျိုးဟာ ကိုယ့်ပစ်မှတ်ကို ကောင်းမွန်သော ရွေးချယ်နိုင်တဲ့အခွင့်အရေးမျိုး မပေးထားဘူး။ နန်စီပယ်လိုဆီဟာ ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့မယ်ဆိုရင်၊ သူတို့ပေးချင်တဲ့ အကြောင်းအရာကို လူတွေပိုမို အာရုံစိုက်လာအောင် နဲ့ လူတွေ ပိုမိုယုံကြည်လာအောင် ဆွဲတင်ပေးသလိုဖြစ်မယ်။ သူတို့ကို လုံခြုံရေးတွေနဲ့ ရှင်းပစ်မယ်ဆိုရင်လည်း၊ အင်အားအရမ်းသုံးတဲ့ပုံပေါက်မယ်။ အဲ့နေရာက သူမထွက်ခွာလာခဲ့မယ်ဆိုရင်လည်း၊ အလျှော့ပေးလိုက်တဲ့ပုံပေါက်မယ်။ သူမလုပ်ဖို့ရွေးခဲ့တဲ့၊ သူမရဲ့ အဆိုးဆုံးနည်းလမ်းကတော့ ထိုအစည်းအဝေးကို ဆက်လုပ်နေဖို့ပဲ၊ — သူမအနား အသံတိတ် ဆိုင်းဘုတ်ကိုင် ဆန္ဒပြသူတွေဝိုင်းနေတဲ့ အစည်းအဝေးကြီးပေါ့။ ကောင်းမွန်စွာ စီမံထားသော ထိုးထွင်းဉာဏ်ရှိတဲ့ နှောက်ယှက်ခြင်းမျိုးဟာ ခင်ဗျားကို အနိုင် - အနိုင် အနေအထားကို တွန်းပို့ပြီး ခင်ဗျားရဲ့ ပစ်မှတ်ကို အရှုံး-အရှုံး အနေအထားကို ရောက်ရှိစေပါတယ်။
အပြင်လောက ဥပမာများ

At Wayne State University in Detroit, US, students silently exit a lecture by an Israeli Defense Forces spokesman, leaving an empty auditorium.

Atlanta Police received a warm welcome on their visit to recruit New Yorkers to their force… The Hilton Hotel venue was smelling like rotten shrimp!