အတိုချုံးပြောရရင်
သင့်အနေနှင့် လှုပ်ရှားမှုလုပ်မည့်နေရာကို ကြိုတင်လေ့လာနေသည့်အခါတွင်ဖြစ်စေ၊ သင့်အတိုက်အခံ၏ လုပ်ရည်ကိုင်ရည်ကို ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်နေသည့်အခါတွင်ဖြစ်စေ သို့မဟုတ် သင်ပါဝင်ရမည့် ရုပ်သံစီးရီးတစ်ခုကို လေ့လာနေသည့်အခါတွင်ဖြစ်စေ သုတေသနပြုလုပ်ရန် လိုအပ်ပါသည်။
အသိပညာရှိပြီး ထိုအသိပညာကို လက်တွေ့ကျကျအသုံးမချနိုင်ပါက ဖြုန်းတီးရာရောက်ပြီး ပညာမရှိပဲ မှန်တယ်ထင်ရာလုပ်ခြင်းသည် မိုက်မဲခြင်းဖြစ်သည်။
— Abu Hamid Al-Ghazali
ပြဿနာတစ်ခုနှင့်ရင်ဆိုင်ရသောအခါ လူတွေသည် ထိုပြဿနာကိုဖြေရှင်းရန် တစ်ခုခုချက်ချင်းထလုပ်ဖို့ စိတ်အားထက်သန်တတ်ကြပါသည်။ တက်ကြွလှုပ်ရှားသူများအတွက်တော့ အခုလိုလုပ်ဖို့အတွက် ကျင့်သားရနေပြီးသား ဖြစ်ကောင်းဖြစ်နေပါလိမ့်မည်။ လူအများစုအတွက်တော့ အခုလိုလုပ်လိုစိတ်ရှိခြင်းသည် ကောင်းသော်လည်း လက်တွေ့တွင် တကယ်ဘာမှမလုပ်ပါက ဘာပြောင်းလဲမှုမှ ရှိမည်မဟုတ်ပါ။ အဲဒီလိုမျိုး ပြဿနာဖြေရှင်းဖို့အတွက် တစ်ခုခုကိုထမလုပ်ခင်မှာ သုတေသအန အရင်လုပ်ဖို့အရေးကြီးတယ်ဆိုတာကို မေ့လျော့သွားတတ်ပါသည်။ သုတေသနလုပ်ခြင်းဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ချက်များသည် ဗျူဟာကျမကျ၊ ထိရောက်မှုရှိမရှိ၊ အမှားပါနိုင်မပါနိုင်ဆိုတာကို ပြန်သုံးသပ်နိုင်ပါသည်။
ပုံမှန်အားဖြင့် လှုပ်ရှားမှုတစ်ခုပြုလုပ်ရာတွင် မိမိတို့ဖြေရှင်းရမယ့်ပြဿနာက ဘာလဲဆိုတာသိပြီဆိုရင် ဒီပြဿနာနှင့်ပတ်သက်ပြီး သုတေသနအရင်ပြုလုပ်ရပါသည်။ သုတေသနပြုလုပ်ခြင်းဟာ မိမိ၏အတိုက်အခံအကြောင်းကို အွန်လိုင်းမှာရှာဖွေဖတ်ရှုတာဖြစ်နိုင်သလို လှုပ်ရှားမှုကို ဦးဆောင်နေသူများနှင့် ဆွေးနွေးတာလဲ ဖြစ်နိုင်ပါသည်။ သုတေသနပြုလုပ်ခြင်းဆိုတာ လှုပ်ရှားမှုတစ်ခုကို ဘယ်လိုဦးဆောင်မလဲဆိုတာကို လေ့လာခြင်း၊ လူမှုရေးပြဿနာများ၏ ဇစ်မြစ်ကိုရှာဖွေခြင်း၊ တီထွင်ဆန်းသစ်တဲ့ဖြေရှင်းနည်းတွေကို စဉ်းစားတွေးခေါ်ခြင်း စသည်တို့ပါဝင်ပါသည်။ သုတေသနပြုလုပ်ခြင်းဖြင့် လှုပ်ရှားမှုတစ်ခုကို စီစဉ်ရာမှာ လုပ်ဆောင်ရမည့်အချက်များကို သိစေနိုင်ပါသည်။ တစ်ယောက်တည်း သုတေသနလုပ်လို့ရသော်လည်း အဖွဲ့အစည်းနှင့်အတူတွဲပြီး သုတေသနလုပ်တဲ့အခါ မတူညီကွဲပြားတဲ့အမြင်တွေကိုမျှဝေနိုင်သည့်အတွက် ပိုမိုထိရောက်မှုရှိနိုင်ပါသည်။
တက်ကြွလှုပ်ရှားသူများနှင့် လှုပ်ရှားမှုဦးဆောင်သူများ အသုံးပြုကြသည့် သုတေသနနည်းလမ်းအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
Power analysis ဆိုသည်မှာ မိမိလိုချင်သည့် အပြောင်းအလဲများကို ဖန်တီးပေးနိုင်မည့်သူကို ခွဲခြားသိနိုင်အောင် လုပ်တဲ့ နည်းတစ်နည်းဖြစ်ပါသည်။
မိမိလှုပ်ရှားမှုရဲ့အမာခံထောက်ခံသူများနှင့် အတိုက်အခံများကိုလည်း ဒီနည်းကိုအသုံးပြုခြင်းဖြင့် ခွဲခြားသိနိုင်ပါသည်။ (see: METHODOLOGY: ပါဝါပြမြေပုံ
Asset mapping သည် မိမိလှုပ်ရှားမှုရဲ့အကျိုးသက်ရောက်မှုကို အများဆုံးခံစားရတဲ့ လူမှုအသိုင်းအဝိုင်းများ၏ အားသာမှုတွေ၊ ကောင်းတဲ့အချက်တွေကို သိအောင်လုပ်ပြီး လှုပ်ရှားမှုအောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားသည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။
သုတေသနလုပ်ခြင်းဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ချက်များသည် ဗျူဟာကျမကျ၊ ထိရောက်မှုရှိမရှိ၊ အမှားပါနိုင်မပါနိုင်ဆိုတာကို ပြန်သုံးသပ်နိုင်ပါသည်။
Policy Analysis ဆိုသည်မှာဘယ်ဥပဒေ သို့မဟုတ် ဘယ်လိုပေါ်လစီတွေက သင့်လှုပ်ရှားမှုကနေ တစ်ဆင့် ဖြေရှင်းချင်တဲ့ပြဿနာများကို ရှည်ကြာအောင်လုပ်နေလဲဆိုတာကို သုံးသပ်တဲ့နည်းတစ်နည်း ဖြစ်ပါသည်။ ဒီနည်းကို အသုံးပြုပြီးဘယ်ပေါ်လစီတွေကို ပြုပြင်ပြောင်းလဲသင့်တယ်ဆိုတာကိုလဲ သုံးသပ်နိုင်ပါသည်။
Narrative Power Analysis သည် Traditional Power Analysis ကို တစ်မျိုးပြောင်းလဲထားခြင်းဖြစ်သည်။ မိမိကမ်ပိန်းနှင့် သက်ဆိုင်တဲ့ အဖြစ်အပျက်များကို ကိုးကားပြီး လှုပ်ရှားမှုတွင် ပါဝင်ပတ်သက်သူတွေ တိုးလာအောင် ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းပုံစံဖြင့် တင်ဆက်ပြီး စည်းရုံးမည်ဆိုသည်ကိုစဉ်းစားတွေးခေါ်သည့် နည်းတစ်နည်းဖြစ်ပါသည်။ (see: METHODOLOGY: ဇာတ်လမ်းရဲ့ တိုက်ပွဲ ကိုလေ့လာရန်)
Listening tour များပြုလုပ်ခြင်းဖြင့် အဖွဲ့အစည်းတစ်ခုကရင်ဆိုင်နေရသည့် ပြဿနာကိုသိရှိနိုင်ပြီး ထိုပြဿနာကို အမြင်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံကနေ သိရှိနားလည်အောင် ပြုလုပ်ပေးပါသည်။
Documenting harm သည်သင်ဖြေရှင်းနေသည့်ပြဿနာမှ ပေါ်ပေါက်လာသော အခက်အခဲများ၊ အန္တရာယ်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ပြည်သူလူထုများ၊ ဆုံးဖြတ်ချက်ချမှတ်သူများနှင့် ပြောဆိုဆက်ဆံရာတွင် သင့်ကမ်ပိန်း၏ အရေးပါအရာရောက်မှုကို သူတို့နားလည်အောင် ပိုမိုထိထိရောက်ရောက် ပြောဆိုနိုင်ပါသည်။
Appreciative inquiry သည် မိမိကမ်ပိန်းမှာ ဘယ်အရာတွေက ကောင်းကောင်းအလုပ်လုပ်နေလဲဆိုတာကို အရင်ဆုံးသုတေသနလုပ်ခြင်းဖြစ်ပြီး ဘာကြောင့် ဒီရလဒ်ကောင်းတွေရနေလဲဆိုတာအပြင် ဒီထက်ပိုကောင်းတဲ့ ရလဒ်တွေရနိုင်အောင် သုတေသနပြုလုပ်သည့်နည်းတစ်ခုဖြစ်ပါသည်။
အခုဖော်ပြခဲ့သည့် သုတေသနနည်းလမ်းတော်တော်များများသည် အဖွဲ့အစည်းတစ်ခုအနေနဲ့ လေ့လာပြီး လိုက်လုပ်ဖို့ လွယ်ကူပါသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် အတွေ့အကြုံရှိသည့် ကျွမ်းကျင်သည့် မိတ်ဖက်များနှင့်အတူ သုတေသနလုပ်ဖို့လုပ်ရန်လည်း အရေးကြီးပါသည်။ ဥပမာအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုနှင့်ပတ်သက်ပြီး လှုပ်ရှားမှုများပြုလုပ်နေသည့် အဖွဲ့အစည်းတစ်ခုသည် ရပ်ကွက်များတွင် လေနှင့်ရေအရည်အသွေး ကွာခြားချက်များကို မှတ်တမ်းတင်ရန်အတွက် ဒေသတွင်းတက္ကသိုလ်တစ်ခုမှ သိပ္ပံပညာရှင်တစ်ဦးနှင့် အတူပူးပေါင်းလုပ်ဆောင်နိုင်ပါသည်။ အတွေ့အကြုံရှိသော သုတေသီများအနေနှင့်လည်း collaborative research များလုပ်နေသည့် အဖွဲ့အစည်းများကို အတူပံ့ပိုးကူညီပေးနိုင်ပါသည်။
Participatory action research နှင့် အခြားအလားတူနည်းလမ်းများတွင် တရားမမျှတမှုဒဏ်ကို အခံရဆုံးအဖွဲ့များမှ အဖွဲ့ဝင်များသည်
အပြင်လောက ဥပမာများ

A 2024 Journal of Marketing study finds republicans respond to political polarization by spreading misinformation; democrats don't.