ဇာတ်လမ်း

လင်းနို့လူသားအချက်ပြသင်္ကေတနှင့် ၉၉% လှုပ်ရှားမှု

On November 17, 2011, the 99% briefly left their imprint on the New York skyline and the world’s political imagination. Photo: Jennifer Prediger

အတိုချုံးပြောရရင်

Wall Street ကိုသိမ်းပိုက်တဲ့ အရေးအခင်း အရှိန်တက်နေတဲ့အချိန်၊ ဘရွတ်ကလင်းတံတားကိုဖြတ်ပြီး လူ ၂၀၀၀၀ လောက်ချီတက်လာတဲ့အခါမှာ ပြောက်ကျားပရောဂျက်ထိုးသူများက ကြီးမားတဲ့ “ ၉၉% လင်းနို့လူသားသင်္ကေတ” အချက်ပြ မီးကြီးကို အဆောက်အဦးနံရံမှာ ထိုးလိုက်ကြတယ်။

၉၉% / မိုက် ချက်ခ်! / လှည့်ကြည့်လိုက် / ခင်ဗျားတို့ဟာ တစ်ကမ္ဘာလုံးအုံကြွလာမှုရဲ့ အစိတ်အပိုင်းတစ်ပိုင်းပဲ / ကျွန်တော်တို့ဟာ ကမ္ဘာကြီးရဲ့ နှလုံးသည်းချေကလာတဲ့ ငိုကြွေးသံပဲ / ကျွန်တော်တို့ကို ရပ်တန့်လို့ မရဘူး / တစ်ခြားကမ္ဘာလောကတစ်ခုဟာ ဖြစ်နိုင်တယ် / ပျော်ရွှင်စရာမွေးနေ့ပါ / သိမ်းပိုက်မယ့် လှုပ်ရှားမှု (#occupy movement) / Wall street ကို သိမ်းပိုက် / ( မြို့နယ်၊ ပြည်နယ်တွေနဲ့ နိုင်ငံတွေရဲ့ နာမည်စာရင်း) / ကမ္ဘာကြီးကို သိမ်းပိုက် / ငါတို့ နိုင်နေပြီ / ဒါဟာ နိဒါန်းရဲ့ နိဒါန်းပဲ / မကြောက်ကြနဲ့/ ချစ်ခြင်းမေတ္တာထားပါ။ “

— Projection text by Mark Read

၂၀၁၁ ခုနစ်တွင် အမေရိကကို မုန်တိုင်းဝင်မွှေသွားတဲ့၊ Wall Street ကိုသိမ်းပိုက် လှုပ်ရှားမှု အမြင့်ဆုံးကာလမှာ၊ စီးပွားရေးမပြေလည်မှုကို ဆန့်ကျင်ဖို့ ၊ ဖွဲ့စည်းပုံ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ အလုပ်အကိုင်တွေတောင်းဆိုဖို့၊ အလုပ်သမားသမဂ္ဂတွေ ပေါင်းစည်းထားတဲ့ အဖွဲ့ဟာ နိုဝင်ဘာ ၁၇ ရက်ကို အမျိုးသားနေ့ အဖြစ် အုံကြွလှုပ်ရှားကြဖို့ ခေါ်ဆိုအကြောင်းကြားထားခဲ့ကြတယ်။ လှုပ်ရှားမှုတွေကို ၁၇ မြို့ရှိ တံတား ၁၇ စင်းမှာ လုပ်ဆောင်ဖို့ စီစဉ်ထားခဲ့ကြတယ်။ နယူးယောက်မြို့တော်တွင်၊ Wall Street ဧရိယာမှာ ကြီးမားတဲ့ လူစုလူဝေးတစ်ခုအတွက် ပါမစ်ရထားတယ်။ အဲ့ကနေမှ ဘရွတ်ကလင်းတံတားဆီကို ချီတက်တာပါမယ်။ နိုဝင်ဘာ ၁၇ ရက်နေ့ဟာလည်း Wall Street ကိုသိမ်းပိုက် လှုပ်ရှားမှုရဲ့ နှစ်လပြည့် မွေးနေ့အခမ်းအနားလည်းဖြစ်တယ်။ မျက်စိအာရုံဖမ်းစားမယ့်အရာ၊ လှပတဲ့အရာ တစ်ခုခု လူတွေက ဖြစ်စေချင်ခဲ့ကြတယ်။

နိုဝင်ဘာ ၁၇ရက် လှုပ်ရှားမှုအတွက် အမှုဆောင်အဖွဲ့ဟာ LED မီးချောင်း အချောင်း တစ်သောင်းဝယ်ပြီး လူအုပ်ကို ဝေမျှဖို့ စီစဉ်ထားကြတယ်၊ မြို့တော်ခန်းမကို သူတို့ ၀ိုင်းတဲ့အခါ တံတားလျှောက်လမ်းတလျောက် လူတွေက မီးချောင်းတွေကိုယ်စီကိုင်ပြီး၊ အလင်းရောင်းမြစ်တစ်စင်း ဖန်တီးကြဖို့ပါ။ ခြစား ပျက်ယွင်းနေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ကို အလင်းထိုးပြမယ့် Wall street ကိုသိမ်းပိုက် လှုပ်ရှားမှုရဲ့ အထိမ်းအမှတ်ကို ကျင်းပမှာဖြစ်တာကြောင့် အလင်းရောင်ရဲ့ တင်စားချက်က အရေးကြီးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပိုကြီးမားတဲ့အရာတစ်ခုခု လိုအပ်နေခဲ့တယ်။ ကျွန်တော်တို့ ပရောဂျက်နဲ့ ထိုးတဲ့အကြောင်းတွေ စပြောကြတယ်၊ ဟီးရိုး ( ဟုတ်ပါတယ်၊ သူ့နာမည်က ဟီးရိုးပါ) က “ လင်းနို့လူသားအချက်ပြသင်္ကေတ” ကို အကြံပြုတယ်။ အလယ်ကောင်တည့်တည့်မှာ “ ၉၉%” ဆိုတဲ့ စက်၀ိုင်းကြီးတစ်ခု။ ( ရာဇဝတ်မှုတွေ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ လင်းနို့လူသားရဲ့ အကူအညီကိုလိုအပ်တဲ့အခါ ဂေါ့သမ်မြို့ရဲ့ ကောင်းကင်မှာ တောက်ပလာတဲ့ အချက်ပြသင်္ကေတလိုမျိုး၊) ဒါဟာအရမ်းပြီးပြည့်စုံပုံပေါက်ပြီး၊ ကျွန်တော်တို့ ဒါကို တကယ်ဖြစ်လာအောင် လုပ်ဖို့လိုလာခဲ့တယ်။

အစီအစဉ်တစ်ခုအတွက် အရမ်းပြီးပြည့်စုံမယ့်ပုံပေါက်နေခဲ့တယ်၊ အဲ့တာကြောင့် ကျွန်တော်တို့ အမှန်တကယ်ဖြစ်လာအောင် ဆောင်ရွက်ခဲ့ကြတယ်။

ဘရွတ်ကလင်းတံတားလျှောက်လမ်းကနေ သိပ်မဝေးတဲ့နေရာမှာ၊ “ ဗဲရီဇွန် အဆောက်အဦး” လို့ လူသိများတဲ့ ၃၂ ထပ် ကွန်ကရစ်အဆောက်အဦးတစ်ခု ရှိတယ်။ အလင်းသိပ်မကျ၊ ပြတင်းပေါက်မပါပဲ၊ ၇၅ ပေလောက်အကျယ်ရှိတဲ့ မျက်နှာပြင်ကြီး။ ပရောဂျက်ထိုးဖို့ မျက်နှာပြင်စကရင် ရှိပြီ။ ကျွန်တော်တို့ အားကောင်းတဲ့ပရောဂျက်တာတစ်လုံးလည်း ငှားနိုင်ပြီ၊ အကြောင်းအရာအတွက် အကြံဉာဏ်တွေလည်း ရှိပြီ။ ကျွန်တော်တို့လိုအပ်တာက ပရောဂျက်ထိုးဖို့အခန်းပဲ။

အထူးသဖြင့်၊ ဗဲရီဇွန်အဆောက်အဦးရဲ့ တစ်ဖက်အခြမ်းရှိ ပုဂ္ဂလိကအဆောက်အဦးတွေထဲက အခန်းတစ်ခန်းကနေ ကျွန်တော်တို့ ပရောဂျက်ထိုးဖို့ လိုတယ်။ အနုပညာနဲ့ရုပ်ရှင်ပရောဂျက်အတွက် သုံးဖို့ အခန်းတစ်ခန်း ဒေါ်လာ ၂၅၀ နဲ့ငှားမည်ဆိုတဲ့ ကြော်ငြာဆိုင်းတွေ ကျွန်တော်ထောင်လိုက်တယ်။ အစက ခေါ်ဆိုမှုအနည်းငယ်ရှိတယ်၊ ဒါပေမယ့် တဖြည်းဖြည်းချင်းပဲ ဒန်နီဗီဂါဆီက ခေါ်ဆိုမှုဟာ ဝင်လာခဲ့ပါတယ်၊ ကလေးနှစ်ယောက် အမေ၊ ဆင်ဂဲလ်မားသား၊ ဒီအိမ်ရာပရောဂျက်တွေမှာ မွေးပြီး ကြီးလာတယ်၊ မိသားစုကို အလုပ်လုပ်ကိုင် ရှာဖွေကျွေးမွေးထားတယ်။ သူမမှာ ကျွန်တော်တို့ လိုချင်နေတဲ့ ပြတင်းပေါက်ရှိတယ်။ ပိုအရေးကြီးတာက သူမမှာ ထောက်ပံ့လိုစိတ်နဲ့ စိတ်ပါဝင်စားတဲ့ သဘောထားတွေရှိတယ်။ အဆုံးသတ်မှာ အိမ်အသုံးပြုမှုအတွက် ငွေပေးချေမှုကို သူမငြင်းဆန်ခဲ့တယ်၊ “ ငါ နင်တို့ကို ပိုက်ဆံမကောက်နိုင်ဘူး။ ဒါဟာ လူတွေအတွက်ပဲ” တဲ့။

လှုပ်ရှားမှုမစခင်ရက်ပိုင်းအလိုမှာ၊ ကျွန်တော်တို့ နားလည်သဘောပေါက်လာတာက၊ ၉၉% သင်္ကေတကိုသာ ပရောဂျက်ထိုးရုံ မဟုတ်ဘူး၊ တံတားပေါ်ကနေလူတွေဖတ်ဖို့၊ စာလုံးတွေဟာ ကြီးမားပြီး တောက်တောက်ပပ မြင်ရဖို့ လုံလောက်တယ်ဆိုတာပဲ။ ဒါဟာ ဖြစ်နိုင်စွမ်းအမြောက်အမြားကို လမ်းပွင့်စေတယ်။ ကျွန်တော်တို့ လူအုပ်ကို ပရောဂျက်ထိုးထားတာနဲ့ အပြန်အလှန်ပူးပေါင်းအောင် လုပ်နိုင်ရင် ဘယ်လိုများလဲ။ နောက်တော့၊ “ လူမိုက်ကရိုဖုန်း” ကနေ “ မိုက်ချက်ခ်” အသုံးပြုဖို့ လူတွေကို လုပ်ဆောင်နိုင်တယ်ဆိုတာ စိတ်ကူးခဲ့ကြတယ်။

အံအားသင့်စွာပဲ၊ အရာအားလုံးဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့တယ်၊ လှုပ်ရှားမှုဟာ ကျွန်တော်တို့ မျှော်လင့်နိုင်တာထက် အများကြီး ပိုတောင်အောင်မြင်ခဲ့တယ်။ လူပေါင်း ၂၀၀၀၀အင်အားရှိတဲ့ တံတားပေါ်က လူအုပ်ကြီးဟာ ရူးသွပ်ကုန်ကြတယ်။ သူတို့ အော်ဟစ်နေကြတာ၊ အောင်ပွဲခံနေကြတာ၊ နောက်ပြီး ဟုတ်ပါတယ် “ မိုက်ချက်ခ်” နေကြတာတွေကို ဒန်နီစ်ရဲ့ အိပ်ခန်းကနေ ကျွန်တော်တို့ လှမ်းမြင်ကြရတယ်။ ကျွန်တော်တို့ဟာ လူအုပ်နဲ့ အပြန်အလှန်ဆက်သွယ်လှုပ်ရှားခဲ့ကြပြီး၊ လူအုပ်ရဲ့ တုံ့ပြန်မှုကိုလိုက်ပြီး ထိုးနေတဲ့ ပရောဂျက်တွေကို ရောသမမွှေလိုက်ပါတယ်။ ဒါဟာ တရားမျှတပြီး ဒီမိုကရေစီဆန်တဲ့ ကမ္ဘာကြီးအလို့ငှာ၊ တစ်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအတွက် ထောက်ပံ့ပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့၊

လန့်ဖျက်စရာ၊ အပျော်တွေ စုစည်းကုန်တဲ့ အခိုက်အတန့် နဲ့ အောင်ပွဲခံမှုပါပဲ။

Originally published in Beautiful Trouble.

အဓိကနည်းဗျူဟာ

ပြောက်ကျား ပရောဂျက်ထိုးခြင်း

ပြောက်ကျားပရောဂျက်ထိုးခြင်းဟာ အမြင်အားဖြင့် အင်အားကောင်းသလို၊ ပေးချင်တဲ့နိုင်ငံရေးသတင်းစကားအတွက်လည်း အလွန်လှပတဲ့နည်းလမ်းဖြစ်တယ်။ ၎င်းကိုယ်တိုင်ကို လှုပ်ရှားမှုတစ်ရပ်အဖြစ် အသုံးပြုလို့ရတယ်၊ သို့မဟုတ် ရှိပြီးသား လှုပ်ရှားမှုတစ်ရပ်ကို ချဲ့ထွင်လို့ရတယ်၊ တည်ရှိပြီးသားအဆောက်အအုံတစ်ရပ်ကို ပုံရိပ်ပြန်ပြင်လို့ရတယ်၊ သို့မဟုတ် လှုပ်ရှားမှုတစ်ရပ်ကို ပုံစံချလို့ရတယ်။ အလွယ်တကူ ပြုပြင်လို့ရတယ်၊ နည်းနည်းတော့ စွန့်စားရမယ်၊ စျေးမကြီးပဲ ဆောင်ရွက်နိုင်မယ်၊ အံအားသင့်ဖွယ်ပဲ ခင်ဗျားထင်တာထက် နည်းပညာနားလည်မှုရှိဖို့ နည်းနည်းပဲလိုအပ်တယ်။ ကြည်လင်ပြတ်သားပြီး အနုပညာမြောက်စွာ လုပ်ချင်စိတ်ရှိဖို့ပဲ။ အနုပညာနဲ့ သတင်းစကား မတ်ဆေ့ချ်ကို ချိန်ညှိပြီးတော့ပေါ့။

အဓိကအခြေခံမူ

Use the power of ritual

လူသားမိုက်ကရိုဖုန်းတွေဟာ သိမ်းပိုက်တဲ့လှုပ်ရှားမှုအတွက် ဗဟိုချက်ဖြစ်လာခဲ့တယ်။ မှန်ကန်တဲ့ သတင်းစကားတွေ အခင်းအကျင်းတွေနဲ့ဆိုရင် လူအုပ်ကို အင်အားကောင်းတဲ့ ခံစားချက်တခုဖြစ်လာစေတယ်။