အတိုချုံးပြောရရင်
အကွာအဝေးကြောင့်၊ သဘောတရားကြောင့် သို့မဟုတ် အသိခက်သော ဓာတ်သဘောတို့ကြောင့်၊ မတရားမှုများ (နှင့် အဆိပ်အတောက်များ!)ကို ထင်ထင်ရှားရှား မမြင်နိုင်ပါဘူး။ ခင်ဗျားမမြင်နိုင်ရင်၊ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဒီတော့၊ တက်ကြွလှုပ်ရှားသူတစ်ယောက်ရဲ့ ပထမဆုံး တာဝန်ဟာ မကြာခဏ မမြင်နိုင်သောအရာများကို မြင်သာအောင်လုပ်ဖို့ ဖြစ်ပါတယ်။
အကြမ်းမဖက် တိုက်ရိုက် လုပ်ဆောင်မှုများတွင် ပါဝင်ကြတဲ့ ကျွန်တော်တို့တွေဟာ ဆက်ဆံရေးတင်းမာမှုကို ဖန်တီးကြသူများ မဟုတ်ကြပါဘူး။ အသက်ဝင်နေပြီးသားဖြစ်တဲ့ ဖုံးကွယ်ထားသော တင်းမာမှုကို အပြင်ဘက်ရှိရာဆီ ကျွန်တော်တို့ သယ်ဆောင်ယူလာကြရုံမျှသာဖြစ်တယ်။
— Dr. Martin Luther King, Jr
အကွာအဝေး၊ သဘောတရား သို့မဟုတ် အသိခက်သော ဓာတ်သဘောတို့ဟာ မကြာခဏ လူမှုပြဿနာများကို မမြင်နိုင်အောင် ကာဆီးထားကြတယ်။ ( ခင်ဗျားရဲ့ သောက်သုံးရေထဲ PCB ဓာတုပစ္စည်းပါဝင်မှု ကို သတိထားမိတဲ့ နောက်ဆုံးအချိန်က ဘယ်တုန်းကလဲ)။ ခင်ဗျားမမြင်နိုင်ရင်၊ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဒီတော့၊ တက်ကြွလှုပ်ရှားသူတစ်ယောက်ရဲ့ ပထမဆုံး တာဝန်ဟာ မကြာခဏ မမြင်နိုင်သောအရာများကို မြင်သာအောင်လုပ်ဖို့ ဖြစ်ပါတယ်။
“မမြင်ရခြင်း” အမျိုးအစား အမျိုးမျိုးရှိပါတယ်။ ခင်ဗျား ကိုင်တွယ်ဖြေရှင်းရတဲ့ တစ်ခုက ခင်ဗျားရဲ့ လုပ်နည်းကိုင်နည်းကို ပုံဖော်ပေးပါလိမ့်မယ်။
အကွာအဝေး
ရာသီဥတုဖောက်ပြန်ခြင်းကြောင့်၊ အာတိတ် သို့မဟုတ် ပစိဖိတ်ရှိ ရေအောက် ကျွန်းဒေသများရှိ ပိုလာဝက်ဝံများကို အားကိုးရာမဲ့ဖြစ်စေကောင်း ဖြစ်စေမယ်။ ဒါပေမဲ့ ကမ္ဘာမြောက်ပိုင်းခြမ်းတွင်ရှိသော လူအများစုအတွက်၊ ဒါဟာ မမြင်တွေ့နိုင်တဲ့အရာ၊ စိတ်ထဲမှာ မရှိတဲ့အရာပါ။ မရေတွက်နိုင်လောက်အောင် အနုပညာမြောက် ကြားဝင်စွက်နှောင့်ယှက်မှုများဟာ၊ ရာသီဥတုဖောက်ပြန်ခြင်းကို ပိုမို မြင်သာလာအောင် အရှိန်အဟုန်မြှင့် ကြိုးပမ်းကြတယ်။ ၂၀၀၉ ခုနစ်တွင် Greenpeace က လုပ်ဆောင်ခဲ့သကဲ့သို့၊ အနာဂတ်ကာလမှာ မြို့ပြ လမ်းများနဲ့ အဆောက်အဦးများ ပင်လယ်ရေမျက်နှာပြင်အောက် ရောက်ရှိနေတာကို ကြိုတင်မှန်းဆ ပုံဆွဲခြင်းဖြစ်စေ သို့မဟုတ် (ဝါရှင်တန်) ဒီစီရှိ ပြည်ထဲရေးဌာနအပြင်ဘက်ရှိ ရေပန်းထဲတွင် ပိုလာဝက်ဝံတစ်ကောင် ရေနစ်နေတဲ့ သဏ္ဌာန်မျိုးဖြစ်စေ ကြိုးပမ်းကြပါတယ်။
ခင်ဗျားမမြင်နိုင်ရင်၊ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ဒီတော့၊ တက်ကြွလှုပ်ရှားသူတစ်ယောက်ရဲ့ ပထမဆုံး တာဝန်ဟာ မကြာခဏ မမြင်နိုင်သောအရာများကို မြင်သာအောင်လုပ်ဖို့ ဖြစ်ပါတယ်။
အခွင့်ထူးခံလူတန်းစားတွေကတော့၊ သူတို့ ကိုယ်တိုင် နဲ့ သူတို့လုပ်ဆောင်မှုရဲ့ အကျိုးဆက်တွေကြားထဲ၊ စည်းစိမ်ဥစ္စာတွေဖြင့် အကွာအဝေးခြားထားတယ်။ ဝေးကွာတယ်လို့ ထင်ရတဲ့ကိစ္စတစ်ခုကို ကိုင်တွယ်တဲ့အခါ၊ လူသားတွေရဲ့ ဆုံးရှုံးမှုကို မီးမောင်းထိုးပြခြင်းဖြင့်၊ [ဘယ်လောက်အရေးကြီးသလဲ] ဆိုတဲ့အကြောင်း ပြောပြရမှာ အကူအညီပေးပါတယ်။
သဘောတရား
ကသိကအောက်နိုင်သော အမှန်တရားကို မမြင်တဲ့ စည်းစိမ်ဥစ္စာရှိ လူတွေဟာ၊ သူတို့ရဲ့ ရှေ့တည့်တည့်မှာ ရှိနေရင်တောင်၊ တကယ်ကို မြင်မှာမဟုတ်ကြပါဘူး။ (တောင်ပိုင်းပြည်နယ်များတွင် လူဖြူများနှင့် အခြားလူများ တို့ကို တန်းတူ အခွင့်ဖြစ်စေသည် သို့သော် မရောပဲ သီးသန့်ခွဲထားမည်ဟူသော မူအရ အများဆိုင်နေရာတို့ တွင် လူဖြူအတွက် သီးခြားခွဲထားရသော) Jim Crow ခေတ်အတွင်း၊ ထမင်းစားဝိုင်းတွေနဲ့ ဘတ်စ်တွေပေါ် “မှားယွင်းတဲ့”ထိုင်ခုံနေရာတွေမှာ ဝင်ထိုင်၊ လမ်းတွေထဲ ချီတက် စသည် စသည်ဖြင့်၊ လူမည်းတွေက စုရုံးဖွဲ့စည်းပြီး လှုပ်ရှားမှုတွေ မတိုင်ခင်အထိ၊ အခွင့်ထူးခံ လူဖြူတွေဟာ၊ နေ့စဉ် ဒုက္ခရောက်နေကြတဲ့ မတရားမှုတွေကို အလွယ်တကူ လစ်လျူရှုခဲ့ကြတယ်။
သဘောတရားကြောင့် မမြင်နိုင်လောက်အောင် ဖြစ်သွားတဲ့ မတရားမှုတွေကို၊ ဆင်ခြင်တုံ တရားနှင့်ပြည့်စုံ သော ပြန်လည် ဘောင်သွင်း မေးခွန်းထုတ်ကြည့်ခြင်းအားဖြင့်၊ အလင်းရှိရာဆီ သယ်ဆောင်လာနိုင်ပါတယ်။ (see: PRINCIPLE: Reframe the issue ဘောင်တစ်ခုဟာ၊ ဇာတ်လမ်းရဲ့ အစိတ်အပိုင်းကို သတ်မှတ်ပေးပြီး၊ ပိုမိုအရေးကြီးတာကတော့၊ ဘယ်ဟာက ဇာတ်လမ်းရဲ့ အစိတ်အပိုင်း မဟုတ်သလဲဆိုတာကို သတ်မှတ်ပေးပါတယ်။ ယူဆ လက်ခံမှုတွေကို ပစ်မှတ်ထားတဲ့ လုပ်ဆောင်မှုတွေဟာ၊ ယခင်က “ဘောင်ရဲ့ အပြင်ဘက်မှာ” ရှိခဲ့တဲ့အရာတွေကို အာရုံစူးစိုက်နိုင်ပါတယ်။ (ဥပမာအားဖြင့်၊ ဘယ်သူဟာ ဘတ်စ်ကားရဲ့ ဘယ်နေရာမှာ ထိုင်နိုင်သလဲဆိုတဲ့ ရိုးရိုးရှင်းရှင်း မေးခွန်းမျိုး)
ဓာတုပစ္စည်း၊နှင့် ဘ၀တွင် အလွယ်တကူ လျစ်လျူရှုမိသော အချက်များ
သဘာ၀ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ပစ္စည်းအများအပြားကို သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်ပါဘူး သို့ပေမဲ့ ကြီးကြီးမားမား ဘေးအန္တရာယ်ကို ဖြစ်စေပါတယ်။ အဖြေကတော့၊ ထိုဘေးအန္တရာယ်ကို လူထုအမြင်ရှိရာဆီ သယ်ဆောင်ချပြဖို့ ဖြစ်တယ်။ ပန်ဆယ်ဗေနီးယား ဘုံပိုင်ရေအချို့ကို မီးစွဲလောင်စေခဲ့တဲ့၊ Gasland ရုပ်ရှင်ကို ဖန်တီးသူများအကြောင်း စဉ်းစားကြည့်ပါ။ စက်ရုံရဲ့ ငြင်းဆိုချက်ကို စွမ်းစွမ်းတမံ မှားယွင်းကြောင်း၊ အားကောင်းသော မျက်မြင်သရုပ်ပြချက် တစ်ချက်တည်းဖြင့်၊ ချေပပြသွားခဲ့တယ်။ ဒါမှမဟုတ် မြို့တော် လမ်းဆုံအချို့တွင် ခုတ်ပိုင်းခံထားရဲ့ သစ်ပင်တွေရဲ့ သစ်ငုတ်အချို့ကို ဖို့ထားခဲ့ကြတဲ့၊ သစ်တောရေးရာ တက်ကြွလှုပ်ရှားသူများအကြောင်း စဉ်းစားကြည့်ပါ။ နယူးယောက်တောပိုင်းတွင်၊ ကိုဒက်(ခ်)ရဲ့ ထုတ်လုပ်မှုစက်ရုံမှ အဆိပ်အတောက်ပစ္စည်းများ စွန့်ပစ်တာမိသွားသောအခါ၊ Greenpeace အဖွဲ့ဟာ၊ — ပုံမှန်အားဖြင့် ရေအောက်တွင်ရှိနေပြီးမမြင်ရသော— ပိုက်လိုင်းကနေ စွန့်ထုတ်သော အညစ်အကြေး ရေဆိုးတွေကို သယ်ဆောင်လာတဲ့ ရေပန်းတစ်ခု ဆောက်လုပ်ခဲ့တယ်။ လူပုံလယ်မြင်သာအောင် ရေပန်းကနေ သွယ်ဖြာကျပေးလိုက်တယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ထိခိုက်မှုကို ဖုံးကွယ် ငြင်းဆန်ဖို့ ကြိုးစားလုပ်ထားကြတဲ့အခါ၊ သို့မဟုတ် သုံးစွဲသူတွေရဲ့ အလှမ်းဝေးဝေးမှာ လုပ်ထားကြတဲ့အခါ၊ ထိုကဲ့သို့ လုပ်ဆောင်မှုမျိုးတွေဟာ ထိရောက်ပါတယ်။
တက်ကြွလှုပ်ရှားသူ တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ၊ ဟန်(စ့်)ခရစ်တီအန် အန်ဒါဆင် ပုံပြင်ထဲက ကလေးငယ်ရဲ့ အခန်းကဏ္ဍနဲ့ ဆင်တူပါတယ်။ လူတိုင်းဟာ ဧကရာဇ်ဘုရင်ကြီးမှာ အဝတ်မပါတာကို သိထားတာတောင်မှ၊ ထိုကဲ့သို့ လူပုံလယ်တွင် ဖွင့်ပြောခြင်းဟာ လုံးလုံးလျားလျား ပြောင်းလဲပစ်နိုင်တဲ့ အကျိုးဆက်တွေ ရှိလာနိုင်တယ်။ ယခင်က သိုဝှက်ထားခဲ့သော ပြဿနာကို ဖော်ထုတ်ခြင်းဟာ၊ ပြဿနာတွေကို ဖြေရှင်းရာတွင် ပထမဆုံးနှင့် အရေးအကြီးဆုံးသော ခြေလှမ်းဖြစ်နိုင်ပါတယ်။
Originally published in Beautiful Trouble.
အပြင်လောက ဥပမာများ

A recreation of da Vinci’s “Vitruvian Man” was recreated on sea ice, which slowly melted into the Arctic sea as a call to action on climate change.

The walls have become a key tool of the movement as protesters start Lennon Walls across the city as a way to spread their message.