အခြေခံမူ

ပြည်သူ့အာဏာကိုတည်ဆောက်ပါ။ နောက်မှ ညှိနှိုင်းပါ။

အတိုချုံးပြောရရင်

အာဏာပိုင်များနဲ့ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် လူထုလှုပ်ရှားမှုတစ်ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်သော်လဲ အဓိကက ထိုအောင်မြင်မှုသည် ညှိနှိုင်းဆွေးနွေးရေးကြောင့် မဟုတ်ဘဲ လမ်းမများပေါ်တွင်ရှိနေသည့် ပြည်သူများ၏ ဆန္ဒပြရာတွင်ထားရှိသော လုံ့လဝီရိယနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကြောင့်သာ ဖြစ်သည်။

ပြဿနာကတော့ စစ်ဗိုလ်ချုပ်တစ်ဦးကို ဘယ်သူ့အားကိုးနဲ့မိုက်နေတာလဲလို့မေးရင် ပြူတင်းပေါက်အပြင်မှာရှိတဲ့သူ့စစ်တပ်ကို ညွန်ပြပါလိမ့်မယ်

— Terry Pratchett

အများပြည်သူပါဝင်နေသော လူမှုရေးလှုပ်ရှားမှုများကို ရင်ဆိုင်နေရသော အာဏာပိုင်များသည် ဆန္ဒပြသူများနဲ့ စေ့စပ်ညှိနှိုင်းရေးပြုလုပ်ရန် ကြိုးပမ်းပါလိမ့်မည်။ သတိထားပါ။ ထိုအောင်မြင်မှုသည် ညှိနှိုင်းဆွေးနွေးရေးကြောင့် မဟုတ်ဘဲ လမ်းမများပေါ်တွင်ရှိနေသည့် ပြည်သူများ၏ ဆန္ဒပြရာတွင်ထားရှိသော လုံ့လဝီရိယနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကြောင့်သာ ဖြစ်သည်။ တစ်နည်းအားဖြင့် ကသောင်းကနင်းဖြစ်စဉ် အခိုက်အတန့်တွင် သိုသိုသိပ်သိပ်ညှိနှိုင်းမှုများ အလျင်စလိုလုပ်ဆောင်ခြင်းထက် လမ်းမများပေါ်တွင် ဆန္ဒပြမှုများပြုလုပ်ရေးတို့ကို အလေးပေးရန် ပိုအရေးကြီးပါသည်။

ဥပမာအားဖြင့် Quebec ကျောင်းသားသပိတ်တွင် ဆန္ဒပြကျောင်းသားများအနေနှင့် ညှိနှိုင်းရေးကို အလျင်စလိုမလုပ်ခဲ့သောကြောင့် ၂၀၁၂ ခုနှစ်တွင် ကျောင်းလခတက်မည့်အစီအစဉ်ကို ဖျက်သိမ်းနိုင်ခဲ့သည်။

အာဏာကို ဆုပ်ကိုင်ထားသည့် နိုင်ငံရေးသမားများသည် စေ့စပ်ညှိနှိုင်းမှုတစ်ခုတည်းဖြင့် သူတို့လက်လျှော့မည်မဟုတ်ကြောင်း ကျောင်းသားစည်းရုံးရေးမှူးများက နားလည်ခဲ့ကြသည်။ လမ်းမများပေါ်ရှိပြည်သူများ၏ နိုင်ငံရေးဆွေးနွေးပွဲများထက် ပြည်သူ့အာဏာကို အပြည့်အဝအသုံးချပြီး လမ်းမပေါ်ထွက်၍ဆန္ဒထုတ်ဖော်ခြင်းကို ဦးစားပေးလုပ်ဆောင်ခြင်းဖြင့် လှုပ်ရှားမှုစီစဉ်သူများသည် လွတ်လပ်သော နိုင်ငံရေးအရှိန်အဟုန်တစ်ခု ရအောင်ပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် နိုင်ငံရေးသမားများကို အကြပ်ရိုက်သွားစေပြီး နောက်ဆုံးသပိတ်၏ရလဒ်ကို ပုံဖော်ရာတွင် အဓိကကျပါသည်။

လှုပ်ရှားမှုများ၏ထိရောက်မှုစွမ်းအားကို ပါဝင်သော လူထုအရေအတွက်ဆီကမှသာ ရရှိခြင်းမဟုတ်ဘဲ လူထုမှယူဆောင်လာသော စိတ်အားထက်သန်မှုများ၊ စိတ်စွမ်းအင်များနှင့် ကွဲပြားသောလူထုအသံများမှလည်း ရရှိပါသည်။ တောင်းဆိုထားသည့်အချက်များကို ရနိုင်ရန်အတွက် လှုပ်ရှားမှုများသည် ပြည်သူ့အာဏာကို အချိန်ယူပြီး တည်ဆောက်ရန်လိုအပ်ပါသည်။ ညှိနှိုင်းမှုများပြုလုပ်စဉ်အချိန်အတွင်း သဘောတူညီချက်များရရှိသည့်အချိန်အထိ ပြည်သူ့အာဏာကို ထိန်းသိမ်းထားရန်လိုအပ်ပါသည်။ ညှိနှိုင်းမှုများပြီးလို့ အစီအစဉ်အကောင်အထည်ဖော်နေသည့်အချိန်တွင်လဲ ပြည်သူရဲ့ပူးပေါင်းပါဝင်မှု ဆက်ရှိနေဖို့အရေးကြီးပါသည်။

အချိန်သည် တန်ဖိုးကြီးမားသော အရာတစ်ခုဖြစ်ပြီး ချမ်းသာသူ၊ ဆင်းရဲသူ၊ လူများစု၊ လူနည်းစု အားလုံးအတွက် တန်းတူညီတူဖြစ်သည်။

ကျွန်ုပ်တို့၏ အတိုက်အခံ ပြိုင်ဘက်များက ညှိနှိုင်းဖို့ကမ်းလှမ်းလာတဲ့အခါတိုင်း သူတို့ဘာကြောင့် ဒီလိုညှိနှိုင်းချင်လဲဆိုတာကို စဉ်းစားရန်လိုအပ်ပါသည်။ မတရားမှုကိုဆန့်ကျင်သည့် ကနဦးစည်းရုံးမှုသည် အထင်ကြီးစရာဖြစ်ကောင်းဖြစ်နိုင်သည်။ ပြည်သူလူထု၏ဆန္ဒနှင့် တစ်ထပ်တည်းကျလျှင် ကျနိုင်သည်။ အချို့သော အဓိကအားပေးထောက်ခံသူအချို့က သဘောထားကွဲလွဲမှုများ ထုတ်ဖော်ကောင်းထုတ်ဖော်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်ပါစေ ညှိနှိုင်းဖို့တောင်းဆိုလာခြင်းက ကျွန်ုပ်တို့ဆီက သူတို့လိုချင်တာတစ်ခုခုရှိနေကြောင်းကို ပြသနေပါသည်။

အာဏာရှင်များက ညှိနှိုင်းရန်ကြိုးပမ်းသည့်အခါတွင် သူတို့အနေနှင့် သူတို့လိုချင်တဲ့အရာများကိုစွန့်လွှတ်ပြီး တောင်းဆိုချက်များကို လိုက်လျောမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ပုံမှန်အားဖြင့် သူတို့သည် အခြေအနေငြိမ်သက်သွားအောင်၊ ဆန္ဒပြမှုများ အရှိန်လျော့သွားအောင် စောင့်ဆိုင်းရင်း အချိန်ဆွဲနေခြင်းသာဖြစ်သည်။ အာဏာရှင်များက စေ့စပ်ညှိနှိုင်းရေးမလုပ်ခင်မှာပင် ဆန္ဒပြပွဲများရပ်တန့်သွားအောင် အတိအလင်းတောင်းဆိုကြမည်သာဖြစ်သည်။

၂၀၀၂ ခုနှစ်တွင် တရုတ်အစိုးရက Dalai Lama ၏ သံတမန်များကို ဆွေးနွေးပွဲသို့ဖိတ်ခေါ်သောအခါ ဤကဲ့သို့အဖြစ်အပျက်မျိုး တိဗက်လူမျိုးများအတွက် ဖြစ်ခဲ့ဖူးပါသည်။ တရုတ်နိုင်ငံသည် ၂၀၀၈ ခုနှစ် အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အတည်ပြုခံရပြီး ၎င်းတို့၏ တိဗက်ပေါ်လစီအပေါ် နိုင်ငံတကာဝေဖန်မှုများ ရပ်သွားအောင် ကြိုးစားခဲ့ကြပါသည်။ ဆွေးနွေးပွဲ၏ ကနဦးအလှည့်များတွင် တရုတ်က စေ့စပ်ညှိနှိုင်းရေးအတွက် အဆင်ပြေစေရန် Dharamsala ကအဖွဲ့များကို ဆန္ဒပြမှုများလျှော့ချရန် တောင်းဆိုခဲ့ပါသည်။ ပြည်နှင်ဒဏ်ခံထားရသည့် တိဗက်အစိုးရက ဆန္ဒပြပွဲများကိုရပ်တန့်ရန် ဆန္ဒပြသူများကို တိုက်တွန်းခဲ့ပါသည်။ ဝန်ကြီးချုပ် Samdhong Ripoche က ဆွေးနွေးပွဲစတင်လိုက်ပြီဆိုပါက ဆန္ဒပြပွဲများမလိုအပ်တော့ဟု အကြောင်းပြချက်ပေးခဲ့သည်။ သို့သော်လည်း အိုလံပစ်ပြိုင်ပွဲပြီးပြီးချင်း မကြာခင်မှာပင် စေ့စပ်ညှိနှိုင်းမှုများ ဆက်မလုပ်ဘဲ အစီအစဉ်ပျက်သွားခဲ့ပါသည်။ တရုတ်ကဘာသဘောတူညီမှုမှမပေးခဲ့သလို Dharamsalaတွင် ပြုလုပ်နေတဲ့ ဆန္ဒပြပွဲများလဲ အရှိန်ပျက်သွားပါသည်။

ကျွန်ုပ်တို့အတွက် ပြည်သူ့အာဏာတစ်ခုတည်းသာ ရှိခြင်းမဟုတ်ပေ။ ချမ်းသာပြီး သြဇာအာဏာကြီးမားသောသူများနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ကျွန်ုပ်တို့သည်လူသားအရင်းအမြစ်များပေါ်တွင် မှီခိုနေသော်လည်း ကျွန်ုပ်တို့ထည့်သွင်းစဉ်းစားရမည့် နောက်ထပ်အရင်းအမြစ်တစ်ခုမှာ အချိန်ဖြစ်သည်။ အချိန်သည် တန်ဖိုးကြီးမားသော အရာတစ်ခုဖြစ်ပြီး ချမ်းသာသူ၊ ဆင်းရဲသူ၊ လူများစု၊ လူနည်းစု အားလုံးအတွက် တန်းတူညီတူဖြစ်သည်။ ၎င်းကိုနားလည်ပါက အချိန်သည် ကျွန်ုပ်တို့ဘက်တွင်ရှိပါလိမ့်မည်။ စေ့စပ်ညှိနှိုင်းမှုများ မပြုလုပ်မီနှင့် ပြုလုပ်စဉ်အတွင်း၊ ဒါမှမဟုတ် ပြုလုပ်ပြီးနောက်တွင်တောင်မှ ကျွန်ုပ်တို့အနေနှင့် တစ်ဖက်ကို အချိန်ဆွဲနေခွင့်မပြုသင့်ဘဲ အချိန်ကိုအသုံးချပြီး ပြည်သူ့အာဏာကို တည်ဆောက်ရမည်ဖြစ်သည်။

အပြင်လောက ဥပမာများ

Why Occupy Wall Street isn’t about a list of demands

The critics ask: What's the goal of these protests? Everyone wants something different. Which is exactly the point.

ပိုမိုလေ့လာရန်

The Tibetan Nonviolent Struggle: A Strategic and Historical Analysis
International Center on Nonviolent Conflict, 2015