အခြေခံမူ

အကြမ်းမဖက်သည့် စည်းကမ်းကို လိုက်နာပါ

By maintaining nonviolent discipline in the face of police dogs, this civil rights demonstrator in Birmingham, Alabama, put his oppressor in a decision dilemma, May 3, 1963. Photo by Bill Hudson

အတိုချုံးပြောရရင်

လက်နက်မဲ့ ပြည်သူများဟာ လက်နက်ကိုင်တပ်ဖွဲ့များကို သမိုင်း တလျှောက် အကြိမ်ကြိမ် အနိုင်ယူ ခဲ့ကြသည်။ အကြောင်းရင်းမှာ သပိတ်မှောက်ခြင်း၊ စီးပွါးရေးပိတ်ဆို့ခြင်း၊ နေရာများကို ဝင်ရောက်သိမ်းပိုက်ခြင်း၊ ထိုင်သပိတ် ပြုလုပ်ခြင်းစသည့် နည်းလမ်းများကို အသုံးပြုပြီး အကြမ်းမဖက်ပဲ တော်လှန်ခဲ့သော်ကြောင့် ဖြစ်သည်။

လက်နက်မဲ့ပြည်သူများအနေနှင့် အကြမ်းမဖက်သည့်တော်လှန်ရေးများတွင်အသုံးပြုတဲ့ သပိတ်မှောက်ခြင်း၊တော်လှန်ခြင်းစသည့်နည်းလမ်းများဖြင့်လက်နက်အပြည့်ကိုင်ဆောင်ထားသောတပ်ဖွဲ့များကိုအနိုင်ယူခဲ့သည်မှာအံ့သြစရာပင်ဖြစ်သည်။ ဘာကြောင့်ဒီလိုအောင်မြင်မှုတွေရသလဲဆိုရင် ဖိနှိပ်သူများအနေဖြင့် လက်နက်မဲ့ခုခံသူများကို ဆက်လက်ဖိနှိပ်မလား သို့မဟုတ် အရှုံးပေးမလား စသည့်ရွေးချယ်စရာ နည်းလမ်းနှစ်ခုထဲက တစ်ခုကို ခက်ခက်ခဲခဲဆုံးဖြတ်ရွေးချယ်ရသောကြောင့်ဖြစ်ပါသည်။ ဒီလိုလုပ်ခြင်းဖြင့် ဖိနှိပ်သူကို အကျပ်ရိုက်စေပါသည်။ ပထမနည်းလမ်းကို ရွေးချယ်လိုက်ပါက မတရားခံနေရသော ဆန္ဒပြသူများကိုလူထုကဝန်းရံပြီး ဖိနှိပ်သူ၏ အာဏာတည်မြဲမှုကိုပါ ပျက်ပြားအောင်လုပ်နိုင်ပါသည်။ ခုခံမှုများ ဆက်လက်ရှိနေပြီး ဖြိုခွင်းမှုများ ပြင်းထန်လာပါက ရဲတပ်ဖွဲ့ သို့မဟုတ် စစ်တပ်မှပါဝင်ရန် ငြင်းဆိုသည်အထိ ဖြစ်လာနိုင်ပါသည်။ နောက်ဆုံးတွင် အချုပ်အခြာအာဏာကို အရှုံးပေးရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

ဖိနှိပ်သူများအနေဖြင့် လက်နက်မဲ့ခုခံသူများကို ဆက်လက်ဖိနှိပ်မလား သို့မဟုတ် အရှုံးပေးမလား စသည့်ရွေးချယ်စရာ နည်းလမ်းနှစ်ခုထဲက တစ်ခုကို ခက်ခက်ခဲခဲဆုံးဖြတ်ရွေးချယ်ရသည့်အတွက် သူတို့အကျပ်ရိုက်စေပါသည်။

သို့သော်လည်း ခုခံဆန့်ကျင်သူများအနေနှင့် အကြမ်းဖက်မှုကို အသုံးပြုလာပြီဆိုလျှင် အခြေအနေပြောင်းလဲသွားပါလိမ့်မည်။ အကယ်၍ အာဏာပိုင်အနေဖြင့် ဆန္ဒပြသူများကို ငြိမ်းချမ်းရေးကိုပျက်ပြားစေသူများအဖြစ် ပုံဖော်ရာတွင် အောင်မြင်သွားပါက သူ၏ ဆုံးဖြတ်ချက်ချရေးတွင် ခက်ခဲနေမှု မရှိတော့ဘဲ သူသည်နိုင်ငံကို တည်ငြိမ်အောင် အကာအကွယ်ပေးသူဖြစ်တယ်ဟု ပုံဖော်ကာ သူ၏တရားဝင်ဖြစ်ရေးကို ပြန်လည်ရယူမည်ဖြစ်သည်။ အာဏာပိုင်ရဲ့ တပ်ဖွဲ့ကိုပြန်တိုက်ဖို့လက်နက်အင်အားလုံလုံလောက်လောက်မရှိပါက လှုပ်ရှားမှု ပျက်စီးသွားပါမည်။

နိုင်ငံရေးသိပ္ပံပညာရှင် Erica Chenoweth နှင့် လူမှုဗေဒပညာရှင် Kurt Schock တို့သည် ယခင်က တော်လှန်ရေးလှုပ်ရှားမှုများ၏ မှတ်တမ်းအချက်အလက်များကို ဆန်းစစ်ကြည့်သောအခါ လှုပ်ရှားမှုတစ်ခုတွင် လက်နက်ကိုင်အဖွဲ့ထားရှိခြင်းကြောင့် အများပြည်သူလုထု၏ ပါဝင်ပတ်သက်မှုလျော့နည်းသွားစေကြောင်း တွေ့ရှိခဲ့ပါသည်။ လူအများစုသည် အသက်ပေးပြီး အာဇာနည်ဖြစ်ရန် စိတ်မဝင်စားကြသောကြောင့် အကြမ်းဖက်နည်းလမ်းများ အသုံးပြုသည့်အခါ ဆန္ဒပြသည့်အထဲ မပါတော့ဘဲ အိမ်ထဲမှာနေကြဖို့စဉ်းစားကြပါသည်။ စည်းကမ်းမဲ့အကြမ်းဖက်လုပ်ရပ်များသည် အကြမ်းမဖက်သော လူထုလှုပ်ရှားမှုများ၏ ထိရောက်မှုကို လျော့နည်းစေပါသည်။ (see: THEORY: မဟာဗျူဟာမြောက် အကြမ်းမဖက်လှုပ်ရှားမှု အာဏာပိုင်များသည် ရမ်းကားသူများကို လူထုလှုပ်ရှားမှုအတွင်းသို့ ထည့်သွင်းရန်လုပ်တတ်ကြပြီး အကြမ်းဖက်မှုများဖြစ်ပေါ်လာအောင် တွန်းပို့ကာ လှုပ်ရှားမှုကို အသရေဖျက်ရန် ကြိုးစားတတ်ကြပါသည်။

လူတော်တော်များများသည် အကြမ်းမဖက်သောမူကို ထိရောက်မှုရှိသော ဗျူဟာတစ်ခုအနေနှင့် သိရှိနားလည်ထားကြပါသည်။ သို့သော် လက်တွေ့အခြေအနေတွင် အထူးသဖြင့် ရန်စမှုများတွေ့ကြုံနေရစဉ်အတွင်း အကြမ်းမဖက်သောမူကို ယုံယုံကြည်ကြည် မကိုင်စွဲထားရင် အကြမ်းမဖက်သောမူကို ဆက်လက်ထိန်းသိမ်းလိုက်နာနိုင်ရန် အလွန်ခက်ခဲပါသည်။ သို့သော် လူတိုင်းနီးပါးသည် အကြမ်းဖက်မှုများကင်းဝေးသော လူအဖွဲ့အစည်းကိုတည်ဆောက်ရန် လိုလားကြသည်။ သူတို့မြင်တွေ့လိုသော ကမ္ဘာကြီးကို စံနမူနာထားပြီး သူတို့ပါဝင်ပတ်သက်နေသော လှုပ်ရှားမှုများကို ပုံဖော်ကြပါသည်။ ထို့အတွက်လည်း အကြမ်းမဖက်သော လှုပ်ရှားမှုများစွာ ပေါ်ပေါက်လာသည်မှာ သဘာဝကျပါသည်။

အကြမ်းမဖက်သောမူကို ထိန်းသိမ်းလိုက်နာခြင်းသည် မတရားမှုများကို တွေ့ကြုံရတဲ့အခါ မဖြေရှင်းဘဲ လက်ပိုက်ကြည့်နေတာမျိုးမဟုတ်ပါ။

အပြင်လောက ဥပမာများ

Nashville Lunch Counter Sit-ins

Before the US civil rights era sit-ins, activists were trained to remain nonviolent even when faced with intimidation, humiliation, and violence.

ပိုမိုလေ့လာရန်

The Politics of Nonviolent Action, vols 1-3
Gene Sharp, Porter Sargent, 1973