နည်းဗျူဟာ

ထောင်တွင်း စုစည်းမှု

Activists in Melbourne, Australia, gathered to call for the release of Pussy Riot, a Russian feminist punk-rock collective who had been jailed in Russia and were facing charges of “hooliganism,” which carries a seven-year prison term. Photo: Markn Burban | CC BY-NC 2.0

အတိုချုံးပြောရရင်

တက်ကြွလှုပ်ရှားသူများ ထိန်းသိမ်းခံရသည့်အခါ အာဏာပိုင်များကိုဖိအားပေးခြင်းသည် အားကောင်းသည့် လူထုခုခံမှုများကိုပေါ်ပေါက်စေပြီး အကြမ်းဖက်မှုများဖြစ်ပေါ်ခြင်းနှင့် တက်ကြွလှုပ်ရှာသူးမားအားနှိပ်စက်ညှင်းပန်းခြင်းများကို ဟန့်တာပေးသည်။

ကိုယ့်သူငယ်ချင်းတွေက ဘယ်သူဆိုတာသိချင်ရင် ထောင်သာအကျခံလိုက်

— Charles Bukowski

ငါနောက်မှာ လူထုရှိပြီး လူထုဟာ ငါ့ရဲ့အားအင်ပဲဖြစ်တယ်။

— Huey Newton

နိုင်ငံရေး အကျဉ်းချခြင်းဆိုသည်မှာ အာဏာရ အစိုးရများ အသုံးများသည့် နည်းဖြစ်သည်။ အထူးသဖြင့် နိုင်ထက်စီးနင်း အာဏာရှင်များ၊ ပါဝါအာဏာ မက်မောသော အစိုးရများ အသုံးများသညိ။ ထိုနည်းဖြင့် သဘောထားကွဲလွဲသူများကို ဥပဒေ ချိုးဖောက်သူများ အဖြစ် စွပ်စွဲနိုင်ခြင်း၊ အကြောက်တရားကို ဖြန့်ဝေနိုင်ခြင်း၊ တော်လှန်သူများကို ဖြိုလဲနိုင်ခြင်း၊ လူထုလှုပ်ရှားမှုများကို ရပ်တန့်သွားစေနိုင်ခြင်း ကြောင့်ဖြစ်သည်။

ထောင်တွင်း စုစည်းမှုသည် လှုပ်ရှားတက်ကြွသူများ ထိန်းသိမ်းခံရသည့် အချိန်များတွင် အသုံးပြုနိုင်သည့် နည်းလမ်းဖြစ်သည်။ လှုပ်ရှားတက်ကြွသူများကို လွတ်ပေးရန် သို့မဟုတ် ထိန်းသိမ်းထားသည့် အချိန်တွင် ရုပ်ပိုင်း စိတ်ပိုင်း အကြမ်းမဖက်ရန် ကာကွယ်ပေးရန်နှင့် ကောင်းမွန်စွာ ဆက်ဆံခံရစေရန် တောင်းဆိုနိုင်သည်။ ထိုသို့ တောင်းဆိုခြင်းသည် အတွေ့အကြုံ ကြွယ်ဝသော ထောက်ပံ့ကူညီမှုနှင့် စည်းလုံးမှုရှိသော ရည်ရွယ်ချက်တို့ကြောင့် တော်လှန်ရေး ကွန်မြူနီတီကို ပိုမိုသန်မာလာစေသည်။ ထိုမှတဆင့် အကြမ်းဖက်မှု၊ မတရားစွပ်စွဲခံရမှု၊ ရွေးချယ်၍ တရားစွဲဆိုမှု၊ ဗျူဟာကျ အထီးကျန်စေခြင်းနှင့် မတရားဖိနှိပ်ခြင်းနှင့် အခြားပုံစံများဖြင့် ဖိစီးနှိပ်စက်ခြင်းများကို ဆန့်ကျင်နိုင်သည်။

တော်လှန်ရေးသမားတွေကိုပဲ အကျဉ်းချလို့ရမယ်။ တော်လှန်ရေးကို အကျဉ်းချမရ။

ယခုနည်းဗျူဟာကို ပုံစံ နှစ်မျိုးဖြင့် ချိန်ဆက် လုပ်နိုင်သည်။ ပထမတခုမှာ ထောင်နံရံအတွင်းမှ အထိန်းသိမ်းခံ တက်ကြွလှုပ်ရှားသူများ အတွင်း လှုပ်ရှားခြင်းနှင့် ဒုတိယမှာ ထိုအကျဉ်းသားများကို အပြင်မှ ဆက်သွယ်၍ ထောက်ပံ့ခြင်းဖြစ်သည်။ ပထမလှုပ်ရှားမှုဖြင့် ဖမ်းစီးခံရသော တက်ကြွလှုပ်ရှားသူများ အားလုံးကို သာတူညီမျှ၊ တရားမျှတသော ဆက်ဆံမှု အခွင့်အရေး ရစေရန် လှုံဆော်ကြရမည့်အပြင် ချို့တဲ့သူများ၊ ငယ်ရွယ်သူများနှင့် လူနည်းစုတို့ကို ဉီးတည်ပြီး တရားမျှတမှု မရှိခြင်းမှ ကာကွယ်ပေးရမည်။ ထောင်မှ လွတ်ပေးရန် ငွေကြေး ပေးနိုင်စွမ်းမရှိသူတို့ကို တန်းတူအခွင့်အရေး ရစေရန် ကာကွယ်ပေးရမည်။ မည်သည့် နာမည်ကိုမှ ထုတ်မပြောပဲ တစုတစည်းတည်း လွတ်ပေးခြင်း၊ ပစ်ဒါဏ် လျှော့ပေါ့်ပေးခြင်းတို့ကို အထိန်းသိမ်းခံ အားလုံးအတွက် မပေးပါက အခွင့်အရေးများကို ငြင်းဆိုကြရမည်။ ယင်းမှာ ယခုဗျူဟာ အောင်မြင်စေသည့် အဓိက သော့ချက်ဖြစ်သည်။

ဒုတိယ လှုပ်ရှားမှုမှာ ထောင်ပြင်ပမှ လူများမှ အကျဉ်းသားများကို အထောက်အပံ့ပေးခြင်း ဖြစ်သည်။ ထောင်ဝင်စာ တွေ့ခြင်းသည် အထိရောက်ဆုံး လှုပ်ရှားမှုဖြစ်သည်။ ထောင်ဝင်စာပို့ခြင်းသည် အဖမ်းစီးခံ တက်ကြွလှုပ်ရှားသူများကို အစားအစာနှင့် ရေများထောက်ပံ့ ပေးခြင်းသာ မကပဲ လူချင်းတွေ့ဆုံခြင်းကြောင့် တရားမျှတမှု၊ ဆေးဝါးကုသမှု၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စိတ်ဓါတ်ကြံ့ခိုင်မှုတို့အတွက်ပါ အထောက်အကူပြုသည်။ ထိုသို့ ထောင်ဝင်စာ တွေ့နေခြင်းကြောင့် အဖမ်းဆီးခံ တက်ကြွလှုပ်ရှားသူများကို ထောင်ဝန်ထမ်းများမှ နိုင်ထက်စီးနင်းမလုပ်ပဲ တလေးတစား ဆက်ဆံကြလိမ့်မည်။ မတရား အနိုင်ကျင့်၊ အကြမ်းဖက် မခံရစေရန် ကာကွယ်ပေးနိုင်သည်။ ထောင်ဝန်ထမ်းနှင့် ထောင်သွင်းအကျဉ်းချ ခံရသည့် နှစ်ဦးနှစ်ဘက်လုံးအား ပြင်ပမှ လူများက သူတို့အား စောင့်ကြည့်နေသည်ကို ပြသနိုင်သည်။ အကြမ်းဖက်ပါက ထောင်ဝင်စာတွေ့ ဧည့်သည်များမှ ငြိမ်နေမည်မဟုတ်ကြောင်း ပြသရာကျသည်။

လူထုထောက်ခံမှုမှာ အရေးပါသည်။ စနစ်တကျ လုပ်ဆောင်နိုင်ပါက အကျဉ်းသားများကို လွတ်ပေးရန် အစိုးရကို ဖိအားပေးနိုင်သည်။ ထောင်ဝင်စာတွေ့သည့် အချိန်တွင် ဧည့်သည်အားလုံး တပြိုင်တည်း ရောက်ရှိလာအောင် ညှိနှိုင်းထားနိုင်သည်။ ထောင်တွင် ဧည့်သည်များ ပြည့်နက်သွားခြင်းဖြင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းစီးခြင်းသည် တော်လှန်ရေးအား ရပ်တန့်မသွားနိုင်ကြောင်း အာဏာရှင်ကို ပြသရာရောက်သည်။ တော်လှန်ရေးသမားများကိုသာ ဖမ်းဆီးထားနိုင်သော်လည်း တော်လှန်ရေးကို ဖမ်းဆီးရန် မည်သို့မှ မဖြစ်နိုင်။

ထောင်တွင်း စုစည်းမှုကြောင့် အထီးကျန်၍ ဖြစ်လာသော် ကြောက်ရွံမှုကို ပြေပျောက်နိုင်သည်။ အထောက်အပံ့ပေးနိုင်သည် ကွန်မြူနီတီ တခုကို ဖန်တီးနိုင်သည်။ အဖမ်းခံရသည့် မူလအကြောင်းအရာကို ထင်ရှားအောင် ပြုလုပ်နိုင်သည်။ တက်ကြွလှုပ်ရှားသူများကို ထောင်သွင်း အကျဉ်းချလိုက်သည့်အတွက် မထင်မရှားဖြစ်သွားသော မူလရည်ရွယ်ချက်များကို ပြန်လည် အသက်သွင်းနိုင်သည်။ အစိုးရနှင့် သဘောထားကွဲလွဲသူများကို နှုတ်ဆိတ်သွားစေရန် ရည်ရွယ်သော အစိုးရ၏ အားထုတ်မှုကို ပြိုလဲသွားစေနိုင်သည်။ မခံမရပ်နိုင်သော ထောင်သွင်းအကျဉ်းချထား ခံရမှုမှ သည်းခံနိုင်သည့် အနေအထား၊ ထိုမှ တဆင့် ကြီးမားသော အင်အားတရပ်ကိုပါ ဖန်တီးနိုင်သည်။

အဓိကအခြေခံမူ

Seek safety in publicity

Abuse of power thrives in the shadows. Sometimes the best way to ensure that the arrested or disappeared person is returned safely is simply to make as much noise as possible as early as possible, identifying the responsible party and ensuring that they will be held accountable for any abuses. Media coverage, phone banking campaigns targeting the responsible authorities, and international action appeals can all help to ensure the safety of those arrested, and help deter further violence.

အပြင်လောက ဥပမာများ

Large Crowd Gathers Outside Jail in Solidarity with Nurul Izzah (Malaysia)

Hundreds of people gather outside the Jinjang police lockup in solidarity with Nurul Izzah Anwar.

Protest Support Phonebook

A directory of support organizations for protestors at risk, compiled by the Vuka! Coalition for Civic Action.

ပိုမိုလေ့လာရန်

Jail Support and Solidarity
Midnight Special and Katya Komisaruk, Organizing for Power