အတိုချုံးပြောရရင်
အစိုးရက ကျူးလွန်သည့် ပြစ်မှုများ (ဥပမာ လာဘ်ပေးလာဘ်ယူမှု) သို့မဟုတ် ကိုယ်ကျင့်တရား ကျင့်၀တ်လွဲမှားမှုများ (ဥပမာ လူမျိုးရေး ခွဲခြားမှု) ကို စိန်ခေါ်ရန်အတွက် လူအများ ရှေ့မှောက်တွင် ဥပဒေကို ချိုးဖောက်ပြရခြင်း
Civil disobedience is not our problem. Our problem is civil obedience.
— Howard Zinn
တခါတရံတွင် လူထု လှုပ်ရှားမှု အင်အားကြီးမားချင်းသည် နှောက်ယှက် ဖျက်စီးနိုင်မှု အင်အားပင် ဖြစ်သည်။ ထို့ကြောင့်ပင် နိုင်ငံရေး ဆန့်ကျင်မှုကို ပြသည့် အာဏာဖီဆန်မှုသည် တည်ဆဲ ဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်ပင် ဖြစ်သည်။ ထိုအာဏာဖီဆန်မှု အတွင်း၌ သင်သည် မတရားသာ ဥပဒေ တခု၏ တရားဝင်မှုကို စိန်ခေါ်သည့်အနေဖြင့် အများသိအောင် ချိုးဖောက်ရမည်။ သို့မဟုတ် ကြီးမားသော နိုင်ငံရေး အပြာင်းအလဲ ဖော်ဆောင်ရန် ရည်ရွယ်၍ ဥပမာအားဖြင့် ကျူးကျော်ဝင်ရောက်ခြင်း၊ ဝတ္တရား နှောက်ယှက်ခြင်း စသည့် အသေးအဖွဲ ချိုးဖောက်မှုများကို ကျူးလွန်ရမည်။
ပြည်သူတို့၏ အာဏာဖီဆန်မှုတွင် နည်းလမ်းများစွာ ပါ၀င်နိုင်ပါသည်။ သပိတ်မှောက်ခြင်း ၊ ထိုင်သပိတ်၊ ချီတက် ဆန္ဒပြခြင်းနှင့် အပြင်ထွက်ရန် ငြင်းဆန်ခြင်းများမှုများ အစရှိသည့် နည်းဗျူဟာများသည် ပြည်သူ့ အာဏာဖီဆန်မှုများပင်ဖြစ်သည်။
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုသည် တည်ဆဲ ဉပဒေ တခုခုကို ခြိမ်းခြောက်မှု ပြုနိုင်သည်သာမက အစိုးရ ၏ တရားဝင်ဖြစ်မှုကိုပါ စိန်ခေါ်နိုင်သည်။
အဘယ်ကြောင့် ဆိုသော်အချို့သော မတရားမှုများကို လူထုသိရှိလာစေရန် နှိုးဆော်ပေးသည့်နေရာတွ အာဏာဖီဆန်မှုကို အစီအစဉ်တကျ သေချာစွာ ပြုလုပ်ရမည်။ ထိုသို့ စနစ်တကျ ပြုလုပ်ပါမှ လူထု၏ အသိဉာဏ်ကို နိုးဆော်ရာတွင် သက်ရောက်မှု အင်အား ကြီးမားပေမည်။ လှုပ်ရှားမှုများကို စီစဉ်ရာတွင် ပစ်မှတ်ဖြစ်သူအား ဆုံးဖြတ်ရ ခက်ခဲသွားစေရန်ဖြစ်စေ၊ ယင်းတို့အာဏာကို ပြက်ရယ်ပြု လှောင်ပြောင်၍ ဖြစ်စေ စီမံနိုင်သည်။ သင့်ရည်ရွက်ချက်ကို လူသိရှင်ကြား ဖြစ်အောင် ပြုထားရမည်။ အကြမ်းမဖက် တော်လှန်ခြင်းကို ဆွဲကိုင်ထားရမည်။ ထို့အပြင် ထောင်ကျသည်အထိ ပြင်ဆင်ထားရန်လိုသည်။ (see: TACTIC: ထောင်တွင်း စုစည်းမှု
နှစ်ပေါင်းများစွာကတည်းက မတရားမှုများသည် ရှိခဲ့သလို မတရားမှုကို အာဏာဖီဆန်မှုများလည်း ရှိခဲ့ပေသည်ဟု ဂရိ ရှေးဟောင်းစာဆို အန်တီဂွန် Antigoneဆိုခဲ့ပေသည်။ လူထု အာဏာဖီဆန်ခြင်းကို ခေတ်သစ်အမြင်၊ ခေတ်သစ် နားလည်မှုအတွက်ဆိုလျှင် Henry David Thoreau ၏ ၁၈၉၄ တွင် ထုတ်ဝေသော "Civil Disobedience” စာအုပ်ကို ဖတ်ရပေမည်။ သော်ရိုး (Thoreau) အဆိုအရ အစိုးရ၏ မတရားမှု၊ အကြမ်းဖက်မှုတို့ကို လူတဉီးချင်းစီတွင် တော်လှန်ခွင့်ရှိသည်။ "ကျုပ်အတွက် တာဝန်ဝတ္တရားဆိုတာ ကျုပ်မှန်တယ်ထင်တဲ့ အရာကို အချိန်မရွေး လုပ်ပိုင်ခွင့်ရှိတာပဲ" လို့ ဆိုထားတယ်။ အမေရိကန်ပြည်ထောင်စုတွင် ကျွန်စနစ်ကို တိုးချဲ့ရန်နှင့် မက္ကဆီကိုအား စစ်ပွဲဆင်နွဲရန်အတွက် အခွန်အခများ အသုံးပြုသည်ဟုဆိုကာ သူကိုယ်တိုင်ပင်လျှင် အခွန်အခများကို မပေးပဲ ငြင်းဆန်ခဲ့သည်။ ရာစုနှစ် တခုအကြာတွင် ဟန်နာ အားရမ် (Hannah Arendt)က
လူထုအာဏာဖီဆန်မှုသည် ဒီမိုကရေစီ စနစ်တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းဆိုသည်။ ထို့အပြင် အာဏာဖီဆန်မှု ဖြစ်သည့် “Civil Disobedience” ကဲ့သို့သော လုပ်ရပ်များသည် တည်ဆဲဥပဒေဖြင့် ကန့်သတ်ထားသော အခွင့်အရေးနှင့် တရားမျှတမှုတို့ဆီသို့ ရောက်အောင် ဖြန့်ကျက်တွန်းပို့နိုင်သည့် လုပ်ရပ် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။
အာဏာဖီဆန်ရေး လှုပ်ရှားမှုသည် တည်ဆဲ ဥပဒေကို ခြိမ်းခြောက်နိုင်ရင် သာမက အစိုးရ၏ တရားဝင်မှု့ကိုလည်း စိန်ခေါ်နိုင်သည်။ အထူးသဖြင့် မတရား သိမ်းပိုက်ထားသော အာဏာနှင့် ကိိုလိုနီပြုထားသော အာဏာတို့ ဖြစ်သည်။ အရေးကြီးတဲ့ ဥပမာ တခုပြရမည်ဆိုလျှင် အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင် ဂန္ဒီခေါင်းဆောင်ပြီး Ahmedabad မှ Dandi အထိ လမ်းလျှောက်သည့် ဆားချီတက်ပွဲပင် ဖြစ်မည်။ ထိုချီတက်ပွဲသည် ဗြိတိသျှ အစိုးရ ထုတ်ပြန်ထားပြီး လူကြိုက်နည်းလှသော ဆားဥပဒေကို ဆန့်ကျင်ခဲ့ရုံသာ မကပဲ ဗြိတိသျှတို့၏ တရားမဝင်မှုကိုပါ ဖော်ထုတ်နိုင်ရင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် နိုင်ငံလွတ်လပ်ရေးအထိပါ ဉီးတည်နိုင်သည့် လှုပ်ရှားမှု ဖြစ်ခဲ့သည်။ လှုပ်ရှားမှုကို ဉာဏ်ပညာ ပြည့်ဝစွာ စီစဉ်ထားခဲ့ပြီး ဗျူဟာမြှောက်လှုပ်ရှားနိုင်ခဲ့သည်။ ဂန္ဒီသည် ရက်သတ္တပေါင်းများစွာ နိုင်ငံအတွင်း လှည့်လည်သွားလာပြီး "ဥပဒေချိုးဖောက်ရန်"လှုံံဆော်သညိ။ ထို့အပြင် နောက်လိုက် အိန္ဒိယမ်းတို့အားလည်း လမ်းအတူလိုက်လျှောက်ပြီး ဗြိတိသျှတို့အား တော်လှန်ရန် တာဝန်ရှိသည်ဟု တိုက်တွန်းခဲ့သည်။ ထိုလှုပ်ရှားမှုကြောင့် အာဏာပိုင်တို့ [အကျပ်ရိုက်](Put your target in a decision dilemma တော့သည်။ ဆားဥပဒေကို ဆန့်ကျင်သည့်သူတို့ကို ဖမ်းဆီးလျှင်လည်း ပိုမိုကျယ်ပြန့်သည့် လှုပ်ရှားမှု ဖြစ်လာနိုင်သည့် အပြင် အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုသည်လည်း ပိုမြင်သာထင်ရှား သွားလိမ့်မည်။ မတုန့်ပြန်လျှင်လည်း မိမိဥပဒေကိုပင် ထိန်းချုပ်ရန် အရည်အချင်း မရှိဟု ဖြစ်လာနိုင်သည်။ မည်သို့ဖြစ်စေ ဂန္ဒီ၏ ရိုးရှင်းသည့် ဥပဒေ တခုကို ချိုးဖောက်မှုကြာင့် ဗြိတိသျှတို့ အာဏာပျက်သုန်းခဲ့ရသည်။
အဓိကအခြေခံမူ
အပြင်လောက ဥပမာများ

Strongly messaged political graffiti springs up overnight across Nairobi, sparking widespread public discourse.

Months-long protests over educational reform in Myanmar came to a head as police clashed with students marching toward the former capital.