အတိုချုံးပြောရရင်
တရားဟောတာ၊ အနိုင်ကျင့် ခြိမ်းခြောက်ပြောဆိုတာ သို့မဟုတ် ပရိသတ်ကို ဘာတွေးပါလို့ ပြောနေတာထက် ဥပစာတွေ၊ ပုံရိပ်ကားချပ်တွေနဲ့ ခင်ဗျား ပြောချင်တဲ့ အကြောင်းအရာကို ပြသပါ။
စံနမူနာလုပ်ပြတာက ဩဝါဒခြွေနေတာထက် ကမ္ဘာကြီးကို ပိုလှုပ်ကိုင်ပါတယ်
— Henry Miller
ပုံတစ်ပုံဟာ စာလုံးပေါင်း တစ်ထောင်လောက် ထိုက်တန်ပါတယ်။ ယနေ့ မျက်မှောက်ခေတ် ပုံရိပ်အသားပေး သတင်း မီဒီယာ အလေ့အထအရ၊ ဒီစကားဟာ ပိုမို မှန်ကန်လာတယ်။ ထိရောက်တဲ့ ဆန်းသစ်တဲ့ ကမ်ပိန်းများအတွက် ပုံရိပ်တွေ သုံးကြရမယ်။ တစ်နည်းအားဖြင့် ပြောရရင် ပြပါ၊ မပြောပါနဲ့။ နောက်ပြီး ဒီလို လုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
ဇာတ်လမ်းဇာတ်ကြောင်းတွေနဲ့ စတင်ပါ၊ အချက်အလက်တွေနဲ့ အစမပျိုးနဲ့။ အချက်အလက်တွေက သိပ်အများကြီး မပြောနိုင်ဘူး။ ခင်ဗျားပြောချင်တဲ့ အကြောင်းအရာရဲ့ အချက်အလက်ကို တိကျလိုတဲ့ အခါ၊ ဇာတ်လမ်းကို လှုံဆော်နိုးကြွလာစေမယ့် ချိတ်အဖြစ် မဟုတ်ပဲ ဇာတ်လမ်းရဲ့ အထောက်အပံ့ အသေးစိတ်တွေ အဖြစ်သာ အချက်အလက်များကို အသုံးပြုသင့်တယ်။
အလုပ်လက်မဲ့ဖြစ်လို့ ပျက်စီးဆုံးရှုံးမှုအကြောင်းကို ပြောချင်တဲ့အခါ စာရင်းအင်းဇယားတွေနဲ့ အစမပျိုးနဲ့။ လူတယောက်ယောက်ရဲ့ လှုံဆော်နိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်အကြောင်းကို ပြောပြပီးမှ သူ့လို လူပေါင်း ဆယ်သန်းရှိကြောင်း ဆက်ပြောပါ။
A well-designed action explains itself, and ideally offers multiple ways into the issue. You want your audience to reach their own conclusion, rather than feeling like they are being told what to think.
မြင်သာအောင် လုပ်ရမယ်။ အရေးကြီးတဲ့ အရာတွေ အများကြီးအကြောင်း ပြောဖို့ မလွယ်လှဘူး။ သိပ်ကြီးမား ကျယ်ပြန့်တယ်။ ရှုပ်ထွေးတယ် မဟုတ်လား။ လူနားလည်လွယ်အောင် ဇာတ်လမ်းဇာတ်ကွက်တွေ၊ ပုံရိပ်တွေနဲ့ ဘာသာစကားတွေကို သုံးဖို့လိုတယ်။ ဥပမာ စီးပွားရေးမညီမျှမှုအကြောင်းဆိုပါစို့။ ယူအက်စ် အခွန်ဥပဒေ ရှုပ်ထွေးမှုတွေကြား အလွယ်တကူ မျက်စိလည်သွားနိုင်တယ်။ ဒါပေမယ့် သန်းကြွယ်သူဌေး ဝါးရန့်ဘက်ဖတ်က သူ့အတွင်းရေးမှူးဟာ သူ့ထက် အခွန်ပိုဆောင်ရတယ်လို့ ပြောလိုက်တဲ့အချိန်မှာတော့ ဟမ် မဟုတ်သေးပါဘူးလို့ ငြင်းဖို့ ခက်သွားတယ် မဟုတ်လား။ စီအီအိုနဲ့ အလုပ်သမားကြား လစာကွာဟချက် ကြီးမားလာတာကို လူတွေအာရုံစိုက်လာကြဖို့ တကယ့်အစစ်ထက် ၄၁၉ဆသေးငယ်တဲ့ ဝါရှင်တန်အဆောက်အုံ ပုံစံတူလေး အရှေ့မှာ အဖွဲ့တစ်ဖွဲ့ဟာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အားကောင်းတဲ့ ဥပစာတွေကို အသုံးပြုပါ။ ဥပစာနဲ့ဆိုရင် တစ်စုံတစ်ရာဟာ ဘာအတွက်လဲဆိုတာ ရှင်းပြနေရတာထက် မြင်သာအောင် ပြသနိုင်တယ်။ လှုံဆော်နိုင်မယ့် ဥပစာကို ရှာတွေ့ဖို့၊ ခင်ဗျား ချိတ်ဆက်ဖို့ ကြိုးစားနေတဲ့အရာကို သရုပ်ဖော်မယ့် တစ်ခုခုကို ရှာဖွေပါ။ သိပ်မကြာသေးခင်က အမေရိကားမှာ လူဝင်မှုအငြင်းအခုံတွေနဲ့ ပတ်သတ်ပြီး ရွှေ့ပြောင်းငှက်တွေနဲ့ ဥပစာပြုပြီး အသုံးဝင်စွာ ချိတ်ဆက်ပြသွားခဲ့တယ် (“ရွှေ့ပြောင်းငှက်တွေလည်း ပတ်စပို့ လိုပါသလားခင်ဗျာ။”) နိုင်ငံရေးတွေ ဒါမှမဟုတ် တရားဝင်ဖြစ်မှုတွေ တစ်ခုကိုမှ ဗဟိုမပြုပဲ၊ အခြေအနေရဲ့ ကိုးရိုးကားယားနိုင်မှုကို ထောက်ပြသွားခဲ့တယ်။
လုပ်ဆောင်မှုတွေနဲ့ စကားပြောပါ။ စကားတွေ ပြောနေမယ့်အစား၊ ကိုယ်ပြောချင်တာကို လုပ်ဆောင်ပြလိုက်ပါ။ ဆန္ဒပြပွဲတွေဖြစ်ပြီဆိုရင် ဘဏ်တစ်ဘဏ်ရဲ့ ရှေ့မှာ ရဲတွေချထားကြတယ် မဟုတ်လား။ အဲဒီမှာ အခြေအနေရဲ့ အမှန်တရားကို ထင်ဟပ်ပြသတဲ့ ဥပစာတစ်ရပ်ဟာ သရုပ်ပေါ်လာတယ်။ အစိုးရဟာ ကျွန်တော်တို့ကိုထက် ပစ္စည်းဥစ္စာတွေကို ပိုပြီး ကာကွယ်စောင့်ရှောက်ပေးနေကြောင်း ဥပစာထင်ရှားတယ် မဟုတ်လား။ တခါတလေတော့ အခြေအနေကို ညွှန်ပြလိုက်တာကပဲ သို့မဟုတ် အခြေအနေကို သရော်လိုက်တာလောက်နဲ့တင် လုံလောက်တယ်။ (see: STORY: The Teddy Bear Catapult.
ကောင်းကောင်းမွန်မွန် ပုံစံချထားတဲ့ လုပ်ဆောင်မှု့ဟာ သူ့အကြောင်းသူ ရှင်းပြနိုင်သလို၊ ပြဿနာကို ရှု့ဒေါင့်ပေါင်းစုံက သေချာမြင်နိုင်စေတယ်။ ခင်ဗျားရဲ့ ပရိတ်သတ်ကို ဘယ်လိုတွေးပါ၊ ဘာကိုတွေးဘာလို့ ပြောနေတာထက် သူတို့ကိုယ်တိုင် သုံးသပ်ဆင်ခြင် ကောက်ချက်ချသွားတာ စေနိုင်တယ်။
သြဝါဒတရားတွေဟာ လူတွေ ကျလောက်အောင် မဆွဲဆောင်နိုင်ဘူး။ ဇာတ်လမ်းကို ကျွန်တော်တို့ပြောတာ ဖြစ်စေ၊ ဖြစ်ရပ်ကို ပုံဖော်ပြတာဖြစ်စေ၊ ဥပစာပေးတာဖြစ်စေ၊ ဥပမာနဲ့ အစပျိုးတာဖြစ်စေ၊ သို့မဟုတ် ကျွန်တော်တို့ လုပ်ဆောင်မှုတွေနဲ့ အကျယ်လောင်ဆုံး ပြောဆိုစေတာဖြစ်စေ၊ နိင်ငံရေးတိုက်ခိုက်မှုတစ်ရပ်အဖြစ် မစတင်လာစေပဲ ကျွန်တော် ပေးချင်တဲ့အကြောင်းအရာနဲ့ တန်ဖိုးတွေကို ပေးပို့ဖို့အတွက် နည်းလမ်းပေါင်း သန်းနဲ့ချီ ရှိပါတယ်။ ကျွန်တော်တို့ဘာသာနဲ့ ပရိသတ်တွေကို မျက်နှာသာပေးပါ။ ပြပါ၊ စကားမပြောပါနဲ့။
Originally published in Beautiful Trouble.
အပြင်လောက ဥပမာများ

To demand that the British Museum divest from BP, over 200 performers used a 40-foot kraken to represent BP and the harm caused by oil.