နည်းဗျူဟာ

ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်း

Tshepo Modisane and Thobajobe Sithole merged Zulu and Tswana customs in the first traditional same-sex wedding in South Africa in 2016.

အတိုချုံးပြောရရင်

ပြည်သူတို့ အာဏာဖီဆန်ခြင်းက တရားမျှတမှုမရှိတဲ့ ဥပဒေတွေ ကျူးလွန်ခြင်းကို အလေးအနက် ဆင်ခြင်သုံးသပ်ခြင်း ဖြစ်တယ်။ အလားတူ အနှစ်သာရအတိုင်း၊ ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်းက တရားမျှတမှုမရှိတဲ့ ယဉ်ကျေးမှုဆိုင်ရာ စံ သတ်မှတ်ချက်တွေကို ရဲရင့်စွာ ဖြိုဖျက်တာပါ။

ပုံမှန်ဖြစ်ဖို့ ရှင်ဟာ အမြဲတစေ ကြိုးစားနေတယ်ဆိုရင်၊ ဘယ်လောက်ထိ ရှင်ဟာ အံဩဖွယ်ရာ ကောင်းနိုင်သလဲဆိုတာ ရှင် ဘယ်တော့မှ သိရတော့မှာ မဟုတ်ပါဘူး။

— Maya Angelou

ပြည်သူတို့ အာဏာဖီဆန်ခြင်းက တရားမျှတမှုမရှိတဲ့ ဥပဒေတွေ ကျူးလွန်ခြင်းကို အလေးအနက် ဆင်ခြင်သုံးသပ်ခြင်း ဖြစ်တယ်။ အလားတူ အနှစ်သာရအတိုင်း၊ ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်းက တရားမျှတမှုမရှိတဲ့ ယဉ်ကျေးမှုဆိုင်ရာ စံ သတ်မှတ်ချက်တွေကို ရဲရင့်စွာ ဖြိုဖျက်တာပါ။ ယဉ်ကျေးမှုကို ကျွန်တော်တို့တွေက ပြဋ္ဌာန်းထားတာတွေနဲ့ ဥပဒေတွေထက် ပိုမို သိမ်မွေ့ပြီး ပျော့ပျောင်းတယ်လို့ ကျွန်တော်တို့က ထင်မိကောင်းထင်မိကြတယ်။ ဒါပေမဲ့ နေရာအတော်များများတွင်၊ ဓလေ့​ထုံး​စံနှင့်​ မညီညွတ်ဟု ဆိုကာ တား​မြစ်ခံထား​ရ​သော အရာတွေဟာ ပြင်းထန် အားကောင်းလွန်းသောကြောင့် ဥပဒေအဖြစ် အမြစ်တွယ်စ ပြုလာတယ်။ အခြားနေရာများတွင်မူ၊ ဓလေ့​ထုံး​စံနှင့်​ မညီညွတ်ဟု ဆိုကာ တား​မြစ်ခံထား​ရ​သော အရာတွေဟာ တရားဝင် ဥပဒေအဖြစ် လည်ပတ်နေတယ်။

ဖိနှိပ်ချုပ်ချယ်သော ယဉ်ကျေးမှုဆိုင်ရာ စံ သတ်မှတ်ချက်တွေကို ဖြိုဖျက်ရာတွင် ပြင်းပြသော ဆန္ဒနဲ့ သေချာတွက်ချက်ထားသော မဟာဗျူဟာ နှစ်ခုလုံး လိုအပ်ပါတယ်။

အခြား ယူဂန်ဒါအနောက်ခြမ်းဒေသများကဲ့သို့ အန်ကိုလီမြေတွင်၊ လေချွန်ခြင်း၊ သစ်ပင်တက်ခြင်းနဲ့ စက်ဘီးစီးခြင်း စသည်တို့ ပါဝင်ကြတဲ့ ကမ္ဘာအရပ် တော်တော်များများတွင် သာမန် လူ့အတွေ့အကြုံအဖြစ် မှတ်ယူထားကြတဲ့ လုပ်ဆောင်မှုအမြောက်အများ ပြုလုပ်ခြင်းကနေ၊ အမျိုးသမီးများဟာ ပိတ်ပင်တားမြစ်ခံထားရတယ်။ ၂၀၁၈ခုနစ် နိုင်ငံတကာ အမျိုးသမီးများနေ့တွင်မူ၊ လူငယ် အမျိုးသမီး အဖွဲ့တစ်ဖွဲ့က ဒီတားမြစ်မှုတွေကို ချိုးဖောက်တဲ့ ပြိုင်ပွဲတွေကို စီစဉ်လုပ်ဆောင်ခဲ့ကြပြီး စက်ဘီးစီးပြိုင်ပွဲတစ်ပွဲလည်း ပါဝင်ခဲ့တယ်။ ပြိုင်ပွဲတွေက ဒေသရဲ့ ယောကျာ်းကြီးစိုးသော စံသတ်မှတ်ချက်တွေကို တော်လှန်ပုန်ကန်တယ်လို့ ယူဆကြတာကြောင့် အမျိုးသမီးတွေဟာ သတင်းမီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကို ရရှိခဲ့ကြတယ်။ အားတက်လာခဲ့ကြပြီး၊ အမျိုးသမီး စက်ဘီးသမားတစ်စုဟာ ယူကာရာဝီ အမျိုးသမီး စက်ဘီးစီးသမားများအသင်းကို ဖွဲ့စည်းခဲ့ကြတယ်။ အိမ်တွင်းအကြမ်းဖက်မှု ဟန့်တားရန်၊ ဒေသတွင်း အမျိုးသမီးခေါင်းဆောင် ရွေးကောက်တင်မြှောက်ရန်၊ အမျိုးသမီးများ လုပ်ပိုင်ခွင့်ရရှိခြင်းဟာ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်ခြင်းတစ်ရပ်မဟုတ်ဘဲ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ဖြစ်တဲ့အကြောင်း အမျိုးသားများ လက်ခံယုံကြည်လာစေရန် တို့အတွက်၊ အမျိုးသမီးများ စက်ဘီးတန်းနဲ့ အခြား လှုပ်ရှားမှုတို့ဖြင့် တားမြစ်ခံထားရတာတွေကို ချိုးဖောက်ကာ လုပ်ပိုင်ခွင့် လွှဲပြောင်းရယူခြင်းကို ထိုအသင်းက အသုံးပြုခဲ့တယ်။

၂၀၁၂ ခုနစ် ကမ္ဘာကု့လသမဂ္ဂရဲ့ ဆန်းစစ်လေ့လာချက်အရ၊ မာလဝီ မိန်းကလေး ထက်ဝက်ကျော်ဟာ ၁၈နှစ်မတိုင်ခင် ထိမ်းမြားလက်ထက်ဖို့ အတင်းအကျပ် ဖိအားပေးခံကြရပါတယ်။ မာလဝီမြို့တော်ရှိ အမျိုးသမီးခေါင်းဆောင် တစ်ယောက် ထရီဇာ ကချင်ဒါမိုတို ဟာ လိင်ပိုင်းဆိုင်ရာ အစပျိုးသင်ကြားပေးတဲ့ နေရာတွေကို ဆန့်ကျင် တိုက်ခိုက်ခဲ့ပြီး ကလေး ၈၅၀ ကျော်ကို လက်ထပ်ခြင်း ဖျက်သိမ်းပေးခဲ့တယ်။ ထို့အတွက်ကြောင့်၊ သူမကို “အဆုံးသတ်သမား ”လို့ အမည်ပေးကြတယ်။

အာဖရိကလူမှုအဖွဲ့အစည်းများရဲ့ LGBT+ အဖွဲ့ဝင်များအနေဖြင့်၊ အသက်ရှင်ရပ်တည်ရေးက တော်လှန်ရေးဖြစ်တယ်။ ကမ္ဘာ့တိုက်ကြီးများတစ်ဝှမ်း လိင်တူချစ်မြတ်နိုးသူများ စီတန်းလှည့်လည်ခြင်းနဲ့ ပွဲတော်များ အနည်းငယ် ပေါ်ပေါက်လာတဲ့အခါ၊ ၂၀၁၃ ခုနစ်တွင် တောင်အာဖရိကသား အမျိုးသားနှစ်ယောက်က ရိုးရာ လက်ထပ်ထိမ်းမြား အခမ်းအနားပုံစံဖြင့် ကြိုးထုံး ချည်နှောင်ကြတဲ့အထိ လုပ်ဆောင်ခဲ့ကြတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ဖွင့်ဟထုတ်ပြောတာအပြင်၊ “ လိင်တူချစ်မြတ်နိုးသူဖြစ်ခြင်းဟာ အသားမည်းခြင်းလောက်ကို အာဖရိကန်သားဆန်တယ်” ဆိုတဲ့ သတင်းစကား ပေးဝေဖို့ သူတို့ မျှော်လင့်ခဲ့ကြတယ်။

ဖိနှိပ်ချုပ်ချယ်တဲ့လို့ ခံစားရတဲ့၊ ချမရေးထားသော ယဉ်ကျေးမှုဆိုင်ရာ ဥပဒေတွေကို ကျွန်တော်တို့ အားလုံး ရင်ဆိုင်တွေ့ကြတယ်။ ကျွန်တော်တို့ အားလုံးနီးပါး ဘ၀တစ်ဆစ်ချိုး တစ်နေရာရာမှာ ပုန်ကန်ကြတယ်။

ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်းကို ခင်ဗျား ဘာကြောင့် သုံးသင့်သလဲ။

၁. မမြင်ရတဲ့ ဖိနှိပ်ချုပ်ချယ်မှုကို သိသာမြင်သာလာအောင် ပြုလုပ်ဖို့

၂. ဓလေ့​ထုံး​စံနှင့်​ မညီညွတ်ဟု ဆိုကာ တား​မြစ်ခံထား​ရ​သော အရာတစ်ခုကို လူသူရှင်ကြား ဖြိုခွဲပစ်ဖို့ သို့မဟုတ် အဲ့ဒါရဲ့ အလုံးစုံပျက်သုဉ်းခြင်းကိုလှုံဆော်ပေးဖို့ (https://www.nytimes.com/2017/09/26/world/middleeast/saudi-arabia-women-drive.html).

၃. ကနဦးအစကတည်းက ပုံမှန်ဖြစ်သင့်သောအရာကို ပုံမှန်ပြန်ဖြစ်စေဖို့

၄. ဖိနှိပ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ စံသတ်မှတ်ချက် မရှိတော့တဲ့ ဘ၀ကြီးကို ကြိုတင် ပုံဖော်ပြ ဖို့နဲ့ “အခြား နေထိုင်မှု ဘ၀/ ဖြစ်ရှိမှုဟာ ရှိနိုင်သေးတယ်” ဆိုတာကို ပြသပေးဖို့

၅. ယဉ်ကျေးမှုကို ဘေးအန္တရာယ်ကင်းစွာ မလိုက်နာနိုင်တဲ့သူများနဲ့ အတူတကွ စည်းလုံးညီညွတ်ပေးကြဖို့

၆. ပိုမိုကြီးမားသော လူမှုဆိုင်ရာ တရားမမျှတမှုကို ကြီးကျယ်ခမ်းနားသောပုံစံဖြင့် အာရုံစိုက်လာကြအောင် လုပ်ဖို့

ဒါပေမဲ့ ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်း ဆောင်ရွက်မှုတွေဟာ ကြီးကျယ်ခမ်းနားနေစရာ မလိုပါဘူး။ စင်စစ်အားဖြင့်၊ မျှော်မှန်းထားသော စံသတ်မှတ်ချက်တွေကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ သွေဖယ်သွားတိုင်း၊ နေ့ရက်တိုင်းမှာ နည်းနည်း နည်းနည်းချင်းစီ ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်းကို အမြဲတစေ ကျွန်တော်တို့ အများစုဟာ လုပ်ဆောင်နေကြတာပါ။ မကြာခဏ ကြုံတွေ့ရတဲ့ ပစ်မှတ်တွေဟာ လိင်ဖြစ်တည်မှု ကြီးစိုးမှုနဲ့ ဖိုမလက္ခဏာ ဥဒါဟရုဏ်များ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်းဟာ၊ ဓလေ့​ထုံး​စံနှင့်​ မညီညွတ်ဟု ဆိုကာ တား​မြစ်ခံထား​ရ​သော အရာတော်တော်များများကို နှိမ်နင်းရာတွင်၊ ဆောင်ရွက်နိုင်ပါတယ်၊ အသက်၊ ဇာတ်အဆင့်အတန်း၊ စွမ်းဆောင်နိုင်မှု၊ လူမျိုး၊ ကိုးကွယ်တဲ့ ဘာသာ၊ ဘာသာစကား သို့မဟုတ် ကြီးစိုးမှု အားကောင်းတဲ့ အတွေးအမြင်စနစ် စသည် စသည်ဖြင့်။

၂၁ ရာစုတွင်၊ အဆင့်ဆင့်ဖြစ်သော ဖွဲ့စည်းမှုဟာ ပိုမိုရည်ရွယ်ချက်ရှိရှိဖြင့် အချက်အချာကျလာတာနဲ့အမျှ၊ ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်းဟာ လူမှုအပြောင်းအလဲအတွက် ပို၍ပို၍ အားကောင်းသော ယာဉ်တစ်စီး ဖြစ်လာနေပါတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်တာကို တစ်ကိုယ်ရည်ဆောင်ရွက်ခြင်း နဲ့ တစ်ကိုယ်ရည်ဖော်ပြခြင်းတို့ကို ပိုမိုကြီးမားသော အင်အားစုတစ်ရပ်ဖြစ်အောင် ကျွန်တော်တို့ ဆက်စပ်ပေးနိုင်တဲ့အခါ၊ ယဉ်ကျေးမှုဆိုင်ရာ အာဏာဖီဆန်ခြင်းဟာ၊ ဘယ်အရာက မှန်သလဲ ဘယ်အရာကမှားသလဲနဲ့ ပတ်သတ်ပြီး လူထုကြား အပြန်အလှန်ဆွေးနွေးခြင်းတစ်ရပ်ကိုသာမက အလွန်လေးနက်ပြီး ကြာရှည် ခိုင်မာသော လူမှုအပြောင်းအလဲများကိုပါ၊ မီးမွှေး တောက်လောင်လာစေနိုင်ပါတယ်။

ဖိနှိပ်ချုပ်ချယ်တဲ့လို့ ခံစားရတဲ့၊ ချမရေးထားသော ယဉ်ကျေးမှုဆိုင်ရာ ဥပဒေတွေကို ကျွန်တော်တို့ အားလုံး ရင်ဆိုင်တွေ့ကြတယ်။ ကျွန်တော်တို့ အားလုံးနီးပါး ဘ၀တစ်ဆစ်ချိုး တစ်နေရာရာမှာ ပုန်ကန်ကြတယ်။ ကျွန်တော်တို့တွေ အစီအစဉ်တစ်ခုရှိပြီး အတူတကွ ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ပုန်ကန်မှုဟာ ပိုမို အားကောင်းလာနိုင်ပါတယ်။