အတိုချုံးပြောရရင်
ကျွန်တော်တို့အားလုံး ခေါင်းဆောင်ဖြစ်ပါစေ။ ခေါင်းဆောင်မှုစွမ်းရည်ပြည့်၀ပြီး၊ ခေါင်းဆောင်မှု မကင်းမဲ့ပါစေနဲ့။
ဒီကောင်တွေ လှေကို ဝိုင်းလာကြတယ်။ ကုန်းဘောင်ကို ချပြီး Sheriff McGray က ကုန်းဘောင် အစွန်းအထိ လျှောက်လာရင်း မင်းတို့ခေါင်းဆောင် ဘယ်ကောင်လဲကွ။ လို့မေးလိုက်တယ်။ ကျုပ်တို့ အားလုံးခေါင်းဆောင်ပဲ လို့ သံပြိုင်အော်လိုက်ကြတယ်။ ဘာပြောကောင်းမလဲဗျာ။ ရုတ်တရက်ကြီးဆိုတော့ အကုန်လုံး ဖြုံသွားတော့တာပဲ။
— Utah Phillips
"ငါတို့ တယောက်မှ ခေါင်းဆောင်မဟုတ်ဘူး"ဆိုတာရယ် "ငါတို့ အားလုံး ခေါင်းဆောင်တွေကွ" လို့ ပြောတဲ့ စကားရယ် ဘာကွာလဲ။ ရုတ်တရပ်ဆိုရင်တော့ ဒီစကားနှစ်ခုဟာ တူတူလိုပဲ။ "အထက်အောက် သွားတာထက် ဘေးချင်း ယှဉ်တွဲသွားတဲ့ နည်းလမ်းနဲ့ ဖွဲ့စည်းမှုကို ပိုပြီး ယုံကြည်တယ်။ သာတူညီမျှ ပူးပေါင်းပါဝင်ကြတာ၊ လူမှုအဆင့်ကွာခြားမှုတွေကို ဆန့်ကျင်တာတွေကို ကျွန်တော်တို့ ယုံကြည်တယ်။ သို့ပေမဲ့လည်း "ခေါင်းဆောင်မှု"ဆိုတဲ့ စကားလုံးမှာ ရာထူးအဆင့်ဆင့်တွေကို မပါပဲ အဓိပ္ပာယ်အများကြီးရှိတယ်။ "ခေါင်းဆောင်တယ်"ဆိုရာမှာ စီမံကိန်း သို့မဟုတ် အလုပ်တခုကို အရှေ့ရောက်အောင် "ကြိုတွေးတာဝန်ယူတယ်"လို့လည်း အဓိပ္ပါယ်ဖွင့်နိုင်တယ်။ သို့မဟုတ်ရင်လည်း တဉီးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ လိုအပ်တဲ့နေရာမှာ"တာဝန်ယူတယ်၊ တာဝန်ခံတယ်"လို့လဲ ဆိုနိုင်ပြန်တယ်။
တစ်နည်းအားဖြင့် အထက်အောက် ဖွဲ့စည်းမှုနဲ့ ဖရိုဖရဲ ဖွဲ့စည်းမှုအကြား ကွဲပြားခြားနားဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ထိရောက်မှုတွေကို တိုးမြင့်အောင် ပြုလုပ်မယ့် ခေါင်းဆောင်မှု ပုံစံတွေ မွေးထုတ်ဖို့ အရေးကြီးတယ်။
Let’s be leaderful, not leaderless.
ဒါက စကားလုံးရဲ့ အဓိပ္ပါယ် ကိစ္စသက်သက်ပဲ တော့မဟုတ်ဘူးဗျ။ ကျုပ်တွေသာ ခေါင်းဆောင်မရှိပဲ သက်သက်လေလုံးထွားနေတဲ့ အုပ်စုထဲရောက်နေပြီး တခြားသူတွေက ကိုယ့်ကို ခေါင်းဆောင်လို့ မြင်ရမှာ ကြောက်လို့ ရှေ့ထွက်ရမှာ၊ ကြိုတင်တွေးတော် ပြင်ဆင်လုပ်ဆောင်ရမှာကို တွန့်ဆုတ်နေမယ်ဆိုရင် ဘယ်ကောင်းပါ့မလဲ။ ကမ္ဘာကြီးကို တကယ်ပဲ ကောင်းကျိုးပြုချင်တယ်ဆိုရင် ခေါင်းဆောင်တွေ အများကြီး ရှေ့ထွက်လာဖို့ လိုတယ်။ ခေါင်းဆောင်သူ လျှော့သွားလို့ မဖြစ်ဘူး။ တဉီချင်းစီက ကြိုတင်တွေးတော တာဝန်ယူကြမယ်၊ လုပ်စရာရှိတာကို တူတူလုပ်ကြမယ်ဆိုရင် စည်းလုံးတဲ့ အင်အားပိုကြီးလာမှာပဲ။ အောက်ခြေအုပ်စုကို စုစည်းဖွဲ့စည်းမှုမှာ စိန်ခေါ်မှု အကြီးဆုံးကတော့ စုပေါင်းအင်အားကို တည်ဆောက်တာပဲ ဖြစ်တယ်။
ကျွန်တော်တို့ အားလုံး ရှေ့ထွက်လာဖို့ ဖိတ်ခံရတယ်လို့ ခံစားရတဲ့ ယဉ်ကျေးမှုကို ဖန်တီး တည်ဆောက်ဖို့ လိုအပ်တယ်။ တစ်ခြားသူတွေ ရှေ့ထွက်လာဖို့ နေရာဖန်တီးပေးတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ် — တစ်ခြားသူတွေလည်း ရှေ့ထွက်ပြီး ဦးစီးဦးဆောင် ဆောင်ရွက်ဖို့ ဖိတ်ခေါ်တယ််လို့ ခံစားရတဲ့နေရာမျိုးပေါ့။ “ရှေ့ထွက်လာခြင်း” ဆိုတာဟာ အပြန်အလှန် နားထောင်ပြီး လေ့လာသင်ယူတာကို ဆိုလိုနိုင်ပါတယ်။ အုပ်စုအတွင်းရှိ ဦးဆောင်မှုပုံစံ အမျိုးမျိုးကို နားလည်မှတ်သား တန်ဖိုးထားဖို့ အချိန်ယူတာကို ဆိုလိုနိုင်တယ်။ ဒါအပြင် ဖိတ်ခေါ်အားပေးမှုမရလို့ ရှေ့ထွက်ဖို့ မဝံရဲတဲ့ သူတွေမှာ ရှိနိုင်တဲ့ ခေါင်းဆောင်မှုတွေကို ရှာဖွေ အားပေးတာကိုလည်း ဆိုလိုနိုင်ပါတယ်။
ကောင်းမွန်သော ခေါင်းဆောင်မှုကို တန်ဖိုးထားတဲ့ ယဉ်ကျေးမှု တရပ် ဆိုတာဟာ တာဝန်ခံမူကို အထူးတန်ဖိုးထားတဲ့ ယဉ်ကျေးမှုလည်းဖြစ်တယ်။ ဒီယဉ်ကျေးမှုထဲမှာ ကျွန်တော်တို့တွေဟာ တစ်ယောက်ကိုတစ်ယောက် တာဝန်ယူ တာဝန်ခံတတ်ကြတယ်။ ဒါပေမယ့် တာဝန်ခံမှုအပေါ် အာရုံစိုက်ပြီး ခေါင်းဆောင်မှုကို တန်ဖိုးထားတဲ့ ယဉ်ကျေးမှုနဲ့အတူ တစ်ယောက်ကိုတစ်ယောက် နီးနီးကပ်က် ပူးပေါင်းဆောင်ရွက်ရမယ်။ ဒီလိုမဟုတ်ရင် “သဘောထားကွဲလွဲမှုတွေ အပြည့်နဲ့ ပြိုကွဲနေတဲ့ အဖွဲ့အစည်း” တစ်ရပ်ပဲ ပေါ်ပေါက်လာပြီး ခေါင်းဆောင်မှုအတွက် တစ်ယောက်ကို တစ်ယောက်ချနင်းတာမျိုးတွေနဲ့ အင်အားကုန်ခမ်းတာမျိုးတွေပဲ ဖြစ်လာလိမ့်မယ်။
ပြည့်ဝတဲ့ စွမ်းရည်တွေ ထွက်လာအောင်၊ ပိုကောင်းတဲ့ ကမ္ဘာလောကကြီး ပေါ်လာအောင် အလုပ်လုပ်နေကြတဲ့ ခေါင်ဆောင်တွေ အစုအဖွဲလိုက် တောက်ပလာအောင် တစ်ယောက်ကို တစ်ယောက် အမြဲအားပေးဖေးမနေတဲ့ လှုပ်ရှားမှုတစ်ရပ် လိုအပ်တယ်။ ကျွန်တော်တို့အားလုံး ခေါင်းဆောင်ဖြစ်ပါစေ။ ခေါင်းဆောင်မှုစွမ်းရည်ပြည့်၀ပြီး၊ ခေါင်းဆောင်မှု မကင်းမဲ့ပါစေနဲ့။
Originally published in Beautiful Trouble.
အပြင်လောက ဥပမာများ

This is not just a charming mess. We are all leaders represents a real praxis, and it has a real history.