အခြေခံမူ

စိတ်စွမ်းအား စိတ်ခွန်အား ပြည့်ဝနေမှ ဒေါသစိတ်ကို အကောင်းဆုံး အသုံးချနိုင်မယ်။

Malcolm X’s anger was earned by a life of oppression, and he wielded it with discipline and dignity.

အတိုချုံးပြောရရင်

ဒေါသစိတ်ဟာ အင်အားကြီးတဲ့ စိတ်ခံစားချက် ဖြစ်တယ်။ ဉာဏ်ကြီးကြီးထားပြီး အသုံးချပါ။ သင့်စိတ်ခွန်အား စိတ်စွမ်းအား ပြည့်ဝနေရင်၊ ဂုဏ်သိက္ခာရှိရှိ နေထိုင်ပြုမူနေရင် ဒေါသစိတ်ကို စုစည်းထိန်းချုပ်နိုင်လာပြီး စိတ်ခွန်အား ပိုကြီးမားအောင် လုပ်ဆောင်နိုင်သည်။ လူများလည်း သင့်နှင့် ပူးပေါင်းလာလိမ့်မည်။ ထိုသို့ စိတ်ခွန်အား မပြည့်ဝပါက ဒေါသကြောင့် သင်သည် ပိုကြောက်စရာကောင်းလာနိုင်သည်။ အရူးတယောက်နှင့်တောင် တူတူလာနိုင်သေးသည်။

အမှန်တရားကို တွေ့ရှိတဲ့အခါ သင်ဟာ လွတ်မြောက်သွားလိမ့်မယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် အမှန်တရားက သင့်ကို စိတ်ဆိုး ဒေါသထွက်အောာင် လုပ်အုံးမှာ။

— Gloria Steinem

ဒေါသစိတ်ဆိုတာ အသွားနှစ်ဘယ်လုံး ထက်မြနေတဲ့ ဓါးတချောင်းနဲ့ တူတယ်။ ဒါမှမဟုတ် မီးသတ်ပိုက်လို ပိုက်ကနေ အရှိန်ပြင်းပြင်းနဲ့ ထွက်လာတဲ့ ရေနဲ့တူတယ်။ ခွန်အားကြီးတယ်၊ ထိန်းရခက်တယ်။ မင်းဘယ်ကို ချိန်မလဲဆိုတာ အင်မတန် အရေးကြီးတယ်။

ကျနော်တို့တွေဟာ ရူးချင်စရာကောင်းအောင် ရှုပ်ထွေးနေတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင် အရူးတပိုင်းပုံစံနဲ့ လူရှေ့ထွက်တာမျိုး မလုပ်သင့်ဘူး မဟုတ်လား။ အင်မတန် ရက်စက် ကြမ်းတမ်းနေတဲ့ အခြေအနေမှာ ဒေါသကို သတိရှိရှိ၊ မှန်မှန်ကန်ကန် အသုံးချဖို့လိုတယ်။ ခံစားချက် အလျှောက် လျှောက်လုပ်မယ့်အစား ခေါင်းသုံးပြီး တုန့်ပြန်ရမယ်။

အမှန်တရားကို မြတ်နိုးတဲ့ စိတ် (Moral Indignation ကို ဤစာကြောင်းတွင် သင့်တော်သလို အနက်ယူသည်။)နဲ့ ငါမှ အမှန်ဆို အထင်ကြီးစိတ်ဟာ အင်မတန်ခြားနားတယ်။ အမှန်တရားကို မြတ်နိုးတဲ့စိတ်နဲ့ ထွက်လာတဲ့ ဒေါသဟာ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ခွန်အား၊ သတ္တိနဲ့ အင်အားကြီးမားခိုင်မာတဲ့ ဂုဏ်သိက္ခာပြည့်ဝတဲ့ အရည်အသွေးတွေ ရှိတယ်။ ဥပမာ ပြည့်သူ့အခွင့်အရေး လှုပ်ရှားမှုပေါ့။ ငါသာအမှန် ဆိုတဲ့ အထင်ကြီးစိတ်ကတော့ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ ခန့်မှန်းလို့ လွယ်ပါတယ်။ အထင်ကြီးဖို့မရှိဘူး။ ကောက်ရိုးမီးပဲ။ ဥပမာ ၁၆နှစ်သားကလေးက "အရင်းရှင်စနစ်ကို ဖျက်စီးပစ်၊ ချမ်းသာတဲ့ကောင်တွေကို အစိမ်းလိုက် ဝါးစားပစ်"ဆိုတဲ့ ပိုစတာကိုင်ထားသလိုပေါ့။

Malcolm X ရုပ်ရှင်ကားထဲက အခန်းတခုကို ကြည့်ဖူးလား။ ထောင်အပြင်မှာ လူအုပ်ကြီးတအုပ် တစုတစည်းထဲ စည်းကမ်းတကျ မတ်တပ်ရပ်နေကြပြီး သူတို့ သူငယ်ချင်းတွေကို လွတ်ပေးဖို့ တောင်းဆိုနေကြတဲ့ အခန်းလေ။ ရေလည် လန်းတယ်မဟုတ်လား။ ဒီဘဲတွေဟာ အနောက်တိုင်း ဝတ်စုံပြည့်ဝတ်ထားတယ်။ အားလုံးက လူတဉီးတည်းလိုပဲ ရပ်နေကြတာ။ စည်းကမ်းတကျ ရပ်တယ်။ တပုံစံတည်းလှုပ်ရှားဖို့ ဆက်သွယ်ရေး စနစ်တွေနဲ့ စည်းကမ်းတကျ လှုပ်ရှားကြတာလေ။ သူတို့ ပြောလိုတဲ့ စကားကတော့ "ငါတို့တွေ သွက်သွက်ခါအောင် ရူးနေတယ် ဟုတ်လား။ ဒါပေမဲ့ ငါတို့က အမှန် မင်းတို့က အမှားကွ။ ဆိုတော့ ငါတို့လိုချင်တာ မင်းတို့ ပေးလိုက်တော့။" ဆိုတာပဲ။

သမာဓိ အားသာ ခိုင်မယ်ဆိုရင် ဒေါသစိတ်ကို အဓိပ္ပါယ်လေးနက်အောင်နဲ့ ပြည့်ဝတဲ့ စိတ်ခွန်အားအဖြစ် ပြောင်းနိုင်မှာပဲ။ ကျနော်တို့တွေဟာ ရူးချင်စရာကောင်းအောင် ရှုပ်ထွေးနေတဲ့ အချိန်မှာ ကိုယ်ကိုယ်တိုင် အရူးတပိုင်းပုံစံနဲ့ လူရှေ့ထွက်တာမျိုး မလုပ်သင့်ဘူး မဟုတ်လား။ အင်မတန် ရက်စက် ကြမ်းတမ်းနေတဲ့ အခြေအနေမှာ ဒေါသကို သတိရှိရှိ၊ မှန်မှန်ကန်ကန် အသုံးချဖို့လိုတယ်။ ခံစားချက် အလျှောက် လျှောက်လုပ်မယ့်အစား ခေါင်းသုံးပြီး တုန့်ပြန်ရမယ်။ ပေါက်ကွဲမထွက်ပဲ တည်တည်ငြိမ်ငြိမ် နေရမယ်။

Originally published in Beautiful Trouble.

အပြင်လောက ဥပမာများ

Woman With Dying Husband Unloads On US Senator

Woman with dying husband channels her fierce anger at US Senator Tom Cotton at town hall meeting — “How dare you try take away our healthcare!”