အတိုချုံးပြောရရင်
ပဋိပက္ခမီးဖိုဆောင်သည် Pittsburgh ဒေသခံများအား အမေရိကန်အစိုးရနှင့် ပဋိပက္ခဖြစ်ပွားနေသည့်နေရာများ၏ အစားအသောက်နှင့် ယဉ်ကျေးမှုကို မိတ်ဆက်ပေးခြင်းဖြင့် ယဉ်ကျေးမှုဆိုင်ရာ နားလည်မှုကို တည်ဆောက်ခဲ့သည်။
. . . တစ်ယောက်ကိုတစ်ယောက် အကြောင်းအရာတစ်ခုပြီးတစ်ခု နားလည်အသိအမှတ်ပြုပေးတာ၊ ဒါဟာ ခုခံတော်လှန်ခြင်း တစ်ရပ်ပဲ။
— bell hooks
လူတစ်ယောက်ရဲ့ နှလုံးသားဆီ အမြန်ဆုံးရောက်ရှိမယ့်လမ်းဟာ သူတို့ရဲ့ အစာအိမ်ကနေတစ်ဆင့်ဖြစ်တယ်ဆိုတာကို ယုံကြည်ခြင်းအားဖြင့်၊ သူတို့ရဲ့ အစိုးရနဲ့ ပဋိပက္ခဖြစ်နေသောနေရာများ၏ အစားအသောက်နှင့် ယဉ်ကျေးမှုကို လူများအား မိတ်ဆက်ပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးနဲ့ ယဉ်ကျေးမှုပေါင်းကူးနားလည်ခြင်းကို မြှင့်တင်ဖို့ ပဋိပက္ခမီးဖိုဆောင်က ရှာဖွေခဲ့ပါတယ်။ ပင်ကိုစိတ်ကူးဉာဏ်ပိုင်ရှင်တွေဖြစ်တဲ့ အနုပညာရှင် တက်ကြွလှုပ်ရှားသူ ဂျွန်ရူဘင်နဲ့ ဒေါန်ဝဲလက်စကီးတို့ဟာ အမေရိကန်၊ ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ပစ်တ်စ်ဘက်မြို့ ကို အခြေစိုက်တယ်၊ ပဋိပက္ခမီးဖိုဆောင်ဟာ အစားအသောက်ရောင်းဖို့၊ အရောင်စုံမျက်နှာစာတပ်ထားတဲ့ ရိုးရိုးရှင်းရှင်း အစားအသောက်ယူ ပြတင်းပေါက်ကို အသုံးပြုခဲ့တယ်။ အီရန်၊ အာဖဂန်နစ္စတန်၊ ကူဘား၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ ပါလက်စတိုင်း နဲ့ ဟော်ဒယ်နော်ရှောန်နီ တို့ ပါဝင်တဲ့ တိုင်းပြည်တွေရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာပွဲတွေ ကျင်းပပါတယ်။
ပဋိပက္ခမီးဖိုဆောင်ဟာ ထိတွေ့မရနိုင်လောက်တဲ့အရာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်၊
အစားအသောက်ယူတဲ့ပြတင်းပေါက်ဟာ ဆွေးနွေးစရာ နေရာလေးဖြစ်လာပြီး၊ အစားအသောက်စောင့်တဲ့လိုင်းဟာ၊ မီဒီယာက တောက်လျောက်အပြောင်းအလဲမရှိ ပုံဖျက်ပြီး မှားယွင်းစွာတင်ပြနေတဲ့ နေရာတွေနဲ့ လူတွေကို၊ ဗိုက်ဆာနေတဲ့ ပစ်တ်ဘတ်ဂ်မြို့သားတွေနဲ့၊ ဆုံတွေ့ပေးတဲ့ နေရာလေးဖြစ်လာတယ်။ အဲ့နိုင်ငံတွေအကြောင်း စကားပြောဖို့ လေ့ကျင့်ပေးထားတဲ့ လမ်းမအနုပညာရှင်တွေနဲ့ စားဖိုမှူးတွေကို ကောင်တာမှာ ခန့်ထားတာပါ။ ထိုနိုင်ငံမှာနေနေတဲ့ လူတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးအကျဉ်း ရိုက်နှိပ်ထားတဲ့ စာရွက်နဲ့ အစားအသောက်ကို ပတ်ထားတယ်၊ အဲ့နိုင်ငံရဲ့ အစားအသောက်၊ အနုပညာ၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ အစိုးရအကြောင်းတို့ကောရောပေါ့။
အစားအသောက်ယူဖို့ တန်းစီတဲ့ လိုင်းထက်ပိုတဲ့ အတွေ့အကြုံတွေ ချဲ့ထွင်ချင်တာရယ်၊ ယဉ်ကျေးမှုဖလှယ်တဲ့ စကားဝိုင်းလေးတွေ အထမြောက်ချင်တာရယ်ကြောင့်၊ ပဋိပက္ခမီးဖိုဆောင်ဟာ အစားအသောက်ကို အခြေခံတဲ့ ပွဲတွေလည်း စီစဉ်ခဲ့ပါတယ်။ ပစ်တ်စဘက်ဂ်ဒေသခံတွေနဲ့ တီဟာရန်က အီရန်လူမျိုးတွေဟာ webcam ကနေတစ်ဆင့်၊ ဒီမြို့ကနေအဲ့မြို့ဆီ ညစာပါတီ ကျင်းပကြတယ်၊ ပါရှားဟင်းပြင်ဆင်နည်းအတူတူကို နှစ်ဖွဲ့လုံးက လုပ်ကြတယ်၊ အတူတူ ထိုင်စားကြတယ်။ တစ်ခြားပွဲလမ်းတွေအနေနဲ့၊ အစားအသောက်တွေနဲ့ နိုင်ငံရေးတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးကြတဲ့ ပုံမှန်မဟုတ်တဲ့ နေ့လည်စာစားပွဲတွေပါတယ်၊ ဖိတ်ထားတဲ့ ဒေသခံတွေနဲ့ ညစာအတူစားကြတယ်၊ Skype ကနေ ဟင်းချက်သင်ခန်းစာတွေ တိုက်ရိုက် သင်ကြတယ်။
ပဋိပက္ခမီးဖိုဆောင်ဟာ နှစ်အတော်ကြာအောင် အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပေးမယ့်၊ ၂၀၁၄ ခုနစ် နိုဝင်ဘာပထမပတ်အနီးမှာပဲ၊ ပါလက်စတိုင်းဟင်းလျာနဲ့ပတ်သတ်တဲ့ပွဲကျင်းပဖို့ လုပ်ဆောင်တာကြောင့်၊ ဆိုင်ပိတ်ရလောက်တဲ့ထိ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ကြုံတွေ့ခဲ့ရပါတော့တယ်။ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ အစ္စရေးဆန့်ကျင်ရေးသမားတွေအဖြစ် အမည်တပ်စွပ်စွဲမှုတွေနဲ့ ပတ်သတ်ပြီး၊ ပဋိပက္ခမီးဖိုဆောင်ရဲ့ ဒါရိုက်တာတွေဟာ သူတို့ရဲ့ ရည်ရွယ်ချက်ကို အလေးထားဖော်ပြလာတယ်၊ ကမ္ဘာအနှံက လူတွေရဲ့ အသံတွေ၊ သမိုင်းအတွေ့အကြုံတွေကို ကျယ်ကျယ်လောင်လောင် ဖော်ထုတ်ခွင့်ရဖို့ပါပဲ၊ ပါလက်စတိုင်းတွေနဲ့ အမေရိကန်ပါလက်စတိုင်းတွေအပါအဝင်ပေါ့။ သူတို့ ပြန်ရလိုက်တဲ့ တုံ့ပြန်မှုဟာ ဒီလိုဆောင်ရွက်မှုမျိုး မဖြစ်မနေလိုအပ်တာရဲ့ သက်သေပါပဲ။
ပဋိပက္ခမီးဖိုဆောင်ဟာ၊ ယဉ်ကျေးမှုချင်း နားလည်ဖို့ အစားအသောက်ကို ယာဉ်သဖွယ် အသုံးပြုခဲ့ပြီး၊ ပစ်တ်စဘတ်ဂ်မြို့သားတွေအတွက် နိုင်ငံရေးဆွေးနွေးစရာ နေရာတစ်နေရာ ပံပိုးပေးခဲ့တယ်၊ အရသာရှိတဲ့ အစားအသောက်တွေကိုကောပေါ့။
အဓိကနည်းဗျူဟာ
ပဋိပက္ခမီးဖိုဆောင်ဟာ သတင်းအချက်အလက်တွေကို ဖြန့်ဝေဖို့ ပါးနပ်လိမ္မာပြီး အံ့ချီးဖွယ်နည်းလမ်းကို တီထွင်ခဲ့တယ်၊ အစားအသောက်ထုပ်ပိုးတဲ့ စာရွက်တွေ! တစ်ကိုယ်ချင်း အင်တာဗျူးတွေကို ပုံနှိပ်ရေးသားထားတဲ့ စာရွက်တွေဟာ၊ တစ်ဖက်ပိတ်ရှုထောင့်တွေကို ပြောင်းလဲနိုင်ရုံမက၊ စားနေတုန်း ဇာတ်လမ်းတွေကို ပြောပြနေပါတယ်။
အဓိကအခြေခံမူ
လူတိုင်းဟာ ကွဲပြားခြားနားကြတယ်။ တစ်ချို့တွေက ရှက်ရွံပြီး၊ တစ်ချို့က ရဲရဲရင့်ရင့်။ တစ်ချို့တွေက အမြင်အာရုံနဲ့သင်ယူနိုင်သူတွေဖြစ်ကြပြီး၊ တစ်ချို့က ပုံပြင်ဇာတ်လမ်းတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ကြတယ်။ တစ်ချို့က ခင်ဗျားဖိတ်ကြားမယ့် စာရင်းထဲကို ရောက်ရှိပြီးသားဖြစ်ပြီး၊ တစ်ချို့က ခင်ဗျားရဲ့ ပရောဂျက်ဆီ အခုမှခလုတ်တိုက်ပြီးရောက်လာတာ။ အဲ့တာကြောင့် ယေဘူယျအားဖြင့်၊ ကျွန်တော်တို့ ပေးချင်တဲ့ သတင်းစကား လူတွေဆီ ရောက်နိုင်သလောက်ရောက်အောင် နည်းလမ်းပေါင်းစုံထောက်ပံ့ပေးဖို့၊ ကျွန်တော်တို့မှာ ၀တ္တရားရှိတယ်။ ပဋိပက္ခမီးဖိုဆောင်ဟာ ဝင်ပေါက်တွေအများကြီးကို ပေးကမ်းခဲ့တယ်၊အစားအသောက်ယူမယ့် ပြတင်းပေါက်က စကားဝိုင်းတွေ၊ ဖြတ်သွားဖြတ်လာတွေရဲ့ အာရုံစိုက်မှုကို ရရှိဖို့ မျက်စိပသာဒဖြစ်အောင်ဖမ်းစားထားတဲ့ ဆိုင်ရှေ့က အပြင်အဆင်တွေ၊ ပုံနှိပ် အင်တာဗျူးတွေ ပတ်ထားတဲ့ အစားအစာတွေ၊ ပွဲကာလအတွင်း အစားအသောက်ဖလှယ်ရင်း စကားပြောကြမယ့် နေရာတွေ။ အတိုချုပ်ပြောရရင်၊ ဝင်ပေါက်တွေများလေလေ၊ ပွင့်လင်းတဲ့နှလုံးသားတွေအဖြစ်နဲ့ စိတ်တွေကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးတွေ များလေလေပါပဲ။ တစ်ခါတလေ၊ အဲ့လောက်ကို ရိုးရှင်းနိုင်ပါတယ်။