အသုံးချကိရိယာသေတ္တာ:

An interconnected web of the key strategies and tactics that have inspired people-powered victories & upended the status quo. Start anywhere and explore…

ဇာတ်လမ်း

#​This​Flag

#​This​Flag

One individual’s outcry for a better future inspired the citizens of Zimbabwe to find their courage and overthrow a ruthless dictator.

ဇာတ်လမ်း

ကျောက်ရုပ်လူ

ကျောက်ရုပ်လူ

တခါတလေ လူတယောက်က ရဲတွေရဲ့ ဖိနှိပ်မှုကိုဖီဆန်ပြီး ရပ်နေလိုက်ရုံလေးက လူသန်းပေါင်းများစွာ ပါဝင်တဲ့ လှုပ်ရှားမှုကြီးကို အသက်ဝင်လာစေဖို့ လုံလောက်တယ်။ ၂၀၁၃ တူရကီမှာ အဲ့အတိုင်း အတိအကျဖြစ်ခဲ့တာပါပဲ။

ဇာတ်လမ်း

ကုလားအုတ်တိုက်ပွဲ

ကုလားအုတ်တိုက်ပွဲ

တာ့ခ်ဟရီးရင်ပြင်တွင် ဆန္ဒပြသူတွေကို စစ်အစိုးရ လက်အောက်ခံ ကုလားအုတ်စီးလူရမ်းကားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ အီဂျစ်တော်လှန်ရေးတွင် အလှည့်အပြောင်းတစ်ရပ် ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေကို ထောက်ခံသူ များပြားလာစေကာ မူဘာရက် ပြုတ်ကျဖို့အရေးဆီ ဦးတည်သွားခဲ့တယ်။

ဇာတ်လမ်း

#ဂမ်ဘီယာဟာဆုံးဖြတ်ပြီးပြီ

#ဂမ်ဘီယာဟာဆုံးဖြတ်ပြီးပြီ

ဆယ်စုနှစ်တစ်စုအကြာ အရှိန်အဟုန်တွန်းအားတည်ဆောက်ပြီးနောက်၊ ၂၀၁၆ ခုနစ်တွင် မကောင်းသတင်းနဲ့ကျော်စောတဲ့ အာဏာရှင်ကို ဖြုတ်ချဖို့ အရေးပါသော အခွင့်အရေးကြီးကို ဂမ်ဘီယာဟာ ရရှိခဲ့ပါတယ်။

ဇာတ်လမ်း

ဆား ချီတက်ဆန္ဒပြပွဲ

ဆား ချီတက်ဆန္ဒပြပွဲ

၁၉၃၀ ခုနစ်တွင်၊ ဂန္ဒီဟာ ဆားစုဆောင်းရန်( ဆားထုတ်လုပ်မှုကို အိန္ဒိယလူမျိုးများအား ပိတ်ပင်ထားသည်)၊ ပင်လယ်သို့ ချီတက်ဆန္ဒပြပွဲတစ်ပွဲကို ကျော်ကြားစွာ ဦးဆောင်ခဲ့တယ်၊ ဗြိတိသျှ အုပ်စိုးမှုကို အကောင်းဆုံး ဘေးကျပ်နံကျပ်ဖြစ်အောင် တွန်းပို့ခဲ့ပြီး၊ အိန္ဒိယလွတ်လပ်ရေးအတွက် လမ်းဖောက်ခဲ့ပါတယ်။

ဇာတ်လမ်း

ပန်းစကား ကမ်ပိန်း

ပန်းစကား ကမ်ပိန်း

၂၀၁၄ ခုနှစ်တွင် မူဆလင် ဆန့်ကျင်‌ရေး အကြမ်းဖက်မှုများ များပြားလာသည်နှင့် တဆက်တဲ ပေါ်ထွက်လာသော အမုန်းစကား ပြောဆိုမှုများ၊ ဆဲဆိုခြင်းများ တိုးပွားလာသညိကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံတ၀ှမ်း၌ ပန်းစကား ကမ်ပိန်းအား တက်ကြွလှုပ်ရှားသူများက စတင်ခဲ့ကြသည်။

ဇာတ်လမ်း

ဘယ်သူလက်ခံမလဲ။

ဘယ်သူလက်ခံမလဲ။

After ၂၀၁၃အီဂျစ်တော်လှန်ရေးအပြီး၊ အာဏာရှင်ကို ဆန့်ကျင်ရန်၊ စိန်ခေါ်ရန် အလုံခြုံဆုံးနည်းက စီးပွားရေးအခြေအနေကို မီးမောင်းထိုးပြဖို့ပဲဖြစ်နေတဲ့အချိန်မှာ အီဂျစ်အမျိုးသမီးဆယ်ယောက်ဟာ “ဓာတ်ဆီစျေးတွေ ဒီလောက်ကြီးနေတာ ဘယ်သူလက်ခံမလဲ” စတဲ့ ပိုစတာတွေကိုင်ဆောင်လာခဲ့ကြပါတယ်။

ဇာတ်လမ်း

မြန်မာကျောင်းသားတို့ရဲ့ ခြေလျင်ခရီးရှည်

မြန်မာကျောင်းသားတို့ရဲ့ ခြေလျင်ခရီးရှည်

၂၀၁၄ခုနှစ်တွင် စစ်တပ်ထိန်းချုပ်ခံ လွတ်တော်မှ ကျောင်းသားသမဂ္ဂအား တားမြစ်ဖျက်စီးရန် ကြိုးစားသည်ကို မကျေနပ်သဖြင့် ကျောင်းသားရာပေါင်းများစွာတို့သည် ၅၈၀ ကီလိုမီတာကျော် လမ်းလျှောက် ချီတက်ပွဲ ပြုလုပ်ပြီး ဆန္ဒပြခဲ့သည်။

ဇာတ်လမ်း

မြန်မာနိုင်ငံတွင် အိုဘားမား ဘွဲ့နှင်းသဘင် ခမ်းမသို့ သွားရောက်ရာတွင် အနှောက်အယှက်ပေးခြင်း

မြန်မာနိုင်ငံတွင် အိုဘားမား ဘွဲ့နှင်းသဘင် ခမ်းမသို့ သွားရောက်ရာတွင် အနှောက်အယှက်ပေးခြင်း

၂၀၁၄ ခုနှစ် ရန်ကုန်တက္ကသိုလ်တွင် တက်ကြွလှုပ်ရှားသူ လူငယ်တချို့သည် သမ္မတ အိုဘာမားနှင့် တွေ့ဆုံပွဲတွင် ပါးနပ်စွာ ဆန္ဒထုတ်ဖော်ခြင်းဖြင့် စစ်တပ်ချယ်လှယ်နေသည့် အစိုးရသစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၏ ပျော့ကွက်များကို ထောက်ပြခဲ့သည်။

ဇာတ်လမ်း

လွှတ်တော်တွင် ဟွန်းတီးခြင်း

လွှတ်တော်တွင် ဟွန်းတီးခြင်း

၂၀၁၃ ခုနစ် ဇွန်လတွင်၊ လက်ဘနွန်နိုင်ငံရဲ့ လွှတ်တော်အပြင်ဘက်မှာ၊ တိုင်းသူပြည်သားတွေဟာ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို ရုံးမှာ သူတို့ရဲ့ သက်တမ်းကုန်ပြီဆိုတာပြောဖို့၊သူတို့ရဲ့ ဟွန်းတွေ တီးခြင်းကို စတင်ခဲ့တယ်။ သူတို့ သွားတဲ့နေရာတိုင်း ဟွန်းတီးခံကြရတဲ့အထိ ဆန္ဒပြပွဲဟာ ပျံ့နှံ့သွားခဲ့တယ်။

ဇာတ်လမ်း

အတွင်းခံစွမ်းအား

အတွင်းခံစွမ်းအား

အမျိုးသမီးအောက်ခံအတွင်းခံများသည် အမျိုးသားကို ဘုန်းကံနိမ့်စေသည်ဟု အယူသည်းမှုရှိသည့်အတွက် နိုင်ငံခြားရှိ မြန်မာသံရုံးများနှင့် စစ်ဗိုလ်ချုပ်ကြီးများထံသို့ အတွင်းခံများ ပို့ပေးရန် မြန်မာ့ အရေးဆန့်ကျင့်သူများက တိုက်တွန်း